နှာတွေချေ၊ နှာရည်တွေကျပြီး ကိုယ်တွေပူနေတဲ့ကလေးအတွက် ဖေဖေမေမေတို့ ပျာယာခတ် စိတ်ပူရတာ သဘာဝပါပဲ။
တုပ်ကွေး
ဒဏ်ကို ပိုခံစားရလေ့ရှိတဲ့သူတွေထဲအသက် ၅ နှစ်အောက် ကလေးတွေ၊
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ
၊ ပန်းနာရင်ကျပ်ရှိသူတွေနဲ့ ကိုယ်ခံအားနည်းသူတွေပါဝင်ပါတယ်။ တုပ်ကွေးမိရင် ဘယ်လိုလက္ခဏာတွေပြမလဲ။ တုပ်ကွေးမိတဲ့အခါမှာ ကလေးငယ်က
အဖျာ
းရှိမယ်။
ချမ်းတုန်နေမယ်။
ချောင်းခြောက်ဆိုးမယ်။
နှာစေးမယ်။ နှာရည်ယိုမယ်။
ကိုယ်တွေလက်တွေကိုက်ခဲတာကြောင့်အီနေမယ် ဂျီကျနေမယ်။အော့အန်မယ်။
ဝမ်းလျှောမယ်
။ ကလေးကအသက်နည်းနည်းရလာပြီဆိုရင်တော့ သူခံစားနေရတာတွေကို ပြောပြနိုင်လိမ့်မယ်။အရမ်းငယ်တဲ့ကလေးဆိုရင်တော့အဖေအမေတွေက သတိထားပြီး စောင့်ကြည့်မှသိနိုင်လိမ့်မယ်။အလွယ်ဆုံးနည်းလမ်းကတော့အဖျားတိုင်းကြည့်ဖို့ပါ။ ကလေးတွေအတွက်က ဒစ်ဂျစ်တယ်သာမိုမီတာဆိုရင် ပိုအဆင်ပြေနိုင်ပါတယ်။
အိမ်မှာ ဘယ်လိုပြုစုပေးနိုင်မလဲ။
စိုးရိမ်စရာကောင်းတဲ့လက္ခဏာတွေမရှိရင် တုပ်ကွေးကိုအိမ်မှာပြုစုပေးလို့ရပါတယ်။ ၁။အဖျားပျောက်ဆေးတိုက်ပါ။ တုပ်ကွေးကြောင့်ဖြစ်တဲ့ ကိုယ်ပူတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားတွေနာကျင်ကိုက်ခဲတာတွေအတွက် acetaminophen ပါတဲ့ဆေးဝါးတွေကို တိုက်ကျွေးနိုင်ပါတယ်။ ကလေးက ငယ်ရွယ်ပြီး ဆေးအတောင့်ကို မသောက်နိုင်ဘူးဆိုရင်အရည်ကိုတိုက်ရပါမယ်။ တုပ်ကွေးရဲ့အခြေအနေမသိရသေးချိန်မှာ သွေးယိုစိမ့်မှုအန္တရာယ်ရှိနိုင်လို့ တခြားအကိုက်အခဲပျောက်ဆေးတွေ သုံးလို့မရဘူး။ ဈေးကွက်ထဲမှာ ကလေးအဖျားပျောက်ဆေးတွေအများအပြားရှိပေမယ့် မြန်မြန်ဆန်ဆန်သက်သာပျောက်ကင်းစေတဲ့ဆေးဆိုရင်တော့ Tylenol (တိုင်လီနော)ကို ညွှန်းဆိုချင်တယ်။အဖျားနဲ့ ကိုယ်လက်နာကျင်တာတွေကို ပျောက်ကင်းစေနိုင်တာအပြင် သူ့ရဲ့အဓိကအားသာချက်က သောက်သင့်တဲ့ပမာဏထက်ပိုများသွားတာ၊ နည်းသွားတာတွေမဖြစ်အောင် ကောင်းကောင်းကြီး ချိန်ဆနိုင်လို့ ကလေးတွေရဲ့ နုနယ်တဲ့အစာအိမ်နဲ့အသည်းကို ထိခိုက်မှုအတော်နည်းတဲ့တစ်ချက်ပါ။ ၂။ သက်တောင့်သက်သာထားပါ။အရမ်းကြီး ပူအိုက်မနေပါစေနဲ့။ ကလေးကို ဖျားနေလို့ဆိုပြီးအနွေးထည်၊စောင်တွေအထပ်ထပ်နဲ့ မထားသင့်ပါဘူး။ လှောင်အိုက်နေရင် မကောင်းပါဘူး။ လေဝင်လေထွက်ကောင်းတဲ့ ချည်သားအဝတ်အထည်တွေပဲ ဝတ်ပေးတာမျိုး၊ ကလေးကို သက်တောင့်သက်သာအနေအထားမှာပဲ ထားဖို့ သတိရပါ။ ၃။ ရေဝတ်တင်ပေးပါ။ ကလေးရဲ့နဖူးမှာ ရေစိုဝတ်လေး တင်ပေး၊ လဲပေးတာက ကိုယ်ပူကျစေပါတယ်။ ၄။ရေချိုးချပါ။ ရေကကြက်သီးနွေးရေ ဖြစ်ဖို့လိုပါတယ်။ သိပ်အေးနေတဲ့ ရေမဖြစ်ပါစေနဲ့။
ရေချိုးတာ
မကြာပါစေနဲ့။ ကိုယ်ပူကျအောင်ဆိုပြီးကလေးကို ရေအေးအေးတွေနဲ့ မချိုးပေးလိုက်ပါနဲ့။ ၅။ နှိပ်နယ်ပေးပါ။ ကလေးရဲ့
ခန္ဓာကိုယ်
မှာ ခံစားနေရတဲ့ နာကျင်ကိုက်ခဲမှုတွေကို ဦးခေါင်းနဲ့ ကျောဘက်မှာအသာအယာပွတ်ပေးရုံနဲ့ သက်သာစေနိုင်ပါတယ်။ ၆။ ပူပူနွေးနွေးသောက်စရာတွေ ဖန်တီးပေးပါ။အရမ်းငယ်သေးတဲ့အရွယ်ကလွဲလို့ ကလေးတွေကို
ရေနွေးကြမ်
း၊ စွပ်ပြုတ်ရည်၊ အိုဗာတင်း၊မိုင်လို စတဲ့အာဟာရဖြစ်မယ့်သောက်စရာတွေ တိုက်ပေးရင် လည်ချောင်းနာနဲ့ ချွဲကြပ် သက်သာစေနိုင်ပါတယ်။ ၇။အရည်များများဝင်အောင် တိုက်ပါ။ တုပ်ကွေးဖြစ်ပြီဆိုရင်အဖြစ်များတာက
ရေဓာတ်
ဆုံးရှုံးခြင်းဖြစ်ပါတယ်။ ရေ သို့မဟုတ်အရည်များများဝင်အောင် ချော့ပြီးတိုက်ပါ။ နို့တိုက်အရွယ်ဆိုရင် နို့ရည် ၊ ကျန်တဲ့အရွယ်ကလေးတွေကို ရေနဲ့အသီးဖောျ်ရည် (အချိုရည်ဘူးမဟုတ်) တိုက်လို့ရပါတယ်။
ဒါတွေရှိနေရင် စိုးရိမ်စရာကောင်းလို့အမြန်အဆန် ဆေးကုသမှုခံယူသင့်ပါတယ်။
အသက်ရှူတာမြန်မယ် ဒါမှမဟုတ်အသက်ရှူရခက်မယ်။
ပြာနှမ်းလာမယ်။
မစားနိုင်၊ မသောက်နိုင်ဖြစ်လာမယ်။ နို့မစို့နိုင်ဖြစ်လာမယ်။
အရမ်းအန်နေမယ်။ ဝမ်းလျှောတာမပြတ်ဖြစ်နေမယ်။
အန်တဲ့အခါ ကော်ဖီရောင်တွေအန်မယ်။ ဝမ်းမည်းမည်းတွေသွားမယ်။
အရမ်းမှိန်းနေမယ်။
နှာခေါင်း၊ သွားဖုံးတွေက သွေးယိုမယ်။
ကိုယ်တွေလက်တွေအေးစက်နေမယ်။
ခန္ဓာကိုယ်မှာအစက်အပြောက်တွေထွက်လာမယ်။ ဒါတွေရှိနေပြီဆိုရင်တော့ နမိုးနီးယား (အဆုတ်ရောင်)ရောဂါလို၊
သွေးလွန်တုပ်ကွေး
လို ပြင်းထန်တဲ့ရောဂါတစ်ခုခုကြောင့်ဖြစ်နေနိုင်တာကြောင့်အမြန်ဆုံး ဆေးကုသမှုခံယူဖို့လိုအပ်ပါလိမ့်မယ်။ တကယ်လို့အထက်မှာဖော်ပြထားတဲ့ရောဂါလက္ခဏာတွေမရှိခဲ့ဘူးဆိုရင်တောင် ကလေးက တစ်ခုခုထူးထူးခြားခြား ပြဿနာရှိနေပြီလို့ မိဘတွေအနေနဲ့ ခံစားမိတယ်ဆိုရင် ဆေးရုံဆေးခန်းအမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။
Hello Health Group
သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။