လေ့ကျင့်ခန်းမလုပ်ခင်ဘာတွေစားပေးသင့်လဲ။ ဘယ်အချိန်မှာစားရမလဲ။ ။
mmtimes.com
|
2019-06-07



Gym သွားကြတဲ့သူတိုင်းသိချင်နေတဲ့ မေးခွန်းလေးပါ။ လေ့ကျင့်ခန်း မလုပ်ခင် ဘာတွေစားပေးရင် ကိုယ်လုပ်တဲ့လေ့ကျင့်ခန်းကိုပိုပြီးအကျိုးသက်ရောက်စေမလဲနဲ့ ဘယ်အချိန်တွေမှာစားပေးဖို့ လိုတယ်ဆိုတဲ့အကြောင်းလေးတွေပေါ့။ Gym သွားတယ်ဆိုတည်းကိုကအပြောင်းအလဲဖြစ်ချင်လို့ပဲလေ။ ဝနေတဲ့သူပိန်သွားဖို့ ပိန်နေတဲ့သူဝိတ်တက်လာဖို့ ရည်ရွယ်ချက်တွေနဲ့သွားကြတာမလား။

ကိုယ်ခန္ဓာတစ်ခုလှပဖွံ့ဖြိုးဖို့ကလည်းလေ့ကျင့်ခန်းတစ်ခုတည်းနဲ့မရဘူးလေ။ ကိုယ်ခန္ဓာတစ်ခုပိန်ခြင်းဝခြင်းကိုအဓိက ၈၀ ရာခိုင်နှုန်းတာဝန်ယူထားတဲ့အစားကအရေးအကြီးဆုံးဆိုတော့ ကိုယ်လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေ စားပေးရမလဲဆိုတာသိထားမှ ကိုယ်သွားချင်တဲ့ပန်းတိုင်ကို မြန်မြန်ရောက်မှာပေါ့။ ဒီတော့ ဘာတွေ စားပေးရမလဲ။ ဘယ်အချိန်မှာစားပေးရမလဲ ။ ။


လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေ စားပေးသင့်သလဲ ။ ။

လေ့ကျင့်ခန်း မလုပ်ခင် စားပေးတဲ့အစားအစာတွေကကိုယ်ဘယ်လမ်းကြောင်းကိုသွားတာလဲအပေါ်မူတည်ပြီးကွဲပြားသွားပါတယ်။ ဒီတော့ ဆက်ကြည့်ရအောင် ။ ။


( ၁ ) ကိတ်ချင်တဲ့သူတွေအတွက် ။

ပိန်နေလို့ ကိတ်ချင်နေတဲ့သူတွေအတွက်အဓိကဖြစ်သင့်တဲ့ ကိုယ်ခန္ဓာကတော့အဆီပိုမရှိ ကြွက်သားတွေနဲ့ ကျစ်လစ်တဲ့ကိုယ်ခန္ဓာတစ်ခုပါ။ ဖြစ်ချင်နေတဲ့အဆီပိုမရှိတဲ့ ကြွက်သားတွေနဲ့ ကိုယ်ခန္ဓာကိုပိုင်ဆိုင်နိုင်မယ့်အပြင် လေ့ကျင့်ခန်းလုပ်နေတဲ့ တောက်လျှောက်ကိုအားလည်းရှိစေမယ့် လေ့ကျင်ခန်းမလုပ်ခင် စားသင့်တဲ့အစားအစာတွေကတော့

• ကြက်ဥအကာစားပါ – ကြက်ဥပြုတ်ထဲကအကာကိုပဲစားတာ၊ ကာကျက်လေးသောက်တာမျိုးတွေလုပ်ပေးပါ။အနှစ်ကိုတော့ ရှောင်ပါ။ ကြက်ဥအနှစ်မှာအဆီပါဝင်မှုများတဲ့အတွက် ကိုယ်အလေးချိန်တက်လာစေသလို သွေးတွင်းအဆီများခြင်းကိုလည်းဖြစ်စေတတ်လို့ပါ။

• Whey protein သောက်ပေးလို့လည်းရပါတယ်။

•အသီးတွေထဲမှာဆို – လိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ ပန်သီးတို့စားပေးပါ။

• ထမင်းစားချင်တယ်ဆိုရင် ဆန်လုံးညို ( ဒါမှဟုတ်) ထမင်းဖြူ နည်းနည်းလေးစားပါ။အုတ်ဂျုံစားပေးလည်းရပါတယ်။

•အသားဆိုရင်တော့အဆီမများတဲ့အသားဖြစ်တဲ့ ကြက်သားပြုတ်လေးကအသင့်တော်ဆုံးပါ။


( ၂ ) ဝိတ်ကျချင်တဲ့သူတွေအတွက်

ဝိတ်ကျချင်တဲ့သူတွေကျတော့ နည်းနည်းပိုဂရုစိုက်ဖို့လိုပါတယ်။ လေ့ကျင့်ခန်းလုပ်ရင်းအားမရှိမှာစိုးတာကြောင့်အစားလေးစားထားချင်တယ်။ စားတဲ့အစားတွေ ကယ်လိုရီမများဖို့ကလည်းအရေးကြီးသေးတယ်။ ဒီတော့ ဘာတွေစားကြမလဲ ။ ။

• ငှက်ပျောသီးစားပါ။ ကယ်လိုရီအများကြီးမတက်စေဘဲအားရှိစေတဲ့အတွက် စားပေးသင့်တဲ့ ထိပ်ဆုံးအစားအစာတစ်ခုပါ။

• ပန်းသီးကလည်းကယ်လိုရီအများကြီးမပါဘဲအားရှိစေလို့ စားပေးသင့်တဲ့အစားအစာတစ်ခုပါ။

• ဘီစကစ်ထဲမှာဆိုခရင်မ်မပါတဲ့ cracker စားပေးလို့ရပါတယ်။

• ထမင်းဆိုရင် ပန်းကန်လုံးတစ်ဝက်စားပေးလို့ရပါတယ်။

•အုတ်ဂျုံပန်းကန်လုံးတစ်ဝက်ကလည်းဝိတ်ချနေတဲ့သူတွေအတွက် သင့်တော်တဲ့အစားအစာတစ်ခုပါ။

စားရမယ့်အစားစာတွေ သိပြီးပြီဆိုတော့ ဘယ်အချိန်မှာစားထားရမှာလဲ ။ ။

လေ့ကျင့်ခန်းမလုပ်ခင် ၁ နာရီ( ဒါမှမဟုတ်) နာရီဝက်လောက်အစာစားပေးတာကအသင့်တော်ဆုံးပါ။ ဒါမှအစာအိမ်အတွက်အစာခြေဖို့ ၊စားလိုက်တဲ့အစားအစာတွေကလောင်စာအဖြစ်ပြောင်းလဲသွားဖို့အချိန်ရမှာ ဖြစ်ပါတယ်။

တစ်ခုမှတ်ထားရမှာကပိန်ချင်လို့ဆိုပြီးဘာမှ မစားထားဘဲလေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတွေအတွက် လောင်စာမရှိသလိုဖြစ်သွားတတ်ပြီးကိတ်ချင်လို့ဆိုပြီးအများကြီးစားရင်လည်းရသင့်တဲ့ ရလဒ်အတိုင်းမထွက်တာကများပါတယ်။ ဒါ့ကြောင့်အစားမစားတာကလည်းမကောင်းသလိုအများကြီးစားပြန်ရင်လည်းမသင့်တော်ပါဘူး။ ချိန်ဆပြီးအချိန်ကိုက်စားတတ်ဖို့ကအရေးအကြီးဆုံးပါ ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများမပြုလုပ်ပါ။




Some text some message..