ကြီးနေတဲ့ ကိုယ့်ခြေသလုံးကို ဘယ်လိုပိန်အောင် လုပ်ရပါ့။ ။
hellosayarwon.com
|
2019-07-11


လူလေးကို ကြည့်တော့အပေါ်ပိုင်းကတော့ ပိန်သွယ်သွယ်လေး ခြေသလုံးကျ ကြီးပြီးတုတ်နေရင် ကြည့်မကောင်းဘူးဆိုတာအားလုံးသိကြမှာပါ။ ဒီတော့ ခြေသလုံး သွယ်ချင်လို့ လေ့ကျင့်ခန်းတွေ သွားလုပ်ခါမှ ခြေသလုံးကြွက်သားတွေ တက်လာပြီး ပိုဆိုးသွားလို့ စိတ်ညစ်နေပြီလား။ ဒါလေးတွေ သိထားဖို့လိုတယ်နော်။ ။

ဘာ့ကြောင့် ကိုယ့်ခြေသလုံးကျမှ တုတ်ရတာလဲ ။

မျိုးရိုးကိုတည်းက ခြေသလုံးကြီးတာ

အာဟာရ မျှတအောင် မစားတာ

လေ့ကျင့်ခန်း မှန်မှန်မလုပ်တာတွေက ခြေသလုံးကြီးစေတဲ့အကြောင်းအရင်းတွေ ပဲ ဖြစ်ပါတယ်။

ဒီတော့ကြီးနေတဲ့ကိုယ့်ခြေသလုံးလေး သေးသွားအောင် ဘယ်လိုနည်းလမ်းမှန်မှန်နဲ့ လုပ်ရပါ့ ။
ကိုယ့်ရဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲပါ။
ဒေါက်ဖိနပ် စီးတာ၊ ဘက်မညီတဲ့ ဖိနပ်မြင့်တွေ စီးတာဟာ ခြေသလုံးကြွက်သားကိုအားပိုပြုသလိုဖြစ်စေပြီး ခြေသလုံးကြွက်သားတွေ ကြီးလာစေပါတယ်။ ဒါ့ကြောင့် ဖိနပ်အပါးတွေကိုစီးပါ။ နောက်ပြီး မတ်တပ်အကြာကြီး ရပ်တဲ့အခါ

နှလုံ းဆီကို သွေးရောက်အောင် ခြေသလုံးကပိုညှစ်ပေးရတဲ့အတွက် ခြေသလုံးကြွက်သားတွေ ကြီးလာတတ်ပါတယ်။ ဒါကြောင့်အကြာကြီးမတ်တပ်မရပ်ပါနဲ့။

Cardio လေ့ကျင့်ခန်းသည်သာအဓိကပါ။
ခြေသလုံးကြီးနေတာအဓိကက စိုနေတဲ့အဆီကြောင့်ဆိုရင် ဒီအဆီတွေကို ချဖို့ cardio ဆော့ပေးမှရပါတယ်။ ဒါပေမယ့် သတိထားရမှာက ပြင်းထန်တဲ့ ခုန်ပေါက်တဲ့လေ့ကျင့်ခန်းတွေက ခြေသလုံးကြွက်သားပိုကြီးအောင် လှုံ့ဆော်သလိုဖြစ်တတ်တာကြောင့်

လေ့ကျင့်ခ န်းတွေလုပ်တဲ့အခါ ခြေထောက်ကိုအားအရမ်းကြီး မသုံးရတဲ့ လေ့ကျင့်ခန်းကိုပဲ လုပ်ပေးပါ။ နောက်ြ့ပီး လေ့ကျင့်ခန်းတစ်ခုတည်းလုပ်ရုံနဲ့ ခြေသလုံးသေးသွယ်သွားမှာ မဟုတ်တာကြောင့်အစားအသောက်လေးပါ ထိန်းပေးပါ။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ခြေသလုံးကို

အကြောလျှေ ာ့ပေးဖို့ မမေ့ပါနဲ့။

ခြေသလုံးကို နှိပ်နယ်ပေးပါ။
လေ့ကျင့်ခန် းလုပ်ပြီးတိုင်း ခြေသလုံးကြွက်သားတွေကို

အကြော့လျှော့ ပေး နှိပ်ပေးတဲ့အခါ လေ့ကျင့်ခန်းလုပ်စဉ်က တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့အောင် လုပ်ပေးတာဖြစ်သလို ပျော့ပျောင်းအောင် လုပ်ပေးသလိုလည်းဖြစ်တာကြောင့် ဖောင်းနေတဲ့

ကြွက်သား တွေ သေးသွယ်သွားမှာပါ။

ခြေသလုံးကြွက်သားတွေ ကြီးမလာစေဘဲ ကျစ်သွားအောင် လုပ်ကြမယ် ။
ပြင်းထန်တဲ့ေ

လ့ကျင့်ခန် း တွေ လေးလွန်းတဲ့ အလေးတုံးတွေကခြေသလုံးကြွက်သားတွေကို ပိုကြီး ပိုထူလာစေတတ်ပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်နေရင်း ခြေသလုံးကြီးလာပြီလို့ သတိထားမိတဲအ့ခါအလေးတုံးကိုအလေးချိန် လျှော့လိုက်ပြီးအကြိမ်အရေအတွက် များများပိုလုပ်ပေးတာမျိုးလုပ်လို့ရပါတယ်။ ခြေသလုံးကြီးလာတာကို လုံးဝမကြိုက်ဘူးဆိုရင်

ခြေသလုံ းကိုအားပြုရတဲ့ ေ့လကျင့်ခန်းတွေကို လုံဝ မလုပ်ဘဲလည်း နေလို့ရပါတယ်။

Hello Health Group   သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။  




Some text some message..