လူတချို့ဟာအကြောင်းတစ်ခုခုကြောင့် မကြာခဏ သွေးယိုလေ့ရှိပါတယ်။ တချို့ကတော့ ဘာမှမဖြစ်သလို နေတတ်ကြပေမယ့် တချို့ကတော့ စိုးရိမ်လွန်ကဲကြပါတယ်။ ဘာကြောင့် နှာခေါင်းသွေးယိုတာလဲ ပုံမှန်ဆိုရင်တော့ နှာခေါင်းသွေးယိုမှု့တွေဟာ မတော်တဆထိခိုက်မှုတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ကျရင်တော့ ဓာတ်မတည့်မှု၊အပူအအေး မမျှတမှု၊ နှာမွန်ခြင်း၊ တုပ်ကွေးရောဂါတို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါတွေကြောင့်ဖြစ်တဲ့ နှာခေါင်းသွေးယိုခြင်းဟာ သာမန်ဖြစ်စဉ်တစ်ခုသာဖြစ်ပြီးအလွန်အမင်း စိုးရိမ်ဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် ရောင်ရမ်းနာနဲ့ သွေးကင်ဆာလိုရောဂါတွေကြောင့် နှာခေါင်းသွေးယိုရင်တော့ စိုးရိမ်သင့်ပါတယ်။ ဒါတွေကြောင့် သွေးယိုရင်စဉ်အတွင်းမှာ -အသက်ရှုလို့မဝဘူးလို့ သင်ခံစားရခြင်း - နှလုံးခုံသံမမှန်ဘူးလို့ ခံစားရခြင်း - မကြာခဏသွေးအများအပြားကျဆင်းနေခြင်း - သတိလွတ်ကင်းပြီး မူးဝေခြင်း -အလွန်အမင်းခေါင်းကိုက်ခြင်းကို ခံစားရခြင်း စတဲ့ရောဂါ လက္ခဏာများပြတတ်ပါတယ်။ နှာခေါင်းသွေးယိုခြင်းကို လျှင်မြန်စွာ ရပ်တန့်စေဖို့အတွက်အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်။ - ကြမ်းပြင်မှာထိုင်ပြီး ခေါင်းကိုဖြည်းညှင်းစွာငုံပြီး ဖြည်းညှင်းစွာအသက်ရှူလိုက်ပါ။ ဒီလိုလုပ်ခြင်းဟာ နှာခေါင်းအတွင်း သွေးခဲတာကို ဖယ်ရှားပေးပါတယ်။ ထို့နောက် နှာခေါင်းရဲ့အတွင်းဘက်အရိုးနုကို လက်ညိုးလက်မတို့ကိုသုံးပြီး ၁ဝ မိနစ်ခန့် ပုံမှန်လေး ညှစ်ထားပေးပါ။ - ခိုင်ခန့်ပါးလွှားတဲ့ ပိတ်စ (သို့) လက်ကိုင်ပဝါ တစ်ထည်ကိုယူပါ။ သွားဖုံးနဲ့အထက်နှုတ်ခမ်းကြားက နှာခေါင်းရဲ့အောက်ဆုံးနေရာအစပ်ကို ၁ဝ မိနစ်ခန့် ပဝါနဲ့ ဖိထားပေးပါ။ - ရေခဲတုံး ၁ တုံးကိုယူပြီး သွေးထွက်တဲ့ နှာခေါင်းအဝကိုအချိန်အနည်းငယ်စီ ထပ်ခါထပ်ခါ ကပ်ပေးပါ။ ဒီလိုလုပ်ခြင်းဟာ သွေးကြောတွေကို တင်းကျပ်စေပြီး၊ သွေးထွက်ခြင်းကို ရပ်တန့်စေပါလိမ့်မယ်။ ဒီလိုမလုပ်ချင်ရင်တော့ ဒီလုပ်ဆောင်မှုနဲ့တူညီတဲ့အကျိုးသက်ရောက်မှုရှိတဲ့ Nasal Spray ကို သုံးနိုင်ပါတယ်။ ဆောင်ရန်၊ ရှောင်ရန် - လေအေးပေးစက်ကိုအလွန်အမင်းအသုံးမပြုပါနဲ့။ ဒါဟာ နှာခေါင်းအတွင်းအစိတ်အပိုင်းတွေကို ခြောက်သွေ့စေပါတယ်။ - Vitamin C ရှိတဲ့ ဆေးနဲ့အစားအစာတွေကို စားပေးနိုင်ပါတယ်။ Vitamin C ဟာ သွေးကြောတွေကို သန်မာစေပြီး နှာခေါင်းအမြှေးပါးတွေကို ကာကွယ်ပေးပါတယ်။ -အရည်များများသောက်ပေးပါ။ - မနက်အိပ်ယာထတဲ့အချိန် (သို့) ညအိပ်ယာဝင်တဲ့အချိန်မှာ နှာခေါင်းကို ဆားရည်လေးနဲ့ ဆေးကြောပေးနိုင်ပါတယ်။ ဆားဟာသွေး ထွက်ခြင်းကို ကာကွယ်ပေးတဲ့အတွက်ကြောင့် ဒီလိုလုပ်ခြင်းဟာသင့်ရဲ့နှာခေါင်းကို သန့်စင်စိုစွတ်နေစေမှာဖြစ်ပါတယ်။ Credit : စိတ်ကူးပျော်ရာ သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။