လူတစ်ယောက်ကိုအရင်ဆုံးကြည့်ရင် မျက်နှာကနေပဲ စကြည့်တတ်ကြတာနော်။ ဒီတော့
နှုတ်ခမ်
းသားကခြောက်ပြီးအက်ကွဲနေမယ်၊ မွဲခြောက်ခြောက်ဖြစ်နေမယ်ဆိုရင်တော့အလှပျက်ရပြီပေါ့။ နှုတ်ခမ်းခြောက်တယ်ဆိုတာ
ဆောင်းရာသီ
မှာမှ ဖြစ်နိုင်တာမဟုတ်ဘူးနော်။ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီရော၊ ခုလိုအေးမြပြီး မိုးတစ်ဖွဲဖွဲဖြစ်နေတဲ့ မုတ်သုံရာသီမှာပါ နှုတ်ခမ်းခြောက်ပြီးကြမ်းသွားနိုင်ပါတယ်။ ဒီနေ့ဆောင်းပါးမှာ မုတ်သုံရာသီအတွက် နှုတ်ခမ်းအလှမပျက်စေဖို့ ကာကွယ်ပုံနည်းလမ်းတွေကိုအဓိက ပြောပြပေးချင်ပါတယ်။
နှုတ်ခမ်းအလှမပျက်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ
၁။
နှုတ်ခမ်းေြ
ခာက်နေတယ်ဆိုပြီး လျှာနဲ့လျက်တဲ့အကျင့်ကိုဖျောက်ပါ။ တံတွေးနဲ့စိုသွားတော့ နှုတ်ခမ်းလေးပြောင်လက်သွားမှာပဲလို့ ထင်တတ်ကြပေမယ့် ဒီအကျင့်က ကိုယ့်ရဲ့ နှုတ်ခမ်းကိုပိုခြောက်အောင် နှိုးဆွပေးလိုက်သလို ဖြစ်စေပါတယ်။ ဒါ့အပြင်
ပါးစပ်
ထဲမှာရှိနေတဲ့အင်ဇိုင်းတွေကအစာခြေဖို့အတွက် ကူညီပေးတာဖြစ်လို့ နှုတ်ခမ်းပေါ်ရောက်သွားတဲ့အခါအရေပြားကို ယားယံစေနိုင်လို့ပါ။ ၂။ ကိုယ်ခန္ဓာအရေပြားအတွက် Scrub တိုက်ပြီးကြေးချွတ်ပေးဖို့လိုသလို နှုတ်ခမ်းကိုလည်း Scrub တိုက်သင့်ပါတယ်။ မကြာခဏဆိုသလိုအပြင်က ဖုန်မှုန့်တွေကပ်နေတာ၊
နေရောင်ခြည်ဒဏ်ေ
ကြာင့် နှုတ်ခမ်းအပေါ်ယံအရေပြားမှာရှိတဲ့ ဆဲလ်တွေ ပျက်စီးသွားတဲ့အခါ ဒီဆဲလ်တွေကို ချွတ်ချဖို့အတွက် Scrub တိုက်ပေးရပါမယ်။ ၃။ မျက်နှာသစ်ပြီးတဲ့အခါ နှုတ်ခမ်းကို ပြောင်အတိုင်းမထားပါနဲ့။ နှုတ်ခမ်းလှအဆီ (Lip Balm) ကို ပါးပါးလေးလိမ်းပေးပါ။ သူကအစိုဓာတ်ကိုလည်း ထိန်းပေးနိုင်ပြီး နှုတ်ခမ်းသားအက်ကွဲတာကို ကုသပေးနိုင်တယ်။အဆီဓာတ်ပါဝင်မှုကြောင့် နှုတ်ခမ်းသားကိုခြောက်မသွားစေဘဲ စိုလက်လက်လေး ဖြစ်နေစေပါတယ်။ ြ
ပင်ပနေရောင်ခြည်ဒဏ်
ကနေလည်း ကာကွယ်ပေးနိုင်တယ်နော်။ ၄။ နှုတ်ခမ်းကို သွားတိုက်တံနဲ့ ခြစ်ချတာ၊ လက်နဲ့ ပွတ်သပ်ကိုင်တွယ်တာ၊ နှုတ်ခမ်းအရေပြားကို လက်နဲ့ခွာတာမျိုးတွေ မလုပ်ပါနဲ့။အထူးသဖြင့် နှုတ်ခမ်းခြောက်ပြီးအသားပပ်နေတဲ့အချိန်ဆိုရင် ပိုပြီးတောင် မလုပ်သင့်ပါဘူး။ ဆီနည်းနေတဲ့အချိန် နှုတ်ခမ်းသားပိုခြောက်ပြီးအက်ကွဲနိုင်လို့ပါ။ ၅။ ရေများများသောက်ပါ။အရည်ရွှမ်းတဲ့
အသီးအနှံေ
တွ၊ ဟင်းသီးဟင်းရွက်တွေကို ပိုစားပေးပါ။ ရေဓာတ်ပြည့်ဝနေတဲ့အသားအရေက ဘယ်အချိန်ပဲဖြစ်ဖြစ် စိုလက်ပြီး ကြည်လင်ဝင်းပနေမှာအသေအချာပါပဲ။ ၆။ ဗီတာမင် စီ ပါဝင်တဲ့အစားအစာတွေ၊အချဉ်ဓာတ်များတဲ့အသီးအနှံတွေကိုလည်း စားပေးပါ။အစားအစာကနေ လုံလောက်မှုမရှိဘူးလို့ ထင်ရင် ဗီတာမင် စီအားဆေးတွေကို သောက်ပေးလို့ရပါတယ်။ ရာသီဥတုအေးတဲ့ ခုလိုအချိန်ကာလဆိုရင် နှုတ်ခမ်းခြောက်ပြီး
အသားပပ်
တာတွေအဖြစ်များတာမို့ ကိုယ့်အသားအရေ မပျက်စီးအောင် ဒီနည်းလမ်းတွေနဲ့ ကာကွယ်လို့ရပါတယ်နော်။အရေပြားဆိုတာအလှအပအတွက်သာမက ကျန်းမာရေးအတွက်လည်းအရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တာမို့ မဖြစ်ခင်ကြိုတင်ကာကွယ်နိုင်ရင်တော့အကောင်းဆုံးပါပဲ။
Hello Health Group
သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။