ဟားဗတ်တက္ကသိုလ်ရဲ့လေ့လာချက်အရ dark chocolate ကို တစ်လ သုံးကြိမ်စားပေးမယ်ဆိုရင်အမျိုးသမီးတွေကို နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဆွီဒင်အမျိုးသမီး
အသက် ၄၈နှစ်နဲ့ ၈၃ကြားဆို ချောကလက်စားလွန်းလို့ နှလုံးရောဂါဖြစ်နိုင်ချေ ၃၂ရာခိုင်နှုန်း
တောင် လျော့ချပေးပါတယ်။
ဒါ့အပြင် သွေးခဲပိတ်ရောဂါကိုတောင် ကာကွယ်ပေးနိုင်ပါတယ်။ ချောကလက်မစားသူထက်
ချောကလက်စားတဲ့သူ ၄၄ဝဝဝ ကျော်ခန့်ဟာ သွေးခဲပိတ်ရောဂါဖြစ်နိုင်ချေကို ၂၂ရာခိုင်နှုန်းထိ
လျော့ချပေးနိုင်ပါတယ်။
ချောကလက်ကို တစ်လမှ နှစ်ခါ သုံးခါလောက် စားပေးတာပဲကောင်းပါတယ်။ နေ့တိုင်းစားမယ်
ဆိုရင်တော့ တန်ရင်ဆေး လွန်ရင်ဘေး ဆိုတဲ့အတိုင်းအချိုဓာတ်တွေများပြီး ကျန်းမာရေးကို
ထိခိုက်နိုင်ပါတယ်။အခဲလိုက်မစားနိုင်ရင် ချောကလက်ပူပူလေးအဖြစ် ဖျော်သောက်နိုင်ပါတယ်။
ဥရောပမှာဆို ချောကလက်ပူပူလေးအများဆုံးဖျော်သောက်ကြပါတယ်။