ခုတလော
ဝက်သက်ြ
ဖစ်တဲ့သတင်းတွေကို နေရာတိုင်းလိုလိုမှာကြားနေရတယ်နော်။ ကလေးတွေရော လူကြီးတွေမှာပါ ဝက်သက်တွေဖြစ်နေကြတာပါ။ ဝက်သက်ဖြစ်တာနဲ့အတူ ခံစားရတာက ကိုယ်ပူပြီးအဖျားကြီးတာပါ။
ခန္ဓာကိုယ်
မှာအနီရောင်အဖုအပိမ့်တွေထွက်တာပါ။အဖျားက ၄ ရက်ကနေ ၇ ရက်အထိကြာနိုင်ပါတယ်။ ဖျားနာမှုနဲ့အတူ နှာစေးတာ၊ မျက်လုံးတွေနီတာ၊
လည်ချောင်းနာတာ
၊ ပါးစောင်ထဲမှာအဖြူစက်တွေထွက်တာ မျိုးတွေခံစားရနိုင်ပါတယ်။ ဝက်သက်က ဆံစပ်တွေမှာ စဖြစ်တတ်ပြီး ဒီကနေမှတဆင့် လည်ပင်း၊ ရင်ဘတ်၊ ခြေထောက်တွေ၊လက်တွေမှာ ပေါက်လာတတ်ပါတယ်။ ဒီလက္ခဏာတွေက ရောဂါပိုးကူးစက်ခံရပြီး ၁၀ ရက်ကနေ ၁၄ ရက်အတွင်းမှာ ပြတတ်ပါတယ်။ ကာကွယ်ဆေးထိုးတာက တစ်ခုတည်းသောကာကွယ်မှုပါ။ ကုသမှုကတော့မရှိပါဘူး။ ပြင်ပလေထုမှာ နာရီပေါင်းများစွာ ရှင်သန်နေနိုင်တဲ့ ပိုးမွှားတွေက
နှာချေ
၊ချောင်းဆိုးတာ
ကနေတောင် ကူးစက်နိုင်ပါတယ်။ ဒီလောက်ပြင်းထန်တဲ့ ဝက်သက်ကို ကာကွယ်တာကအကောင်းဆုံးဆိုပေမယ့်အခန့်မသင့်လို့ ကူးစက်ခံရပြီဆိုရင်တော့ ဒီအစားအစာလေးတွေကအထောက်အကူဖြစ်စေမှာပါ။
ဝက်သက်ပေါက်နေပြီ ဘာတွေစားရမလဲ
ဝက်သက်အရမ်းပြင်းထန်နေပြီဆိုရင်အကောင်းဆုံးကတော့ သစ်သီးလေးတွေစားသုံးပေးတာ။
သစ်သီးဖျော်ရည်လေးေ
တွသောက်သုံးပေးတာပါ။အဖျားကြီးနေတာကို သက်သာစေဖို့ ရေဓာတ်ပြည့်ဝနေအောင်ထောက်ပံ့ပေးဖို့ကအရေးကြီးပါတယ်။ ဒါကြောင့် ဝက်သက်ဖြစ်နေရင် ကိုယ်ခံအားကောင်းစေဖို့ ဘာတွေစားပေးရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြည့်ပြည့်စုံစုံပြောပြပေးပါရစေနော်။
ရေကိုအနည်းဆုံး ၈ ခွက်သောက်ရပါမယ်။ လိမ္မော်ရည်၊ သံပရာရည်၊အုန်းရည်တို့လိုမျိုးရေဓာတ်ဖြည့်ပေးနိုင်တဲ့အရည်တွေကို သောက်သုံးပေးရပါမယ်။ ဒါမှရေဓာတ်ပြည့်ဝပြီး ခန္ဓာကိုယ်အပူချိန်လျော့ကျစေမှာပါ။အရွယ်ရောက်ပြီးသူတွေဆိုရင်တော့ ရေနွေးကြမ်းသောက်ပေးလို့ရပါတယ်။
ဗီတာမင် C
ပြည့်ဝတဲ့ လိမ္မော်သီး၊ ဂရိတ်ဖရု၊ သံပရိုသီးနဲ့ သံပုရာသီးတို့လိုမျိုး ဗီတာမင် C ကြွယ်ဝတဲ့အသီးတွေက လည်း ကိုယ်ခံအားကိုကောင်းစေနိုင်တာကြောင့် ဝက်သက်ပေါက်နေချိန်မှာ စားသုံးပေးသင့်ပါတယ်။အသီးအတိုင်းစားရတာအဆင်မပြေဘူးဆိုရင်တော့ ဖျော်ရည်လုပ်သောက်ပေးပါ။
ဗီတာမင် A
ပြည့်ဝတဲ့ ဟင်းနုနွယ်နဲ့အခြားသောအစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးသင့်ပါတယ်။
ကြက်ဥ၊ဘဲဥ တို့ကလည်းအာဟာရပြည့်ဝတဲ့စားစရာတွေပါ။အနှစ်မှာဆိုရင် ဗီတာမင် D ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက်အထူးကောင်းပါတယ်။အားပြည့်စေဖို့လည်းအထောက်အပံ့ပေးနိုင်ပါတယ်။ ဒါ့အပြင်အစာကြေလွယ်ပြီးအာဟာရဖြစ်စေတဲ့ ပေါင်မုန့်၊ ဆန်ပြုတ်၊ ကြက်စွပ်ပြုတ်တို့လိုမျိုးအစာအစာတွေကိုလည်း စားသုံးပေးနိုင်ပါတယ်။ ကွေကာအုတ် နဲ့အသားနူးနူးလေးပြုတ်ထားတာ၊ ငါးနူးနူးလေးပြုတ်ထားတာမျိုးကိုလည်း စားသုံးပေးလို့ရပါတယ်။ ကလေးငယ်လေးတွေကိုတော့ မိခင်နို့တိုက်ပေးလို့ရပါတယ်။
အိမ်တွင်းကုထုံးတွေအနေနဲ့ကတော့
အုန်းရည်သောက်ပေးပါ အုန်းရည်မှာအာဟာရဓာတ်ကြွယ်ဝစွာပါဝင်နေသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့်ကိုယ်တွင်အဆိပ်အတောက်တွေဖယ်၇ျားပေးပြီး ဝက်သက်ရောဂါကို မြန်မြန်သက်သာစေနိုင်ပါတယ်။ ဝက်သက်ဖြစ်နေချိန်မှာ တစ်နေ့ကိုအနည်းဆုံး ၂ ကြိမ်လောက်အုန်းရည်သောက်ပေးပါ။
နနွင်း
ပိုးမွှားတွေကို သေစေနိုင်ပြီး ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်နေပါတယ်။ ဝက်သက်အတွက်အတော်လေးထိရောက်တဲ့ ဆေးဖက်ဝင်ဆေးတစ်မျိုးပေါ့။ နွားနို့ပူပူတစ်ခွက်ထဲကို နနွင်း လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာထည့်မွှေပြီးသောက်ပေးပါ။ မြန်မြန်သက်သာစေဖို့အထောက်အပံ့ပေးနိုင်ပါတယ်။
သံလွင်ရွက်
ဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်တွေကိုတိုက်ဖျက်ပေးနိုင်ပါတယ်။ ဝက်သက်ဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ပေးပြီး မြန်မြန်သက်သာလာစေနိုင်ပါတယ်။
ဘာလီ
ဗီတာမင် C၊ သတ္တုဓာတ်နဲ့
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ
ပါဝင်တာကြောင့် ဝက်သက်အတွက်တော်တော်လေးထိရောက်တာပါ။ ဘာလီစေ့က
ဇင့်ဓာတ်
ကြွယ်ဝတာကြောင့် ဝက်သက်တွေကို မြန်မြန်သက်သာစေနိုင်ပါတယ်။
ဇီးဖြူသီ
း
ဇီးဖြူသီးမှာ ဗီတာင်မင် C ကြွယ်ဝတာကြောင့် ကိုယ်ခံအားကောင်းစေနိုင်ပါတယ်။ ဗိုင်းရပ်စ်တွေကိုတိုက်ထုတ်ပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် ဝက်သက်အတွက်ထိရောက်တဲ့အရာတစ်ခုပေါ့။
တမာ
ရွက်
ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီးအရေပြားဓာတ်မတည့်မှုတွေကို သက်သာစေနိုင်ပါတယ်။ တမာရွက်ကိုကြိတ်ပြီး ဝက်သက်ကြောင့် ဖြစ်တဲ့အရေပြားအဖုအပိမ့်တွေပေါ်မှာ လူးပေးလို့ရပါတယ်။
နွယ်ချို
နွယ်ချို က ဘက်တီးရီးယားတွေ၊ဗိုင်းရပ်စ်တွေနဲ့ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်ပြီး ြက်သက်တွေကို သက်သာစေနိုင်ပါတယ်။ ရေနွေးခပ်နွေးနွေးထဲကို နွယ်ချိုမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်စာလောက်ထည့်မွှေပြီးခပ်နွေးနွေးလေးမှာသောက်ပေးပါ။
ဒါတွေမစားပါနဲ့
ဆီကြော်စာတွေ
သရေစာတွေ
ပြုပြင်ထားတဲ့အစားအစာတွေ
အဆီများတဲ့အစားအစာတွေ
ကဖင်းဓာတ်ပါတဲ့အစားအစာတွေ
အချိုများတဲ့အစားအစာတွေ
အငန်ကဲတဲ့အစားအစာတွေကိုတော့ တတ်နိုင်သမျှရှောင်ရပါမယ်။
Hello Health Group
သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။