ဖွံ့ဖြိုးတိုုးတက်မှုနှင့်အပြုအမူ
ကျွနုု်ပ်၏ကလေးသည် မည်သိုု့ဖွံ့ဖြိုးလာသင့်ပါသလဲ။ ယခုအရွယ်တွင် သင့်ကလေးကို သင့်ဖုန်းသည် ကစားစရာမဟုတ်ကြောင်းပြောပြရမည်။ သင့်ကလေးသည် သင်ကို ငြင်းဆိုရန်၊ တော်လှန်ကြိုးစားလာပြီး သင်ချမှတ်ထားသော စည်းကမ်းများကို မလိုက်နာတော့ရန်ကြိုးစားလာသည်။ သူမသည် တကယ့်ကို မလိုက်နာခြင်းမဟုတ်ဘဲ စူးစမ်းလိုခြင်းသာဖြစ်သည်။အပတ် ၃၀ တွင် သင့်ကလေးသည် - •အကူအညီမပါဘဲ ထိုင်နိုင်သည်။ • သင်သူ့ကို မြှောက်ချီသည့်အခါ မလိုက်ချင်ဘဲ ဆွဲထားတတ်သည်။ • သင်အရုပ်များကိုအဝေးသို့ ဖယ်ပစ်သည့်အခါ ငြင်းဆန်တတ်သည်။ •အရုပ်များဆီသို့ ရောက်ရန်၊ ရရန် ကြိုးစားတတ်သည်။ • ပြုတ်ကျသွားသော ပစ္စည်းများကို ရှာဖွေတတ်သည်။ • လက်ဖြင့် ပစ္စည်းများကို ဆုပ်ကိုင်တတ်လာသည်။ •အသံလာရာသို့ စူးစမ်းတတ်သည်။ •အတွဲသံများကို ထွက်တတ်လာသည်။ • တူတူရေဝါး ဆော့တတ်လာသည်။ ကလေးကို မည်သို့ ကူညီသင့်ပါသလဲ။ သင့်ကလေးသည် ယခုအချိန်တွင် သင်ပြောသမျှကို နားမလည်နိုင်သေးပေ။ ထို့ကြောင့်အကောင်းဆုံးသည် ရိုးရှင်းသော “မလုပ်ရ” ဆိုသည်ကို ပြောပြီး ထိုအရာသည် သူ လုပ်လို့မရသည့်အရာဖြစ်ကြောင်း နားလည်ရန် ရှင်းပြပါ။ တူတူရေဝါး ဆော့ခြင်းသည် သူစိတ်ဝင်စားနိုင်သည့် ကစားနည်းဖြစ်သည်။ ထိုကစားနည်းသည် လူများ သူ့အနားတွင် ရှိခြင်းကို သူသတိပြုမိရန်အကူအညီပေးပါသည်။
ကျန်းမာရေးနှင့် ဘေးကင်းစိတ်ချရမှု
ဆရာဝန်နှင့် ဘာတွေ ဆွေးနွေးသင့်ပါသလဲ။ ယခုလတွင် ဆရာဝန်များသည် ကျန်းမာရေးစစ်ဆေးရန် စီစဉ်မည်မဟုတ်ပေ။ ကောင်းသောအချက်မှာ သင့်ကလေးတွင် ဆိုးရွားသော ကျန်းမာရေးအခြေအနေမရှိခြင်းနှင့် မကောင်းသောအချက်မှာ သင့်ကလေး၏ တိုးတက်မှုများကို သင် သတိမထားမိဖြစ်စေသည်။ နောက်တစ်ကြိမ်တွေ့လျှင်မေးရန် မေးခွန်းများကိုု ကြိုတင်ပြင်ဆင်ထားပါ။ သင့်တွင် စိတ်ပူစရာများရှိနေလျှင် နောက်တစ်ခေါက်တွေ့သည်အထိ စောင့်ဆိုုင်းရန်မလိုုဘဲ သင့်ဆရာဝန်ကိုု တွေ့ဆုံုဆွေးနွေးနိုုင်ပါသည်။
ကျွန်ုုပ်ဘာတွေ သိထားသင့်ပါသလဲ။
အောက်ပါတိုု့သည် သင်သိထားသင့်သောအကြောင်းအရာတစ်ချို့ ဖြစ်ပါသည်။ သွေးအားနည်းခြင်း ခန္ဓာကိုုယ်ထဲတွင် သွေးနီဥများနည်းသောအခါအောက်ဆီဂျင်ကိုု သယ်ဆောင်သော ဟေမိုုဂလိုဘင် ဓာတ်နည်းသောအခြေအနေကိုု သွေးအားနည်းသည်ဟုု သတ်မှတ်သည်။ ထိုုသိုု့ဖြစ်သောအခါ မောပန်းနွမ်းနယ်ခြင်းနှင့် ကောင်းစွာအလုုပ်မလုုပ်နိုုင်ခြင်းတိုု့ဖြစ်တတ်သည်။ သွေးအားနည်းခြင်းသည်အာဟာရချို့တဲ့ခြင်း၊ မျိုးရိုုးဗီဇ ပြဿနာများ၊ ဆေးကြောင့်ဖြစ်သော ဘေးထွက်ဆိုုးကျိုး၊ ရောဂါပိုုးဝင်ခြင်း၊ နှင့်နာတာရှည်ရောဂါများကြောင့် ဖြစ်နိုုင်ပါသည်။ မွေးကင်းစကလေးများတွင်အဖြစ်အများဆုံုးမှာ သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်သည်။အချို့ သွေးအားနည်းခြင်းများသည် မွေးရာပါ ရောဂါဖြစ်နိုုင်သည်။ နေ့မစေ့လမစေ့မွေးသော ကလေးများသည် မွေးကတည်းကပင် သွေးအားနည်းတတ်ကြသည်။ ကလေးများအတွက် ပထမ ၆လတွင် သံဓာတ်သည် တဖြည်းဖြည်းနည်းလာပြီး ပုံုမှန်ကလေးများတွင် ပင်သံဓါတ် ဖြည့်ပေးရန်လိုုအပ်ပါသည်။ တစ်ခါတရံတွင် ၉ လနှင့် ၁၃ လကြားတွင် သင့်ကလေးကိုု ပုံုမှန်ကျန်းမာရေးစစ်ဆေးရန်ခေါ်သွားသောအခါ ဆရာဝန်မှ သွေးအားနည်းခြင်းရှိ မရှိ သွေးစစ်ပေးနိုုင်ပါသည်။ သွေးအားနည်းခြင်း၏ လက္ခဏာများမှာ မောပန်းနွမ်းနယ်ခြင်း၊ နုံုးချိခြင်း၊အစားပျက်ခြင်း၊ နှုတ်ခမ်း နှင့်အသားအရေ ဖျော့တော့ခြင်းတိုု့ ဖြစ်တတ်ပြီး ပြင်းထန်သောအခါအသက်ရှူကြပ်ခြင်း၊နှလုံုးရောဂါနှင့် ရုုပ်ပိုုင်းဆိုုင်ရာ၊ စိတ်ပိုုင်းဆိုုင်ရာ ပြဿနာများဖြစ်ခြင်း နှင့် ဓာတ်မတည့်ခြင်းပိုုဖြစ်နိုုင်ပြီးအဆိပ်သင့်ခြင်းအထိ ဖြစ်နိုုင်ပါသည်။ သွေးထဲတွင် သံဓာတ်နည်းနေလျှင် သင့်ဆရာဝန်မှ စားသောက်မှုပုံုစံကိုု ပြောင်းခြင်း သိုု့မဟုုတ် သံဓာတ်အားဆေးတိုုက်ခြင်းကိုု ပြုလုုပ်ခိုုင်းနိုုင်ပါသည်။ သံဓာတ် ပိုုလှျှံခြင်းသည် ကလေးအတွက်အန္တရာယ် ရှိနိုုင်သောကြောင့် သင့်ဆရာဝန်ညွှန်ကြားချက်အတိုုင်းလိုုက်နာပါ။ ကလေးအတွက် လိုုအပ်သော သံဓာတ်ကိုု သေချာရအောင် လုုပ်ပေးခြင်းဖြင့် သွေးအားနည်းခြင်းကိုု ကာကွယ်နိုုင်ပါသည်။ သင်လုုပ်ရမည်များမှာ- • သင့်ကလေးတွင် သွေးအားနည်းခြင်း ဖြစ်နိုုင်ချေ ရှိ၊မရှိ သေချာကြည့်ပါ။ ဖြစ်သောအကြောင်းရင်းသည် လမစေ့မွေးခြင်း၊ ပေါင်မပြည့်မွေးခြင်းနှင့် စားသည့်အထဲတွင် သံဓာတ်မပါဝင်ခြင်းတိုု့ ကြောင့်ဖြစ်သည်။အာဟာရပုံုစံကိုု ပြောင်းလဲရန် သိုု့မဟုုတ် သံဓာတ်အားဖြည့်ဆေးသောက်ရန် သင့်ဆရာဝန်နှင့် တိုုင်ပင်ပါ။ • သင့်ကလေးကိုု မိခင်နိုု့ကိုု ဖြစ်နိုုင်သမျှ ကြာကြာတိုုက်ပါ။ မိခင်နိုု့တွင် ပါဝင်သော ထူးခြားသည့် သံဓာတ်သည် ကလေးများအခြားအစာမှ သံဓာတ်ကိုုအလွယ်တကူ စုုပ်ယူနိုုင်စေပါသည်။ • ကလေးအသက်တစ်နှစ် မပြည့်ခင်အချိန်အထိ နွားနိုု့ မတိုုက်ပါနှင့်။ နွားနိုု့တွင် သံဓာတ် ပါဝင်မှုနည်းပြီး ကလေး၏အူလမ်းကြောင်းကိုု ထိခိုုက်စေပါသည်။ • သံဓာတ်ဖြည့်ထားသောအာဟာရမှုုန့်ကိုု ကျွေးနိုုင်ပါသည်။ ၈လခန့်တွင် စတင်ကျွေးနိုုင်ပြီး ပဲ၊ ဟင်းနုုနွယ်ရွက်၊ဥ ၊နိုု့နှင့် နိုု့ထွက်ပစ္စည်းများ၊အသား နှင့် ငါးများ ကဲ့သိုု့သောအခြားသော သံဓာတ်ကြွယ်ဝသောအစားအစာများကိုုလည်း ကျွေးပါ။ • ငရုုတ်ပွ၊သင်္ဘောသီး၊ ဖရဲသီး၊ဘရိုုကိုုလီ၊ စတော်ဘယ်ရီ နှင့် လိမ္မော်သီးများကဲ့သိုု့သော ဗီတာမင် စီ ဓာတ်ပြည့်ဝသောအစားအစာများကိုုလည်း ကျွေးခြင်းဖြင့် သံဓာတ်စုုပ်ယူခြင်းကိုုအထောက်အကူဖြစ်စေပါသည်။ သရေစာစားခြင်း မိခင်အများစုုသည် ကလေးကိုု ထမင်းစားချိန်ကြားတွင်အချိုစာများစားခြင်းကိုု မဖြစ်စေချင်ကြပေ။ တကယ်တမ်းတွင် သရေစာစားခြင်းသည်အာဟာရပြည့်ဝမှုတွင်အထိုုက်အလျောက်အရေးပါပါသည်။ သိုု့သော် ကျန်းမာသော မုုန့်များကိုု ရွေးချယ်ရန်လိုုအပ်ပါသည်။ မုုန့်စားချိန်တွင် သင့်ကလေးသည် လက်တစ်ဖက်စီတွင် ပေါင်မုုန့်နှင့် ဘီစကစ်ကိုု ကိုုင်ထားပြီး ပါးစပ်ထဲထည့်စားနိုုင်ပါသည်။ ဘယ်လိုုစားရမည်ကိုု မသိဘဲ စားနေခြင်းဖြစ်သောကြောင့် ဘယ်လိုုပုံုစံစားရသည်ကိုု ကလေးကိုု သင်ကြားပြသပေးရန်လိုုအပ်ပါသည်။ ကလေးများ၏အစာအိမ်သည် ကျဉ်းသောကြောင့် သင့်ကလေးသည် ခဏခဏစားပြီး မကြာခင် ဗိုုက်ပြန်ဆာနိုုင်ပါသည်။ ကလေးများအစာစားခြင်းသည် လူကြီးများကဲ့သိုု့အစားစားလိုုသည့် စိတ်ကိုု ကြာကြာပျောက်နေအောင် မလုုပ်နိုုင်ပါ။ ကလေး မုုန့်စားနေချိန်သည် သူ၏အာဟာရ လိုုအပ်ချက်ကိုု တစ်ဖက်တလမ်းအားဖြင့် ဖြည့်ပေးနိုုင်ပါသည်။ မုုန့်စားခြင်းသည် သင့်ကလေးကိုုအနားယူချိန်ခဏ ရစေပါသည်။ ကျွနုု်ပ်တိုု့လိုုပင် ကလေးများသည်လည်းအနားယူရန် လိုုအပ်ပါသည်။ ဖြည့်စွက်စာကျွေးသည့်အချိန်ကြားတွင် ထိုုကဲ့သိုု့ မုုန့်တစ်ခုုခုု မကျွေးလျှင်အမေနိုု့ကိုု စိုု့ရန်တောင်းနိုုင်ပါသည်။ ထိုု့ကြောင့် မုုန့်ကျွေးခြင်းသည် ဖြည့်စွက်စာကျွေးသည့်အချိန်တွင်အကူအညီဖြစ်စေပြီး နိုု့မကြာခဏတိုုက်ရခြင်းကိုုလည်း နည်းစေသည်။ သိုု့သော် မုုန့်များတွင်လည်း မကောင်းသောအချက်အနည်းငယ်ရှိပါသည်။ သင့်ကလေးကိုု မုုန့်ကျွေးပြီးလျင်အောက်ပါတိုု့ကိုု သတိပြုသင့်သည်။ • တစ်နာရီဲခြားတစ်ခါ မုုန့်ကျွေးလျှင် သင့်ကလေးသည် ထမင်းစားချိန်တွင် ကောင်းစွာမစားနိုုင်ဖြစ်တတ်သည်။ ထမင်းကျွေးသည့်ကြားတွင် မုုန့်ကျွေးပါ။ ထိုုသိုု့ကျွေးခြင်းသည် သင့်ကလေးကိုု မုုန့်စားသည့်အလေ့အထ ဖြစ်စေသောကြောင့် ကလေး၏ ခန္ဓာကိုုယ်နှင့် ကျန်းမာရေးကိုု ထိခိုုက်စေနိုုင်ပါသည်။ ပါးစပ်သည်အစာနှင့် မပြတ်သောကြောင့် သွားပိုုးစားခြင်းကိုု ဖြစ်စေသည်။ မုုန့်ကိုု မနက်၊ နေ့ခင်းတိုု့တွင် ကျွေးနိုုင်ပြီး ညစာနှင့် ညအိပ်ချိန်ကြားတွင်အချိန်လိုုသေးလျှင် ညနေဘက်တွင် လည်း တစ်ခေါက်ကျွေးနိုုင်သည်။ တစ်ခါတရံအစားစားချိန်နောက်ကျခြင်းနှင့် ကလေးအလွန်ဆာနေချိန်များတွင် ခြွင်းချက်များလည်းရှိနိုုင်ပါသည်။ • သင့်ကလေးပင်ပန်းနေလျှင် မုုန့်မစားခိုုင်းပါနှင့်။ သင့်ကလေး ကောင်းတာတစ်ခုုခုု လုုပ်သောအခါ ချီးကျူးချင်လျှင် မုုန့်ကျွေးတာမျိုးမလုုပ်ဘဲ၊သင့်ကလေးကိုု ပါးစပ်မှအသေအချာ ချီးကျူးပြီးအားပေးပါ။ •အစားစားသည့်အခါ သင့်ကလေးသည် မှန်ကန်သော ခန္ဓာကိုုယ်အနေအထားနှင့် လုံုခြုသောနေရာတွင် စားခိုုင်းပါ။ လဲနေစဉ်၊ လေးဘက်တွားသွားနေလျှင်၊ လမ်းလျောက်နေလျှင်အစာသီးတတ်သောကြောင့် မကျွေးပါနှင့်။ သင့်ကလေးကိုု စားပွဲတွင် စားစေခြင်းဖြင့် ကောင်းမွန်သောအမူအကျင့်များကိုု လိုုက်နာအောင် လေ့ကျင့်ပေးပါ။ သင့်ကလေးသည် ထိုုင်ခုံုပေါ်တွင် ထိုုင်ရသည်ကိုု ပိုုနှစ်သက်လာလျှင် သင့်ကလေးကိုု ထိုင်ရက် ကျွေးနိုုင်ပါသည်။
ကျွနုု်ပ်၏ စိုုးရိမ်ပူပန်မှု
အောက်ပါတိုု့သည် သင်စိုုးရိမ်ပူပန်နေသောအကြောင်းအရာများဖြစ်နိုု်င်ပါသည်။ သင်နှင့်တွေ့သောအခါအမူအရာပြောင်းခြင်း ကလေးအများစုုသည် ယခုုအချိန်တွင် သူ၏ကလေးထိန်းနှင့် ရှိနေသည်ထက် သင်နှင့်အတူရှိနေလျှင် ထူးထူးခြားခြား ပြောင်းလဲပြုမူနိုုင်ပါသည်။ ထိုုအရာသည် သင့်ကလေးသည် သင်နှင့်အတူရှိလျှင် ပိုုပြီး စိတ်ချလုံုခြုံမှုရှိကြောင်းပြခြင်းဖြစ်သည်။ သင့်ကလေးသည် မိဘအနေနှင့် သင့်ကိုုအလွန်ကောင်းကြောင်း ယုံုကြည်ပြီး သင့်၏အချစ်ကိုု ယုံုကြည်နားလည်သည်ဟုုလည်း မှတ်ယူနိုုင်သည်။ သင်အိမ်ပြန်သည့်အချိန်သည် သင့်ကလေး စိတ်တိုနေသောအချိန်ဖြစ်နေနိုုင်ပါည်။ မောပန်းခြင်း၊ နုုံးခြင်း၊အလွန်အမင်းဗိုုက်ဆာခြင်းများသည် ကလေးကိုုစိတ်တိုုစေသည်။ သင်အိမ်ပြန်သည့်အချိန်တွင် ကလေး၏ ပြဿနာများကိုု ဖြေရှင်းရမည်။ စိတ်ဖိစီးမှုများခြင်းသည် ကလေးကိုု များစွာထိခိုုက်စေပြီး ပိုုဆိုုးလာစေနိုုင်ပါသည်။ သင့်ကလေးကိုု သင်စိတ်ဝင်စားမှုမရှိလျှင် ကလေးသည် စိတ်ဝင်စားမှုကိုု ရရှိရန် ဆိုုးသောအပြုအမူများကိုု ပြုလုုပ်ခြင်းဖြင့် သင့်အာရုံုစိုုက်မှု ရရှိရန် ကြိုးစားနိုုင်ပါသည်။ သင့်ကလေး၏ ပြဿနာများကိုု ဖြေရှင်းနိုုင်ရန်အိမ်သိုု့ စောစောပြန်ပါ။အောက်ပါအချက်များကိုု ပြုလုုပ်ကြည့်နိုုင်သည်။ • ကလေးဗိုုက်ဆာပြီး ပင်ပန်းနေလျှင်အိမ်ကိုု မပြန်ပါနှင့်။ ကလေးထိန်းကိုု သင်ပြန်မလာမီ တစ်နာရီအလိုုတွင် ကလေးကိုုအစာကျွေးထားရန် ညွှန်ကြားထားပါ။ ကလေးကိုု တစ်ရေးအိပ်စေခြင်းသည်လည်းကလေး၏ စိတ်တိုုမှုကိုု သက်သာစေသည်။ •အိမ်မပြန်ခင် မပြီးသေးသောအလုုပ်များကိုု မတွေးတောဘဲ စိတ်ကိုု ဖြေလျှော့ပါ။ လေ့ကျင့်ခန်းလုုပ်ပါ။ ထိုုသိုု့ လုုပ်ခြင်းဖြင့် စိတ်ပူပန်မှုကိုု လျော့နည်းစေပြီး သင့်ကိုု ပျော်ရွှင်စေပါသည်။ •အိမ်တွင်အနားယူပါ။ ညစာချက်ရန်၊ မေးလ်စစ်ရန်၊အိမ်အလုုပ်များလုုပ်ရန် စိတ်မစောပါနှင့်။ သင့်ကလေးနှင့် ၁၅ မိနစ်ခန့်အတူနေပေးပါ။ ကလေးထိန်းကိုု ချက်ချင်းပြန်မလွှတ်သေးဘဲ လူအပြောင်းအလဲ၊အချိန်အပြောင်းအလဲတွင် ကလေးကိုုအသားကျအောင် ကြိုးစားပါ။ • သင်အလုုပ်လုုပ်နေသောအချိန် သင့်ကလေးကိုအနားတွင် ခေါ်ထားခြင်းအားဖြင့် သင်တိုု့နှစ်ယောက်လုံုး သက်တောင့်သက်သာ ပိုုဖြစ်စေပါသည်။ သင်အဝတ်လဲနေချိန်တွင် သင့်ကလေးကို ကြမ်းပြင်ပေါ် ခဏချထားခြင်း၊ သင်အီးမေးလ်စစ်နေစဉ် ကလေးကို ချီထားခြင်း၊ သင်ညစာပြင်ဆင်နေချိန်တွင် သင့်ကလေးကို ကလေးထိုင်ခုံတွင်အရုပ်ပေးပြီး ထိုုင်ခိုင်းထားခြင်း စသည်တို့်ကိုကိုပြုလုပ်နိုင်ပါသည်။ •အချို့သော မိဘများသည်အိမ်တွင် စိတ်ဓာတ်ကျသော လက္ခဏာများပေါ်လာတတ်သည်။ သင့်ကလေးကိုု ရသည့်နောက်ပိုုင်း ပျော်ရွှင်မှုုကိုု ဆက်လက်ထိန်းသိမ်းထားပါ။ ထိုု့နောက် ၃၁ ပတ်တွင် ကလေးသည် မည်သိုု့ ဆက်လက်ကြီးထွားမည်နည်း။
Hello Health Group
သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။