လူတိုင်း တစ်သက်မှာအနည်းဆုံးတစ်ခါတော့ ဒီလိုအနာကွက်တွေ ပါးစပ်ထဲမှာ ပေါက်နိုင်ပါတယ်။ သူ့ကို mouth ulcer လို့လည်းခေါ်တယ်ဗျ။ ပါးစပ်ထဲမှာ ပေါက်တတ်တဲ့အဖြူရောင်
အနာ
ကွက်လေးတွေပေါ့။ ထမင်းစားတာ၊ ရေသောက်တဲ့အချိန်ဆိုအရမ်းကို နာပါတယ်။ တစ်ခါတလေ ဘာမှမစားဘဲနေရင်တောင် မခံမရပ်နိုင်အောင် နာတတ်တယ်နော်။ ရာသီမရွေး၊ ကျား၊ မ မရွေး ဖြစ်တတ်ပြီးအဓိကဖြစ်ရတဲ့အကြောင်းရင်းကတော့ သွားတိုက်တဲ့အချိန်မှာ သွားဖုံးနဲ့
သွားတိုက်တံ
ခြစ်မိတာ၊ သွားဖုံးကို သွားနဲ့ကိုက်မိတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်အရမ်းကြီးတော့ စိတ်ပူဖို့မလိုပါဘူး။ ဒီအနာက ဘာဆေးမှမသောက်ရင်တောင် တစ်ပတ်ကနေ နှစ်ပတ်အတွင်းမှာ သူ့အလိုလို ပျောက်သွားနိုင်ပါတယ်။
ပါးစပ်တွေမှာ ဘာကြောင့်အနာတွေဖြစ်ရတာလဲ။
သွားသေချာမတိုက်တာ
သွားတိုက်နေရင်း သွားပွတ်တံနဲ့ ချော်ပြီးခြစ်မိတာ
သွားဖုံး
ကို ကိုက်မိတာ
မညီညာတဲ့ သွားတွေနဲ့ သွားဖုံးကိုအမြဲပွတ်တိုက်နေတာ
ပူလွန်းတဲ့အစားအစာတွေကြောင့်အပူလောင်ပြီးအနာကျန်ခဲ့တာ
ပြင်းလွန်းတဲ့ ခံတွင်းသန့်ဆေးရည်တွေ သုံးတာ
ရေယုန်ဗိုင်းရပ်စ်ပို
း
တချို့သော ဆေးဝါးတွေနဲ့ ဓာတ်မတည့်တာ
ခုခံအားကျဆင်းတာ
စိတ်ဖိစီးမှု
များတာ
ခံတွင်းကင်ဆာဖြစ်တာကြောင့် ပါးစပ်မှာ ulcer လို့ ခေါ်တဲ့အဖြူရောင်အနာကွက်တွေ ဖြစ်တတ်ပါတယ်။ တစ်ခါတလေကျလည်းအကြောင်းမရှိဘဲ စိတ်ဖိစီးမှုများတာ၊ ဗီတာမင် ဘီ ချို့တဲ့တာတွေကြောင့် ပါးစပ်မှာအဖြူရောင်အနာကွက် ပေါက်တတ်ပါတယ်။ သွားဖုံးမှာသာမက လျှာဘေး၊အာသီး၊ လည်ချောင်းတွေမှာ ပေါက်နိုင်တဲ့အတွက် ကိုယ့်အတွက်အစာစားရခက်တာ၊ ဆေးထည့်ဖို့ လက်လှမ်းမမီဘူးဆိုရင်တော့ သွားဆရာဝန်နဲ့ ပြကြည့်တာအကောင်းဆုံးပါပဲ။ မကြာခဏ ulcer ပေါက်တတ်တယ်ဆိုရင်လည်း
ဗီတာမင်
ချို့တဲ့ခြင်း၊ တခြားကျန်းမာရေးပြဿနာတွေ ရှိ၊ မရှိကို သေချာစစ်ဆေးကြည့်သင့်ပါတယ်။
အဖြူရောင်အနာကွက်ရဲ့ ရောဂါလက္ခဏာတွေ
အဝိုင်းပုံသဏ္ဍာန်အဖြူကွက်တွေအရေပြားပေါ်မှာ တွေ့ရမယ်
အစပိုင်းမှာအဖြူရောင်အကွက်သေးသေးလေးအဖြစ်တွေ့ရပြီး ကြီးလာတဲ့အခါအလယ်ကအတွင်းသို့ ချိုင့်ဝင်သွားပြီး ဘေးအနားသတ်တွေကအနည်းငယ်နီနေမယ်အစာစားတဲ့အခါ၊အထူးသဖြင့်အငန်၊အဆီ၊အကြော်၊
အစပ်
၊အချဉ်တွေ စားလိုက်တဲ့အခါအရမ်းစပ်နေမယ်
ခံတွင်းပျက်ခြင်း
အစာမြိုချရခက်ခြင်းတွေပဲ ဖြစ်ပါတယ်။
Ulcer မြန်မြန်ပျောက်အောင် ဘယ်လိုလုပ်ကြမလဲ။
ဘယ်လိုအကြောင်းကြောင့်ပဲအနာပေါက်ပေါက်အလွယ်တကူပျောက်အောင် ကုသလို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ ၁။ သွားတိုက်ပြီးတဲ့အခါ ဆားငန်ရည်နဲ့ လည်ချောင်းထိရောက်အောင် ပလုတ်ကျင်းပါ။ ၂။ ulcer မပျောက်မချင်းအပူ၊အစပ်၊အကြော်အလှော် လုံးဝရှောင်ပါ။ ၃။ သွားကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မှန်မှန်တိုက်ပါ။ ၄။ ရေများများသောက်ပါ။ ၅။
ဟင်းသီးဟင်းရွက်
၊အသီးအနှံများများစားပေးပါ။ ၆။ နာကျင်ကိုက်ခဲမှုကို သက်သာစေပြီးအရောင်ကျစေမယ့် လိမ်းဆေးတစ်ခုခု လိမ်းပါ။ ဆေးဆိုင်တွေမှာအလွယ်တကူမေးဝယ်လို့ရပါတယ်။ ၇။ ကိုယ့်အတွက် လက်လှမ်းမမီတဲ့ နေရာ ဥပမာ -အာသီး၊ လည်ချောင်းဘေးမှာအနာပေါက်နေတာ၊အနာကွက်အရမ်းကြီးလွန်းနေရင်တော့ ဆရာဝန်နဲ့ သေချာပြပါ။ Ulcer လို့ခေါ်တဲ့အနာကွက်တွေဟာ ပုံမှန်ကျန်းမာရေးပြဿနာမရှိရင်တောင် ဖြစ်တတ်တဲ့အတွက် သိပ်ပြီးစိုးရိမ်ဖို့တော့ မလိုပါဘူး။အမြဲလိုလို ဒီလိုအနာပေါက်နေတယ်ဆိုရင်တော့ ကိုယ့်ကျန်းမာရေးအခြေအနေ ချို့ယွင်းနေလားဆိုတာ စစ်ဆေးကြည့်သင့်ပါတယ်။
Hello Health Group
သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။