Goji Berry စားသုံးပေးခြင်းကြောင့် ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ
myanmaplatform.com
|
2019-07-24



Goji Berry ကို တရုတ်လူမျိုးတွေက တရုတ်ရိုးရာတိုင်ရင်းဆေးပညာအတွက်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ Goji Berry ကို ဟိမဝန္တာတောင်တန်းတွေမှာရှိတဲ့ ဘုန်းတွေကြီးတွေအတွက် ကျန်းမာရေးကိုအကူအညီထောက်ပံ့ပေးပါတယ်။ Goji Berry ဟာ လန်းဆန်းတတ်ကြွစေပြီး၊အသက်ရှည်စေနိုင်ပြီး သက်လုံကောင်းမွန်စေနိုင်တဲ့အပြင် မျက်လုံးအတွက်လည်းအမြင်အာရုံကို ပိုမိုအားကောင်းစေနိုင်ပါတယ်။ Goji Berry က ဘယ်လိုမျိုးကျန်းမာရေးအတွက် ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေ ရရှိနိုင်လဲဆိုတာကို ပြောပြလိုက်ပါတယ်နော်။




၁။ antioxidant ဓာတ် ကြွယ်ဝစွာ ပါဝင်ခြင်း

Goji Berry ကအခြားသောအသီးအနှံ့တွေထက် သာလွန်တဲ့ superfood ဖြစ်ပါတယ်။ Goji Berry မှာပါဝင်တဲ့ antioxidant ဟာစွမ်းအားကို မြှင့်တင်ပေးပြီး Oxidative, စိတ်ဖိစီးမှုနဲ့ ခန္ဓာကိုယ်တွင်းရောင်ရမ်းခြင်းတွေကိုအကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ Goji Berry ဟာဆိုရင်အံ့သြစရာကောင်းလောက်တဲ့အာဟာရဓာတ်များစွာ ပါဝင်တာကြောင့် နေ့စဉ်စားသုံးပေးသင့်ပါယ်။




၂။ ကင်ဆာရောဂါမဖြစ်အောင် ပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်ခြင်း

Goji Berry ဟာ blueberries နှင့် rasberry တို့လိုပဲ ဗီတာမင်စီနဲ့ ဗီတာမင်အေတို့ပါဝင်ပါတယ်။ ကင်ဆာဖြစ်စေနိုင်တဲ့ ရောဂါပိုးတွေကို တိုက်ဖျက်ပေးပြီး ကိုယ်ခံစွမ်းအားမြင့်တင်ပေးနိုင်တာကြောင့်အအေးမိခြင်းနဲ့ ကူးစက်ရောဂါတွေကို တားဆီးပေးနိုင်တဲ့အဓိက သော့ချက်တစ်ခုဖြစ်ပါတယ်။ Goji Berry ဟာအရွယ်မတိုင်ခင်အိုမင်းခြင်းကင်ဆာအကျိတ်ကြီးထွားမှုကို ဟန့်တာေးပးနိုင်တဲ့အပြင် ကင်ဆာဆဲလ်အမျိုးမျိုးုကိလည်း ဆန့်ကျင်တိုက်ဖျက်ပေးနိုင်ပါတယ်။




၃။ မျက်လုံးကျန်းမာရေးနဲ့အမြင်အာရုံကို ပိုမိုကောင်းမွန်စေနိုင်ခြင်း

Goji Berry ဟာဆိုရင်အသက်ကြီးချိန်မှာဖြစ်တတ်တဲ့ macular ယိုယွင်းပျက်ဆီးခြင်း၊ မျက်စိကွယ်ခြင်း၊ တိမ်စွဲခြင်း၊အမြင်အာရုံဝေဝါးခြင်း စတဲ့မျက်လုံးနဲ့ပတ်သက်တဲ့ ရောဂါများကို ကာကွယ်ပေးပါတယ်။ လေ့လာမှုတွေအရမျက်လုံးနဲ့ပတ်သက်တဲ့ ရောဂါအချို့ကို သဘာဝကုသမှုအဖြစ် Gojis berry Juice ုကိ သောက်သုံးခြင်းကသင့်ရဲ့ မျက်ကြည်လွှာကာကွယ်စောင့်ရှောက်ပေးနိုင်ကြောင်းကို တွေ့ရှိခဲ့ရပါတယ်။ Goji Berry ကို (မျက်လုံးကောင်းစေတဲ့အနီရောင်အသီး)လို့လည်း ခေါ်ကြတာကို တွေ့ရပါတယ်။အခုဆိုရင် Goji Berry ကိုအာရှဒေသတော်တော်များများမှာ စားသုံးနေတာကို တွေ့မြင်ရပါတယ်။ ဒါကြောင့် သင့်ရဲ့မျက်လုံးကို ပိုမိုအမြင်အာရုံကောင်းမွန်စေချင်တယ်ဆိုရင်တော့ သင်ကောစားသုံးပေးသင့်ပါတယ်နော်။




၄။ ဦးနှောက်ကျန်းမာစေတဲ့အပြင် မှတ်ဉာဏ်ပိုမိုကောင်းစေနိုင်ခြင်း

Goji Berry က ဦးနှောက်နဲ့အာရုံကြောကိုလုပ်ဆောင်ချက်တွေကို သိသိသာသာကောင်းမွန်စေနိုင်တဲ့အပြင် ဦးနှောက်ဆဲလ်တွေကိုလည်းအားဖြည့်ပေးပါတယ်။အရွယ်တင်နုပျိုစေနိုင်တဲ့အတွက် လူကြီးပိုင်းတွေစားသုံးပေးသင့်တဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ Goji Berry က စိတ်ဖိစီးမှုတွေကိုလည်း လျော့ချပေးနိုင်ပြီး ခေါင်းကြည်စေပါတယ်။အာရုံကြောစနစ်နဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းအောင်ရည်တွေကိုလည် ပိုကောင်းလာစေနိုင်ပါတယ်။




၅။ သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေနိုင်ခြင်း

Goji Berry ဟာဆိုရင် ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ဂလူးကို့စ်ကိုအဆင့်ဆင့်ဟန်ချက်ညီအောင် ထိန်းသိန်းပေးနိုင်တာကြောင့် ဆီးချိုသမားများလည်း စားသုံးပေးသင့်ပါတယ်။ Goji Berry က သွေးတွင်းသကြားဓာတ်ကို ကျစေနိုင်တဲ့အပြင် ဆီးချိုမတက်အောင်လည်း ကာကွယ်ပေးပါတယ်။




Some text some message..