အိမ်မှာ ဘယ်နှစ်လတစ်ခါလောက် သန်ချဖို့လိုအပ်မလဲ
hellosayarwon.com
|
2019-07-11


ကျန်းမာရေးက တန်ဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုပါ။ စိတ်ရောကိုယ်ပါ ကျန်းမာနေဖို့ကအရွယ်သုံးပါးလုံးအတွက်အရေးကြီးပါတယ်။ လူကြီးတွေက ကိုယ်တိုင်ဂရုစိုက်နိုင်ကြပြီး ရင်သွေးလေးကျန်းမာဖို့အတွက်ကိုတော့  မေမေနဲ့ဖေဖေကဂရုစိုက်ပေးရမှာပါ။ ကျန်းမာနေဖို့ဆိုတဲ့နေရာမှာ ခေါင်းအစ ခြေအဆုံးအကုန်လုံးပါဝင်ပါတယ်။ ကျန်းမာနေဖို့မှာအရေးကြီးအခန်းကဏ္ဍက ပါဝင်တာကတော့အစာခြေစနစ်ပါ။အစာခြေစနစ်ရဲ့အရေးပါမှုနဲ့ပတ်သက်ပြီး လူတွေ သတိထားမိကြတဲ့အရာကအာဟာရပြည့်ပြည့်ဝဝစားသောက်မယ်၊ ဝမ်းမချုပ်အောင်ဂရုစိုက်မယ် စသဖြင့်ပေါ့။ ဒါပေမယ့်အစာခြေစနစ်အတွက်အရေးပါတဲ့အရာတစ်ခုကိုတော့ မေ့တတ်ကြပါတယ်။အဲဒါကတော့ သန်ချဖို့ပါ။ သန်ချဖို့ဆိုတာကိုအများအားဖြင့်ကတော့ ကလေးတွေမှာပဲ လိုအပ်တယ်လို့ ထင်တတ်ကြပါတယ်။ ကလေးတွေက သန်ပိုထတတ်ကြတာမှန်ပါတယ်။ ဒါပေမယ့် လူကြီးတွေ သတိထားသင့်တာက နေ့တိုင်းစားသောက်နေတဲ့အစားအသောက်တွေထဲမှာ၊ လမ်းဘေးစာတွေထဲမှာ၊ ခြေဗလာနဲ့လမ်းလျှောက်နေတိုင်းမှာ လူကြီးလူငယ်အရွယ်မရွေး သန်ကောင်တွေရဲ့အန္တရာယ်ရှိနေနိုင်တယ်ဆိုတာပါပဲ။ ဒီလက္ခဏာတွေကို သတိထားကြည့်ပါ။ ဒါတွေရှိရင် သန်ရှိတယ်ဆိုတာကို ပြနေပါတယ်။

သန်ချဖို့လိုအပ်နေကြောင်း သိနိုင်တဲ့လက္ခဏာတွေက

အစားအသောက်တွေပုံမှန်စားနေပေမယ့် ကိုယ်အလေးချိန်တိုးမလာဘူး။
အစားစားချင်စိတ်မရှိဘူးဖြစ်နေမယ်၊
ဝမ်းချုပ်နေမယ်၊
ဗိုက်ထဲကနာနေတာမျိုးဖြစ်မယ်၊
နေရထိုင်ရအရမ်းပင်ပန်းနေမယ်၊
အားမရှိသလိုမျိုးဖြစ်နေမယ်၊ ဆိုရင်တော့ သန်ချဖို့လိုအပ်နေပါပြီ။ သန်ကောင်တွေဆိုတာက ကပ်ပါးပိုးကောင်တွေဖြစ်ပြီး လူတွေခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားတဲ့အခါ ရောဂါတွေဖြစ်စေပါတယ်။ သန်ကောင်အမျိုးအစားတွေအများကြီးရှိနေပါတယ်။
roundworms ( သန်လုံးကောင်)

pinworms (တုပ်ကောင် (သန်ကောင်))
hookworms (ချိတ်ပြားသန်ကောင်)
whipworms (ကြာပွတ်နှင့်တူသော ဝမ်းပျက်စေသည့်သန်ကောင်)တွေဆိုပြီးရှိကြတာပါ။ သန်ကောင်တွေက တစ်ကောင်တည်းလည်းရှိနေနိုင်သလိုအကောင်တွေအများကြီးရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒါတွေကြောင့် သန်ထနိုင်ပါတယ်
ကလေးရော လူကြီးတွေမှာပါ သန်ထတဲ့ ပြဿနာဖြစ်နိုင်ပါတယ်။အခုပြောပြမယ့်အချက်တွေကို မဆင်မခြင်လုပ်မိမယ်ဆိုရင်တော့ သန်ထနိုင်တဲ့အခြေအနေကတော်တော်လေးများသွားနိုင်ပါတယ်။

ရောဂါပိုး ရှိနေတဲ့မြေပြင်ပေါ်မှာ ဖိနပ်မပါဘဲ လမ်းလျှောက်တဲ့အခါ မြေပြင်မှာရှိနေတဲ့ ချိတ်ပြားသန်ကောင်လိုမျိုး သန်တွေကအရေပြားကနေတဆင့် ဖောက်ဝင်သွားပြီး သန်ထတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဖိနပ်မပါဘဲ လမ်းမလျှောက်ပါနဲ့။ ကလေးကိုအိမ်အပြင်ဘက်ထွက်လျှောက်တဲ့အခါမျိုးမှာဖြစ်ဖြစ် ပန်းခြံထဲဆင်းဆော့တဲ့အခါမှာပဲဖြစ်ဖြစ်

ဖိနပ်မစီးဘဲ မသွားခိုင်းပါနဲ့။ တစ်ခါတလေ သစ်သီးတွေ၊

ဟင်းသီးဟင်းရွက်တွေ ၊အသား၊ငါးတွေမှာ သန်ကောင်ရဲ့ ဥတွေတွယ်ညှိနေပြီး စားသုံးလိုက်မှုကနေတဆင့် ခန္ဓာကိုယ်ထဲကိုရောက်ရှိသွားနိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေကနေတဆင့်လည်း

ကလေးငယ်တွေ ကို သန်ကောင်တွေဝင်ရောက် ကူးစက်နိုင်ပါတယ်။
မြေကြီးတွေ၊ လူတွေရဲ့ မစင်တွေနဲ့တိုက်ရိုက်ထိတွေ့မှုကနေတဆင့်လည်း သန်ကောင်တွေကူးစက်နိုင်ပါတယ်။

ညစ်ပေတဲ့အရာတွေ ကို ကိုင်တွယ်ပြီးတဲ့အခါ လက်ကို သန့်စင်အောင်မဆေးကြောတာကြောင့်လည်း သန်ထတာမျိုးတွေဖြစ်နိုင်ပါတယ်။

သန်ထတဲ့အခြေအနေကဆိုးရွားလာတဲ့အခါ
သန်ထတဲ့အခြေအနေက ဆိုးရွားလာတဲ့အခါ -
အထူးသဖြင့် ကလေးတွေမှာ ခန္ဓာကိုယ်က မထွားလာတော့ဘဲဖြစ်နေမယ်၊အာဟာရချို့တဲ့လာမယ်၊

အူအတွင်းပိုင်း မှာ

သွေးယိုစိမ့်မှုတွြေ ဖစ်တာကြောင့်

သံဓာတ်ချို့တဲ့ လာပြီး

သွေးအားနည်းရောဂါ ခံစားလာရမယ်၊ အူနံရံတွေက

အစာအာဟာရတွေ ကို စုပ်ယူဖို့ခက်ခဲလာမယ်၊

ဝမ်းလျှော မယ်

သင်ယူနိုင်စွမ်း ကျဆင်းလာမယ်၊အာရုံစူးစိုက်နိုင်စွမ်းနည်းလာမယ်။

အူပိတ် သွားတာလိုမျိုး

ကိုယ်တွင်းအင်္ဂါ ထိခိုက်တာမျိုးတွေဖြစ်လာမယ်။

ဘယ်နှစ်လတစ်ခါလောက် သန်ချဖို့လိုမလဲ
အပေါ်မှာပြောခဲ့တဲ့ ပြဿနာတွေကနေ ကင်းဝေးပြီး ကျန်းမာတဲ့မိသားစုဘဝလေးဖြစ်စေဖို့အတွက် သန်ချဖို့လိုအပ်ပါမယ်။  ပုံမှန် ၆ လတစ်ကြိမ် မဖြစ်မနေ

သန်ချ သင့်ပါတယ်။ ကလေးတွေကိုဆိုရင်တော့ ၂ နှစ်ကျော်အရွယ်ကစလို့ ပုံမှန် ၆ လတစ်ကြိမ် သန်ချပေးပါ။ ဒီအရွယ်မှာ ကလေးက လျှောက်သွားတာ၊ ပါးစပ်ထဲတွေ့ကရာတွေလျှောက်ထည့်တာမျိုးတွေ စလုပ်ပြီဖြစ်တဲ့အတွက် ဒီအရွယ်မှာစပြီး သန်ချတာကအကောင်းဆုံးဖြစ်ပါတယ်။ ဒီလိုလုပ်ပေးခြင်းက ကလေးငယ်ရဲ့

ကိုယ်ခံအားစနစ်တွေ ကို ထိခိုက်မှုမဖြစ်စေဖို့အတွက် ကာကွယ်ပေးရာ ရောက်ပါတယ်။ နောက်ထပ်သတိပြုသင့်တာတစ်ချက်က ကလေးရော လူကြီးတွေပါအမြဲတမ်း

တစ်ကိုယ်ရေသန့်ရှင်းရေး ကိုဂရုစိုက်ဖို့ပါ။ လက်တွေကို ပုံမှန်ဆေးစေပြီးအပြင်ထွက်တိုင်း ဖိနပ်စီးဖို့သတိပေးပါ။ သန်ချတဲ့အခါမှာ တစ်မိသားစုလုံး သန်ချတာက ပိုစိတ်ချရပါတယ်။ သန်ချဖို့ ကျန်နေတဲ့သူတွေရှိရင် သူတို့ဆီမှာကျန်နေတဲ့သန်တွေကနေ ကျန်တဲ့သူတွေဆီ ပြန်ပွားလာနိုင်လို့ တစ်မိသားစုလုံးသန်ချတာက စိတ်အချရဆုံးနဲ့အစွမ်းအထက်ဆုံးပါ။အိမ်မှာ

အိမ်မွေးတိရစ္ဆာန်လေးေ တွမွေးထားတယ်ဆိုရင် မိသားစုတွေ သန်ချတိုင်းအိမ်မှာမွေးထားတဲ့အကောင်လေးတွေကိုလည်း သန်ချပေးပါ။ တစ်ခါတလေမှာ သန်ကောင်တွေကအိမ်မွေးတိရစ္ဆာန်တွေဆီကနေတဆင့် လူ့ခန္ဓာကိုယ်ဆီကို ကူးစက်နိုင်တာကြောင့်ပါ။ ဒီလိုကလေး၊ လူကြီးနဲ့အိမ်မွေးတိရိစ္ဆာန်လေးတွေပါမကျန် သန်ချဖို့အတွက်အဆင်ပြေနိုင်မယ့် သန်ချဆေးရှာဖွေနေတယ်ဆိုရင် 

Fugacar (ဖူဂါကာ) လိုမျိုး သန်ချဆေးကိုရွေးချယ်သင့်ပါတယ်။အသက် တစ်နှစ်အထက်ကနေစပြီးအရွယ်မရွေးမှာ သောက်နိုင်တာကြောင့် မိသားစုတစ်ခုလုံးသန်ချဖို့အတွက် သင့်တော်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Some text some message..