ဘေဘီလေးကိုအုန်းစိမ်းရည်တိုက်လို့ရလား
hellosayarwon.com
|
2019-06-02


နွေပူလို့ မေမေတို့ဖွားဖွားတို့က

အုန်းစိမ်းရည်ေ အးအေးလေးသောက်တဲ့အခါ ဘေဘီလေးက ပါးစပ်ပြင်ပြီးလှမ်းတောင်းတယ်။ တိုက်လိုက်ချင်ပေမယ့် တိုက်လို့ဖြစ်ပါ့မလားလို့များတွေးနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သိချင်နေတဲ့အဖြေလေးကိုပေးမှာပါနော်။

အုန်းစိမ်းရည်မှာဘာတွေပါလဲ



နှစ်ပေါင်းများစွာကတည်းကအုန်းစိမ်းရည်က

ကျန်းမာရေး အတွက်အကျိုးကျေးဇူးများစွာပေးစွမ်းနိုင်တယ်ဆိုတာကို သိရှိထားပြီးဖြစ်ပါတယ်။အုန်းစိမ်းသီးတစ်လုံးမှာအရည်ဓာတ် ၂၀၀ မီလီလီတာ ကနေ ၁,၀၀၀ မီလီလီတာအထိပါဝင်ပါတယ်။


အုန်းစိမ်းရည်ကအရာသာရှိပြီး

ကယ်လိုရီ ပါဝင်မှုနည်းတဲ့ သဘာဝအချိုရည်တစ်မျိုးပါ။အုန်းစိမ်းရည်မှာအုန်းသီးခြောက်အရည်ထက်အာဟာရဓာတ်ပိုမိုပါဝင်ပါတယ်။အုန်းစိမ်းရည်မှာ

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ၊အမိုင်နိုအက်ဆစ်၊အင်ဇိုင်းတွေ၊ ဗီတာမင် ဘီဓာတ်တွေ၊ ဗီတာမင် စီ၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်၊ မဂ္ဂနီ့ နဲ့ ဇင့် ဓာတ်တွေလိုမျိုး သတ္တုဓာတ်တွေပါဝင်နေပါတယ်။

ဘေဘီလေးအုန်းစိမ်းရည်သောက်လို့ရရဲ့လား
ဘေဘီလေးတွေကအသက် ၆ လအထိ

မိခင်နို့ တစ်မျိုးတည်းနဲ့ လုံလောက်တဲ့အာဟာရကိုရရှိတာပါ။ ဒါကြောင့်အသက် ၆ လမပြည့်သေးတဲ့ ကလေးကိုတော့အုန်းစိမ်းရည်မတိုက်ပါနဲ့။ ကလေးကအသက် ၆ လကျော်လာပီဆိရင်တော့ ဘေဘီလေးကအုန်းစိမ်းရည်သောက်လို့ရပါပြီနော်။ ကလေးကိုအုန်းစိမ်းရည်တိုက်တဲ့အခါ သတိထားရမှာကအုန်းရည်ကအုန်စိမ်းရည်ဖြစ်ဖို့ နဲ့ လတ်လတ်ဆတ်ဆတ်အုန်းစိမ်းရည်ဖြစ်နေဖို့ပါ။ ဒါမှလည်း ကလေးကအုန်းစိမ်းရည်ကြောင့် ထိခိုက်တာမျိုးမဖြစ်မှာပါ။

အုန်းစိမ်းရည်က ဘေဘီလေးအတွက် ဘာတွေကောင်းစေမလဲ
အုန်းစိမ်းရည်ချိုချိုလေးက ဘေဘီလေးကိုအခုလိုအကျိုးကျေးဇူးတွေ ပေးစွမ်းမှာပါနော်။

ရေဓာတ်ြ ဖည့်ပေးတယ် သဘာဝဖျေ်ာရည်တစ်ခုဖြစ်တဲ့အုန်းစိမ်းရည်က ဘေဘီလေးရဲ့

ခန္ဓာကိုယ် ကိုရေဓာတ်ပြည့်ဝနေအောင်ဖြည့်ပေးနိုင်မှာပါ။

နွေအပူဒဏ် ကိုလည်း သက်သာစေမှာပါ။ လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဆားဓာတ်တွေကို ပါဖြည့်တင်ပေးနိုင်ပါတယ်နော်။

အစာခြေစနစ် ကို ကျန်းမာစေနိုင်တယ် ဘေဘီလေ

းအော့အန် တာ၊ ဝမ်းသွားတာကြောင့် ဆုံးရှုံးသွားတဲ့ရေဓာတ်ကိုအုန်းစိမ်းရည်ကပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်နော်။

အစာမကြေတာ အတွက်လည်း ဘေဘီလေးကိုအုန်းစိမ်းရည်တိုက်ပေးလို့ရပါတယ်နော်။ ဝမ်းမှန်စေတယ် ဘေဘီလေးကဝမ်းချုပ်တတ်လို့ ဝမ်းမှန်အောင်ဆေးတိုက်ဖို့ကျငယ်သေးတယ်ဆိုရင်အုန်းစိမ်းရည်လေးသာတိုက်ပေးလိုက်ပါ။ လိုအပ်တဲ့အမျှင်ဓာတ်ရော ရေဓာတ်ကိုပါဖြည့်ပေးလို့ ဘေဘီလေးကို ဝမ်းမှန်စေမှာအသေအချာပါနော်။


ဝမ်းပျက်ဝမ်းလျှော သက်သာစေတယ် ကလေးက ဝမ်းပျက်ဝမ်းလျှောဖြစ်နေတယ်။

ဓာတ်ဆားရည် တိုက်ပေမယ့် သိပ်မသောက်ဘူးဆိုရင်တော့အုန်းစိမ်းရည်ချိုချိုလေးကို ဇွန်းလေးနဲ့ခွံ့တိုက်ပါ။ ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်တွေကိုအမြန်ဆုံးပြန်ဖြည့်ပေးနိုင်မှာပါ။


ဆီးလမ်းကြောင်းပိုးဝင်တာ ကို သက်သာစေနိုင်တယ် ဆီးလမ်းကြောင်းပိုးဝင်တာကြောင့်  ဘေဘီလေးက မအီမသာဖြစ်နေမယ်ဆိုရင်တော့အုန်းစိမ်းရည်လေးတိုက်ပေးလို့ရပါတယ်နော်။ ဘေဘီလေးဆီးရွှင်စေဖို့လည်းအုန်းစိမ်းရည်ကအသုံးတည့်ပါတယ်နော်။

သန်ကျေ စနိုင်တယ် သန်တွေရှိနေလို့ ကလေးမထွားမှာကို စိတ်ပူပေမယ့် သန်ချဆေးမတိုက်ချင်ဘူးဆိုရင်တော့ သဘာဝသန်ချဆေးအနေနဲ့အုန်းစိမ်းရည်ကို တိုက်ပေးလို့ရပါတယ်။ ကဲ......အခုလောက်ဆိုရင်တာ့ ဘေဘီလေးကိုအုန်းစိမ်းရည် တိုက်လို့ရလား၊ မရဘူးလားဆိုတာကို သိလောက်ပြီထင်ပါတယ်နော်။

Hello Health Group   သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။




Some text some message..