တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ဖြစ်ဖူးကြမှာပါ။ ည
တစ်ရေးနို
းတော့ တစ်ကိုယ်လုံ
းချွေးတွေ ရွဲန
စ်နေတာမျိုး။ ဘယ်လိုပဲဖြစ်ဖြစ်အိပ်ချိန်ဆိုတာ ကိုယ်ခန္ဓာအနားယူနေတဲ့အချိန်ဖြစ်တာကြောင့် ချွေးထွက်စရာအကြောင်းမရှိဘူးလေ။အဲဒါကို ကိုယ့်ကျမှ ဒီလို ညပိုင်းချွေးတွေရွဲနစ်နေပြီဆိုရင်တော့ ခုပြောပြမယ့်ဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုနေပါပြီ ။
ချွေးထွက်
တယ်ဆိုတာ ပုံမှန်ဆိုရင် ကောင်းတဲ့ ကိစ္စတစ်ခုဆိုပေမယ့်အရမ်းများရင်တော့ ကျန်းမာရေးထိခိုက်နိုင်တာတွေ ရှိပါတယ်။
ရာသီဥတုပူ
လို့ ဒီလိုဖြစ်ရတယ်ဆိုရင်တော့ ကိစ္စမရှိပေမယ့် နွေရာသီလည်း မဟုတ်ဘဲ ညည ချွေးတွေရွဲနစ်နေတယ်ဆိုရင်တော့ ဒါတွေကြောင့်ဖြစ်နိုင်ပါတယ်။
( ၁ )အခန်းက ပူနေတာကြောင့်ပါ။
သင့်အခန်းအပူချိန်က ညဘက်မှာ ၂၀ ဒီဂရီထက်ကျော်နေပြီဆိုရင်တော့ ဒါအခန်း
အပူချိန်
မြင့်နေတယ်လို့ ပြောလို့ရပါတယ်။ ကိုယ့်အခန်းက
အဲယားကွန်
းလည်းတပ်မထား၊ ပန်ကာလည်းမရှိ၊ လေကလည်း ငြိမ်နေတယ်၊ ပြတင်းပေါက်ဖွင့်ထားဖို့ သူခိုးလည်းကြောက်ကြတယ်ဆိုတော့ ပူပူကြီးနဲ့အိပ်တတ်ကြတယ်လေ။ ဒီလိုအခြေအနေနဲ့ ကြုံတွေ့ရတဲ့သူတိုင်း တစ်ရေးနိုးချွေးတွေရွဲနစ်နေမှာကတော့ သေချာပါတယ်။ ရာသီဥတုပူခြင်းကလည်းအိပ်မပျော်တဲ့ ညတွေ များစေတဲ့အကြောင်းအရင်းထဲက တစ်ခုပါ။ ဒ့ါကြောင့်အိပ်တဲ့အခါ ချည်သားလိုမျိုး လေဝင်လေထွက်ကောင်းတဲ့အကျီ်ၤကို ရွေးဝတ်ပြီးအိပ်ပါ။
( ၂ ) ကိုယ်က နဂိုတည်းက ချွေးထွက်သန်တဲ့သူဖြစ်တာကြောင့်ပါ ။ ။
Hyperhidrosis လို့ခေါ်တဲ့ေ
ချွးထွက်သန်
တဲ့ ဝေဒနာကို ခံစားနေရတဲ့သူတွေဟာအခြားသူတွေထက် ပိုေ
ချွးထွက်မျ
ားပြီးအိပ်နေတဲ့အချိန်မှာတောင် ချွေးထွက်တတ်ကြပါတယ်။ Hyperhidrosis ရဲ့ ထူးခြားချက်ကတော့ သူက လက်ဖျား၊ ခြေဖျား၊ ချိုင်းကြားနဲ့ ခေါင်းချွေးပိုထွက်တတ်တာဖြစ်ပါတယ်။
( ၃ )အိပ်မက်မကောင်းတာကြောင့်လည့်းချွေးစေးပြန်ပြီး လန့်နိုးလာတတ်ပါတယ် ။ ။
အိပ်မက်
ထဲမှာ သူများလိုက်ဖမ်းလို့ပြေးနေတာမျိုး၊ ကြောက်စရာကောင်းတဲ့အိပ်မက်တွေ မက်ပြီး လန့်နိုးလာရင် ချွေးစေးတွေပြန်ပြီး စိတ်မောနေတတ်တယ်ဟုတ်။ ဘယ်လောက်ပဲ ကျန်းမာရေးကောင်းနေတဲ့သူဖြစ်ဖြစ် တစ်ရံတစ်ခါအိပ်မက်ကြောင့် စိတ်မောပြီး ချွေးစေးတွေနဲ့ နိုးလာတတ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ fight-or-flight response လို့ခေါ်တဲ့ ကိုယ်ခန္ဓာရဲ့ တုန့်ပြန်မှု ဖြစ်စဉ်က ချွေးထွက်များခြင်းကို ဖြစ်စေတတ်လို့ပါ။
( ၄ ) ဟော်မုန်းအပြောင်းအလဲကလည်း ချွေးထွက်များခြင်းကို ဖြစ်စေတတ်ပါတယ်။ ။
ဒါကအမျိုးသမီးတွေ တွေ့ကြုံရအများဆုံးပါ။
သွေးဆုံ
းခါနီးတဲ့အချိန်ဆို မီးယပ်ပူ မီးယပ်ချမ်းထတယ်ဆိုတဲ့ စကားကို ကြားဖူးကြတယ်မလား။ ဒါတွေအားလုံးရဲ့ တရားခံက သွေးဆုံးချိန်ဖြစ်တတ်တဲ့ ဟော်မုန်းအပြောင်းအလဲကြောင့်ပါ။ နောက်တစ်ခုကတော့ ကိုယ်ဝန်ဆောင်ချိန်ပဲဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်ေ
တွရဲ့ ဟော်မုန်းကလည်းအတက်အကျဖြစ်ပြီး မငြိမ်တာကြောင့် ကိုယ်ဝန်ဆောင်တွေလည်း ညည ချွေးပိုထွက်တတ်ပါတယ်။
( ၅ ) စိတ်ငြိမ်ဆေးတွေ ကြောင့်လည်း ညပိုင်းချွေးထွက်များတာတွေ ဖြစ်နိုင်ပါတယ်။
စိတ်ငြိမ်ဆေးသောက်နေရတဲ့ လူနာတွေနဲ့ ညပိုင်း ချွေးစေပြန်တာနဲ့က ခွဲခြားလို့မရပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ စိတ်ငြိမ်ဆေးတွေရဲ့ adrenergic reaction က ကိုယ်တွင်း adrenaline ဟော်မုန်း ပမာဏကို မြင့်တက်စေပြီးေ
ချွးစေးပြန်
စေလို့ပါ။ ဒ့ါကြောင့်ကိုယ် သောက်နေတဲ့ စိတ်ငြိမ်ဆေးက ချွေးအရမ်းထွက်စေလို့ရှိရင် ဆရာဝန်နဲ့တိုင်ပင်ပြီးအခြားဆေးကို ပြောင်းသောက်လို့ရပါတယ်။
( ၆ ) ကိုယ်တွင်းက ခုခံအားစနစ်နဲ့ ရောဂါပိုးနဲ့ တိုက်တဲ့အချိန်ဟာလည်း ညပိုင်းချွေးထွက်များတဲ့အချိန်ပါ။ ။
တုပ်ကွေ
းနဲ့ ရောဂါပိုးတော်တော်များများက ကိုယ်ပူစေတတ်တာကြောင့် မြင့်တက်လာတဲ့ ကိုယ်အပူချိန်ကို ပြန်ကျအောင်လို့ ကိုယ်ခန္ဓာကချွေးတွေ ထွက်ပေးရပါတယ်။ ညပိုင်းချွေးစေးပြန်တာနဲ့ ဆက်စပ်နေတဲ့ နာမည်ကြီး ရောဂါတစ်ခုကတော့
တီဘီရောဂါ
ပဲ ဖြစ်ပါတယ်။ ညပိုင်းချွေးစေးတွေပြန်မယ်၊အဖျားကလည်း ညနေဆိုငွေ့ငွေ့လေးတက်နေမယ်၊
ချောင်းဆို
းတာရက်ရှည်မယ်၊ လူကလည်း ပိန်ကျပြီး အစားအသောက်လည်း ပျက်နေမယ်ဆိုရင် တီဘီရောဂါဖြစ်နိုင်ပါတယ်။
( ၇ ) lymphoma သွေးကင်ဆာဟာလည်း ချွေးထွက်များစေတဲ့ ရောဂါတစ်ခုပါ ။ ။
Lymphoma ဆိုတာ ခုခံအားအတွက်အရေးပါတဲ့
သွေးဖြူဥ
နဲ့ ပြန်ရေကြောသွေးကင်ဆာ တစ်မျိုးပါ။ ခုခံအားအတွက်အရေးကြီးတဲ့သွေးဖြူဥတွေကို ထိတာဆိုတော့ ရောဂါပိုးတွေကို မတားဆီးနိုင်၊အပူတွေတက်၊ ညပိုင်း ချွေးစေးတွေပြန် ပြီး ကင်ဆာတို့ထုံးစံအတိုင်း ကိုယ်အလေးချိန်ကျတာတွေက သူ့ရဲ့ လက္ခဏာတွေပါ။ ဒါတွေကတော့အိပ်စက်အနားယူတဲ့ ညဘက်အချိန်မှာတောင် ချွေးစေးတွေပြန်ပြီး လန့်နိုးလာရခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေဖြစ်ပါတယ်။ ဘယ်အရာပဲဖြစ်ဖြစ် အချိန်ကြာကြာဖြစ်တာ၊ တော်တေ်ာနဲ့ မပျောက်တာမျိုးတွေက မပေါ့ဆသင့်တာမို့ သံသယ တစ်ခုခုရှိတာနဲ့ ဆေးပညာက လက်ဦးမှု ရယူနိုင်အောင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ မမေ့ပါနဲ့ ။ ။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။