ကြွက်သား
တက်အောင် ကြိုးစားနေတဲ့သူတိုင်း ပရိုတင်းshake ဆိုတာကို သိကြမှာပါ။ ပိန်ရာကနေ ဘော်ဒီတောင့်အောင်လုပ်ပေးတဲ့နေရာမှာ
ပရိုတင်
း shake တွေ ကဆရာကြီးလေ။ ဒီလို သောက်လိုက်ရင် ကြွက်သားတက်အောင် လုပ်ပေးတာကတော့ ဟုတ်ပါပြီ။ ဘယ်လိုအချိန်တွေမှာ သောက်ရမယ် ဆိုတာများရှိဦးမလား။
ကြွက်သားတက်ချင်ရင်အသားတွေ စားပေးရင် မရဘူးလား။
ကြွက်သားတက်
ဗလတောင့်
ချင်ရင် လိုအပ်တဲ့ပရိုတင်းကို နေ့စဉ်ပုံမှန်စားပေးဖို့ လိုတယ်ဆိုတာအားလုံးသိကြမှာပါ။
ကြွက်သားတက်
ချင်ရင်
ပရိုတင်
းစားပေးဖို့လိုတယ်ဆိုတာ မှန်ပေမယ့် နည်းသွားရင် အကျိုးမရှိတာမျိုး မဖြစ်တော့သလို များလွန်းပြီးအရမ်းကြွက်သားကြီးနေတာမျိုး မဖြစ်ရအောင် မှန်ကန်တဲ့ ပမာဏတော့ ဖြစ်ဖို့လိုပါတယ်။ တစ်ခုတော့ရှိပါတယ်။ ဒီလိုမှန်ကန်တဲ့
ပရိုတင်း
ပမာဏကို စားဖြစ်ဖို့ဆိုတာအပြောကသာ လွယ်ပေမယ့် တကယ်တမ်းလိုက်လုပ်ကြည့်ရင် မလွယ်ကူလှပါဘူး။အသားတွေစား ပဲတွေစား ဘယ်လောက့်ပဲ ပြောပြော ချက်လိုက်တာကြောင့်အနည်းငယ်လျော့သွားမယ့်ပရိုတင်းတွေရယ်၊ ချက်ဖို့ပြုတ်ဖို့ မအားလပ်တာရယ်၊ ဘယ်အသားမှာ ပရိုတင်းဘယ်လောက်ပါဘဲ သေချာမသိတာတွေကြောင့် ပရိုတင်းတွေ စားသာစားနေပေမယ့် ကြွက်သားတက်နှေး နေတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့ ပရိုတင်းအမှုန်တွေ့၊ ပရိုတင်းအားဆေးတွေ ပေါ်လာရတာဖြစ်ပါတယ်။ သူတို့ကကျတော့ ဘယ်နှစ်ဇွန်း၊ ဘယ်နှစ်ခွက်ဆိုရင် ပရိုတင်းပမာဏ ဘယ်လောက်ရမယ်ဆိုတာတွေ သေချာတွက်ချက်ပြီးသားဖြစ်တာကြောင့်ပါ။အဲဒီထဲမှာမှ မနက်ပိုင်းနဲ့ လေ့ကျင့်ခန်းလုပ်ပြီးချိန်တွေက ပရိုတင်းသောက်သင့်ဆုံးအချိန်တွေံပါ။အသေးစိတ်ကို ထပ်လေ့လာကြည့်ရအောင် ။ ။
မနက်ပိုင်း ။ ။
အမိုင်နိုအက်ဆ
စ်တွေဆိုတာ ပရိုတင်းရဲ့ အစိတ်အပိုင်းလေးတွေ ဆိုတာအားလုံးသိကြမှာပါ။ ကိုယ်ခန္ဓာကနေ ယူပြီးသုံးစွဲဖို့ ပရိုတင်းကအမိုင်နိုအက်ဆစ်ပုံကို ပြောင်းပေးရပါတယ်။အိပ်နေတဲ့အချိန်ဆိုရင် ကိုယ်ခန္ဓာကိုယ်ထဲမှာ ဒီအမိုင်နိုအက်ဆစ်ပမာဏအနည်းဆုံးရှိနေတာပါ။ နောက်ပြီး ညစာစားခဲ့တဲ့အချိန်နဲ့ နောက်တစ်ရက် မနက်စာစားမယ့်အချိန် ကြားထဲက ကွာခြားမှုဟာ ၁၂ နာရီလောက်တောင်ရှိနေတာကြောင့့် မနက်နိုးနိုးချင်းအချိန်က ကိုယ်တွင်းက
ပရိုတင်
းပမာဏအ နည်းဆုံး ရှိနေတဲ့အချိန်ပါ။ ဒါေ့ကြာင့် မနက်နိုးနိုးချင်း ပရိုတင်းသောက်တာဟာ ကိုယ်ခန္ဓာအတွက် တကယ်ကိုအကျိုးရှိတဲ့အရာတစ်ခုပါ။ ပရိုတင်းချည်းပဲ သောက်ပြီး မနက်စာမစားလို့တော့မဖြစ်ပါဘူး။ မနက်စာမစားတဲ့အခါ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ energyအတွက် ကြွက်သားတွေ၊အဆီတွေကို ဖြိုခွဲပြီးသုံးရတာကြောင့် တည်ဆောက်၇မယ့် ကြွက်သားတွေ အကုန်ပြိုကွဲကုန်တာကြောင့် မနက်စာလည်းစားပေးဖို့လိုပါတယ်။
လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်း ။။
ကြွက်သားတက်စေဖို့ လေးပင်တဲ့ အလေးတုံးတွေကို မတာ၊ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လုပ်ရတာကြောင့် ကုန်ခမ်းသွားတဲ့အားအင်တွေကိုပြန်ဖြည့်ဖို့၊ ပြိုကွဲသွားတဲ့ ကြွက်သားတွေကို ပြန်ပြီး တည်ဆောက်ဖို့အတွက် ပရိုတင်းပမာဏ များများ ပြန်စားပေးဖို့လိုပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်းအချိန်ဟာ ကြွက်သားပြန်တည်ဆောက်ဖို့အကောင်းဆုံးအချိန်တစ်ခုပါ။
ဘယ်လိုအမျိုးအစား ပရိုတင်းကို ရွေးမလဲ။
ကြွက်သားတက်စေဖို့ ကိုယ်သောက်တဲ့အချိန်တွေကလည်းအရေးကြီးသလို ဘယ်လိုပရိုတင်းအမျိုးအစားကို ရွေးချယ်သောက်မလဲဆိုတာကလည်း စကားပြောပါသေးတယ်။ မနက်ပိုင်းအချိန်နဲ
့ လေ့ကျင့်ခန်
းလုပ်ပြီးပြီးချင်းအချိန်တွေမှာ ပရိုတင်းမြန်မြန်ဆန်ဆန်ရဖို့လိုအပ်တာကြောင့်အဲဒီအချိန်တွေမှာ fast-absorbing protein supplementအမျိုအစားကို ရွေးချယ်သင့်ပါတယ်။
ပဲပိစပ်
တို့ casein တို့ကိုအခြေခံထုတ်ထားတဲ့ ပရိုတင်းတွေထက်စာရင် ကြက်ဥတွေကိုအခြေခံပြီး ထုတ်ထားတဲ့ ပရိုတင်းအမှုန့်တွေက ပိုပြီး စုပ်ယူရ လွယ်ကူမြန်ဆန်ပါတယ်။
ဘယ်လောက်သောက်ကြမလဲ ။ ။
ဘယ်အချိန်သောက်ရမလဲ၊ ဘာအမျိုးအစားသောက်ရမှာလဲ သိသိပြီးဆိုတော့ ဘယ်လောက်သောက်ရမှာလဲကျန်သေးတာပေါ့။ ကြွက်သားတည်ဆောက်မှုကိုအားပေးဖို့ လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်းအချိန်မှာ ပရိုတင်း ၁၅ ဂရမ်လောက်သောက်ပေးဖို့လိုပါတယ်။အားကစားသမားတွေအတွက်တော့ Training ဝင်ပြီးပြီးချင်း ပရိုတင်း ၃၀ ဂရမ်ကနေ ၄၀ ဂရမ်လောက်အထိ ပြန်သောက်ပေးဖို့လိုအပ်ပါတယ်။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။ .