အရိုးဖွဲ့စည်းမှုတစ်ခုရဲ့မပါမဖြစ်အရွတ်တွဲ( Ligaments) နဲ့အရွတ်( tendon ) ဘာကွာခြားလဲ ။ ။
hellosayarwon.com
|
2019-06-04


ကိုယ်ခန္ဓာတစ်ခုရဲ့

အရိုးဖွဲ့စည်းမှု စနစ်လို့ဆိုလိုက်တာနဲ့

အရွတ်တွဲ နဲ့အရွတ်ကို ချန်ခဲ့လို့မရပါဘူး။အရွတ်တွဲ ( Ligaments) ဆိုတာအရိုးအချင်းချင်းဆက်ပေးတာဖြစ်ပြီးအရွတ် ( tendon ) ကတော့

အရိုး နဲ

့ ကြွက်သား ကိုဆက်ပေးတဲ့အရာဖြစ်ပါတယ်။ သူတို့နှစ်ခုလုံးကို fibrous connective tissue လို့ခေါ်တဲ့ ကော်လာဂျင်အလွှာထူထူကြီးတွေနဲ့ သိပ်သည်းစွာ ဖွဲ့စည်းထားတာပါ။ collagenous tissues တွေရဲ့ ကျုံ့နိုင်ဆန့်နိုင်အားက ကောင်းနေပေမယ့်အရွတ်တွေအပေါ် ပြင်းထန်တဲ့ ထိခိုက်မှုတစ်ခုခု ရှိခဲ့မယ်ဆိုရင်တော့အရွတ်ပြဲတာ၊အရွတ်စုတ်တာလိုမျိုး ဒဏ်တွေ ဖြစ်သွားနိုင်ပါတယ်။

အရွတ်တွဲနဲ့အရွတ် ဘာကွာခြားလဲ ။ ။
အရွတ်တွဲ ( Ligaments)
အရွတ်တွဲတွေဆိုတာ

အရို းတစ်ခုနဲ့ တစ်ခုကြားကအဆစ်ထဲမှာအရိုးတွေကိုဆက်ပေးထားတဲ့အရွတ်တွဲဖြစ်ပါတယ်။ ဒါ့ကြောင့် အရွတ်တွဲကျန်းမာနေမှအဆစ်အမြစ်တွေ လှုပ်ရှားရတာ လွယ်ကူချောမွေ့မှာပါ။အဆစ်တွေကိုအားပြုသုံးတဲ့အပေါ်မှာ မူတည်ပြီး

အရွတ်တွဲ တွေရဲ့ ပုံသဏ္ဍန်နဲ့အရွယ်အစားတွေ ကွဲပြားသွားပါတယ်။

အရွတ် ( Tendons)
အရွတ်ဆိုတာ ကြွက်သားနဲ့အရိုးကြားကို ဆက်သွယ်ပေးထားတဲ့အရာတစ်ခုပါ။ သူ့ရဲ့တာဝန်ကတော့ ကြွက်သားက ထုတ်လိုက်တဲ့အင်အားကိုအရိုးဆီကို လွှဲပြောင်းပေးရတဲ့ တာဝန်ဖြစ်ပါတယ်။အရှင်းဆုံးပြောရရင်အရိုးတွေရဲ့ လှုပ်ရှားနိုင်အား တာဝန်ယူရတဲ့အရွတ်ပါ။

သူတို့တွေလည်း ဒဏ်ရာရတတ်ပါတယ် ။ ။
ကိုယ်ခန္ဓာပေါ်ကအရာတွေအားလုံး မနိုင်ဝန်ထမ်းရတဲ့အခါမှာ ဒဏ်ဖြစ်တတ်တာ သဘာဝပါ။ ဒီလိုပဲအရွတ်တွဲတို့အရွတ်တို့ဟာ တစ်ရှူးဆဲလ်တွေနဲ့ ဖွဲ့စည်းထားတာကြောင့်  သူတို့အားနဲ့ မမျှတဲ့အရာတွေ လုပ်ဆောင်ရတဲ့အခါ ဒဏ်ရာရပြီး စုတ်ပြဲလေ့ရှိပါတယ်။ အရွတ်တွဲ စုတ်ပြဲခြင်း -အရွတ်တွဲစုတ်ပြဲတဲ့ ဒဏ်ရာဟာ

ခြေကျင်းဝတ် နဲ့ လက်ကောက်ဝတ်မှာအများဆုံး ဖြစ်တတ်ပါတယ်။ ခြေချော်ပြီးခေါက်လဲတာတို့၊အလေးအပင်မလိုက်တဲ့အခါ ဒဏ်ဖြစ်သွားတာမျိုးပါ။ ဒီလို

အရွတ်တွဲစုတ်ပြဲ သွားတဲ့အခါအနာပြန်ကျက်ဖို့အတွက်အဆင့် ၃ ဆင့် ရှိပါတယ်။ ပထမအဆင့် - ပြဲသွားတဲ့နေရာမှာ သွေးတွေထွက်လာပြီး

သွးခဲခြင် းစတင်ပါတယ်။ စုတ်ပြဲသွားတဲ့ ဒဏ်ကြောင့် တစ်ရှူးတွေ ရောင်ရမ်းခြင်းလည်း ဖြစ်လာပါတယ်။ ဒုတိယအဆင့် - inorganic salts, primarily hydroxyapatite and some calcium carbonate, and collagen fiber တို့နဲ့ ဖွဲ့စည်းထားတဲ့ matrix ရယ်၊

ကော်လာဂျင် အရွတ် တစ်ရှူးတွေရယ် ပွားလာပါတယ်။
နောက်ဆုံးအဆင့်မှာတော့ - matrix ဟာ နဂိုမူလပုံစံဖြစ်အောင် remodeling သူ့ဘာသာ ပြန်ဖန်တီးယူပါတယ်။ ဒီအဆင့်ကနေအကောင်းအတိုင်းပြန်ဖြစ်ဖို့အချိန်တစ်ခုတော့ ယူရပါတယ်။ အရွတ်စုတ်ပြဲခြင်း -အပေါ်မှာပြောခဲ့တဲ့အတိုင်းပါပဲ။အရွတ်ဟာ သူမနိုင်တဲ့ဝန်ကို ထမ်းရတဲ့အခါ စုတ်ပြဲတဲ့ ဒဏ်ရာတွေရတတ်ပါတယ်။ ဒီလိုအရွတ်စုတ်ပြဲတဲ့ ဒဏ်ရာဟာ ရုတ်တရက်ကြီးဖြစ်လာနိုင်သလို တဖြည်းဖြည်းနဲ့ ဒဏ်ပိပြီးမှ စုတ်ပြဲတာမျိုးလည်းဖြစ်နိုင်ပါတယ်။အရွတ်တွဲလိုပဲအရွတ်ကလည်း စုတ်ပြဲတဲ့ ဒဏ်ရာပြန်ကျက်ဖို့အတွက်အဆင့် ၃ ဆင့်လိုပါတယ်။
ပထမအဆင့် - စုတ်ပြဲသွားတဲ့နေရာမှာ ရောင်ရမ်းခြင်းတွေစတင်ဖြစ်လားပြီးအနာကျက်ခြင်းကိုအားပေးဖို့အတွက် သွေးကြောအသစ်လေးတွေ နဲ့ ကော်လာဂျင် တစ်ရှူးအသစ်တွေအဲဒီနေရာမှာ စပေါ်လာပါတယ်။
ဒုတိယအဆင့် -အရွတ်ကို ဖွဲ့စည်းထားတဲ့ reticular fibersတွေအများကြီးစုလာပြီး နောက်ဆုံးအဆင့်မှာတော့ နဂိုအတိုင်းဖြစ်အောင် remodeling  ပြန်လည်ပုံသွင်းအချောသတ်တဲ့ ဖြစ်စဉ်လာပါတယ်။အသစ်ပေါ်လာတဲ့ ဆဲလ်လေးတွေဟာ fibrous tissue တွေအဖြစ်ပြောင်းလဲသွားပြီး နောက်ပိုင်း scar-like tendon tissue လို့ခေါ်တဲ

့အမာရွတ်ေ တွရှိတဲ့အရွတ်အဖြစ် ပြောင်းလဲဖွဲ့စည်းပါတယ်။ ဒါတွေကတော့အရိုးနဲ့ ကြွက်သားဖွဲ့စည်းမှု ရဲ့အရေးပါတဲ့အစိတ်အပိုင်း ၂ ခုဖြစ်တဲ့အရွတ်တွဲ နဲ့ အရွတ်အကြောင်း သေချာရှင်းပြထားတာပဲဖြစ်ပါတယ်။ ပုံမှန်ဆိုရင်သူတို့ရဲ့အရေးပါပုံကို မသိပေမယ့် သူတို့ဒဏ်ဖြစ်တဲ့အခါကျ တော့ လမ်းလျှောက်တာ၊ လှုပ်ရပြုရတာအင်မတန်မှအခက်တွေ့ပါတယ်။ဒါ့ကြောင့်အရိုးနဲ့အဆစ်တွေရဲ့ လှုပ်ရှားမှုချောမွေ့အောင် ပြုလုပ်ပေးတဲ့အရွတ်နဲ့အရွတ်တွဲတို့ရဲ့ ကျန်းမာရေးကို သေချာစောင့်ရှောက်ဖို့အရေးကြီးတာပါ ။ ။

Hello Health Group   သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။  




Some text some message..