Cranial Ct Scan (ဦးခေါင်းကွန်ပျူတာဓါတ်မှန်)
hellosayarwon.com
|
2019-07-04
Cranial CT scan ဆိုတာဘာလဲ?
CT scan ရိုက်တဲ့ စစ်ဆေးချက်ဟာ X rays ဓါတ်ရောင်ခြည်တွေကိုအသုံးပြုပြီး ဦးခေါင်းနဲ့ မျက်နှာတွေရဲ့ ပုံတွေကိုရိုက်ယူခြင်း ဖြစ်ပါတယ်။ ဒီစစ်ဆေးချက်လုပ်နေစဉ်မှာ သင်ဟာ CT scanner လို့ခေါ်တဲ့ ဒိုးနတ်မုန့်ပုံစံရှိတဲ့ စက်နဲ့ ဆက်သွယ်ထားတဲ့ ကုတင်တစ်ခုပေါ်မှာ လှဲနေရပါမယ်။ CT scanner စက်ထဲမှာ သင့်ဦးခေါင်းကို နေရာချထားပါမယ်။ CT scanner စက်ကနေ ဦးခေါင်းထဲကို X rays (ဓါတ်ရောင်ခြည်) တွေ ထုတ်လွှတ်လိုက်ပါမယ်။ စက်က တစ်ခါလည်တိုင်းမှာ ဦးခေါင်းနဲ့ မျက်နှာကိုအလွှာပါးပါးလေးတွေအနေနဲ့ ပုံရိပ်တစ်ခါထုတ်ပေးပါတယ်။အနေအထားမျိုးစုံမှ ပုံရိပ်တွေရယူနိုင်ဖို့အတွက် စက်ရဲ့အစိတ်အပိုင်းတစ်ခုကစောင်းလာနိုင်ပါတယ်။ ရိုက်ယူလိုက်သမျှပုံရိပ်တွေအားလုံးကို ကွန်ပြူတာထဲမှာ သိမ်းဆည်းထားပါတယ်။အဲဒီ ပုံရိပ်တွေကို ထုတ်ယူလို့လည်းရပါတယ်။ တစ်ချို့သောအခြေအနေတွေမှာ contrast material လို့ခေါ်တဲ့ ဆိုးဆေးတစ်မျိုးကို လက်မောင်းရှိသွေးပြန်ကြော (သို့)ထဲထိုး ကျောရိုးဆစ်ထဲကို ထိုးရပါတယ်။အဲဒီ ဆေးက ခန္ဓာကိုယ်အစိတ်အပိုင်းတွေ၊ တည်ဆောက်ပုံတွေကို CT ပုံရိပ်မှာ ပိုပြီးမြင်သာအောင် လုပ်ဆောင်ပေးပါတယ်။အဲဒီဆိုးဆေးကို သွေးစီးဆင်းမှုကို စစ်ဆေးဖို့၊အကျိတ်၊ ယောင်ယမ်းနေတဲ့ နေရာတွေ၊ (သို့)အာရုံကြော ပျက်စီးမှုတွေကို ရှာဖွေဖို့အနေနဲ့လည်းအသုံးပြုနိုင်ပါတယ်။ ဦးခေါင်းကို CT(ဓါတ်မှန်) ရိုက်ခြင်းဟာ မျက်လုံး၊ မျက်နှာရှိအရိုးများ၊ နှာခေါင်းနားရှိအရိုးများအတွင်း လေပြည့်နေသောအပေါက်များ နှင့်အတွင်းနား စတဲ့ နေရာတွေနဲ့ ပတ်သတ်တဲ့အချက်အလက်တွေကို ပေးနိုင်ပါတယ်။ ဖြစ်တဲ့နေရာသိရပြီဆိုရင်တော့ ဖြစ်တဲ့နေရာကိုအသေးစိတ် CT ဓါတ်မှန် ပြန်ရိုက်နိုင်ပါတယ်။
ဦးခေါင်း ဓါတ်မှန်ရိုက်ခြင်းကို ဘာကြောင့်လုပ်ဆောင်ရသလဲ?
ဦးခေါင်း ဓါတ်မှန်ရိုက်ခြင်းဟာ ဆရာဝန်တွေကို ရောဂါအမည်သတ်မှတ်နိုင်ဖို့ နဲ့အောက်ပါအခြေအနေတွေကို စစ်ဆေးနိုင်ဖို့အကူအညီပေးပါတယ်။
ဦးခေါင်း (သို့) ဦးနှောက် ရှိ မွေးရာပါချို့ယွင်းချက်။
ဦးနှောက် ပိုးဝင်ခြင်း။
ဦးနှောက်အကျိတ်ဖြစ်ခြင်း။
ဦးခေါင်းခွံအတွင်းအရည်များဖြစ်ပေါ်ခြင်း( hydrocephalus)
ဦးခေါင်း နှင့် မျက်နှာ သို့ ထိခိုက်ဒဏ်ရာ ရခြင်း။
ဦးနှောက်အတွင်းသွေးယိုခြင်း။ ဦးနှောက် ဓါတ်မှန်ကိုအောက်ပါအခြေအနေတွေဖြစ်ရ တဲ့အကြောင်းအရင်းကို ရှာဖွေရန်အတွက်လည်းအသုံးပြုပါတယ်။
စဉ်းစားတွေးတောနိုင်ခြင်း (သို့)အပြုအမူ စသည်တို့တွင် ပြောင်းလဲနေခြင်း။
မူးမေ့ခြင်း။
ခေါင်းကိုက်ခြင်း။အခြား ရောဂါ လက္ခဏာတွေရှိလျှင်။
အကြားအာရုံ ပျောက်ဆုံးခြင်း။(အချို့ လူနာများတွင်)
အမြင်အာရုံ ပြသနာများ၊ ကြွက်သားများအားနည်းခြင်း၊ ထုံထိုင်းခြင်း၊အကြားအာရုံချို့ယွင်းခြင်း၊ စကားပြောရာတွင်အခက်အခဲရှိခြင်း၊ မြိုချရာတွင် ပြသနာရှိနေခြင်း စသည့် ဦးနှောက် တစ်စိတ်တစ်ပိုင်း ထိခိုက်ပျက်စီးခြင်းကြောင့် ဖြစ်တတ်သော ရောဂါလက္ခဏာများ။
ဦးခေါင်းဓါတ်မှန်မရိုက်ခင် ဘာတွေကြိုသိသင့်ပါသလဲ?
တစ်ခါတစ်လေ CT စစ်ဆေးချက်ရဲ့အဖြေတွေကအခြား X-rays (ဓါတ်မှန်) စစ်ဆေးချက်တွေ၊ MRI ၊ Ultrasound scans (အာထရာဆောင်း)အဖြေ တွေနဲ့ ကွာခြားနိုင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ CT ရိုက်တာဟာ မတူညီတဲ့အနေအထား ကိုပြထားလို့ပါ။ CT ရိုက်ဖို့ လိုတဲ့ ကလေးတွေအတွက် ဒီစစ်ဆေးချက် မလုပ်ခင်အထူးမှာကြားချက်တွေလိုအပ်ပါတယ်။ ကလေးငယ်နေရင်(သို့)အရမ်းကြောက်နေရင် ဆရာဝန်က စိတ်သက်သာသွားအောင် စိတ်ငြိမ်ဆေးတစ်ခုခု ပေးပါလိမ့်မယ်။ သင့်ကလေးက CT ရိုက်ပြီး စစ်ဆေးရတော့မယ်ဆိုရင် ဒီစစ်ဆေးချက်အတွက် လိုအပ်နိုင်တာတွေ နဲ့ ကလေးအပေါ် ဓါတ်ရောင်ခြည်တွေက ဘယ်လို သတ်ရောက်မှုပေးနိုင်တယ်ဆိုတာကို ဆရာဝန်နဲ့ သေသေချာချာ ဆွေးနွေးတိုင် ဖို့လိုအပ်ပါတယ်။ ဦးနှောက်နှင့် မျက်နှာအတွက် CT (ဓါတ်မှန်) ရိုက်ပြီး MRI ရိုက်ခြင်းက သတင်းအချက်အလက်တွေ ထပ်ပြီးပေးနိုင်ပါလိမ့်မယ်။
ဦးခေါင်း ဓါတ်မှန်ရိုက်ခြင်းအတွက် ဘယ်လို ပြင်ဆင်ထားမလဲ?
ဓါတ်မှန် ဘယ်အမျိုးအစား မဆို ကိုယ်ဝန်သည်တွေ မရိုက်သင့်တဲ့အတွက် သင့်မှာ ကိုယ်ဝန်ရှိနေရင် ဆရာဝန်ကို ကြိုတင်ပြောပြထားဖို့အရေးကြီးပါတယ်။ သင့်အလေးချိန်ဟာ ပေါင် ၃၀၀ ထက်ကျော်နေခဲ့ရင် CT ရိုက်တဲ့စက်မှာအလေးချိန်ကန့်သတ်ချက်ရှိ၊ မရှိ လေ့လာရပါမယ်။အချို့သောစက်တွေမှာအလေးချိန်ကန့်သတ်ထားတာရှိပါတယ်။ စစ်ဆေးဖို့အတွက် ဝတ်ဆင်ထားတဲ့ ကျောက်မျက်ရတနာတွေကို ဖယ်ရပါမယ်။ စစ်ဆေးချက်လုပ်ဆောင်နေစဉ် ဆေးရုံ ဝတ်စုံကိုဝတ်ဆင်ရပါတယ်။ ဆိုးဆေး တစ်ခုခုအသုံးပြုရတယ် ဆိုရင်တော့ သတိထားရမည့်အချက်တွေ ပိုပြီးရှိနိုင်ပါတယ်။ ဥပမာ- Metformin ကဲ့သို့သော ဆီးချိုဆေးတွေသောက်နေရတဲ့ သူတွေမှာအထူးစစ်ဆေးတိုင်းတာ ချက်တွေ လုပ်ရနိုင်ပါတယ်။ဒါ့ကြောင့်အဲလိုဆေးတွေ သောက်နေရတယ်ဆိုရင်တော့ ဆရာဝန်ကို ကြိုပြောပြထားဖို့ လိုအပ်ပါတယ်။အဲဒီလို ဆိုးဆေးတွေနဲ့ ပတ်သတ်ပြီး မတည့်တဲ့ ဓါတ်ပြုမှုတွေ ဖြစ်ခဲ့ဖူးတယ်ဆိုရင်လည်း ဆရာဝန်ကို ပြောပြရပါမယ်။
ဦးခေါင်း ဓါတ်မှန်ရိုက်နေစဉ် ဘာတွေဖြစ်နိုင်သလဲ?
ဦးခေါင်း ဓါတ်မှန်ရိုက်ခြင်း ကို ဓါတ်မှန်နည်းပညာရှင်တစ်ယောက် ကလုပ်ပေးနိုင်ပါတယ်။ ထွက်လာတဲ့ ဓါတ်မှန်အဖြေတွေကို ဓါတ်မှန်ကျွမ်းကျင်ဆရာဝန် က ကြည့်ပြီး ရလဒ်အဖြေကို ပြောပါလိမ့်မယ်။အခြားဆရာဝန်များကလည်း ဒီစစ်ဆေးချက်အဖြေကို ပြန်လည် ကြည့်ရှုနိုင်ပါတယ်။ ကျောက်မျက်ရတနာတွေ၊ မျက်မှန်တွေ၊ နားမကြာရင်တပ်တဲ့အကူကိရိယာတွေကို မရိုက်ခင်မှာ ဖယ်ရှားဖို့ လိုအပ်ပါတယ်။သက်တောင့်သက်သာ ဖြစ်စေမယ့်၊ ချောင်ချောင် ချိချိ ဖြစ်စေမယ့်အဝတ်အစားတွေကို ဝတ်ဆင်သင့်ပါတယ်။ စစ်ဆေးနေချိန်မှာ CT ရိုက်တဲ့ စက်နဲ့ ဆက်ထားတဲ့ ကုတင်ကြီး တစ်ခုအပေါ်မှာလှဲလျောင်းနေရပါမယ်။ ဦးခေါင်းကို မြဲမြံအောင် ထိန်းထားခြင်းကိုခံရပါမယ်။ မျက်နှာကိုတော့အုပ်မထားပါဘူး။အဲဒီ သင်လှဲနေတဲ့ ကုတင်ဟာ စက်ရဲ့ ဝိုင်းဝန်းတဲ့အပေါက်ထဲကို ရွေ့သွားပြီး စက်က သင့်တစ်ကိုယ်လုံးကို စစ်ဆေးပါလိမ့်မယ်။ ပုံရိပ်တွေ ရဖို့အတွက် သင်လှဲနေတဲ့နေရာကအနည်းငယ်ရွေ့ရှားပါလိမ့်မယ်။ ရွေ့ရှားချိန်မှာအရမ်းမကျယ်တဲ့အသံ တစ်ခုခု ကြားရနိုင်ပါတယ်။ စစ်ဆေးနေစဉ်မှာ လဲလျောင်းပြီးဆက်နေဖို့ကအရေးကြီးပါတယ်။ စစ်ဆေးချက်လုပ်ဆောင်နေစဉ်မှာ စစ်ဆေးတဲ့အခန်းထဲမှာ တစ်ယောက်ထဲ ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် နည်းပညာရှင်တစ်ယောက်က သင့်ကို ပြတင်းပေါက်(အပေါက်) တစ်ပေါက်ကနေစောင့် ကြည့်နေပါလိမ့်မယ်။ ဓါတ်မှန် နည်းပညာရှင်ကိုတော့စကားပြောလို့ရပါတယ်။ ဒီ စစ်ဆေးချက်ကို လုပ်ဆောင်ဖို့ မိနစ် ၃၀ မှ ၆၀ ခန့်လောက်ကြာနိုင်ပါတယ်။အချိန်တော်တော်များများက ဒီဓါတ်မှန်အဆင်သင့်ဖြစ်ဖို့အတွင်ပြင်ဆင်နေချိန်ပါ။ တကယ်တမ်းရိုက်တာက စက္ကန့်အနည်းငယ်သာကြာမြင့်ပါတယ်။
ဦးခေါင်းဓါတ်မှန် ရိုက်ပြီးနောက် ဘာတွေဖြစ်နိုင်သလဲ?
ပုံမှန် နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။ နောက်ထပ်စစ်ဆေးဖို့ ရက်ချိန်း လိုအပ်ရင် လိုအပ်ပါလိမ့်မယ်။ ဆရာဝန်က ဘာကြောင့်နောက်ထပ်စစ်ဆေးချက်တွေလုပ်ရတယ် ဆိုတာရှင်းပြပါလိမ့်မယ်။ ဦးခေါင်း ဓါတ်မှန်ရိုက်ခြင်းနဲ့ ပတ်သတ်ပြီး မေးစရာရှိပါကဆရာဝန်နှင့် ဆက်လက် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
စစ်ဆေးချက်ရလဒ်က ဘာကိုဆိုလိုသလဲ?
ရလဒ်အဖြေအပြည့်အစုံက ၁ရက် ၂ရက်အတွင်းမှာအဆင်သင့်ဖြစ်နိုင်ပါတယ်။ ဦးခေါင်း နှင့်မျက်နှာ ဓါတ်မှန်ရိုက်ခြင်း ပုံမှန် ရလဒ်
ဦးနှောက်နှင့် သွေးကြောများ၊ ဦးခေါင်းခွံနှင့် မျက်နှာရှိအရိုးများ မှာအရွယ်အစား၊ ပုံစံ၊အနေအထား ပုံမှန်ဖြစ်နေခြင်း။
ခန္ဓာကိုယ်ပြင်ပ ပစ္စည်း(သို့) ကြီးထွားမှု မရှိနေခြင်း။
သွေးထွက်နေခြင်း၊ (သို့)အရည်များ စုနေခြင်း မရှိခြင်း။ ပုံမှန်မဟုတ်သောအဖြေများ။
အကျိတ်ကဲ့သို့ ကြီးထွားနေမှုများ၊ ဦးနှောက်အတွင်း(သို့) ဦးနှောက်အနီးအနားတွင် သွေးယိုဆင်းနေခြင်း။ ဖန်စ၊ သတ္တုစများကဲ့သို့ ခန္ဓာကိုယ် ပြင်ပပစ္စည်းများ ရှိနေခြင်း။ ဦးခေါင်းခွံ၊ မျက်နှာရှိအရိုးများ ကျိုးနေခြင်း(သို့) ပုံမှန်မဟုတ်ခြင်း။ ဦးနှောက်ဆီသို့သွားသော (သို့) ဦးနှောက်မှ ပြန်လာသောအာရုံကြောများ ပျက်စီးနေခြင်း။
အရည်များစုနေခြင်း။ ဦးနှောက်အတွင်း(သို့)အနီးအနားတွင် သွေးယိုနေခြင်း ဖြစ်နိုင်သည်။
သွေးကြော ဖောင်းနေခြင်း။
ဦးနှောက်မှ ကျောရိုးအတွင်းကို စီးဆင်းနေသော ခြင်ဆီ တွေ ဖြတ်သွားရတဲ့ Ventricles လို့ခေါ်တဲ့ ဦးနှောက်ရဲ့အပေါက်တွေ ကြီးနေခြင်း။ ဦးနှောက်ရဲ့ တစ်ချို့နေရာတွေမှာ ဖောင်းတင်းနေခြင်း၊ (သို့) လေဖြတ်နိုင်ခြင်း ကဲ့သို့အခြားပြောင်းလဲမှုတွေရှိနေခြင်း။
အရိုးများကြားရှိအပေါက်များတွင်အရည်များ ပြည့်နေခြင်း(သို့)အနားထူနေခြင်း။
ဓါတု စစ်ဆေးခန်းတွေ နဲ့ ဆေးရုံတွေအပေါ်မူတည်ပြီး ဦးနှောက်ဓါတ်မှန်ရိုက်ခြင်း ပုံမှန်ရလဒ်အနည်းငယ်ပြောင်းလဲနိုင်ပါတယ်။ စစ်ဆေးချက်အဖြေအတွက် မေးစရာရှိပါကဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။