![]()
မျောက်ကျောက်ပေါက်နာရဲ့ ရောဂါလက္ခဏာဟာအပြင်းဖျားမှုနဲ့အတူ မျက်နှာတဝိုက်အရေပြားပေါ်မှာ ပုံမှန်မဟုတ်ပဲအကွက်တွေအရင်ပေါ်လာကြောင်းအင်ဒိုနီးရှားတက္ကသိုလ်မှ ပညာရှင်များက ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဒီရောဂါဟာ လူကြီးတွေမှာထက် ကလေးတွေမှာ ဖြစ်နိုင်ချေပိုများပြီး လက်ရှိအချိန်ထိ ကုသရန်ဆေး မရှိသေးကြောင်း သတိပေး ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းက စင်ကာပူနိုင်ငံမှာ မျောက်ကျောက်ပေါက်နာ လူနာတွေ့ရှိခဲ့ပြီးအရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ ရောဂါပျံ့နှံ့မှုကို သတိရှိကြရန် တိုက်တွန်းလိုက်ပါတယ်။ လက်ရှိအချိန်ထိတော့အရှေ့တောင်အာရှမှာ စင်ကာပူနိုင်ငံကလွဲရင်အခြားနိုင်ငံတွေ ကူးစက်ခံရမှု သတင်းမရသေးကြောင်း ဖော်ပြထားပါတယ်။ ဒါပေမယ့်အာဖရိကနိုင်ငံက စလာတဲ့ မျောက်ကျောက်ပေါက်နာနဲ့ ပက်သက်ပြီး ရောဂါရဲ့ သွင်ပြင်လက္ခဏာနဲ့ သဘောသဘာဝကို သိရှိထားဖို့လည်း လိုပါတယ်။
ရောဂါပျံ့နှံ့မှုအရ ၂၀၀၃ ခုနှစ်ကအမေရိကန်မှာ တွေ့ရှိခဲ့ပြီး၊ ဗြိတိန် နဲ့အစ္စရေးမှာတော့ မနှစ်က တွေ့ခဲ့ရပါတယ်။အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ စင်ကာပူက ပထမဆုံးဖြစ်ပြီး ဒီနှစ်ထဲမှာတွေ့ရှိခဲ့ရပါတယ်။ ရောဂါအတွက် ကုရာနတ္ထိဆေးမရှိသေးပေမယ့် ကံကောင်းစွာနဲ့ပဲ လူရဲ့ခန္ဓာကိုယ်ဟာ ဒီရောဂါပိုးကိုအလိုအလျှောက်ရောဂါပျောက်ကင်းအောင် လုပ်ပေးနိုင်တယ်လို့ သိရှိထားပါတယ်။
မျောက်ကျောက်ပေါက်နာဟာအရေပြားနီးမြန်းပြီးအရည်ကြည်ဖုလေးတွေထရာကနေ ပိုးဝင်ပြီးနောက်မှာအရေပြားက ကြမ်းတမ်းတဲ့အကွက်တွေ ပေါ်လာတာဖြစ်ပါတယ်။
ဒီရောဂါကို ၁၉၅၈ ခုနှစ်မှာ ကန်မရွန်းနိုင်ငံ စမ်းသပ်ခန်းထဲက မျောက်အုပ်စုတစ်စုမှာ ပထမဦးဆုံးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီရောဂါကို သယ်ဆောင်လာတာကတော့ ကြွက်လို သတ္တဝါမျိုးတွေဖြစ်ပါတယ်။
တိရိစ္ဆာန်တွေဖြစ်တဲ့ မျောက်၊ နွား၊ နွားသိုး၊ ခွေးနဲ့အစရှိတဲ့ သတ္တဝါတွေဟာ ရောဂါပိုးရှိတဲ့ ကြွက်တွေကိုက်ခံရပြီးနောက်မှာ ကူးစက်ပြီး ရောဂါရခဲ့ပါတယ်။ လူကို ပထမဦးဆုံး ကူးစက်ခံရတာကတော့ ၁၉၇၀ ခုနှစ်များလောက်မှာ ဒီမိုကရက်တစ်သမ္မတ ကွန်ဂိုနိုင်ငံကအသက် ၉ နှစ်အရွယ် ကလေးကို ကူးစက်ခံခဲ့ရကြောင်း မှတ်တမ်းရှိခဲ့ပါတယ်။ ဒီရောဂါဟာ ဆယ်စုနှစ်ပေါင်းများစွာအာဖရိကထဲမှာသာ ရှိနေခဲ့ပေမယ့် ၂၀၀၃ ခုနှစ်မှာတော့အမေရိကန်ကို ကူးစက်ခံခဲ့ရပါတယ်။
မျောက်ကျောက်ပေါက်နာဟာအရွယ်ရောက်ပြီးသား လူကြီးတွေမှာ ခပ်ပါးပါးပဲ ကူးစက်ခံရပြီး သူ့အလိုလို ပြန်ပျောက်သွားတတ်ပါတယ်။အဓိက ကူးစက်ခ့ရတာကတော့ ကလေးတွေမှာ ဖြစ်တယ်လို့
CNA
သတင်းမှာ ဖော်ပြထားပါတယ်။