နေအိမ်လေး
ကို သန့်သန့်ရှင်းရှင်းထားပါ။ ရောဂါကင်းတယ်ဆိုတဲ့ စကားကအလကားပြောနေတာမဟုတ်ပါဘူး။ လိုအပ်တဲ့
ကျန်းမာရေးဂရုစိုက်မှုတွေ
ထဲက တစ်ခုဖြစ်နေတာကြောင့် လူကြီးတွေကပြောရတာပါ။ နေအိမ်သန့်ရှင်းမှာ နေအိမ်လေးထဲမှာ ကျန်းမာရေးကို ဒုက္ခပေးနိုင်တဲ့အင်းဆက်ပိုးမွှားတွေ ကင်းစင်တော့မပေါ့။
နေအိမ်မသန့်ရှင်းတာကြောင့် မဖိတ်ခေါ်ဘဲရောက်လာနိုင်တဲ့ ဧည့်သည်တွေ
နေအိမ်မသန့်ရှင်းတဲ့အခါ နေအိမ်တွင်းနဲ့ နေအိမ်ပတ်ဝန်းကျင်မှာ မဖိတ်ခေါ်ဘဲရောက်လာနိုင်တဲ့ ဧည့်သည်တွေကဒုနဲ့ဒေးပါ။ သူတို့ကရောက်လာပြီးရင် ဒီတိုင်းနေမှာ မဟုတ်ပါဘူး။ ရောဂါဆိုတဲ့ လက်ဆောင်ကြီးကို ပေးခဲ့မှာနော်။
ခြင်
ယင်ကောင်
ပိုးဟပ်
ခြ
သန်း
ဂျပိုး
ကြွက်
ပုရွက်ဆိတ်စတာတွေပေါ့။
မလိုခင်ဘဲရလိုက်မယ့် လက်ဆောင်တွေကရော ဘာတွေများလဲ......
ခြင် နေအိမ်တိုင်းက ခြင်ကင်းဖို့ဆိုတာ မလွယ်ကူမှန်းတော့ သိပါတယ်။ ဒါပေမယ့်
ပတ်ဝန်းကျင်
ကို သန့်ရှင်းအောင်ထားမယ်ဆိုရင် ခြင်ပေါက်ဖွားမှုကို နည်းနည်းလေတာ့လျှော့စေနိုင်တာပေါ့။ ခြင်အရမ်းများတာကြောင့် ခြင်ကိုက်ခံရမှုကနေတဆင့်
သွေးလွန်တုပ်ကွေး
ငှက်ဖျား
ဆင်ခြေထောက်ရောဂါ
ဆင်တုပ်ကွေး
ဂျပန်ဦးနှောင်ရောင်ရောဂါတွေဖြစ်နိုင်ပါတယ်။ ဘယ်လိုကာကွယ်မလဲ.....
နေအိမ်ကိုသန့်ရှင်းအောင်ထားပါ
ခြင်နိုင်ဆေးထွန်းပါ
လုံခြုံစွာဝတ်ဆင်ပါ။ ယင်ကောင် ရောဂါပိုးတွေကို ခြေလက်တွေမှာ သယ်ဆောင်လာပြီး ပို့ချတတ်သူတွေပေါ့။ ယင်ကောင်တွေကအညစ်အကြေးတွေမှာ နားပြီးအစားအစာတွေပေါ်မှာ နားလိုက်တဲ့အခါအစားအစာတွေထဲမှာ ရောဂါပိုးတေါကအလိုလျော်ပါပြီးသားဖြစ်သွားရောပေါ့။ ဒီလိုမသန့်ရှင်းတဲ့အစားအစာတွေကို စားမိတဲ့အခါမှာ
ဝမ်းပျက်ဝမ်းလျှောတာ
ဗိုက်နာတာ
မအီမသာဖြစ်တာတွေ
အူရောင်ငန်းဖျားရောဂါ
အနာကြီးရောဂါတွေခံစားရနိုင်ပါတယ်။ ဘယ်လိုကာကွယ်မလဲ....
နေအိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားမယ်
အစားအစာတွေကို ဖုံုးအုပ်မယ်
ယင်ကောင်ကင်းစင်တဲ့ ပတ်ဝန်းကျင်တစ်ရပ်ဖြစ်အောင် ဖန်တီးမယ်။ ပိုးဟပ် ပူနွေးတဲ့နေရာတွေမှာနေတတ်ကြတယ်။ မီးဖိုချောင်တွေ။ နံရံအခေါင်းပေါက်ထဲမှာအနေများကြပါတယ်။ ညမှောင်တဲ့အခါထွက်လာတတ်သလိုအလင်းရောင်အားနည်းတဲ့နေရာတွေမှာလည်းအချိန်မရွေးရှိနေနိုင်ပါတယ်။အစားအစာတွေပေါ်၊ ပန်းကန်အိုးခွက်တွေမှာ ပိုးဟပ်တွေနားလိုက်မယ်၊ လျှောက်တက်မယ်ဆိုရင်
ဝမ်းပျက်ဝမ်းလျှောဖြစ်တာ
ဝမ်းကိုက်တာ
အူရောင်ငန်းဖျားရောဂါ
အစာခြေစနစ်ပြဿနာတွေ
ကို ခံစားရစေနိုင်ပါတယ်။ ဘယ်လိုကာကွယ်ကြမလဲ.....
နေအိမ်ကိုသန့်ရှင်းအောင်ထားပါ
ပရုတ်ပြားတွေထားရှိပါ
အမှိုက်ပုံးတွေကို သေချာထားရှိပါ
အစားအစာတွေကို ဖုံးအုပ်ထားပါ
စိုထိုင်းဆနည်းနိုင်သမျှနည်းအောင် ဂရုစိုက်ပါ။ ခြ ရုတ်တရက်ကြည့်လိုက်ရင် နေအိမ်ပရိဘောဂတွေကိုပဲ ထိခိုက်စေတာပါ။ ကျန်းမာရေးကို မထိခိုက်စေနိုင်ဘူးလို့ ထင်စရာရှိပါတယ်။ တကယ်တော့ နေအိမ်မှာ ခြတွေရှိနေမယ်ဆိုရင်
ဓာတ်မတည့်မှုတွေဖြစ်နိုင်တယ်
ပန်းနာရင်ကျပ်ရောဂါြ
ဖစ်နိုင်တယ်။ ဘယ်လိုကာကွယ်ကြမလဲ.....
အိမ်ကိုသေချာလေးသန့်ရှင်းပါ
ခြအိမ်တွေတွေ့ရှိပြီဆိုရင်အင်းဆက်တိုက်ဖျက်တဲ့ဆေးတစ်မျိုးမျိုးဖြန်းပေးပါ။ ဂျပိုးအိပ်ရာတွေ၊အခင်းတွေနဲ့ ဆိုဖာတွေမှာ ခိုအောင်းနေတတ်တဲ့ သွေးစုပ်တတ်တဲ့ သတ္တဝါလေးတွေပေါ့။ ရောဂါကို တိုက်ရိုက်ပေးတာမျိုးမဟုတ်ပေမယ့် ရောဂါဖြစ်လာစေတဲ့အကြောင်းရင်းခံတစ်ခုပေါ့။ နေအိမ်မှာ ဂျပိုးတွေရှိနေမယ်ဆိုရင်
အရေပြားဓာတ်မတည့်မှုတွေဖြစ်နိုင်တယ် ဂျပိုးကိုက်ခံရတဲ့နေရာတွေကို ယားလို့ ကုတ်ရာကနေ
အပေါ်ယံအရေပြားတွေ
ပေါက်ပြဲပြီး ရောဂါပိုးတွေ ဝင်ရောက်စေနိုင်တယ်။ ဘယ်လိုကာကွယ်မလဲ.....
နေအိမ်ကို သပ်သပ်ရပ်ရပ်ထားပါ
အိပ်ယာခင်တွေ၊စောင်တွေကို ပုံမှန်လျှော်ပါ
အခင်းတွေကို နေထုတ်လှန်းပါ
ဆိုဖာတွေကို ဖုန်စုပ်ပါ။ ကြွက် ကြောက်စရာကောင်းတဲ့အိမ်တွင်းရန်သူတွေပေါ့။ စားကြွင်းစားကျန်တွေတင်စားတာမဟုတ်ဘဲ ရောဂါပိုးတွေကိုပါအတင်းချန်ထားခဲ့သေးတာ။အိမ်မှာ ကြွက်ပေါတာကြောင့်
ပလိပ်ရောဂါ
Hantavirus Pulmonary Syndrome (HPS)အသက်သေဆုံးသည်အထိ ပြင်းထန်နိုင်တဲ့အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ
lymphocytic choriomeningitis virus (LCMV)
Tularemia
အသည်းရောင်အသားဝါရောဂါ
တို့ခံစားရနိုင်ပါတယ်။ ဘယ်လိုကာကွယ်မလဲ........
နေအိမ်ကို သန့်ရှင်းသပ်ရပ်အောင်ထားပါ
စားကြွင်းစားကျန်တွေသေချာစွာစွန့်ပစ်ပါ
နေအိမ်ပတ်ဝန်းကျင်ကိုအမှိုက်ကင်းစင်အောင်ထားပါ။ ကဲ.... နေအိမ်လေးကို သန့်ရှင်းအောင်ထားပါလို့ ဘာကြောင့်ပြောရတာလဲဆိုတာကို သိလောက်ပြီထင်ပါတယ်။အခုကစပြီး နေအိမ်ကို သန့်ရှင်းအောင်ထားလို့ ကိုယ်တိုင်ကိုရော မိသားစုကိုပါရောဂါတွေကနေ ကာကွယ်လိုက်ပါ။
Hello Health Group
သည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။