![]()
အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို လူ့ခန္ဓာကိုယ်အတွက် များစွာအထောက်အကူပြုစေတဲ့ သဘာဝရဲ့လက်ဆောင်တွေအများကြီးရှိလို့နေပါတယ်။အထူးသဖြင့်အပင်တွေကရတဲ့အရွက်၊ ပင်စည်၊အသီးအနှံ၊ သစ်ဥသစ်ဖု၊အပွင့်အခက်အမြစ်တို့ဟာ သဘာဝကပေးတဲ့ ဆေးဖက်ဝင်အစားသောက်တွေပါ။ ဒီအထဲ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာပေးစွမ်းနေတဲ့အစားအသောက်တစ်မျိုးအကြောင်း ပြောပြပေးချင်ပါတယ်။အဲဒါကတော့ ကြက်သွန်ဖြူပါ။
ကြက်သွန်ဖြူဟာ ခန္ဓာကိုယ်မှာလိုအပ်နေတဲ့ ခုခံနိုင်စွမ်းတွေကို မြှင့်တင်ပေးနိုင်တဲ့ သဘောဝအစားအစာတစ်မျိုးဖြစ်တယ်လို့ ဆေးပညာမှာကိုက သတ်မှတ်ထားတာပါ။ ဒါကြောင့် ဆေးဝါးတော်တော်များများ ဖော်စပ်ရာမှာ ကြက်သွန်ဖြူကို ထည့်သွင်းလေ့ရှိပြီးအစားအသောက်ပိုင်းမှာဆိုရင်လည်း သဘာဝကပေးထားတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခုအဖြစ် ဟင်းပွဲတိုင်းလိုလိုမှာ တွေ့ရတတ်ပါတယ်။
![]()
Nietjuh/pixabay
ယောင်ရမ်းခြင်းတွေကို လျော့ကျစေခြင်းနဲ့ ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်လာအောင် ပံ့ပိုးပေးတဲ့ပြင် antioxidant တွေပေါကြွယ်ဝပြီး ခန္ဓာကိုယ်တွင်းက ဆဲလ်တွေကိုကာကွယ်ပေးခြင်း၊အရွယ်တင်နုပျိုစေခြင်းနဲ့ သွေးတွင်းကိုသန့်စင်ပေးတခြင်းတွေကိုလည်း စွမ်းဆောင်ပေးနိုင်ပါသေးတယ်။
ဒါပေမဲ့ ကြက်သွန်ဖြူကိုအစိမ်းလိုက်စားမယ်ဆိုရင်တော့ ကြက်သွန်ဖြူမှာ ကိန်းအောင်းနေတဲ့အစွမ်းသတ္တိတွေကို ပြည့်ပြည့်ဝဝခံစားရမှာမဟုတ်ပါဘူး။ ကြက်သွန်ဖြူရဲ့အစွမ်းသတ္တိတွေကို ပြည့်ဝစွာ ရရှိစေဖို့အတွက်အကောင်းဆုံးနည်းလမ်းကတော့ ကြက်သွန်ဖြူကို မီးအေးအေးနဲ့ ၆ မိနစ်လောက်ကြာအောင် ဖုတ်ထား၊ ကင်ထားရမှာပဲဖြစ်ပါတယ်။
![]()
Photosiber/shutterstock
ကြက်သွန်ဖြုကို ကင်လိုက်ခြင်းအားဖြင့် သူ့အထဲမှာရှိတဲ့အစွမ်းသတ္တိတွေကို ပြည့်ပြည့်ဝဝပေါက်ဖွားလာတဲ့အပြင်ကိုမှ မူရင်းရှိနေတဲ့အခါးဓာတ်ကိုလည်း လျော့ကျစေတဲ့အတွက် စားတဲ့အခါ သက်တေင့်သက်သာ ပိုဖြစ်စေမှာပါ။ ဒီအပြင် ဟင်းပွဲတွေမှာအညှီနံ့ပျောက်ကင်းစေပြီး ပါဝင်တဲ့အစားအသောက်တွေရဲ့ သဘာဝအရသာကိုလည်း ပိုကြွတက်အောင် လုပ်ပေးနိုင်တဲ့အတွက် ဟင်းမချက်ခင် ကြက်သွန်ဆီသပ်တဲ့အလေ့အထပေါ်ပေါက်လာတာပဲဖြစ်ပါတယ်။
အဓိကအချက်ကတော့ ကြက်သွန်ကင်သို့မဟုတ် ဖုတ်ထားတဲ့ ကြက်သွန်တွေဟာ ကင်ဆာရောဂါကို ကာကွယ်ပေးတယ်ဆိုတဲ့အချက်ပါ။ သွေးတွင်းမှာရှိတဲ့ ကင်ဆာဖြစ်စေတဲ့ဓာတ်တွေကို ဖယ်ရှားပစ်ပေးပြီးအထူးဖြင့်အူနဲ့သက်ဆိုင်တဲ့ ကင်ဆာဝေဒနာတွေဖြစ်ပွားခြင်းမှ ကာကွယ်ပေးပါတယ်။
ကြက်သွန်ကင်ဖို့အကောင်းဆုံးနည်းလမ်းလေးကိုလည်း လက်ဆောင်ပါးချင်ပါတယ်။ ကြက်သွန်ကို ဥလိုက်ကင်ခြင်းထက်အမွှာလေးတွေခွဲ၊ မကင်ခင် ၁၀ မိနစ်လောက် လေသလပ်ပြီးမှ ၆ မိနစ်စာကို မီးအေးအေးနဲ့ကင်ပေးလိုက်ပါ။ ဒီလိုဆိုရင်တော့ မီးကင်တဲ့အခါ မီးဖိုတို့၊ မီးဖုတ်စက်တို့ကအပူကြောင့်ထွက်လာတဲ့ ဘတ်တီးရီးယားပိုးမွှားတွေကို ကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ်။
![]()
charnsitr/shutterstock
Penny