ရေနွေးသောက်ပေးလို့ ခန္ဓာကိုယ်အတွက် ဘာတွေကောင်းလဲ
hellosayarwon.com
|
2019-06-25


ရေပူရေနွေးကို

ဆောင်းရာသီ မှာပဲ လူတွေ သောက်တတ်ကြတယ်လို့ ထင်ပေမဲ့ တကယ်တော့ မဟုတ်ပါဘူး။ ရာသီမရွေး သောက်ပေးလို့ ရပြီး ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာ ရှိစေနိုင်ပါတယ်။အစာကြေလွယ်ပြီး ရင်ချောင်စေတယ်။

စိတ်ဖိစီးမှု ကို ပြေလျော့စေပြီး လူကို လန်းဆန်းတက်ကြွစေတယ်။အထူးသဖြင့် ဖျားနာနေတဲ့အချိန်ဆို ရေနွေးသောက်ပေးခြင်းရဲ့အကျိုးကျေးဇူးတွေကို ပိုပြီး ရနိုင်ပါတယ်။

ရေနွေးရဲ့ ကောင်းကျိုး ၁၀ ချက်က ဘာတွေလဲ။
၁။ နှာစေးနှာပိတ် သက်သာစေတယ်။
ဖျားနေတဲ့အချိန်၊

နှာစေးနှာပိတ် တာပါ ဖြစ်လာရင် သိပ်စိတ်ညစ်ရတယ်နော်။ နှာခေါင်းကအသက်ရှူလို့လည်း မဝ၊ နှပ်တွေကိုအမြဲညှစ်ထုတ်ရနဲ့ လူက ပိုပြီးနုံးချိနေတော့တာပေါ့။ ရေနွေးမှာ ပါတဲ့အပူဓာတ်ဟာအသက်ရှူလမ်းကြောင်းနဲ့ လည်ချောင်းထဲမှာ ပိတ်နေတဲ့ ချွဲတွေကို ပျော်ကျသွားစေပြီး ပွင့်ထွက်သွားစေတယ်။ ခေါင်းမူးခေါင်းကိုက်နေတာ၊ လည်ချောင်းနာနေတဲ့အချိန်ဆိုရင်လည်း ရေနွေးကို ပိုပြီး သောက်ပေးသင့်တယ်နော်။

၂။အစာကြေလွယ်စေတယ်။
ရေနွေးဟာအူလမ်းကြောင်းတစ်လျှောက်ကို ချောမွေ့သွားစေပြီးအစာအိမ်နဲ့အူမကြီးထဲသို့ လျင်မြန်စွာအစာရောက်နိုင်စေဖို့ ကူညီပေးတယ်။ ကိုယ်ခန္ဓာက ရေဓာတ်ပြည့်ဝနေတဲ့အတွက်  အစာကို ကောင်းကောင်း ချေဖျက်နိုင်စေပြီး ဝမ်းကိုလည်း မှန်စေပါတယ်။ ကိုယ်စားလိုက်တဲ့အစားအစာထဲမှာအမာတွေ ပါနေရင်လည်း ရေနွေးက ပျော့သွားစေနိုင်ပါတယ်။

၃။ နာကျင်ကိုက်ခဲမှု ဝေဒနာကို သက်သာစေတယ်။
ကိုယ်ခန္ဓာရဲ့ ပင်မအာရုံကြောစနစ်ကို ငြိမ်သွားစေပြီး ကိုယ်ခန္ဓာတွင်း ကောင်းစွာ သွေးလည်ပတ်စေတယ်။ ကြွက်သားနဲ့အရိုးအဆစ်တွေ

နာကျင်ကိုက်ခဲေ နတာကို သက်သာစေတယ်။အနာကျက်မြန်စေဖို့လည်း ကူညီပေးနိုင်ပါတယ်။

၄။ ဝမ်းချုပ်တာကို ပျောက်စေတယ်။
ဝမ်းချုပ်နေတဲ့အချိန်ဆို ရေနွေးနွေးသောက်ပေးခြင်းဖြင့်အစာအိမ်နဲ့အူလမ်းကြောင်းထဲမှာ ရှိတဲ့အစာဟောင်းတွေကို ဝမ်းအဖြစ်နဲ့ ကောင်းစွာ စွန့်ထုတ်ပေးနိုင်ဖို့ ကူညီပေးနိုင်တယ်။ ဝမ်းချုပ်နေတဲ့အချိန်မှ မဟုတ်ပါဘူး၊ ပုံမှန်ထမင်းစားပြီး ရေနွေးနည်းနည်းသောက်ပေးရင်အစာချေဖျက်ဖို့ ပိုမိုလွယ်ကူပြီး ဝမ်းမှန်စေနိုင်ပါတယ်။

၅။ ရေဓာတ်ကို ဖြည့်တင်းပေးတယ်။
ရေပူဖြစ်ဖြစ်၊ ရေအေးဖြစ်ဖြစ် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့

ရေဓာတ် ကို ပြန်လည်ဖြည့်တင်းပေးဖို့ ကူညီပေးနိုင်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကိုအနည်းဆုံး ရေ ၂လီတာခန့် သောက်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှပဲ ကိုယ်တွင်းမှာ ရေဓာတ်ခမ်းခြောက်မှု မဖြစ်စေဘဲ ကောင်းစွာအလုပ်လုပ်နိုင်တော့မှာပေါ့။

၆။ ကိုယ်အလေးချိန်ကို ကျစေတယ်။
ရေနွေးဟာ ကိုယ်တွင်းကအပူတွေကို ကျစေပြီး ဇီဝကမ္မဖြစ်စဉ်တွေကို လျင်မြန်စွာအလုပ်လုပ်ဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။အစာအိမ်ထဲမှာ ရှိတဲ့အစာဟောင်း၊အညစ်အကြေးတွေကို ဆီး၊ ဝမ်းအဖြစ်နဲ့အပြင်ဘက်ကို စွန့်ထုတ်ပေးလို့ လူကို ပေါ့ပါးစေတယ်။ ကယ်လိုရီတွေကိုလည်းအနည်းငယ်လောင်ကျွမ်းစေနိုင်ပြီး

ကိုယ်အလေးချိန် ကိုလည်း ကျစေပါတယ်။

၇။ သွေးလည်ပတ်မှု ကောင်းစေတယ်။
ရေနွေးသောက်တာဖြစ်စေ၊

ရေပူရေနွေ းနဲ့ ရေချိုးတာ၊ ရေစိမ်တဲ့အခါမှာ ကိုယ်ခန္ဓာထဲက သွေးကြောတွေဟာ ကျယ်သွားပြီး သွေးကို ပိုမိုစီးဆင်းစေနိုင်တယ်။ သွေးလည်ပတ်မှု မြန်လာတဲ့အခါမှာ သွေးတိုးကို ကျစေတယ်။ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေတယ်။ စိတ်ကိုပေါ့ပါးလန်းဆန်းစေပြီး ညဘက်မှာ ကောင်းစွာအိပ်စက်အနားယူနိုင်စေဖို့ ကူညီပေးပါတယ်။

၈။ စိတ်ဖိစီးမှုကို ကျစေတယ်။
စိတ်ဖိစီးမှုဆိုတာ ရောဂါပေါင်းစုံ ဝင်လာစေဖို့ တရားခံတွေထဲမှာ ပါနေပါတယ်။ လူတိုင်းက နေ့စဉ်ဘဝမှာ ကြုံလာရတဲ့

စိတ်ဖိစီးမ ှုတွေကို ဖြေဖျောက်မှပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ နေနိုင်တော့မှာပေါ့။ ဒီလိုမျိုး စိတ်ဖိစီးနေတဲ့အချိန်ဆို ကိုယ့်ရဲ့ စိတ်ကလေးအေးချမ်းသွားအောင် ရေနွေးတစ်ခွက် သောက်ပေးလိုက်တာအကောင်းဆုံးပါပဲ။

၉။ ကိုယ်တွင်းကအဆိပ်အတောက်တွေကို လျော့နည်းစေတယ်။
ရေနွေးသောက်လိုက်တာဖြစ်စေ၊ ရေပူရေနွေးနဲ့ ရေချိုးလိုက်တဲ့အခါအစပိုင်းမှာ ကိုယ်တွင်းအပူချိန်က မြင့်တက်လာပါတယ်။ ဒီလိုပူလာတာကို ကိုယ်ခန္ဓာက ပြန်လည်တုံ့ပြန်ဖို့အတွက် ချွေးထွက်စေပါတယ်။ သွေးနဲ့ ကိုယ်တွင်းရှိအညစ်အကြေးနဲ့အဆိပ်အတောက်တွေကို ချွေး၊ ဆီးအဖြစ်နဲ့ ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးပြီး သန့်စင်ပေးနိုင်ပါတယ်။

၁၀။အက်ခလေးရှား ရောဂါကို သက်သာစေတယ်။
အက်ခလေးရှားရောဂါ (Achalasia) ဆိုတာ လည်ချောင်းကနေ မြိုချလိုက်တဲ့အစာတွေကအစာအိမ်ထဲကို သွားဖို့ ကျပ်နေတဲ့ ရောဂါဖြစ်ပါတယ်။ တစ်ခါတလေမှာအစာမြိုချဖို့၊အစာအိမ်ထဲကို ရောက်မယ့်အစာတွေက လည်ချောင်းမှာ ကပ်နေတာမျိုးတွေလည်း ရှိပါတယ်။ ဒီလိုရောဂါရှိသူတွေအတွက်ဆိုရင် ရေနွေးကို ပုံမှန်လေး သောက်ပေးသင့်တယ်နော်။အထူးသဖြင့် ဆီများလွန်းတဲ့အစားအစာတွေ၊အသား၊အမာစာတွေ စားပြီးရင်လည်းအစာမြိုချရလွယ်စေဖို့ ရေနွေးသောက်ပေးတာအကောင်းဆုံးပါပဲ။ ရေနွေးဟာ ကိုယ်ခန္ဓာအတွက် ကောင်းကျိုးများစွာ ရှိစေတာမှန်ပေမဲ့အရမ်းပူလွန်းတဲ့ ရေတွေဆိုရင်တော့ ကိုယ်တွင်းက တစ်သျှူးတွေနဲ့ ဆဲလ်တွေကို ပျက်စီးသွားစေနိုင်တယ်။ လျှာကို ကျက်စေပြီးအရသာခံနိုင်စွမ်းကို ထိခိုက်စေနိုင်လို့ သတိထားပြီးတော့ သောက်ဖို့အကြံပေးလိုက်တယ်နော်။အားကစားလုပ်ပြီးချိန်နဲ့အရမ်းပူလွန်းတဲ့အချိန်မှာတော့ ရေနွေးကို မသောက်သင့်ပါဘူး။ မနက်အိပ်ရာထချိန်နဲ့ ထမင်းစားပြီးတဲ့အချိန်မျိုးမှာ ရေနွေးသောက်ပေးတာအကောင်းဆုံးပါပဲ။  

Hello Health Group  သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။




Some text some message..