ခြေသလုံးနောက်နားလေးမှာအကြောပြတ်ရာအဖြူတွေ ရှိနေလို့ စိတ်ညစ်နေလား ။ ။
hellosayarwon.com
|
2019-06-26


 


စကတ် ၊ ဘောင်းဘီတိုတိုလှလှလေးတွေ ဝတ်မယ်ဆိုတိုင်း ခြေသလုံး ဒူးနောက်နားမှာရှိတဲ့

အကြောပြတ်ရာ အဖြူလေးတွေကြောင့် ယုံကြည်မှု ရှိရှိမဝတ်ရဲ့တဲ့အခြေအနေတစ်ခု ရောက်နေပြီလား။

အကြောပြတ် ရာတွေဆိုတာ နာကျင်တဲ့ဝေဒနာတွေကို မဖြစ်စေပေမယ့်အလှအပရှုထောင့်ဘက်က ကြည့်မယ်ဆိုရင်အကျည်းတန်တဲ့အရာတွေပါ။ ဒီလိုအကြောပြတ်ရာအဖြူတွေ ဘာ့ကြောင့် ဖြစ်ရတာလဲ ။

အကြောပြတ်ရာတစ်ခု ဘယ်လိုနည်းလမ်းနဲ့ စပေါ်လာတာလဲ ။ ။
အရေပြားမှာရှိတဲ့ dermis layer ဆိုတာအရေပြားတစ်ခု ကျုံ့နိုင် ဆန့်နိုင်မှုကို ထိန်းချုပ်တဲ့နေရာတစ်ခုပါ။ ဒါပေမယ့်

ကိုယ်ဝန်ဆောင် ချိန်ေ

လ့ကျင့်ခန် းလုပ်တဲ့အချိန်နဲ့ ပြင်းပြင်းထန်ထန် လှုပ်ရှားတဲ့အချိန်တို့မှာ dermis layer ထိခိုက်သွားပြီးအရေပြားအောက်မှာရှိတဲ့ ကော်လာဂျင်တွေ ပြတ်သွားတတ်ပါတယ်။အဲလိုနဲ့အကြောပြတ်ရာတွေ စပေါ်လာရတာပါ။ ဒီလိုအကြောပြတ်ရာတွေဖြစ်တတ်တဲ့နေရာကတော့
တင်ပါး
လက်မောင်းအောက်

ရင်သား
ပေါင်နဲ့
ခြေသလုံးအနောက်ပိုင်းတို့ပဲဖြစ်ပါတယ်။ ဒီအထဲမှာ မိန်းကလေးတွေ စိတ်အညစ်ရဆုံးက ခြေသလုံးနောက်ပိုင်းကအကြောပြတ်ရာအဖြူတွေ ဖြစ်ပါတယ်။

ဒါတွေကတော့ ခြေသလုံးအကြောပြတ်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ။
အရွယ်ရောက်ချိန် ကိုယ်ခန္ဓာဖွံ့ဖြိုးလာတဲ့အခါ ။ ။ ခြေသလုံးကအကြောပြတ်ရာအများစုဟာ ရုတ်တရက် ကိုယ်အလေးချိန်အပြောင်းအလဲဖြစ်တဲ့အချိန်တွေဖြစ်တဲ့အရွယ်ရောက်ခါစနဲ့

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ကြံုံတွေ့ရတတ်တဲ့ ပြဿနာပါ။ ခြေသလုံးက

အကြောပြတ်ရ ာတွေက ကန့်လန့်စင်းဆိုရင်အရပ်ရှည်လာတာကြောင့် ဖြစ်တာဖြစ်ပြီးအကြောပြတ်ရာတွေက ဒေါင်လိုက်ဖြစ်နေမယ်ဆိုရင်တော့ ရုတ်တရက်

ကိုယ်အလေးချိန်တက် လာတာ၊ ခြေသလုံးမှာအဆီတွေစုပြီး ကြွက်သားတွေ ကြီးလာတာကြောင့် ဖြစ်နိုင်ပါတယ်။

ကြွက်သားတက်အောင် လေ့ကျင့်ခန်းတွေအပြင်းအထန်လုပ်တဲ့အခါ ။
ကိုယ်ခန္ဓာအောက်ပိုင်းကို ကြံ့ခိုင်အောင် ဝိတ်မတဲ့အခါ၊ လေ့ကျင့်ခန်းအပြင်းအထန်လုပ်တဲ့အခါမျိုးတွေမှာ ခြေသလုံးမှာအကြောပြတ်ရာအဖြူလေးတွေ သိသိသာသာရှိနေတတ်ပါတယ်။အထိိုင်အထမှာအရေပြားရဲ့ကျုံ့အားဆန့်အား မြန်မြန်လုပ်ရတာနဲ့ နောက်ပိုင်း ကြွက်သားတက်လာတာကြောင့် ဒီလိုအကြောပြတ်ရာတွေ ဖြစ်ရတာပါ။

မျိုးရိုးကလည်းအကြောပြတ်ခြင်းတွေကို ဖြစ်စေတဲ့အကြောင်းအချက်တွေထဲက တစ်ခုပါ။
အရေပြားအရောင်၊ ကျုံနိုင်ဆန့်နိုင်အား၊ ကိုယ်တွင်း

ကော်လာဂျင် တွေနဲ့ ဟော်မုန်းအပြောင်းအလဲဆိုင်ရာ မျိုးရိုးဇီဇတွေဟာအကြောပြတ်ခြင်းကို ဖြစ်စေတဲ့အကြောင်းအချက်တွေပါ။ မဲတဲ့အသားထက် ဖြူတဲ့အသားအရေမှာအကြောပြတ်ရာတွေ ပိုဖြစ်နိုင်ပြီးအသားစိုပြေနေတဲ့သူတွေထက်

အသားခြောက် တဲ့သူတွေက ပိုဖြစ်နိုင်ပါတယ်။ ပန်းရောင်၊အဖြူရောင် ခရမ်းရောင်အ ကြောပြတ်ရာ တော်တေ်ာများများ တစ်ခါဖြစ်ဖူးပြီးရင် တစ်သက်လုံးရှိနေမယ့်အရာတွေပါ။ ဒါပေမယ့်အချိန်ကြာလာရင်တော့ မှိန်သွားပါလိမ့်မယ်။ ။ ဒီတော့ ဖြစ်နေတဲ့အကြောပြတ်ရာတွေ မှိန်သွားအောင် လုပ်လို့ရတဲ့နည်းလေးတွေ မရှိဘူးလား ။ ။ အကြောပြတ်ရာ သက်သာစေမယ့် နည်းလမ်းလေးတွေ ။ ။ အာဟာရ မျှတအောင်စားပါ။ ဗီတာမင် နဲ့ သတ္တုဓာတ်စုံလင်တဲ့အစားအသောက်တွေစားပေးရပါမယ်။အထူးသဖြင့်အသားအရေအတွက်အရေးကြီးတဲ့

ဗီတာမင် A,C,E တို့လိုပေါ့။
အာဟာရပြည့်နေရုံနဲ့တင် မပြီးသေးပါဘူး။ ရေဓာတ်ပြည့်ဝနေဖို့လည်းအရေးကြီးပါတယ်။
တကယ်လို့ ကိုယ်က ကြွက်သားတက်အောင် ဆော့နေတဲ့သူဆိုရင် တဖြည်းဖြည်းအချိန်ယူပြီးမှ တက်အောင် ဆော့သင့်ပါတယ်။အချိန်တိုအတွင်း မြန်မြန်တက်အောင် မဆော့ပါနဲ့။

စတီးရွိုက် ပါတဲ့ဆေးတွေက

အကြောပြတ် ရာတွေကို ဖြစ်စေတဲ့အတွက် သူတို့ပါတဲ့ဆေးတွေကို ရှောင်ပါ။
အကြောပြတ်ရာတွေကို သက်သာစေတဲ့ဆေးတွေ လည်း ဝယ်လိမ်းလို့ရပါတယ်။
နောက်ဆုံး မသက်သာတဲ့အဆုံး ဆရာဝန်နဲ့တိုင်ပင်ပြီး လေဆာနဲ့ကုသတာမျိုးတွေ လုပ်လို့ရပါတယ် ။

Hello Health Group   သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။        




Some text some message..