ဘူဖေးစားရတာ ကြိုက်တယ်ဆိုရင် ဒါတွေသိထားသင့်တယ်နော်
hellosayarwon.com
|
2019-07-28


ဒီဘက်ခေတ်မှာ ကြိုက်ရာစား၊ ပုံသေဈေးနှုန်း သတ်မှတ်ထားတဲ့ ဘူဖေးစားသောက်ဆိုင်တွေ တော်တော်များလာပါတယ်။အထူးသဖြင့် ကုမ္ပဏီညစာစားပွဲတွေ၊ မိသားစု၊ သူငယ်ချင်းလိုက် ပျော်ပျော်ပါးပါး စုပြီး ထွက်စားတော့မယ်ဆိုရင် ဘူဖေးဆိုင်တွေကအကောင်းဆုံးပဲပေါ့။ ဒီတော့ ဘူဖေးစားတော့မယ်ဆိုရင် လူတွေတော်တော်များများ လုပ်မိတတ်တဲ့အမှားနဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

၁။ ဘူဖေးမစားခင်အစာအငတ်မခံပါနဲ့။
လူတော်တော်များများက ညဘက် ဘူဖေးစားတော့မယ်ဆိုရင်

မနက်စာ ၊ နေ့လည်စာတွေကို ရှောင်ပြီးအစာငတ်ခံတတ်တဲ့အကျင့်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခုခုစားပြီး ဗိုက်ဝသွားရင် ညကျ ကောင်းကောင်းမစားနိုင်မှာ စိုးကြတာကိုး။ ကိုယ်က ညဘက်မှာအပြည့်အဝအစားအစာအစုံအလင်ကို စားတော့မယ်ဆိုတာ ကြိုသိထားရင် မနက်စာနဲ့ နေ့လည်စာကို လုံးဝရှောင်တာထက် သေချာပြင်ဆင်ပြီး စားသင့်ပါတယ်။ ကစီဓာတ်၊အဆီဓာတ်များပြီး ရင်ပြည့်လောက်မယ့်အစားအစာတွေထက်

ဟင်းသီးဟင်းရွက် ၊ သစ်သီးတွေ များများစားပေးပါ။အထူးသဖြင့် ကိုယ်ခန္ဓ

ာ ရေဓာတ်ြ ပည့်ဝနေဖို့နဲ့ ညဘက်မှာ စားသမျှ ကောင်းကောင်းအစာချေဖျက်နိုင်ဖို့ ရေများများသောက်ပါ။ စားနေတဲ့အချိန်အတွင်းမှာ ဂက်စ်ပါတဲ့အအေးတွေ၊အရက်တွေကို တတ်နိုင်သမျှရှောင်ပါ။

၂။ ဘာမှမစားခင် ဘူဖေးမှာ ဘာရနိုင်လဲဆိုတာအရင်ကြည့်ပါ။
တချို့ဆိုင်တွေမှာတော့အာရှအစားအစာ၊ ဥရောပအစားအစာဆိုပြီးအစုံရသလို တချို့ဆိုင်တွေမှာလည်း ဂျပန်စာ၊ ထိုင်းစာ၊ တရုတ်စာဆိုပြီး သီးသန့်ရောင်းတာမျိုးလည်း ရှိပါတယ်။အရင်ဆုံး ကိုယ့်ပန်းကန်ထဲ ဘာမှမထည့်ခင် ဘူဖေးမှာကျွေးတဲ့အစားအစာတွေကိုအကုန်ကြည့်ပြီးမှ ကိုယ့်အတွက်အဆင်ပြေဆုံး၊ များများစားနိုင်မယ့်အစားအစာတွေကို ရွေးပါ။ ဟင်းသီးဟင်းရွက်တွေကို မပါမဖြစ်ထည့်ပါ။

၃။ လောဘမကြီးပါနဲ့။ နည်းနည်းစီထည့်ပါ။
လူတော်တော်များများလုပ်တတ်ကြတဲ့အမှားက ဘူဖေးဆိုင်ရောက်ပြီဆိုတာနဲ့ ကိုယ့်ပန်းကန်ထဲကို ထမင်း၊ ဟင်းတွေအပြည့်ထည့်တာပါပဲ။အဲ့မှာ ဘာဖြစ်သလဲဆိုတော့ ကိုယ်က တစ်မျိုးတည်းကိုပဲအဝအလင်စားပြီး တခြားအရသာတွေကို မြည်းစမ်းတော့မယ့်အချိန်မှ ဗိုက်က ပြည့်သွားတော့ စားရတာမတန်တော့ဘူးပေါ့။ ဒါကြောင့် ကိုယ်သွားစားမယ့်ဆိုင်မှာ ဘာရသလဲအရင်ကြည့်ပြီးရင် ကိုယ်စားချင်တဲ့ ဟင်းတစ်မျိုးစီကို နည်းနည်းစီထည့်ပြီး စားပါ။အပြည့်အဝစားတာထက် ပမာဏနည်းနည်းကို ဖြည်းဖြည်းချင်းစားတာကအစာကြေလွယ်စေသလို

ရင်ပြည့် တာ၊ လေပွတာတွေလည်း သိပ်မဖြစ်စေတော့ဘူးပေါ့။

၄။ ကစီဓာတ်ကို ရှောင်ပါ။
ကစီဓာတ်ပါဝင်မှုများတဲ့ ထမင်းတွေ၊

အာလူ း၊ ပေါင်မုန့်၊အီတလီခေါက်ဆွဲတွေကို လူတွေအရင်ဆုံးစားအောင် များများစားစား ပြင်ဆင်ထားတတ်ကြပါတယ်။ ကစီဓာတ်ဟာ ဗိုက်ကိုပြည့်စေရုံသာမက ရင်ပြည့်ရင်ကယ် ဖြစ်စေတယ်။ လေပွစေတယ်။ ဒါကြောင့် ကိုယ်က နည်းနည်းနဲ့အစုံစားဖို့ စဉ်းစားထားတယ်ဆိုရင်တော့ ဒါတွေကို လျှော့စားဖို့တော့ လိုပါတယ်။

၅။ ကိုယ်ပုံမှန်စားလေ့စားထ မရှိတာတွေ ရွေးစားပါ။
ဘူဖေးစားတယ်ဆိုမှတော့ ကိုယ်အမြဲစားနေကျ ဟင်းတွေစားမယ့်အစားအသစ်အဆန်းတွေ ရွေးစားတာက ပိုကောင်းပါတယ်။ နောက်တစ်ချက်က ကိုယ်ပေးလိုက်တဲ့ ပိုက်ဆံနဲ့ စားလိုက်တဲ့အစားအစာတွေက တန်၊ မတန် ပြန်တွက်ကြည့်ဖို့ပါပဲ။ ဘူဖေးကို ဈေးကြီးပေးစားပြီး ကိုယ့်အိမ်နားမှာအလွယ်တကူ ဝယ်စားလို့ရတဲ့အကြော်တွေ၊ ထမင်းကြော်တွေ၊ ခေါက်ဆွဲကြော်လောက်ပဲ စားပြီး ဗိုက်ဝသွားတယ်ဆိုရင်တော့ ဘယ်တန်တော့မလဲ။

၆။ ဖြည်းဖြည်းပဲ စားပါ။
ဘူဖေးမှမဟုတ်ပါဘူး။ ကိုယ့်အိမ်မှာဖြစ်ဖြစ်အစာစားတော့မယ်ဆိုရင် ဖြည်းဖြည်းချင်းစားပါ။အစာကို ကျေညက်အောင် သေချာဝါးပါ။အလောသုံးဆယ်စားလိုက်ရင် ဗိုက်ပြည့်ဖို့ ပိုမြန်သလိုအစာအိမ်ကလည်းအစာချေဖျက်ဖို့ ပိုနှေးသွားပါတယ်။ ဒါကြောင့်အစာစားလိုက်၊ နားလိုက်၊ ရေလေးအာစွတ်ရုံလောက် သောက်ပေးလိုက် လုပ်ပေးပါ။အစာစားရင်းနဲ့လည်းအသက်ရှူဖို့ မမေ့ပါနဲ့ဦးနော်။

၇။ ကယ်လိုရီပမာဏ များတာတွေ ရှောင်ပါ။
ဘူဖေးဆိုကတည်းက စားစရာတွေအစုံပါမှာပါပဲ။ ဒီထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်တာတွေလည်း ရှိသလို မညီညွတ်တာတွေလည်းအများကြီးပါပဲ။ ကိုယ့်ကျန်းမာရေးအတွက် သေချာရွေးစားဖို့ကတော့ ကိုယ့်တာဝန်ပါပဲ။ ဒါကြောင့်

ကယ်လိုရီေ တွ၊ ကိုလက်စထရောအရမ်းများမယ့် ဟင်းတွေရှောင်ပါ။ ဆီတွေရွှဲနေတဲ့ ဟင်းတွေဆိုရင်လည်း ဗိုက်ပြည့်စေဖို့ ပိုလွယ်တာကြောင့် လုံးဝမရှောင်နိုင်ရင်တောင် လျှော့စားတာအကောင်းဆုံးပါပဲ။

၈။ နိုင်သလောက်ထည့်ပါ။ ထည့်သလောက်အကုန်စားပါ။
ကိုယ်က စားနိုင်ပါတယ်ဆိုပြီး ပန်းကန်မှာ ဟင်းတွေအများကြီးထည့်၊ တကယ်လည်း စားတော့မှ တစ်ဝက်ပဲ ကျိုးသေးတယ်၊ ဗိုက်ကပြည့်သွားပြီဆိုရင် စားစရာတွေက နှမြောဖို့ ကောင်းပါတယ်။ ဒါကြောင့် ကိုယ်က ဘယ်ဟာစားရမလဲ ရွေးတော့မယ်ဆိုရင်အဆီနည်းတာ၊ ဗိုက်အလွယ်တကူ မပြည့်စေတဲ့အစားအစာတွေပဲ ရွေးပါ။ ကိုယ်စားနိုင်တယ်ထင်တဲ့ ပမာဏထက် လျှော့ထည့်ပါ။ ဗိုက်မဝသေးရင်အချိန်မရွေး ထပြီးစားစရာတွေ ယူလို့ရတယ်ဆိုတာကို မမေ့ပါနဲ့။

၉။အချိုပွဲတွေကိုအကုန်မတည်းပါနဲ့။
စားစရာတွေ စားလို့ပြီးပြီဆိုရင်အချိုတည်းကြတာ ထုံးစံပါပဲ။အချိုပွဲမှာ

သကြား ပါဝင်မှုများတဲ့ ကိတ်တွေ၊ ရိုးရာမုန့်တွေလည်း ရှိသလို ဖျော်ရည်၊အအေး၊ ကော်ဖီ၊ သစ်သီးတွေလည်း ပါဝင်ပါတယ်။ ကိုယ်က ဗိုက်တွေပြည့်အောင် စားပြီးသွားရင် တတ်နိုင်သလောက်အချိုများတဲ့ မုန့်တွေကို ရှောင်ပါ။ စားနိုင်သေးတယ်ဆိုရင်လည်း နည်းနည်းလောက်ပဲ စားပေးပါ။အဓိကအသီးအနှံတွေကို စားပေးပါ။ ခဏလောက် ဗိုက်ကိုအနားပေးပါ။ လေပွစေမယ့် ဂက်စ်ပါတဲ့အအေးတွေကို တတ်နိုင်သလောက်က ရှောင်ပါ။ ဒီအအေးတွေက ရင်ပြည့်စေတဲ့အပြင်အခန့်မသင့်ရင် စားထားသမျှပါအကုန်ပြန်အန်ထွက်လာနိုင်ပါတယ်။

၁၀။ ကြိုတင်ပြင်ဆင်သွားပါ။
ကိုယ်က လေထိုးလေအောင့်တာ၊ လေပွတာ ဖြစ်တတ်တဲ့သူဆိုရင် လေပွတာသက်သာစေမယ့် လေဆေးတွေ ဆောင်သွားပါ။ မနက်နဲ့ နေ့လည်ကိုအစာလုံးဝမစားတာထက်အစာကြေလွယ်စေတာလေးတွေ ရွေးစားပါ။ ဗိုက်ကို ရှင်းတဲ့အနေနဲ့ ဘူဖေးသွားမစားခင် တစ်နာရီအလိုမှာ ဝမ်းသွားထားပါ။  

Hello Health Group  သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။




Some text some message..