အုန်းလွဲလို့ စိတ်ညစ်နေပြီလား
hellosayarwon.com
|
2019-07-29


ခေါ်တာလှည့်တောင်မကြည့်ဘူး။ သွေးကြီးနေတယ်လို့ မပြောခင် ကိုယ့်သူငယ်ချင်းအုန်းများလွဲနေလားအရင်မေးဦးနော်။ တစ်ခါတလေ ကိုယ်ခေါ်တာကို လှည့်မကြည့်ဖြစ်တာက သူအလုပ်များနေလို့ဖြစ်နိုင်သလို ပါးစပ်ကထူးပြီး လှည့်မကြည့်တာကအုန်းလွဲနေလို့လည်းဖြစ်နိုင်ပါတယ်။အုန်းလွဲနေတာက ရောဂါကြီးကြီးမားမားမဟုတ်ပေမယ့် နေ့စဉ်လုပ်ဆောင်မှုတွေပေါ်မှာတော့ တော်တေ်ာလေးထိခိုက်စေသား။

အုန်းလွဲတယ်ဆိုတာ
အုန်းလွဲတာက မဖြစ်ဖူးတဲ့သူမရှိလောက်ပါဘူး။

ကွန်ပျူတာ တစ်ချိန်လုံးကြည့်နေရတဲ့သူတွေ။ ဖုန်းတစ်ချိန်လုံး ကြည့်နေသူတွေကအချိန်အကြာကြီး တစ်ပုံစံတည်းနေတာကြောင့်

ဇက်ကြောတွေ ၊ ကြွက်သားတွေတောင့်တင်းပြီး ဦးခေါင်းကို ဘယ်ညာလှည့်ဖို့တော်တေ်ာလေးခက်သွားနိုင်ပါတယ်။ ယနေ့ခေတ်မှာဆိုရင် ကွန်ပျူတာတွေနဲ့အလုပ်လုပ် စမတ်ဖုန်းတွေနဲ့အပန်းဖြေတာတွေကြောင့်

ဦးခေါင်း နဲ့ လည်ပင်းတဝိုက်ကြွက်သားတွေဟာ လှုပ်ရှားမှုနည်းပြီးအုန်းလွဲတာမျိုးတွေဖြစ်လာနိုင်ပါတယ်။

ဒါတွေကြောင့်အုန်းလွဲနိုင်ပါတယ်
အုန်းလွဲတာကအရွယ်သုံးပါးစလုံးဖြစ်နိုင်ပါတယ်။ သင်ကနေ့စဉ် ဒီအလုပ်တွေလုပ်နေမိပြီဆိုရင်တော့အုန်းလွဲနိုင်ပါတယ်။
ကွန်ပျူတာ တစ်ချိန်လုံးသုံးနေတယ်

စမတ်ဖုန် းအချိန်ပြည့်သုံးနေတယ်
ဂိမ်းဆော့တယ်
ထိုင်တဲ့ပုံစံမမှန်ဘူး
ခဏခဏအံကြိတ်တတ်တယ်

စိတ်ဖိစီးမှု များတယ်
အချိန်အကြာကြီး တစ်ပုံစံတည်းနေလေ့ရှိတယ်

အဆစ်ရောင်ရောဂါ ရှိနေတယ်
လည်ပင်းရိုးနဲ့ကျောရိုးမှာ ထိခိုက်မိတာရှိနေတယ်
အိပ်စက်တဲ့ပုံစံမမှန်ဘူး
ခေါင်းအုံးမာမာနဲ့အိပ်တာ
ခေါင်းအုံးမြင့်မြင့်နဲ့အိပ်တာတွေကြောင့်အုန်းလွဲတာမျိုးဖြစ်နိုင်ပါတယ်။

ဘယ်လိုသက်သာအောင်လုပ်ရမလဲ
ခပ်ဖွဖွလေးနှိပ်ပေးပါအုန်းလွဲတဲ့အခါ ဇက်နဲ့ပခုံးကို လက်ချောင်းလေးတွေသုံးပြီး ခပ်ဖွဖွလေးနှိပ်ပေးပါ။အားပြင်းပြင်းနဲ့မနှိပ်ပါနဲ့နော်။အကြောနဲ

့ကြွက်သားတွေ မှာ ဒဏ်ဖြစ်သွားနိုင်လို့ပါ။ ကျွမ်းကျင်သူနဲ့နှိပ်ရင်ောတ့အကောင်းဆုံးပါ။ သိပ်မလှုပ်ရှားပါနဲ့အရမ်းနာနေတဲ့အချိန်မှာ စိတ်လိုက်မာန်ပါနဲ့ လည်ပင်းကို လှည့်တာမျိုးမလုပ်ပါနဲ့။ တတ်နိုင်သမျှ လှုပ်ရှားမှုနည်းအောင်ဂရုစိုက်ပါ။

နာနေတဲ့နေရာကို ရေခဲကို တဘက်လေးနဲ့ထုပ်လို့ ကပ်ပေးပါ။ စဖြစ်ချိန်ကနေ ၄၈ နာရီအတွင်းလုပ်ပေးနိုင်ရင်အကောင်းဆုံးပါနော်။၁၅ မိန်စလောက်ကပ်ပြီးတိုင်း ၅ မိနစ်လာက်နေပြီးမှ ထပ်တစ်ခါကပ်ပါ။

ရေနွေးအိတ် ကပ်ပါ ကြွက်သားတွေနဲ့အကြောအခြင်တွေကို ပြေလျော့စေနိုင်ပါတယ်။ ဒါကြောင့် ရေနွေးအိတ်လေးနဲ့ နာနေတဲ့ နေရာကို ကပ်ပေးပါ။ တစ်ခါကပ်ရင် ၁၅ မိနစ်စီလောက်ကပ်ပေးပါ။ တစ်ချိန်လုံးရေနွေးအိတ်ကပ်တာမျိုးမလုပ်ပါနဲ့။ ပုံစံမှန်မှန်ထိုင်ပေးပါ ထိုင်တဲ့အခါ ခါးကို မတ်မတ်လေးထားပြီး ပခုံးတွေကိုပြေလျော့စေတဲ့ပုံစံမျိုးနဲ့ထိုင်ပါ။ ဒါမှ

ဇက်ကြော နဲ့ ဇက်တဝိုက်ကကြွက်သာေးတွအပေါ်မှာ သက်ရောက်မှုတင်းအားတွေ လျော့ကျမှာပါ။ နားချိန်လေးပေးပါ တစ်ချိန်လုံး ကွန်ပျူတာသုံးနေတာမျိုးမလုပ်ပါနဲ့။ ဖုန်းကိုလည်း တစ်ချိန်လုံးကြည့်မနေပါနဲ့။

မျက်လုံး နဲ့ လည်ပင်းတဝိုက်က ကြွက်သားတွေကို သက်တောင့်သက်သာနဲ့ နားနားနေနေေနေဖို့အချိန်လေးပေးပါ။

ရေနွေ းနဲ့ရေချိုးပေးပါ ရေနွေးနွေးေးလနဲ့ ရေချိုးတာက ကြွက်သားတွေကိုပြေလျော့စေနိုင်တာကြောင့်အုန်းလွဲနေတဲ့အခါ ရေနွေးနွေးလေးနဲ့ ရေချိုးပေးပါ။အုန်းလွဲတာက၃ ရက်လောက်ကြာတဲ့အထိမသက်သာဘူးဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးသောက်ကြည့်ဖို့ပြောပါရစေ။

ဘယ်လိုကာကွယ်မလဲ
ခံစားရခက်တဲ့အုန်းလွဲတဲ့ပြဿနာကို ကာကွယ်လို့ရပါတယ်။

လေ့ကျင့်ခန်း လုပ်ပါ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးတာက ခန္ဓာကိုယ်က ကြွက်သားတွေကိုပြေလျော့စေနိုင်ပြီး ရုတ်ရက်အကြောတင်တာမျိုးတွေ၊အုန်းလွဲတာမျိုးတွေ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။အိပ်ရာကို သက်တောင့်သက်သာရှိအောင်ပြင်ဆင်ပါအိပ်ရာက သက်တောင့်သက်သာမရှိတာ၊

ခေါင်းအုံ းက မာတာ၊ မြင့်တာတွေကြောင့်အုန်းလွဲနိုင်တဲ့အတွက်အပ်စက်မယ့်အိပ်ရာကို သက်တောင့် သက်သာဖြစ်အောင်ပြင်ဆင်ပါ။

အလုပ်ခွက်ကအလုပ်စားပွဲမှာ တစ်ချိန်လုံးထိုင်မနေပါနဲ့။အညောင်းပြေအညာပြေ

လမ်းလျှောက် ပါ။ ခုံမှာထိုင်ရင်း ဦးခေါင်းလေ့ကျင့်ခန်းလုပ်ပေးတာ၊အကြောလျှော့တာမျိုးတွေလုပ်ပေးပါ။

စိတ်ဖိစီးမှုကြောင့်အုန်းလွဲနိုင်တဲ့အတွက်အကြေတွေပြေလျော့ပြီး စိတ်ဖိစီးမှုကင်းနေစေဖို့  သီချင်းနားထောင်ပေးပါ။

စိတ်ဖိစီးမှုများပြီး ကြွက်သားတွေတင်းတာမျိုးမဖြစ်စေဖို့အတွက် ဝင်သက်ထွက်သက်မှတ်ပြီး တရားထိုင်ပေးပါ။ ဒါတွေအပြင် ကွန်ပျူတာသုံးတဲ့အခါကိုယ်နေဟန်ထားမှန်အောင်နေမယ်၊ တစ်ချိန်လုံး ကွန်ပျူတာကနေ မခွာဘဲနေတာမျိုးကိုရှောင်မယ်။ ဖုန်းတစ်ချိန်လုံးသုံးတာမျိုးကို ဆင်ခြင်မယ်။ ဆိုရင် မာနကြီးတယ်၊လို့ ထင်ခံရနိုင်တဲ့အုန်းလွဲတဲ့ပြဿနာကနေ ကင်းဝေးမှာပါ။

Hello Health Group  သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Some text some message..