လူသားတွေ မစင်စွန့်တဲ့အကြောင်းအရာဟာ မပြောသင့်မပြောအပ်တဲ့အကြောင်းအရာ တစ်ခုဖြစ်ပေမယ့်လည်း သိပ္ပံပညာရှင်တစ်ယောက်က မစင်စွန့်တဲ့ နည်းလမ်းအကြောင်းပြောပြီးအောင်မြင်မှုရပြီးတဲ့နောက် လူတိုင်းအတွက်လည်း ပြောစရာတစ်ခုဖြစ်လာခဲ့ပါပြီ။ ဂျာမနီနိုင်ငံကအနုဇီဝပညာရှင် တစ်ယောက်ဖြစ်တဲ့ Giulia Enders ဆိုသူအခိုင်အမာ ပြောပြခဲ့တာကတော့အနောက်နိုင်ငံတွေမှာအိမ်သာတက်၊ မစင်စွန့်တဲ့အခါ ငုတ်တုတ်ထိုင်ပြီး ပြုလုပ်ခြင်းဟာ မှားယွင်းနေတယ်ဆိုတာပါပဲ။အကောင်းဆုံးဖြစ်မယ့် နည်းလမ်းကတော့အရှေ့တိုင်းအာရှနိုင်ငံတွေမှာလို ဆောင့်ကြောင့်ထိုင် ပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။ ငုတ်တုတ်ထိုင် မစင်စွန့်ခြင်းက ဘာကြောင့်မှားယွင်းရသလဲ ဆိုတာကိုလည်း ဂျာမနီနိုင်ငံ Frankfurt မြို့မှာအနုဇီဝဘာသာရပ်နဲ့ ဒေါက်တာဘွဲ့ရဖို့ ကြိုးစားနေတဲ့ မစ္စ Enders က ရှင်းပြထားပါတယ်။အနောက်နိုင်ငံတွေမှာလို ငုတ်တုတ်ထိုင်အိမ်သာတက်ခြင်းဟာ မစင်စွန့်ခြင်း လုပ်ဆောင်ချက်တွေကို ပိုမို ကြာရှည်စေပါတယ်။ ဒါ့အပြင် လိပ်ခေါင်းရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ (Diverticulitis) လိုအူမကြီးအတွင်းမှာ နာကျင်မှုကို ခံစားရတဲ့ရောဂါတွေဟာအာရှနိုင်ငံတွေမှာထက်အနောက်နိုင်ငံတွေမှာ ဖြစ်ပွားတာ ပိုများပါတယ်။ ဒါဟာအိမ်သာတက်တဲ့ပုံစံအနေအထားကြောင့်ပါ။ '၁.၂ ဘီလီယံအရေအတွက်ရှိ တဲ့ကမ္ဘာတဝှမ်းက ဆောင့်ကြောင့်ထိုင်ပြီးအိမ်သာတက်တဲ့သူတွေဟာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလေ့သိပ်မရှိသလို လိပ်ခေါင်းပြသနာလည်း မရှိကြပါဘူး' လို့ Enders က Guardian သတင်းဌာနကို ပြောပြခဲ့ပါတယ်။ ဆောင့်ကြောင့်ထိုင်ပြီးအိမ်သာတက်ခြင်းဟာအူလမ်းကြောင်းကိုအန္တရာယ်ကင်းစေနိုင်ပါတယ်။အစာအိမ်ကနေအစာချေဖျက်ပြီး ကျန်နေတဲ့အကြွင်းအကျန်တွေကို မစင်စွန့်ရတဲ့အူလမ်းကြောင်းအဝဟာ ကျွန်ုပ်တို့ ငုတ်တုတ်ထိုင်နေချိန်နဲ့ မတ်တပ်ရပ်နေချိန်တို့မှာ မစင်စွန့်ဖို့အတွက် လိုအပ်သလောက် မဟပေးနိုင်ပါဘူး။ ထိုအူလမ်းကြောင်းကို လုံလောက်စွာ ဟနေစေဖို့အတွက်အာရှ နိုင်ငံတွေမှာလို ဆောင့်ကြောင့်ထိုင်အိမ်သာတက်တာသာအကောင်းဆုံး ဖြစ်ပါတယ်။အနောက်နိုင်ငံသုံးအိမ်သာတွေမှာ ဆောင့်ကြောင့်ထိုင်အသုံးပြုဖို့ကလည်းအဲဒီလိုအသုံးပြုဖူးတဲ့ ကျောင်းသား တွေ ဒဏ်ရာကိုယ်စီ ရခဲ့ဖူးတဲ့ သာဓက တွေရှိနေပါတယ်။ ဒါကြောင့်အာရှနိုင်ငံတွေမှာ သုံးတဲ့အိမ်သာကအသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။ Credit : Mario Daily mail သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။