တစ်ခါတစ်လေဘာမှ ထူးထူးဆန်းဆန်းပါးစပ်ထဲကအရသာဆိုးတွေကို ဘာမှမစားမသောက်ပဲခံစားမိကြမှာပါ။ တစ်ခုခုစားသောက်လို့
ပါးစပ်ထဲကအရသာဆိုးကြီးကို ခံစားမိတာကမထူးဆန်းပင်မဲ့နေရင်းထိုင်ရင်းနဲ့ ခံတွင်းထဲမှာ ခပ်ဆိုးဆိုးအရသာကို ခံစားနေရပြီဆိုရင်တော့ ပြဿနာတစ်ချို့ရှိလာနိုင်ပါတယ်။
ခံတွင်းနဲ့သွားကျန်းမာရေးဆရာဝန်ကြီးများနဲ့အထွေထွေရောဂါကုဆရာဝန်ကြီးတစ်ချို့ရဲ့သုံးသပ်လေ့လာချက်အရ ထူးထူးဆန်းဆန်းမစားမသောက်ထားပဲနေရင်းထိုင်ရင်းကနေ လျှာပေါ်မှာ ၊ခံတွင်းထဲမှာအရသာဆိုးဆိုးကြီးခံစားလာရတယ်ဆိုတာ ဟာ ကျန်းမာရေးပြဿနာတစ်ချို့ကြောင့်လည်း
ဖြစ်နိုင်တယ်လို့သိရပါတယ်။ ခံတွင်းထဲမှာ ခါးသလိုလို ချဉ်သလိုလိုနဲ့အရသာခပ်ဆန်းဆန်းကြီးကိုမကြာခဏခံစားနေရတာ ဘာလိုအရာတွေကြောင့်ဖြစ်နိုင်လဲ?…
![]()
(၁) Oral Thrush ဖြစ်နိုင်ခြင်း
ဒါကတော့ ပါးစပ်အတွင်းမက်ခရုနာဖြစ်တယ်လို့ခေါ်ပါတယ်။ ဘတ်တီးရီးယားတွေကြောင့်ဖြစ်ပေါ်လာတဲ့အနာမျိုးပါ။ လည်ချောင်းနဲ့ခံတွင်းတစ်လျှောက်မှာဖြစ်ရတဲ့ရောဂါမျိုးဖြစ်ပြီးအစက်လေးတွေအဖြစ်ပေါက်တတ်ကြပါတယ်။အစက်လေးတွေကို သတိမထားမိရင်တောင် လျှာပေါ်မှာ ခါးခါးဖန်ဖန်နဲ့အရသာတစ်မျိုးကြီးခံစားရရင်တော့ဒီအနာများဖြစ်နေသလားဆိုတာ စစ်ဆေးကြည့်သင့်ပါတယ်။
![]()
(၂) ကိုယ်ဝန်ရှိနေကြောင်းလက္ခဏာပြခြင်း
တစ်ခါတစ်လေ ပါးစပ်ထဲကအရသာတစ်ခုခုခံစားနေရတယ်လို့သိတဲ့အခါ ဒါကကိုယ်ဝန်ရှိခြင်ရဲ့လက္ခဏာဖြစ်နိုင်တယ်ဆိုတာ
လည်းမမေ့ပစ်လိုက်ပါနဲ့။ ကိုယ်ဝန်စရှိတဲ့အမျိုးသမီးအများစုဟာခံတွင်းပျက်ပြီးအရသာခါးခါးကြီးတွေကိုအလိုလိုလျှာပေါ်မှာ
ခံစားတတ်ကြတာသဘာဝမလို့ သင်သာအမျိုးသမီးတစ်ယောက်ဖြစ်ပြီးဒီလိုခံစားနေရရင်တော့ကိုယ်ဝန်ရှိမရှိကိုလည်းတစ်ချက်စစ်ကြည့်
ဖို့လိုပါပြီ။
![]()
(၃) Zinc ဓာတ်အတော်လိုအပ်နေခြင်း
ခန္ဓာကိုယ်မှာ Zinc ဓာတ်နည်းပါးလွန်းလာတဲ့အခါ ဒီလူရဲ့ ခံတွင်းထဲကအရသာတွေက တစ်ဖြည်းဖြည်းဆိုးဝါးလာတတ်ပါတယ်။
ဒီလိုဆိုးဝါးတဲ့အရသာကို ပုံမှန်လိုလိုခံစားနေရရင် သင်ခန္ဓာကိုယ်မှာ Zinc ဓာတ်ကြွယ်ဝနေပြီလားဆိုတာကိုအဖြေရှာသင့်ပါပြီ။
![]()
(၄)အဖျားသွေးဝင်နေခြင်း
အဖျားဝင်နေပြီး နှာစေးချောင်းဆိုးဖြစ်ချင်တဲ့သူတော်တော်များများဟာ ခံတွင်းပျက်ပြီး လျှာပေါ်မှာ ဘာတင်တင် စားမကောင်းပဲခပ်ဖန်ဖန်အရသာကိုပဲခံစားနေရတတ်ပါတယ်။ ဒါကြောင့် ဖျားနာနေပြီ(သို့)ဖျားနာခြင်းဖြစ်လာဖို့အစပျိုးနေပြီဆိုတာကိုသင့်ခံတွင်းကပြောပြနေတတ်ပါတယ်။
(၅) ဆီးချိုဖြစ်နေခြင်း
ဆီချိုရောဂါဝေဒနာကိုခံစားနေရတဲ့သူ (သို့) စတင်ဖြစ်ပွားနေတဲ့သူတွေဟာ တစ်ခါတစ်ရံခံတွင်းအရသာက တစ်ခြားသူတွေထက်ပိုပြီးထူးခြားတဲ့အရသာတွေကိုခံစားရလေ့ရှိပါတယ်။ထူးထူးခြားခြားကြီးအစားစာတွေကပုံမှန်ထက်ပိုချိုနေတာမျိုး၊ ဘာစားစားခပ်ချိုချိုအရသာကိုသာခံစားနေရတာမျိုးဆိုရင်တော့ဆီးချိုဖြစ်မဖြစ်စစ်ကြည့်ဖို့လိုနေပါပြီ။
(၆) စိတ်ပင်ပန်းမှုများပြားနေသောကာလဖြစ်ခြင်း
စိတ်ပင်ပန်းမှုများလွန်းတဲ့အခိုက်အတန့်မျိုးမှာလည်း ခံတွင်းအရသာကထူးခြားတဲ့ခံစားမှုမျိုးဖြစ်နိုင်တယ်ဆိုတာကိုလည်းတစ်ချက်တစ်ချက်
သတိရပေးပါ။
(၇) လျှာကိုသွားတိုက်ဆေးနဲ့ပွက်တိုက်ဆေးကြောမှုအားနည်းခြင်း
သွားတိုက်တိုင်းမှာ သွားချည်းပဲ တိုက်တာမျိုးမပြုလုပ်ပဲ သွားရော လျှာပေါ်ကအညစ်ကြေးတွေကို သေချာစွာပွက်တိုက်ဆေးကြော
ဖို့လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင်လျှာပေါ်ကအညစ်ကြေးလက်ကျန်တွေကြောင့် ဘာစားစားအရသာက တစ်မျိုးကြီးနဲ့သင့်ရဲ့ခံတွင်းအရသာကို ဘဝမကျဖြစ်စေမှာပါ။
Unicode
တစ်ခါတစ်လေဘာမှ ထူးထူးဆန်းဆန်းပါးစပ်ထဲက အရသာဆိုးတွေကို ဘာမှမစားမသောက်ပဲခံစားမိကြမှာပါ။ တစ်ခုခုစားသောက်လို့
ပါးစပ်ထဲက အရသာဆိုးကြီးကို ခံစားမိတာကမထူးဆန်းပင်မဲ့နေရင်းထိုုင်ရင်းနဲ့ ခံတွင်းထဲမှာ ခပ်ဆိုးဆိုးအရသာကို ခံစားနေရပြီဆိုရင်တော့ ပြဿနာတစ်ချို့
ရှိလာနိုင်ပါတယ်။
ခံတွင်းနဲ့သွားကျန်းမာရေးဆရာဝန်ကြီးများနဲ့အထွေထွေရောဂါကုဆရာဝန်ကြီးတစ်ချို့ရဲ့သုံးသပ်လေ့လာချက်အရ ထူးထူးဆန်းဆန်းမစားမသောက်ထားပဲ
နေရင်းထိုင်ရင်းကနေ လျှာပေါ်မှာ ၊ခံတွင်းထဲမှာ အရသာဆိုးဆိုးကြီးခံစားလာရတယ်ဆိုတာ ဟာ ကျန်းမာရေးပြဿနာတစ်ချို့ကြောင့်လည်း
ဖြစ်နိုင်တယ်လို့သိရပါတယ်။ ခံတွင်းထဲမှာ ခါးသလိုလိုု ချဉ်သလိုလိုနဲ့အရသာခပ်ဆန်းဆန်းကြီးကိုမကြာခဏခံစားနေရတာ ဘာလိုအရာတွေ
ကြောင့်ဖြစ်နိုင်လဲ?…
(၁) Oral Trush ဖြစ်နိုင်ခြင်း
ဒါကတော့ ပါးစပ်အတွင်းမက်ခရုနာဖြစ်တယ်လို့ခေါ်ပါတယ်။ ဘတ်တီးရီးယားတွေကြောင့်ဖြစ်ပေါ်လာတဲ့အနာမျိုးပါ။ လည်ချောင်းနဲ့ခံတွင်းတစ်လျှောက်မှာဖြစ်ရတဲ့ရောဂါ
မျိုးဖြစ်ပြီး အစက်လေးတွေအဖြစ်ပေါက်တတ်ကြပါတယ်။ အစက်လေးတွေကို သတိမထားမိရင်တောင် လျှာပေါ်မှာ ခါးခါးဖန်ဖန်နဲ့အရသာတစ်မျိုးကြီးခံစားရရင်တော့ဒီအနာများ
ဖြစ်နေသလားဆိုတာ စစ်ဆေးကြည့်သင့်ပါတယ်။
(၂) ကိုယ်ဝန်ရှိနေကြောင်းလက္ခဏာပြခြင်း
တစ်ခါတစ်လေ ပါးစပ်ထဲကအရသာတစ်ခုခုခံစားနေရတယ်လို့သိတဲ့အခါ ဒါကကိုယ်ဝန်ရှိခြင်ရဲ့လက္ခဏာဖြစ်နိုင်တယ်ဆိုတာ
လည်းမမေ့ပစ်လိုက်ပါနဲ့။ ကိုယ်ဝန်စရှိတဲ့အမျိုးသမီးအများစုဟာခံတွင်းပျက်ပြီး အရသာခါးခါးကြီးတွေကိုအလိုလိုလျှာပေါ်မှာ
ခံစားတတ်ကြတာသဘာဝမလို့ သင်သာအမျိုးသမီးတစ်ယောက်ဖြစ်ပြီးဒီလိုခံစားနေရရင်တော့ကိုယ်ဝန်ရှိမရှိကိုလည်းတစ်ချက်စစ်ကြည့်
ဖို့လိုပါပြီ။
(၃) Zinc ဓာတ်အတော်လိုအပ်နေခြင်း
ခန္ဓာကိုယ်မှာ Zinc ဓာတ်နည်းပါးလွန်းလာတဲ့အခါ ဒီလူရဲ့ ခံတွင်းထဲကအရသာတွေက တစ်ဖြည်းဖြည်းဆိုးဝါးလာတတ်ပါတယ်။
ဒီလိုဆိုးဝါးတဲ့ အရသာကို ပုံမှန်လိုလိုခံစားနေရရင် သင်ခန္ဓာကိုယ်မှာ Zinc ဓာတ်ကြွယ်ဝနေပြီလားဆိုတာကို အဖြေရှာသင့်ပါပြီ။
(၄) အဖျားသွေးဝင်နေခြင်း
အဖျားဝင်နေပြီး နှာစေးချောင်းဆိုးဖြစ်ချင်တဲ့သူတော်တော်များများဟာ ခံတွင်းပျက်ပြီး လျှာပေါ်မှာ ဘာတင်တင် စားမကောင်းပဲခပ်ဖန်ဖန်အရသာကိုပဲ
ခံစားနေရတတ်ပါတယ်။ ဒါကြောင့် ဖျားနာနေပြီ(သို့)ဖျားနာခြင်းဖြစ်လာဖို့အစပျိုးနေပြီဆိုတာကိုသင့်ခံတွင်းကပြောပြနေတတ်ပါတယ်။
(၅) ဆီးချိုဖြစ်နေခြင်း
ဆီချိုရောဂါဝေဒနာကိုခံစားနေရတဲ့သူ (သို့) စတင်ဖြစ်ပွားနေတဲ့သူတွေဟာ တစ်ခါတစ်ရံခံတွင်းအရသာက တစ်ခြားသူတွေထက်ပိုပြီးထူးခြားတဲ့အရသာတွေကိုခံစားရလေ့ရှိပါတယ်။
ထူးထူးခြားခြားကြီးအစားစာတွေကပုံမှန်ထက်ပိုချိုနေတာမျိုး၊ ဘာစားစားခပ်ချိုချိုအရသာကိုသာခံစားနေရတာမျိုးဆိုရင်တော့
ဆီးချိုဖြစ်မဖြစ်စစ်ကြည့်ဖို့လိုနေပါပြီ။
(၆) စိတ်ပင်ပန်းမှုများပြားနေသောကာလဖြစ်ခြင်း
စိတ်ပင်ပန်းမှုများလွန်းတဲ့အခိုက်အတန့်မျိုးမှာလည်း ခံတွင်းအရသာကထူးခြားတဲ့ခံစားမှုမျိုးဖြစ်နိုင်တယ်ဆိုတာကိုလည်းတစ်ချက်တစ်ချက်
သတိရပေးပါ။
(၇) လျှာကိုသွားတိုက်ဆေးနဲ့ပွက်တိုက်ဆေးကြောမှုအားနည်းခြင်း
သွားတိုက်တိုင်းမှာ သွားချည်းပဲ တိုက်တာမျိုးမပြုလုပ်ပဲ သွားရော လျှာပေါ်ကအညစ်ကြေးတွေကို သေချာစွာပွက်တိုက်ဆေးကြော
ဖို့လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင်လျှာပေါ်ကအညစ်ကြေးလက်ကျန်တွေကြောင့် ဘာစားစားအရသာက တစ်မျိုးကြီးနဲ့သင့်ရဲ့ခံတွင်းအရသာကို ဘဝမကျဖြစ်စေမှာ
ပါ။