လေလည်ချင်တာအောင့်ထားလိုက်ရင် ဘာဖြစ်မှာလဲ
hellosayarwon.com
|
2019-06-04


လူကြားထဲ လေလည်တာမကောင်းဘူး၊ လေထုညစ်ညမ်းတယ်(နံတယ်ပေါ့)၊ ယဉ်ကျေးမှုမရှိဘူး စတာတွေ ပြောကြတယ်။အိမ်မှာ လူကြီးတွေပြောကြတာတော့ မိန်းကလေးက လေလည်စရာလားတဲ့။ ဒိုးခပါပဲ။ လေလည်တာက လူတိုင်းဖြစ်တတ်တဲ့(လူသိသိ မသိသိ) ကျန်းမာရေးအလေ့အထနော်။ ကဲ ဒီအသံတွေကိုကြောက်လို့၊ သူများနှာခေါင်းရှုံ့မှာစိုးလို့ လေလည်တာကို အောင့်ထားလိုက်မယ်ဆိုရင် ဘာဆက်ဖြစ်မလဲသိလား။ သင်သတိမထားမိလောက်ပေမယ့် ခန္ဓာကိုယ်ထဲက ပြန်ထွက်ချင်နေတဲ့လေက အောက်ကနေမထွက်ရတဲ့အခါ ပါးစပ်ကပြန်ထွက်လာနိုင်ပါတယ်။ လေမလည်ဘူးဆိုရင် ခန္ဓာကိုယ်ထဲမှာရှိနေတဲ့လေတွေကို ပြန်စုပ်ယူပြီးအသက်ရှူထုတ်တဲ့အထဲ ပါသွားစေတဲ့ ဖြစ်စဉ်အကြောင်းကို University of Newcastle ပါမောက္ခ ကလဲရ်ကောလင်းစ် ကထောက်ပြခဲ့ပါတယ်။ ဒီတော့ လေလည်ချင်တာ အောင့်ထားလိုက်လို့ ပျောက်သွားတယ်ဆိုအဲဒီလေက သင့်ပါးစပ်ကနေပြန်ထွက်သွားပါလိမ့်မယ်နော်။ ပါးစပ်ကထွက်တယ်ဆို လေလည်သံလည်းမမြည်၊အနံ့လည်းမနံတော့ မဆိုးဘူးပေါ့နော် လို့ သူကပြောပါတယ်။ "လေလည်တာကို ကြာကြာအောင့်ထားလိုုက်ရင်အူလမ်းကြောင်းမှာ စုနေတဲ့လေတွေက နောက်ဆုံးမှာ ထိန်းမရအောင် ကန်ထွက်တော့တာပဲ။" ထိန်းမရတဲ့အခါေ

လလည်သံ ကျယ်ကျယ်နဲ့ ဝုန်းခနဲပေါက်ကွဲနိုင်သလို ဗိုက်အောင့်တာလည်းဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့်လေလည်ချင်နေပြီဆိုရင် ဖွင့်ချလိုက်ပါ။ လူရှင်းတဲ့နေရာကို လစ်တာပဲဖြစ်ဖြစ်၊အိမ်သာထဲပြေးတာဖြစ်ဖြစ် မသိမသာလေးဖြေရှင်းလိုက်ပါ။ အောင့်ထားလိုက်လို့အန္တရာယ်ကြီးကြီးမားမားမဖြစ်ပေမယ့် နေရခက်တာ၊ လေထိုးလေအောင့်တာတွေဖြစ်နိုင်တာကိုး။အမှန်တော့ လေလည်တယ်ဆိုတာကအစာကို ဖြိုခွဲပြီး ချေဖျက်ဖို့ ခန္ဓာကိုယ်က ကြိုးစားတဲ့အခါ သဘာဝအလျောက်တုံ့ပြန်မှုတစ်ခုပါပဲ။ ကိုယ်စားချလိုက်တဲ့

အစားအသောက်ေ တွကိုအစာအိမ်နဲ့

အစာခြေစနစ် က စီမံခန့်ခွဲရတာဖြစ်လို့ လေနည်းနည်းတော့ စွန့်ထုတ်မှာပါပဲ။အဲဒီကမှ လေလည်မှာလား၊ လေတက်မှာလား ခန္ဓာကိုယ်ကလုပ်ဆောင်ပါလိမ့်မယ်။ လေ့လာမှုတစ်ခုအရတော့ ပျမ်းမျှအားဖြင့် လူတစ်ယောက်ဟာ တစ်နေ့ကို ၈ ကြိမ်လောက် လေလည်နိုင်ပါတယ်တဲ့။ တစ်ခါချင်းစီဖြစ်နိုင်သလို တစ်ခါတည်းမှာပဲ ပူပူ ပူပူနဲ့ ဆက်တိုက်လွှတ်တာလည်း ဖြစ်နိုင်ပါတယ်။ မယုံရင် ကိုယ့်ကိုယ်ကိုယ် သတိထားကြည့်။ လေကိုမျိုချမိတာကြောင့် ဒါမှမဟုတ်အူသိမ်ထဲမှာbicarbonate နဲ့အစာအိမ်အက်စစ်ရောသွားတဲ့အခါထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကြောင့် လေလည်တာဖြစ်နိုင်တယ်။ ဒါမှမဟုတ်အူမကြီးထဲမှာရှိနေတဲ့ ဘက်တီးရီးယားကြောင့် လေတွေဖြစ်လာတာလည်း ဖြစ်နိုင်တယ်။ လေလည်တဲ့အနံ့ပြင်းရတာကတော့ စားထားတဲ့အစားအသောက်တွေအပေါ်မူတည်တယ်လို့ ပါမောက္ခကောလင်းစ်က ပြောပါတယ်။အူလမ်းကြောင်းမှာပိတ်မိနေတဲ့အနံ့ပြင်းပြင်းလေတွေကို မဖယ်ထုတ်နိုင်ဘူး(လေပေးမလည်ဘူး)ဆိုရင် ဗိုက်ထဲမှာ လေပွတာ၊ ကယ်တာ၊ ဗိုက်အောင့်၊ လေထိုးတာတွေခံစားရနိုင်တယ်။ ကိုယ်ကအောင့်ထားလိုက်တာမဟုတ်ဘဲ ခန္ဓာကိုယ်ကကိုအလိုလိုလေမလည်နိုင်တာဆိုရင် တချို့တွေ လေဆေးတောင်သောက်ယူရပါတယ်။ လေဆေးသောက်လိုက်မှ လေလည်၊ လေတက် တစ်ခုခုဖြစ်လာပြီး နေရသက်သာနိုင်ပါတယ်။ ဒီတော့အန္တရာယ်ကို လွယ်မထားပါနဲ့။ လေဆေးတွေဆောင်ထားရမယ့်အစားအခြေအနေကြည့်ပြီး သဘာဝဖြစ်စဉ်ကိုအလိုလိုက်ပေးလိုက်ပါ။ လူကြားထဲရောက်မှ တဘူဘူ တဂွမ်ဂွမ်တော့မလုပ်ချနဲ့ပေါ့။

Hello Health Group  သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။




Some text some message..