ဆီးချိုကြောင့် သွေးအတွင်းသကြားဓာတ်နည်းခြင်း
hellosayarwon.com
|
2019-06-17


သွေးအတွင်းသကြားဓာတ်နည်းခြင်းဆိုတာဟာကိုယ်ခန္ဓာထဲကသကြားဓာတ်ဟာ 70mg/dlအောက်ကိုအများကြီးလျော့နည်းသွားတာပါ။အဲဒီအတိုင်းအတာ သို့မဟုတ်အဲဒီအောက်ထက် လျော့နည်းမယ်ဆိုရင် ဆိုးရွားတဲ့ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဆေးပညာမှာတော့ သွေးတွင်းသကြားဓာတ်လျော့နည်းခြင်းကို hypoglycemia လို့ ခေါ်ပါတယ်။    

Hypoglycemia ဆိုတာဘာလဲ
Hypoglycemia ဆိုတာသွေးထဲမှာရှိတဲ့ ဂလူးကို့စ် ဓာတ်ဟာပုံမှန်ထက်လျော့ကျသွားတဲ့အခါ ဖြစ်လာတတ်တဲ့ သွေးတွင်းသကြားဓာတ်နည်းခြင်းသို့မဟုတ် သွေးတွင်းဂလူးကို့စ်ဓာတ်နည်းခြင်းပါပဲ။ Hypoglycemia ဟာရုတ်တရက် ဖြစ်တတ်ပါတယ်။များသောအားဖြင့် မစိုးရိမ်ရပါဘူး။ သကြားဓာတ် ကြွယ်ဝသောအစားအသောက်တစ်ခုခုကို မြန်မြန်စားခြင်း ဖြင့်အလွယ်တကူကုသနိုင်ပါတယ်။ မကုဘဲနေရင်တော့ hypoglycemia ဟာပိုဆိုးလာပြီးသတိလွတ်တတ်ခြင်း၊ လှုပ်ရှားသွားလာခက်ခဲခြင်း၊ သတိလစ်သွားခြင်းစတဲ့အခြေအနေတွေ ဖြစ်စေတတ်ပါတယ်။ Hypoglycemiaအရမ်းဆိုးသွားရင် တက်ခြင်း၊ ကြာမြင့်စွာသတိမေ့မျောသွားခြင်းအပြင်အသက်အန္တရာယ်နဲ့ပါ ရင်ဆိုင်နိုင်ပါတယ်။    

Hypoglycemia ဘာကြောင့်ရတတ်သလဲ
Hypoglycemia ဘာကြောင့်ရတတ်သလဲသိမထားခင် ကိုယ်တွင်းမှာဂလူးကို့စ်ရဲ့ ဇီဝဖြစ်ပျက်မှု ပြုလုပ်ပုံကိုသိသင့်ပါတယ်။     ဂလူးကို့စ်၏ ဇီဝဖြစ်ပျက်မှု ဂလူးကို့စ်ဟာကိုယ်ခန္ဓာအတွက်အရေးကြီးတဲ့ စွမ်းအင်ရင်းမြစ်ဖြစ်ပြီးအစားအစာကနေရရှိပါတယ်။ ကစီဓာတ်ဟာဂလူးကို့စ်အတွက်အဓိကရင်းမြစ်ပါပဲ။ ကစီဓာတ်များတဲ့အစားအစာတွေကတော့ ဆန်၊အာလူး၊ ပေါင်မုန့်၊ချပါတီ၊ ကောက်ပဲသီးနှံစားစရာ၊ နို့၊အသီးနဲ့ သကြားလုံးတို့ပဲ ဖြစ်ပါတယ်။အစာစားပြီးချိန်မှာတော့ ဂလူးကို့စ်ကိုသွေးကြောထဲစုပ်ယူပြီးကိုယ်ခန္ဓာကဆဲလ်တွေဆီကိုသယ်ဆောင်ပေးပါတယ်။ပန်ကရိယကထုတ်တဲ့အင်ဆူလင်ဟော်မုန်းဟာဆဲလ်တွေ ဂလူးကို့စ်ကိုစွမ်းအင်အနေနဲ့သုံးနိုင်အောင်အထောက်အကူပေးပါတယ်။ တကယ်လို့ လူတစ်ယောက်ဟာဂလူးကို့စ်ကိုတစ်ချိန်ထဲမှာကိုယ်ခန္ဓာကလိုအပ်တာထက် ပိုစားမိရင် ပိုနေတဲ့ ဂလူးကို့စ်တွေကိုအသည်းနဲ့ ကြွက်သားတွေထဲမှာ glycogenအနေနဲ့ သိုလှောင်ထားပေးပါတယ်။ တကယ်လို့ သွေးတွင်းဂလူးကို့စ်ဓာတ် လျော့ကျလာရင် ပန်ကရိယကထုတ်တဲ့ glucagon လို့ခေါ်တဲ့ ဟော်မုန်းဟာအသည်းအနေနဲ့ glycogen ကိုဖြိုခွဲပြီးဂလူးကို့စ်ကိုသွေးကြောထဲလွှတ်ပေးဖို့အချက်ပြပါတယ်။အဲဒီအခါ သွေးတွင်းဂလူးကို့စ်ဓာတ်ဟာ ပုံမှန်ပမာဏကို ပြန်တက်လာပါတယ်။ တချို့ဆီးချိုရောဂါသည်တွေမှာhypoglycemia ဖြစ်လာရင် လှုံဆော်မယ့် glucagon ချို့ယွင်းနေတတ်ပြီး epinephrine ဟာသွေးတွင်းဂလူးကို့စ်ဓာတ်ကို မြှင့်ပေးရပါတယ်။ ဒါပေမယ့်အင်ဆူလင်နဲ့ကုနေရတဲ့ ဆီးချိုသည်တွေမှာတော့ ဂလူးကို့စ်ဟာပုံမှန်အခြေအနေပြန်ရောက်ဖို့ မလွယ်ပါဘူး။ ဆီးချိုရောဂါတွင် ဂလူးကို့စ်ဓာတ်မြင့်တက်လာတဲ့အခါအင်ဆူလင်ဟော်မုန်းဟာဂလူးကို့စ်ဓာတ်ကို ပြန်ကျစေပါတယ်။ တကယ်လို့ သင့်မှာအမျိုးအစား (၁) သို့ (၂) ဆီးချိုရှိလာရင် သွေးတွင်းသကြားဓာတ်ကိုထိန်းပေးမယ့်အင်ဆူလင်ကိုပိုပြီးလိုအပ်လာပါတယ်။ သင်လိုတာထက်ပိုပြီးအင်ဆူလင်ကိုသုံးစွဲမိရင်တော့ သွေးတွင်းသကြားဓာတ်ဟာအရမ်းနည်းသွားပြီး hypoglycemia ကို ဖြစ်စေပါတယ်။ Hypoglycemia ဖြစ်စေတဲ့ကြောင်းအရာတွေကတော့ အင်ဆူလင် သို့ ဆီးချိုကျဆေးအသုံးများခြင်း လုံလောက်သောအစားအစာမစားခြင်း အစာသို့ သားရေစာမစားဘဲနေခြင်း အစာမစားဘဲ၊ ဆေးဝါးကိုအချိန်အဆမလုပ်ဘဲကိုယ်လက်လေ့ကျင့်ခန်းပိုမိုလုပ်ခြင်း အရက်သောက်ခြင်း

Hypoglycemia ဖြစ်ကြောင်းဘယ်လိုသိနိုင်ပါသလဲ
ဂလူးကို့စ်ဓာတ်အရမ်းနည်းပြီးhypoglycemia ဖြစ်လာတဲ့အခါအောက်ပါလက္ခဏာတွေ ဖြစ်စေပါတယ်။ နှလုံးခုန်မြန်ခြင်း ပင်ပန်းနွမ်းနယ်ခြင်း အသားအရေဖြူဖျော့ခြင်း ခြေတုန်လက်တုန်ဖြစ်ခြင်း စိတ်ပူပန်ခြင်း ချွေးထွက်များခြင်း ဆာလောင်ခြင်း နေထိုင်မကောင်းခြင်း ပါးစပ်တဝိုက်ကျဉ်ခြင်း ညအိပ်ရာဝင်နေစဉ် ထအော်ခြင်း၊အဝတ်များတွင် ချွေးများရွှဲနစ်နေခြင်း   Hypoglycemia ပိုဆိုးလာရင်တော့အောက်ပါလက္ခဏာတွေ တွေ့ရတတ်ပါတယ်။ ပုံမှန်ဆောင်ရွက်နေကျ ကိစ္စများမပြုနိုင်အောင်ပင် စိတ်ရှုပ်ထွေးခြင်း၊ ပုံမှန်မဟုတ်သောအပြုအမူများ ပြုလုပ်ခြင်း အမြင်အာရုံေ၀ဝါးခြင်း တက်ခြင်း သတိလစ်ခြင်း Hypoglycemiaဟာအမျိုးအစား (၁) ဆီးချိုမှာအတွေ့ရများပြီးပျမ်းမျှ တစ်ပတ်ကိုနှစ်ကြိမ်ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ Hypoglycemia ဖြစ်တာပိုများလာတာ၊ သွေးတွင်းသကြားဓာတ်ဟာသိသိသာသာကျဆင်းလာတာဆိုရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။ သင့်ရဲ့ ဆီးချိုကုထုံးကိုအပြောင်းအလဲလုပ်ဖို့ လိုအပ်လို့ ဖြစ်ပါတယ်။

Hypoglycemiaကို ဆရာဝန်က ဘယ်လိုအတည်ပြုသလဲ
ဆေးရုံမှာ ဆရာဝန်ဟာအောက်ပါအချက်တွေအတွက် သွေးစစ်ပါလိမ့်မယ်
သွေးတွင်းသကြားဓာတ်ကိုတိုင်းတာဖို့နဲ့
သွေးတွင်းသကြားဓာတ်ကျဆင်းရတဲ့အကြောင်းရင်းကိုရှာဖွေဖို့ ဖြစ်ပါတယ်။  

Hypoglycemiaကိုဘယ်လိုကုသမလဲ
သင့်ကိုသွေးစစ်တိုင်းမှာရက်စွဲ၊အချိန်၊ သွေးအဖြေ၊ ဆေးဝါးနဲ့ ဆေးအချိန်အဆ၊အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှုအခြေအနေတို့ကိုမှတ်သားထားဖို့အရေးကြီးပါတယ်။ သွေးတွင်းသကြားဓာတ်နည်းခြင်းဖြစ်တိုင်းမှတ်သားထားဖို့လည်းလိုပါတယ်။ သင့်ရဲ့ဆရာဝန်ဟာ သင့်ရဲ့မှတ်တမ်းတွေကိုကြည့်ပြီး၊ ဆေးကုသမှုနဲ့ နေထိုင်မှုပုံစံဟာသွေးတွင်းသကြားဓာတ်ကိုဘယ်လိုသက်ရောက်မှုရှိတယ်ဆိုတာရှာဖွေပြီးhypoglycemiaကိုသတ်မှတ်ပါတယ်။ သင့်အနေနဲ့ သင့်ရဲ့သွေးတွင်းသကြားဓာတ်အလွန်နည်းနေပြီလို့ ထင်တဲ့အခါ ဆီးချိုတိုင်းစက်နဲ့ စစ်ဆေးနိုင်ပါတယ်။အဲဒီနောက် သကြားဓာတ် ကစီဓာတ်အဓိကပါဝင်တဲ့အစားအစာတွေကိုစားခြင်းအားဖြင့် သွေးတွင်းသကြားဓာတ်ကို မြန်မြန်ပြန်မြှင့်နိုင်ပါတယ်။အဆီဓာတ်များတဲ့အစာဥပမာချောကလက် ကတော့ သိပ်အလုပ်မဖြစ်ပါဘူး။ သွေးတွင်းသကြားဓာတ်ကို မြန်မြန်မြင့်တက်လာစေမယ့်အစာများကတော့- သကြားလုံး ၅လုံးမှ၆လုံး အသီးဖျော်ရည် သို့ ပုံမှန်ဆိုဒါအရည် ၄အောင်စ (၁၂၀ မီလီလီတာ) သကြား၊ ဂျယ်လီ၊ ပျားရည် တဇွန်း (၁၅ မီလီလီတာ) ဂလူးကို့စ်ဆေးပြား ၃ပြား (ဆရာဝန်ညွှန်းစာ မပါဘဲ ဝယ်နိုင်ပါတယ်) ဂလူးကို့စ်ဂျယ် (ပမာဏကိုကြည့်ပါ) ဆီးချိုတွင်ဖြစ်သည့် hypoglycemiaကိုကာကွယ်ရန် အစာအစားဘဲနေခြင်း၊ နောက်ကျမှစားခြင်းမပြုရ။အကယ်၍ သင်ဟာအင်ဆူလင် ဒါမှမဟုတ် ဆီးချိုဆေးသောက်နေရရင်အစာကိုပုံမှန်ပမာဏစားဖို့ ပုံမှန်အချိန်မှာစားဖို့ လိုအပ်ပါတယ်။ သွေးတွင်းသကြားဓာတ်ကိုစောင့်ကြည့်ပါ။ ကုသမှုပေါ်မူတည်ပြီးဆီးချိုစစ်တာဟာတစ်ပတ်အကြိမ်ရေများစွာ၊ တစ်ရက်ကိုအကြိမ်ရေများစွာရှိနိုင်ပါတယ်။ ဂရုတစိုက် စောင့်ကြည့်ခြင်းဟာသွေးတွင်းသကြားဓာတ်ကိုလိုအပ်တဲ့အနေအထားမှာရှိနေစေဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်ပါတယ်။ ဆေးသောက်ချိန်ကိုဂရုစိုက်ပြီးအချိန်မှန်သောက်ပါ။ ဆရာဝန်ညွှန်သည့်အတိုင်းသောက်ပါ။ ကိုယ်လက်လှုပ်ရှားမှု ပိုမိုပြုလုပ်လျှင် ဆေးချိန်ကိုညှိပြီးအစာပိုစားပါ။ ဒီလိုထိန်းညှိဖို့အတွက် သွေးတွင်းသကြားဓာတ်ရလဒ်နဲ့ ကိုယ်လက်လှုပ်ရှားမှုအမျိုးအစားနဲ့ ဘယ်လောက်ကြာမြင့်မလဲပေါ် မူတည်ပါတယ်။ အရက်သောက်မည်ဆိုပါကအစာပါစားပါ။အစာမရှိဘဲအရက်သောက်ရင်hypoglycemia ဖြစ်စေပါတယ်။ သင့်ရဲ့သကြားဓာတ်နည်းချိန်တုံ့ပြန်မှုများကိုမှတ်သားထားပါ။ သင့်ကိုရောသင့်ကိုကုသနေသူများပါ hypoglycemia ဖြစ်ပွားစေတဲ့အရာများကိုသိရှိပြီး ဘယ်လိုကာကွယ်ရမလဲဆိုတာ နည်းလမ်းရှာနိုင်ပါတယ်။ ဆီးချိုရောဂါသည်ဖြစ်ကြောင်းအထောက်အထားတစ်ခုဆောင်ထားခြင်းအားဖြင့်အရေးပေါ်အခြေအနေမှာတခြားသူတွေကသိရှိကူညီနိုင်အောင်လုပ်ထားပါ။ လည်ဆွဲဖြစ်စေ၊ လက်ပါတ်ဖြစ်စေ၊ ပိုက်ဆံအိတ်ထဲမှာကတ်လုပ်ထားပြီးဖြစ်စေ ပြုလုပ်နိုင်ပါတယ်။  

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။                        




Some text some message..