လေထိုးလေအောင့်
ဖြစ်တယ်ဆိုတာ သာမာန်အချိန်တွေမှာတောင် တော်တော်ခံရခက်တာအမျိုးသမီးတို့ရဲ့အရေးကြီးဆုံး အချိန်ဖြစ်တဲ့
ကိုယ်ဝန်ဆောင်
ချိန်မှာ လေထိုးလေအောင့် ဖြစ်ရင် ဘယ်လောက်တောင်ပိုဆိုးမလဲဆိုတာ စဉ်းစားသာကြည့်ပေတော့။ ကိုယ်ဝန်နဲ့ဆိုတော့ တွေ့ကရာ ဆေးတွေသောက်လို့ကလည်း မရ၊ လေထိုးလေအောင့်ကလည်း ဖြစ်ဆိုတော့ ကိုယ်ဝန်ရှိနေချိန် လေအောင့်ခဲ့ရင် ဘာလုပ်ကြမလဲ ။ ။
ကိုယ်ဝန်ဆောင်ချိန်မှာ ဘာလို့ ပိုပြီးလေထတတ်တာလဲ ။ ။
ကိုယ်ဝန်သည်တွေမှာ လေထစေတဲ့ တရားခံကို စဉ်းစားလိုက်ရင်
progesterone ဟော်မုန်
းကိုသာအပြစ်တင်ရပါလိမ့်မယ်။ progesterone ဟော်မုန်းရဲ့ကြွက်သားတွေကို ပြေလျော့စေတဲ့အာနိသင်ကြောင့်အူလမ်းကြောင်းက ကြွက်သားတွေ ပြေလျော့သွားပြီးအစာခြေအားနည်းသွားပါတယ်။ ဒီလိုနဲ့
အစာမကြေ
လေထိုးလေအောင့်တွေ ဖြစ်လာတော့တာပါပဲ။ ။
ကိုယ်ဝန်ဆောင်စဉ် လေအောင့်ခဲ့ရင် သက်သာအောင် လုပ်နိုင်မယ့် နည်းများ ။ ။
ကိုယ်ဝန်ဆောင်တဲ့အချိန် ကိုယ့်ရင့်သွေးလေးကို မထိခိုက်စေဖို့အကောင်းဆုံး ကာကွယ်ရမှာ မိခင်တိုင်းရဲ့ တာဝန်ပါ။ ဝေဒနာ တစ်ခုခု ခံစားရရင်တောင် ကိုယ်ဝန်ကြီးနဲ့ မို့လို့ဆိုပြီး ဆေးတွေ လျှောက်သောက်လို့မရတာကြောင့် လေထိုးလေအောင့်ဖြစ်တတ်တဲ့ ကိုယ်ဝန်သည်တွေ သက်သာစေမယ့်အိမ်တွင်းဆေးနည်းတွေအကြောင်း ပြောပြပေးချင်ပါတယ်။ ။ ရေများများသောက်ပါ -
ရေေ
သာက်တယ်ဆိုတဲ့နေရာမှာ တစ်နေ့ကို ရေ ၈ ဖန်ခွက်လောက်သောက်ဖို့ကို ပြောတာပါ။အရည်ဆိုပြီး ဂတ်စ်ပါတဲ့အချိုရည်တွေကို ရှောင်တာကတော့အကောင်းဆုံးပါ။ ရိုးရိုးရေများများကို သောက်ပေးတာကသာအကောင်းဆုံးပါ။
ကိုယ်လက်လှုပ်ရှားမှု
လုပ်ပါ - ကိုယ်ဝန်သည်တွေအတွက်အကောင်းဆုံး ကိုယ်လက်လှုပ်ရှားမှုက
လမ်းလျှော
က်ပေးတာ ဖြစ်ပါတယ်။ တစ်နေ့ကို မိနစ် ၃၀ လောက်လမ်းလျှောက်ပေးလိုက်တာကြောင့် ကိုယ်ဝန်သည်တွေအများစု ဖြစ်တတ်တဲ့ ဝမ်းချုပ်ခြင်းကို သက်သာစေမယ့်အပြင်အစာကိုလည်း ကြေစေဦးမှာပါ။ လေထစေမယ့်အစားအသောက်တွေကို ရှောင်စားပါ -
အဆီ
များတဲ့အစားအစား၊ စပ်လွန်းတဲ့အစားအစာတွေ ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ နဲ့ ပဲအမျိုးမျိုးတို့ဟာ လေထစေတတ်တဲ့အစားအသောက်တွေဖြစ်တာကြောင့် လေအောင့်တတ်တဲ့ကိုယ်ဝန်သည်တွေအနေနဲ့ ဒီလိုအစားစားတွေကို ရှောင်စားဖို့အကြံပြုချင်ပါတယ်။
အမျှင်
များများပါတဲ့အစားအသောက်တွေစားပါ - ကိုယ်ဝန်သည်တွေ တော်တော်များများက ဝမ်းချုပ်တတ်တာကြောင့်အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေဖြစ်တဲ့အသီးအရွက်တွေများများစားပေးသင့်ပါတယ်။အမျှင်ဓာတ်ကြွယ်ဝတယ်ဆိုပေမယ့် လေထစေတဲ့ ပဲတွေကိုတော့ ရှောင်ရပါလိမ့်မယ်။ စိတ်ဖိစီးမှု ကင်းဆောင်နေပါ - စိတ်ဖိစီးမှု များလွန်းတဲ့အခါ၊ စိတ်ပူပန်မှု များလွန်းတဲ့အခါမျိုးတွေဆို ရှူသွင်းလိုက်တဲ့ လေတွေ ဗိုက်ထဲပိုဝင်တတ်တာကြောင့် ဗိုက်အောင့်ခြင်းကို ဖြစ်စေတတ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်ဆိုအတတ်နိုင်ဆုံး စိတ်ဖိစီးမှုတွေ မရှိအောင် နေသင့်တာကြောင့် စိတ်ဖိစီးမှုကင်းဝေးအောင် စိတ်ကို ထားတတ်အောင် ထားပါ။ ဒါတွေကတော့ ဆေးတွေ လျှောက်သောက်လို့ မရတဲ့ ကိုယ်ဝန်သည်တွေ မှာ လေထတာမျိုးဖြစ်ခဲ့ရင်အသုံးဝင်စေမယ့် နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ် ။ ။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။