ခါးလှည့်ကွင်းကို လူတိုင်းသိကြတယ်ဟုတ်။ ကွင်းကြီးကြီးဝိုင်းဝိုင်းလေးနဲ့ ခါးမှာလှည့်ရတဲ့ ဟာလေးလေ။ ဒီ ခါးလှည့်ကွင်းကို ငယ်ငယ်တုန်းက ကစားစရာအဖြစ် ကစားကြသလို ကြီးလာတော့လည်း သူက
ကိုယ်အလေးချိန်
လျှော့ချတဲ့နေရာမှာအသုံးဝင်နေပြန်ပါတယ်။ ခါးလှည့်ကွင်းနဲ့
ခါးလှည့်
တယ်ဆိုတာ လှည့်တတ်တဲ့သူတွေအတွက်သာ လွယ်ပေမယ့် မလှည့်တတ်တဲ့သူတွေအဖို့ကတော့အတော်ကြီး ရုန်းကန်ရမယ့် ကစားနည်းပါ။ စစချင်း ခါးလှည့်ကွင်းကို မလှည့်တတ်ပေမယ့် စိတ်ရှည်ရှည်နဲ့သာ ဆက်လှည့်သွားရင် နောက်ပိုင်း လှည့်တတ်သွားမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်။ ဒီတော့ လှည့်တတ်သွားရင် ကစားရတာ ပျော်စရာလည်းကောင်း ကျေနပ်စရာလည်းကောင်းတဲ့ ခါးလှည့်ကွင်းကနေ ဒီလိုကျန်းမာရေးအကျိုးကျေးဇူးတွေ ရနိုင်ပါတယ်နော် ။ ။
( ၁ ) ပြေးစက် ပေါ်မှာပြေးတာလောက်နီးပါး ကယ်လိုရီကို လောင်ကျွမ်းစေပါတယ်။
ခါးလှည့်ကွင်း မိနစ် ၃၀ လောက် ပြုတ်မကျဘဲ တော်လျှောက်လှည့်နိုင်ခဲ့ရင်
ကယ်လိုရီ
၂၁၀ လောင်ကျွမ်းပြီး တစ်နာရီလောက် လှည့်နိုင်ရင် ကယ်လိုရီ ၄၀၀ လောက်လောင်ကျွမ်းပါတယ်။ ဒီပမာဏဟာ ပြေးစက်ပေါ်မှာ နာရီဝက် ၁ နာရီပြေးလို့ လောင်ကျွမ်းသွားတဲ့ ကယ်လိုရီ ပမာဏ နဲ့ တူတူပါပဲ။ ဒီတော့ လုပ်ရတာလည်းမပင်ပန်း ပျော်စရာလည်းကောင်းပြီး ကယ်လိုရီတွေလည်း မျာများလောင်စေတဲ့ ခါးလှည့်တဲ့ ကစားနည်းက ခုနောက်ပိုင်း ခေတ်စားလာရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်အချိန်အကြာကြီးလှည့်ရင် ခါးကိုထိခိုက်လာနိုင်တဲ့အတွက်ကြောင့် သုတေသီတွေက တစ်နေ့ကိုအများဆုံး နာရီဝက်လောက်သာ ခါးလှည့်ပြီး တစ်ရက်ခြား တစ်ခါ လှည့်ပေးပါလို့အကြံပြုထားပါတယ်။
( ၂ )အိပ်ထမတင် ဗိုက်လေ့ကျင့်ခန်း နေရာမှာအစားထိုးလုပ်နိုင်တဲ့ ကစားနည်းတစ်ခုပါ။
Belly ရိုက်တာလို့ခေါ်တဲ့ အိပ်ထမတင် ဗိုက်လေ့ကျင့်ခန်းကအရမ်းကို ခက်ခဲ ပင်ပန်းတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့်လည်း ဗိုက်လေ့ကျင့်ခန်းအတွက် သူကအရေးကြီးတယ်ဆိုတော့ လုပ်နေရတာပေါ့။ ခုနောက်ပိုင်းမှာတော့ ခါးလှည့်ကွင်းတွေပေါ်လာပါပြီ။ လေ့လာချက်တွေအရ ခါးလှည့်ခြင်းက
ဗိုက်အဆီ
တွေကိ ုလောင်ကျွမ်းစေရုံသာမက ခါးက
အဆီ
တွေကိုပါ လောင်ကျွမ်းစေတာကြောင့်အိပ်ထမတင်နေရာမှာအစားထိုးလုပ်လို့ရတဲ့ ကစားနည်းတစ်ခုပါ။
( ၃ ) နှလုံးကိုလည်းအားကောင်းစေပါတယ်။
ခါးလှည့်ကွင်း လှည့်တာ ၁၅ မိနစ်လောက်ကြာပြီဆိုရင် နှလုံးခုန်သံတွေ စမြန်လာတာကို သတိထားမိကြပါလိမ့်မယ်။ နှလုံးခုန်မြန်မြန်လေလေ နှလုံးပိုအလုပ်လုပ်ရလေလေ
နှလုံးကြွက်သာ
းတွေ ညှစ်အားကောင်းလေလေဖြစ်ပြီး သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ ငယ်တုန်းမှာတော့ နှလုံးကျန်းမာရေးကို ဂရုမထားတတ်ကြပေမယ့်အသက်ကြီးလာတဲ့အခါကျရင်တော့ လေ့ကျင့်ခန်းတွေ လိုက်စားခဲ့တဲ့အတိတ်ကသင့်ကို သင့်ပြန်ကျေးဇူးတင်နေရပါလိမ့်မယ်။
( ၄ ) တစ်ချိန်လုံးထိုင်ပြီးအလုပ်လုပ်ရလို့ ညောင်းနေတဲ့ခါးကို ပြန်ပြီးအားကောင်းစေပါတယ်။
ခါးလှည့်တဲ့အခါ ရှေ့နောက် ဘယ်ညာ ဟန်ချက်ထိန်းပြီး တစ်ချိန်လုံး လှုပ်ရှားနေရတာဖြစ်တဲ့အတွက် တစ်နေ့ခင်းလုံးထိုင်ပြီးအလုပ်လုပ်ထားရလို့အညောင်းမိနေတဲ့ သင့်ခါးကို ပြန်ပြီးအားကောင်းစေပါတယ်။ ခါးနောက်ပိုင်းက ကြွက်သားတွေကိုအဓိကအလုပ်လုပ်ရတာဖြစ်လို့
ပင်မကျောရို
းဆီ သွေးစီးဝင်မှု ပိုကောင်းပြီးအကြောပြေစေပါတယ်။
( ၅) ခါးလှည့်တယ်ဆိုတာ ခါးနဲ့ ခါးနောက်ကျောကို နှိပ်နယ်ပေးတဲ့ သဘောပါပဲ။
ခါးလှည့်ဖူးသူတိုင်း သိပါတယ်။ ခါးလှည့်နေတဲ့အခါ ဗိုက်နဲ့ ခါးတစ်ဝိုက်ကို လာထိတဲ့ ကွင်းလေးကြောင့်အနှိပ်ခံနေရသလိုပါပဲ။ လှည့်ပြီးသွားတဲ့အချိန်
အကြောပြေ
နေတာကို လက်တွေ့ခံစားရမှာပါ။
( ၆ ) ဦးနှောက်ကိုလည်းအားကောင်းစေပါတယ်။
ခါးလှည့်တာနဲ
့ တရားထို
င်တာနဲ့က ပုံစံတူတယ်ဆိုရင် သင့်အံသြသွားမလား။ တရားထိုင်တယ်ဆိုတာအသက်ရှူနေတဲ့ စည်းချက်ကို လိုက်မှတ်နေရတာဖြစ်ပြီး ခါးလှည့်တယ်ဆိုတာကလည်း လှည်နေတဲ့ခါးလှည့်ကွင်း ပြုတ်မကျအောင်အာရုံစိုက်ထားရတာ ဖြစ်တဲအ့တွက် ဦးနှောက်ရဲ့ စူးစိုက်မှု စွမ်းရည်တိုးတက်လာပါတယ်။ ( ၇ )
စိတ်ဓာတ်ကျ
နေတာတွေ ပူပန်မှု များနေတာတွေကို လျှော့ချပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ထွက်လာတဲ့
endorphins
ဟော်မုန်းတွေကြောင့် စိတ်တွေ ပျော်ရွင်ပြီး စိတ်ကျတဲ့ဝေဒနာ၊ ပူပန်မှုများနေတာတွေအားလုံး ပြေပျောက်သွားမှာပါ။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။