ဘေဘီလေးရဲ့ပါးစပ်မှာအမြှုပ်တွေစီနေတာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ် ။
hellosayarwon.com
|
2019-07-27


ကိုယ့်ကလေးလေးကို မွေးလာပြီဆိုတည်းကအရိပ်တကြည့်ကြည့်နဲ့ စိုးရိမ်နေတတ်ကြတာ မိဘတိုင်းပါ။အချိန်ပြည့်ကလေးအရိပ်အခြေကို စောင့်ကြည့်ပြီး ပြုစုနေတဲ့ကြားက မိဘတွေ စိုးရိမ်ထိတ်လန့်စရာ အပြုအမူတွေ ကလေးဆီမှာ ဖြစ်တတ်ပါတယ်။အဲဒီအထဲကတစ်ခုကတော့ ကလေးပါးစပ်ကနေအမြှုပ်လေးတွေ ထွက်နေတာမျိုးပေါ့။

ကလေး ပါးစပ်ကနေအမြှုပ်လေးတွေ ထွက်နေပြီဆိုတာနဲ့ မိဘတော်တော်များများက စိုးရိမ်သွားတတ်ကြပါတယ်။

ကလေးကျန်းမာရေ းတစ်ခုခုဖြစ်နေပြီလား မတည့်တာတွေစားမိပြီးအမြှုပ်ထွက်နေတာလားပေါ့။ ဒီလိုပဲ ပုံမှန်ဖြစ်တတ်လားပေါ့။ ကဲဒီတော့

ဘေဘီလေ းတွေ ပါးစပ်ကအမြှုပ်ထွက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရာတွေက ဘာများလဲ ။

ဘာ့ကြောင့် ကလေးတွေ ပါးစပ်မှာအမြှုပ်လေးတွေ စီနေတတ်တာလဲ ။
ကလေးပါးစပ်မှာအမြှုပ်လေးတွေစီနေရခြင်းကို ဖြစ်စေတဲ့အကြောင်းအရာတွေအများကြီးရှိပါတယ်။ ပုံမှန် တံတွေးနဲ့လေနဲ့ ရောပြီးအမြှုပ်ထတာဖြစ်နိုင်သလို

ကလေးရဲ့လေကြောင်းလမ်း ပိတ်ပြီးအသက်ရှူမရတာကြောင့် မျိုးတွေ လဲဖြစ်နိုင်ပါတယ်။ ကဲဘယ်လိုအကြောင်းတွေ ရှိနိုင်လဲဆိုတာ ဆက်ကြည့်ရအောင်။

( ၁ ) ကလေးကို နို့အများကြီးတိုက်ထားတာကြောင့် ဖြစ်နိုင်ပါတယ်။
မွေးကင်းစ ကလေးလေးတစ်ယောက်က တစ်ခါသောက်ရင် နို့တစ်အောင်စကနေ နှစ်အောင်စလောက်အထိပဲ သောက်နိုင်တာပါ။ ဒါကို ကလေးဗိုက်ပြည့်စေချင်တဲ့စေတနာနဲ့အများကြီးတိုက်မိလို့ရှိရင် နို့တွေကို ကလေးကပြန်ထုတ်ရင်းနဲ့ ပါးစပ်မှာအမြှုပ်လေးတွေစီနေတတ်ပါတယ်။ ကလေးသဘာဝအရ အိပ်နေရင်းနဲ့လည်း တံတွေးတွေကို မျိုချမိတတ်တာကြောင့်

တံတွေ းနဲ့လေနဲ့ ရောသွားပြီးအမြှုပ်လေးတွေ စီထွက်နေတတ်ပါတယ်။

နို့တိုက် နေတဲ့အချိန်မှာတော့ ကလေးနို့တိုက်တာများသွားလား မများဘူးလားဆိုတဲ့ ပမာဏကို စစ်ဆေးကြည့်လို့ မရပေမယ့် နို့တိုက်တဲ့အချိန်ကိုတော့ တစ်ချက်ကြည့်လို့ရပါတယ်။ေ

မွးကင်းစ ကလေးတွေကို နို့တစ်ခါတိုက်ရင် တစ်ဘက်စီကို ၁၀ မိနစ်လောက်ပဲ ကြာသင့်ပါတယ်။ တကယ်လို့ကလေးက နို့မဝသေးတဲ့ ပုံပေါက်ရင် ၁၅ မိနစ်လောက် နားပြီးမှ တစ်ခါ ပြန်တိုက်ပါ။ ကလေးကို

နို့ဘူးတို က်နေတယ်ဆိုရင်တော့ မှန်ကန်တဲ့နို့ဘူးကို ရွေးချယ်တတ်ဖို့လိုပါတယ်။ နို့ဘူးရဲ့ နို့သီးခေါင်းက အပေါက်ကအရမ်းကျယ်နေတဲ့အခါ ကလေးတစ်ခါစုပ်လိုက်တိုင်း နို့အများကြီးနဲ့ လေတွေ ဝင်သွားတတ်ပြီး

ကလေး လေအောင့် တာ၊ ပါးစပ်ကနေအမြှုပ်ထွက်နေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

( ၂ ) ကလေးဗိုက်ထဲမှာ လေတွေရှိနေတာ ဖြစ်နိုင်တာကြောင့် ကလေးကို လေထုတ်ပေးပါ။
ကလေးတွေကို လေထုတ်ပေးဖို့ဆိုတာအရေးကြီးတဲ့အရာတစ်ခုပါ။အထူးသဖြင့် နို့တိုက်ပြီးချိန်မှာ လေထုတ်ပေးဖို့က ပိုလို့တောင်အရေးကြီးပါသေးတယ်။ မဟုတ်ရင်

နို့တွေ ပြန်အန် တာနဲ့အိပ်နေချိန် ပါးစပ်ကအမြှုပ်တွေစီနေတာမျိုး ဖြစ်တတ်ပါတယ်။
ကလေးလေးထုတ်ပေးတဲ့နေရာမှာ လူသုံးများဆုံး နည်းလမ်းကတော့ ကလေးကိုချီလျက်အနေအထားနဲ့ကလေးခေါင်းလေးက ကိုယ့်ပခုံးပေါ်မှာ မှီနေပြီး သူတို့ရဲ့ ဗိုက်လေးက ကိုယ့်ရဲ့ရင်ဘတ်ပေါ်မှာ ကပ်နေပါစေ။ ဒီလိုအနေအထားနဲ့ ကလေးကိုချီထားပြီး ကလေးကျောလေးကို ဖွဖွလေးနှိပ်ပေးပြီး လေထုတ်ပေးလို့ရပါတယ်။
နောက်တစ်နည်းကတော့ ကလေးကိုအိပ်ရာပေါ်မှာ မှောက်ထားပါ။ မှောက်ထားတဲ့အခါအစာအိမ်ပေါ် ဖိအားတစ်ခုသက်ရောက်သွားတာကြောင့် လေထွက်သွားမှာပါ။ ဒါမှ လေမထွက်သေးရင် ကလေးရဲ့ ခြေထောက်တွေကို မြှောက်လိုက်ချလိုက်လုပ်ပြီး လေထုတ်ပေးလို့ရပါတယ်။

( ၃ ) ရေမြွှာရေ တွေကလည်း ကလေးပါးစပ်ကနေအမြှုပ်တွေစီနေရခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတစ်ခုပါ။
တစ်ခါတစ်ရံ မွေးကင်းစကလေးတွေရဲ့ ဗိုက်ထဲမှာ ရေမြွှာရေတွေ မျိုချထားမိတတ်တာကြောင့်အဲဒီ ရေတွေကိုပြန်ထုတ်တဲ့အနေနဲ့ ကလေးပါးစပ်ကနေအမြှုပ်လေးတွေ စီထွက်နေတတ်ပါတယ်။ ဒီလိုေ ရမြွှာရေတွေ ပြန်အန်ထုတ်တဲ့အခြေအနေက မွေးပြီး ၂ ရက် ၃ ရက်လောက်ဆို ပြန်ပျောက်သွားတတ်ပါတယ်။

( ၄ )အစာခြေရည်ပြန်ဆန်တက်ခြင်း
အစာခြေရည်တွေ ပြန်ဆန်တက်တဲ့ ပြဿနာရှိတဲ့ ကလေးတွေကအခြားသူတွေထက် ပိုပြီးပါးစပ်မှာအမြှုပ်လေးတွေ စီနေတတ်ပါတယ်။ ဒီလို နို့သောက်ပြီးတာနဲ့ ပါးစပ်မှာအမြှုုပ်တွေ ပြန်ထွက်တတ်တဲ့

အစာခြေရည်ြ ပန်ဆန်တက်တဲ့ ပြဿနာရှိတဲ့ကလေးကို ဘေးစောင်းပြီး သိပ်တာပိုကောင်းပါတယ်။ ပက်လက်အနေအထားနဲ့အိပ်ခိုင်းရင်အစာခြေရည်တွေ ပိုဆန်တက်နိုင်ပြီး နို့သီးနိုင်လို့ပါ။
နောက်ပြီးအစာခြေရည်ပြန်ဆန်တက်တာကို ုကာကွယ်ချင်ရင် ကလေးကို ခေါင်းဦးထားပြီးသိပ်တာ ( ဒါမှမဟုတ်) ကလေးအိပ်တဲ့အိပ်ရာကို ခေါင်းပိုင်းနည်နးည်းလေး မြှင့်ထားတာမျိုးလုပ်ပေးလို့ရပါတယ်။
ကလေးရင်ဘတ်လေးကိုလည်း ဖွဖွလေးပွတ်ပေးလို့ရပါတယ်။

( ၅ ) ရောဂါပိုးဝင်ခြင်း။
ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့် ကလေးေ

လပြွန်ရောင် တာ ၊အဆုတ်ပွ

အဆုတ်ရောင် တဲ့ပြဿနာတွေဟာ ကလေးတွေအိပ်နေရင်းနဲ့ ပါးစပ်ကနေအမြှုပ်တွေစီနေရခြင်းရဲ့ ပြဿနာတွေထဲက တစ်ခုပါ။ ဒါပေမယ့် ပါးစပ်ကအမြှုပ်စီတာတစ်ခုတည်းမဟုတ်ဘဲ ကလေးကဖျားတာ၊

ချောင်းဆို းတာ ၊အသက်ရှူရခက်နေတာမျိုးတွေပါရှိရပါမယ်။ လေကြောင်းပိတ်ပြီး ကလေးအသက်ရှူရခက်နေတာမျိုး ဖြစ်နေမယ်ဆိုရင်တော့ လှဲအိပ်နေတဲ့ ကလေးကို ချက်ချင်းထောင်လိုက်ပါ။ ဒီလိုအခြေအနေသာရှိတယ်ဆိုရင်တော့အမြန်ဆုံး ကလေးဆရာဝန်ဆီ ပြေးတာပိုကောင်းပါလိမ့်မယ် ။ ဒါတွေကတော့ ကလေးပါးစပ်မှာအမြှုပ်လေးတွေစီနေရခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။ ဒါလေးတွေကိုသိထားမှာ ကိုယ့်ကလေးပါးစပ်ကအမြှုပ်တွေက ဘာ့ကြောင့်ဖြစ်ရတာလဲဆိုတာ မြန်မြန်ဆန်ဆန်သိပြီး စိုးရိမ်စရာရှိရင်လည်း ဆရာဝန်ဆီ မြန်မြန်သွားပြနိုင်မှာ ဖြစ်ပါတယ်။

Hello Health Group   သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။




Some text some message..