မေးခိုင်ကာကွယ်ဆေးထိုးခြင်း
healthcare.com.mm
|
2019-06-12


လူနာတချို့သည် ငုတ်စူး၍ဖြစ်စေ၊ ပုလင်းကွဲချ၍ဖြစ်စေ ဆေးခန်းသို့ ရောက်လာသောအခါ မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးဆေး ထိုးပေးမည်ဟုပြောလျှင် “လိုလို့လား ဆရာ၊ သံစူးတာမဟုတ်ဘူး ဆရာ၊ ပုလင်းကွဲစူးတာ၊ ငုတ်စူးတာပါ” စသည်ဖြင့် မေးခိုင်ကာကွယ်ဆေးထိုးရန် ငြင်းပယ်တတ်ကြသည်။ တချို့ဆိုလျှင် သံစူးတာပင်လျှင် သံကအသစ်မို့ သံချေးမရှိတာမို့ မေးခိုင်ကာကွယ်ဆေးထိုးဖို့ မလိုဟု ထင်မှတ်မှားနေကြသည်။ မေးခိုင်ရောဂါပိုးမှာ ဗက်တီးရီးယားပိုးတစ်မျိုးဖြစ်ပြီးအောက်ဆီဂျင်မရှိသောနေရာတွင် ရှင်သန်သည်။ မည်သည့်အရာဖြင့်မဆို (ငုတ်၊ ပုလင်းကွဲ၊ ဆူး၊ သံ) နက်ဝင်သွားပြီးအဝပိတ်သွားသောအခါအောက်ဆီဂျင် မရရှိနိုင်တော့မှုကိုအခွင့်ကောင်းယူကာ မေးခိုင်ပိုးများ ရှင်သန်ပေါက်ဖွားလာသည်။ ထို့ကြောင့် နက်ဝင်သော ဒဏ်ရာမှန်သမျှအတွက် မေးခိုင်ရောဂါကာကွယ်ဆေး ထိုးသင့်သည်။ သံစူးလျှင် သံချေးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မေးခိုင်ဖြစ်နိုင်ပါသည်။ • နက်ဝင်သောဒဏ်ရာဖြစ်လျှင် မေးခိုင်ကာကွယ်ဆေး ထိုးသင့်သည်။ Credit : ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ) သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။   





Some text some message..