ကြက်ဥ၊ ဘဲဥတွေမှာ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှုနဲ့
အာဟာရ
ဓာတ်များစွာ ပါဝင်သလို ကျန်းမာရေးအတွက်လည်း တော်တော်လေးအကျိုးပြုတဲ့အစားအစာအဖြစ် လူတိုင်းက လက်ခံထားကြပါတယ်။ ကိုလက်စထရောနဲ့
ကယ်လိုရီ
ဓာတ်အနည်းငယ်ပါဝင်တဲ့အတွက် တန်ဆေး လွန်ဘေးအတော်အသင့်စားမယ်ဆိုရင်တော့အကောင်းဆုံးဖြစ်မှာပါ။ ကြက်ဥတွေက ချက်ရ၊ ပြုတ်ရတာလည်းအဆင်ပြေသလို ဟင်းအမည် တော်တော်များများမှာလည်း
ကြက်ဥ
ကို မပါမဖြစ် ထည့်သွင်းကြပါတယ်။ မွှေကြော်မလား၊ ထမင်းနဲ့ တွဲကြော်မလား၊
ဟင်းသီးဟင်းရွက်
၊အသား၊ ငါးနဲ့ ရောချက်မလား၊ ဆီပြန်ဟင်းချက်မလား၊ ပြုတ်ပြီး၊ ပေါင်းပြီးလည်း စားလို့ရတာမို့အိမ်ရှင်မတွေအတွက် ချက်ပြုတ်ရတာလည်းအရမ်းလွယ်ကူပါတယ်။
ကြက်ဥအစိမ်းစားခြင်း
ခုနောက်ပိုင်းမှာ ကြက်ဥကိုအစိမ်းလိုက်စားတဲ့အလေ့အကျင့်က ပြန်ပြီးခေတ်စားလာပါတယ်။ တချို့ကလည်းအားရှိတယ်၊ ကြွက်သားတက်တယ်၊ ကျန်းမာတယ်ပေါ့။
အစိမ်းမ
စားရဲတဲ့သူတွေကလည်း ဒီအကျင့်က မကောင်းဘူး၊ ရောဂါပိုးတွေ ပါနိုင်တယ်၊ ချက်ပြီးစားတာပဲ ကောင်းတယ်ပေါ့။ ဒီနေ့ဆောင်းပါးမှာ ကြက်ဥအစိမ်းစားခြင်းနဲ့ ပတ်သက်ပြီး လူတွေသိထားသင့်တဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေ၊ သတိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ပြောပြပေးချင်ပါတယ်။
၁။ ကြက်ဥအစိမ်းစားခြင်းဟာ ချက်ပြီးစားသလိုပဲအာဟာရတွေအပြည့်အဝရနိုင်ပါတယ်။
မူလကြက်ဥမှာ
ပရိုတင်းဓာတ်၊
ကျန်းမာစေတဲ့အဆီဓာတ်တွေအများအပြားပါဝင်ပါတယ်။ ဗီတာမင်အေ၊ ဗီတာမင် ဘီ၊ ဆီလီနီယမ်ဓာတ်၊ ဖော့စဖရပ်စ်ဓာတ်၊ ဖောလစ်အက်ဆစ်တွေ၊
မျက်စိ
အားကောင်းစေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဦးနှောက်ကို ကောင်းစွာအလုပ်လုပ်နိုင်စေဖို့ ကိုလင်းဓာတ်တွေ ပါဝင်ပါတယ်။
၂။ ကြက်ဥကိုအနှစ်ပဲစားမလား၊အကာပဲ စားမလား။
ကျန်းမာရေးကိုအလေးထားတဲ့သူတွေအတွက်တော့ ကြက်ဥကို တစ်လုံးလုံးအပြည့်အဝစားပေးတာအကောင်းဆုံးပါပဲ။ ကြက်ဥမှာ ပါဝင်တဲ့အာဟာရဓာတ်အများစုကအနှစ်ထဲမှာ စုနေတာဖြစ်ပြီးအကာထဲမှာတော့ ပရိုတင်းဓာတ်တွေအများဆုံး ပါဝင်နေပါတယ်။အားကစားသမားတွေ၊
ကြွက်သား
တက်ဖို့ လေ့ကျင့်နေတဲ့အမျိုးသားတွေအတွက်တော့အကာကို များများစားပေးသင့်ပါတယ်။
၃။အစိမ်းစားတဲ့အခါ ကြက်ဥရဲ့ ပရိုတင်းဓာတ်ကို ကောင်းစွာ မစုပ်ယူနိုင်ပါဘူး။
စစ်တမ်းကောက်ယူကြည့်တဲ့အခါ ကြက်ဥကို ချက်စားတဲ့အခါ သူ့မှာပါဝင်တဲ့
ပရိုတင်းဓာတ်
ရဲ့ ၉၀ ရာခိုင်နှုန်းကို ကိုယ်ခန္ဓာက ကောင်းစွာ စုပ်ယူနိုင်ပေမယ့်အစိမ်းစားမယ်ဆိုရင်တော့ ပရိုတင်း ၅၀ ရာခိုင်နှုန်းကိုပဲ စုပ်ယူနိုင်တာကို တွေ့ရှိရပါတယ်။ ဒါပေမယ့် ချက်စားတဲ့အခါ ကိုယ်ချက်တဲ့ ပုံစံ၊ မီးအပူချိန်ပေါ် မူတည်ပြီး တခြား ဗီတာမင်နဲ့အာဟာရဓာတ်တွေ လျော့နည်းသွားတာမျိုး ဖြစ်နိုင်ပါတယ်။
၄။ ကြက်ဥအစိမ်းမှာ ဘက်တီးရီးယားပိုးတွေ ပါနိုင်ပါတယ်။
ဘယ်အရာမဆို မချက်ဘဲအစိမ်းစားတဲ့အခါ ဘက်တီးရီးယားပိုးတွေအနည်းနဲ့အများ ပါလာတတ်ပါတယ်။ ကြက်ဥမှာ ဆော်လ်မွန်နယ်လား (Salmonella) လို့ ခေါ်တဲ့အစာအဆိပ်သင့်ခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေ ပါဝင်နေပါတယ်။ ဒီဘက်တီးရီးယားကောင်လေးတွေဟာ ကြက်ဥအပြင်ခွံမှာရောအတွင်းထဲမှာပါ ရှိနေနိုင်ပါတယ်။ ပိုးပါနေတဲ့ ကြက်ဥကိုအစိမ်းအတိုင်းစားလိုက်ရင် ဗိုက်အောင့်ဗိုက်နာတာ၊
ဝမ်းလျှေ
ာတာ၊အော့အန်တာ၊ ဖျားနာတာ၊ ခေါင်းမူးတာအစရှိတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ စားပြီး ၆နာရီမှ ၄၈နာရီအတွင်းအစာအဆိပ်သင့်ခြင်း ဖြစ်ပြီး ၃ရက်မှ ၇ရက်အထိ ဝေဒနာခံစားရတတ်ပါတယ်။ စတိုးဆိုင်တွေမှာ ထုတ်ပိုးပြီး ရောင်းနေတဲ့ ကြက်ဥအစိမ်းတွေကတော့ သေချာပိုးသတ်ပြီး သန့်စင်ထားတာဖြစ်တဲ့အတွက် ဘက်တီးရီးယားပိုး ပါဝင်နိုင်ခြေအလွန်နည်းတာကိုတွေ့ရပါတယ်။
၅။ ဘယ်အသက်အရွယ်တွေ ကြက်ဥအစိမ်း မစားသင့်ဘူးလဲ။
ကြက်ဥကိုအစိမ်းအတိုင်းစားဖို့ မသင့်လျော်တဲ့အသက်ရယ်လို့တော့ မရှိပေမဲ့ သူ့နောက်မှာ ပါလာနိုင်တဲ့ ဘက်တီးရီးယားပိုးတွေနဲ့ ပတ်သက်ပြီးအနည်းငယ် စိုးရိမ်စရာရှိပါတယ်။ ဒါကြောင့်
ကိုယ်ခံအားစနစ်
အရမ်းအားနည်းနေတဲ့ မွေးကင်းစကလေးတွေ၊အရွယ်ငယ်သေးတဲ့ ကလေးတွေမှာ ပိုးကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ဘက်တီးရီးယားပိုးပါနေတဲ့ ကြက်ဥကိုအစိမ်းစားမိရင် သားအိမ်ကျုံ့ပြီး ကိုက်ခဲတာတွေ ဖြစ်နိုင်တဲ့အတွက် လမစေ့ဘဲ ကလေးမွေးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုတွေ ကိုယ်ခံအားစနစ်အားနည်းနေတဲ့သူတွေ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊
HIV
ပိုးရှိသူတွေအနေနဲ့ ကြက်ဥအစိမ်းစားဖို့ မသင့်လျော်ပါဘူး။
၆။အစိမ်းစားခြင်းကြောင့် ဘက်တီးရီးယားပိုး ကူးစက်ခံရခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်လဲ။
ဘယ်အရာမဆိုအစိမ်းစားတယ်ဆိုရင်တော့ သူ့မှာ ပါနေတဲ့ ပိုးကူးစက်နိုင်ခြေကအနည်းနဲ့အများတော့ ရှိပါတယ်။ ကိုယ့်အနေနဲ့ လုပ်နိုင်တာကတော့ ပိုးကူးစက်ခံနိုင်ခြေ ရာခိုင်နှုန်းကို နည်းနိုင်သမျှ နည်းအောင် သေချာပြင်ဆင်ဖို့၊ ဂရုစိုက်ဖို့ပါပဲ။
စတိုးဆိုင်မှာ ရနိုင်ပြီး ပိုးသတ်ထားတဲ့ ထုတ်ပိုးပြီးသားကြက်ဥမျိုးကို ရွေးဝယ်ပါ။ လတ်လတ်ဆတ်ဆတ် ဥထားတဲ့ ကြက်ဥဆိုရင်တော့အစိမ်းမစားတာအကောင်းဆုံးပါပဲ။
စတိုးဆိုင်မှာ ဝယ်မယ်ဆိုရင်လည်း သေချာအအေးခန်းထဲမှာ ထားထားတဲ့ ကြက်ဥမျိုးကို ရွေးဝယ်ပါ။
အိမ်ပြန်ရောက်ရင် ကြက်ဥကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားပါ။ စားမယ်ဆိုမှ တစ်လုံး၊ နှစ်လုံးယူပြီး ချက်ချင်းဖောက်စားပါ။
အခန်းအပူချိန်မှာ ထားထားမယ်ဆိုရင် ဘက်တီးရီးယားပိုး ပေါက်နိုင်ခြေပိုများတဲ့အတွက် ချက်စားတာအကောင်းဆုံးပါပဲ။
ရက်လွန်နေတဲ့ ကြက်ဥတွေ ဝယ်တာ၊ စားတာမျိုး လုံးဝမလုပ်ပါနဲ့။
ကြက်ဥအခွံကအက်ကွဲနေတာ၊ ညစ်ပတ်နေတာမျိုး မဝယ်ပါနဲ့။
ဖောက်ကြည့်လိုက်လို့ ကြက်ဥအနံ့က တစ်မျိုးကြီးဖြစ်နေတယ်၊ ပုပ်သလို၊ ညှီသလိုအနံ့ဖြစ်နေတယ်ဆိုရင် လုံးဝမစားပါနဲ့။
ဘက်တီးရီးယားပိုးကို သေစေတဲ့ တစ်ခုတည်းသော နည်းလမ်းက သေချာအပူပေးပြီး ချက်ပြုတ်တာပဲ ဖြစ်ပါတယ်။
Hello Health Group
သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။