သားအိမ်ခြစ်တာကအသက်ဆုံးရှုံးသွားနိုင်လား
hellosayarwon.com
|
2019-07-31


 အခုတလော လူပြောသူပြောအများဆုံး ကျန်းမာရေးဆိုင်ရာကိစ္စက ပုဂ္ဂလိကဆေးရုံမှာ သားအိမ်ခြစ်တာကနေအသက်ဆုံးရှုံးသွားရတဲ့အမျိုးသမီးတစ်ဦးအကြောင်းပါ။ သတင်းကြားတဲ့သူတွေအဖို့တောင် စိတ်မကောင်းစရာကောင်းတယ်ဆိုမှတော့ မိသားစုဝင်တွေအတွက်မှာ ဝမ်းနည်းကြေကွဲရမှုကအတိုင်းအဆမဲ့မှာပါပဲ။ ဒီ သတင်းလေးလည်းကြားပြီးရော ဒီလို

သားအိမ်ခြစ် တာဟာအသက်ဆုံးရှုံးရလောက်တဲ့အထိ ကြောက်ဖို့ကောင်းတဲ့အရာတစ်ခုလား။ သူက ဘယ်လိုပုံစံမျိုး ခွဲစိတ်မှုလဲ။ သူ့ရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကရော ဘာတွေလဲ ။ သားအိမ်ခြစ်ပြီးဘယ်လိုနေထိုင်ဆင်ခြင်ရမလဲ ဆိုတဲ့ မေးခွန်းတွေ လူတိုင်းအတွေးထဲမှာနေရာယူထားလိမ့်မယ်လို့ ထင်ပါတယ်။

သားအိမ်ခြစ်တယ်ဆိုတာဘာလဲ ။ ။
သားအိမ်ြ ခစ်တယ် ဆိုတာ 

ကိုယ်ဝန်ပျက်ကျ တဲ့သူအများစု ခံယူဖူးတဲ့ကုသမှုတစ်မျိုးပါ။ ဆေးပညာအရ 

သားအိမ်ခြစ် တာကို dilation and curettage D & C  လို့ခေါ်ပါတယ်။ dilation ဆိုတာ ချဲ့ထွင်တာလို့အဓိပ္ပါယ်ရပြီး curettage ကတော့ ဇွန်းပုံသဏ္ဍာန်ရှိတဲ့ ကိရိယာနဲ့ခြစ်တယ်လို့အဓိပ္ပါယ်ရပါတယ်။ ဒီတော့ dilation and curettage ဆိုတာ 

သားအိမ်ခေါင်း ကို ကျယ်သွားအောင် ချဲ့လိုက်တာဖြစ်ပြီး သားအိမ်ထဲမှာရှိနေတဲ့ တစ်ရှူးအသားစ တွေကို ခြစ်တာဖြစ်ပါတယ်။ သားအိမ်ခြစ်တာ ဟာ ဆေးရုံဆေးခန်းတွေမှာ လုပ်ကြတဲ့အသေးစားခွဲစိတ်မှု တစ်ခုပါ။

သားအိမ်ခြစ် ဘာ့ကြောင့် ခြစ်ကြတာလဲ ။ ။
သားအိမ်ခြစ်တာကို ဆေးကုသမှုတစ်ခုအနေနဲ့ရော ၊ ရောဂါကို စစ်ဆေးအဖြေရှာဖို့အတွက်ရောအသုံးပြုကြပါတယ်။ သားအိမ်ခြစ်ဖို့ မခြစ်ဖို့ဆိုတာ ဆရာဝန်တွေကသာ ဆုံးဖြတ်ပါတယ်။ သားအိမ်ခြစ်ပြီး ရောဂါကိုအဖြေရှာ၊ ရောဂါကို ကုသသင့်တဲ့အခြေအနေတွေကတော့

ရာသီသွေး တအားများရတဲ့အကြောင်းအရင်းကို သိဖို့ fibroids လို့ခေါ်တဲ့ 

ကင်ဆာ မဟုတ်တဲ့ 

သားအိမ် တွင်းကအသားလုံးတွေကိုခြစ်ထုတ်ဖို့
သားအိမ်တွင်းမှာရှိနေတဲ့ ကင်ဆာဖြစ်ဖို့အလားအလာများနေတဲ့အသားလုံးတွေကို စစ်ဆေးဖို့ ခြစ်ထုတ်ဖို့

pelvic inflammatory disease (PID) လို့ခေါ်တဲ့ 

လိင်ဆက်ဆံရာမှ ကူးစက် တတ်တဲ့ရောဂါ ကြောင့်ဖြစ်နေတဲ့ ရောင်နေတဲ့ ပိုးဝင်နေတဲ့အသားစတွေကိုခြစ်ထုတ်ဖို့

ကိုယ်ဝန်ပျက်ကျ ပြီး ကျန်နေခဲ့တဲ့ သန္ဓေသားအစလေးတွေကို ခြစ်ထုတ်ဖို့ နဲ့
ဗိုက်ထဲက ရင်သွေးလေးမှာ ချို့ယွင်းချက်ရှိနေလို့ ( ဒါမှမဟုတ်) ကိုယ်ဝန်ကြောင့် မိခင်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားနေတဲ့ ကိစ္စတွေမှာဆိုရင် ကိုယ်ဝန်ပတ် ၂၀ မတိုင်ခင် သားအိမ်ခြစ်ပြီး ဆေးပညာအရ ကိုယ်ဝန်ဖျက်ချပါတယ်။ နောက်ဆုံး တစ်ခုကတော့ 

သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ကို ထည့်တာ ၊ ထုတ်တာမှာလည်း D & C လုပ်ကြပါတယ်။

သားအိမ်ခြစ်ပြီးရင် ဘာဘေးထွက်ဆိုးကျိုးတွေ ဖြစ်တတ်လဲ ။ ။
သားအိမ်ခြစ်ပြီး ရက်ပိုင်းလောက်မှာ

ဗိုက်အောင့် တာ ၊ သွေးနည်းနည်းဆင်းတာတွေဖြစ်တတ်ပါတယ်။အခြား ကြီးကြီးမားမား ဘေးထွက်ဆိုးကျိုးတွေ မရှိတတ်ပေမယ့်အခန့်မသင့်ရင်တော့ သားအိမ်ခြစ်တာကြောင့် ဖြစ်တတ်တဲ့ ရှုပ်ထွေးတဲ့ဆိုးကျိုးတွေရှိပါတယ်။အဲဒါတွေကတော့

( ၁ )သားအိမ်ပေါက်ခြင်း
သားအိမ်ခြစ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေထဲကအဖြစ်များဆုံး တစ်ခုပါ။ လတ်တလောကိုယ်ဝန်ပျက်ကျပြီးသား မိခင်တွေနဲ့

သွေးဆုံးြ ပီးသားအမျိုးသမီးတွေကို သားအိမ်ခြစ်တဲ့အခါ  ဒီလို သားအိမ်ပေါက်တာမျိုး ဖြစ်တတ်ပါတယ်။အဲလိုအချိန်တွေမှာ သားအိမ်ကအရမ်းကို ပျော့နေတတ်တဲ့အတွက် ဘယ်လောက်ပဲ တုံးတဲ့ ဇွန်းလေးနဲ့ ခြစ်ခြစ်အခန့်မသင့်ရင် ပေါက်သွားနိုင်တာမျိုးပါ။ သားအိမ်ပေါက်သွားတာကို သတိမထားမိလိုက်မိရင် သွေးထွက်လွန်တာ၊ သွေးဆိပ်သင့်တာမျိုးတွေကနေအသက်ဆုံးတဲ့အထိ ဖြစ်သွားတတ်ပါတယ်။  သားအိမ်ပေါက်တာရဲ့ လက္ခဏာတွေကတော့ သားအိမ်ခြစ်ပြီးဗိုက်အောင့်တာ၊ ဗိုက်တဖြည်းဖြည်းဖောင်းလာတာနဲ့ သွေးဆင်းတာတို့ပဲ ဖြစ်ပါတယ်။ သားအိမ်ခြစ်ပြီးနောက်ပိုင်းမှာ ဗိုက်က ဆက်အောင့်နေတာ၊ သွေးဆင်းများပြီး ဝမ်းဗိုက်က တင်းပြီးဖောင်းလာတာတွေက သားအိမ်ပေါက်တာဖြစ်နေနိုင်တယ်ဆိုတာကို သိနိုင်ပါတယ်။

( ၂ ) သားအိမ်ခေါင်းကို ထိခိုက်မိခြင်း -
ဒါကတော့ သားအိမ်ခြစ်ဖို့အတွက် သားအိမ်ခေါင်းကို ချဲ့တဲ့အဆင့်မှာ ထိခိုက်သွားနိုင်တာမျိုးပါ။

( ၃ ) Asherman’s syndrome
သားအိမ်ခြစ်ခြင်းကြောင့် သားအိမ်မှာအမာရွတ်တစ်ရှူးကျန်ခဲ့ခြင်း –ဒါကလည်း သားအိမ်ခြစ်ပြီးရင် ဖြစ်တတ်တဲ့ ဆိုးကျိုးတစ်ခုဆိုပေမယ့်အဖြစ်နည်းပါတယ်။ Asherman’s syndrome ဆိုတဲ့ သားအိမ်မှာ ကျန်ခဲ့တဲ့အမာရွတ်ကြောင့်

ရာသီလာချိန် ကိုက်ခဲတာေ တွ ဖြစ်နိုင်တဲ့အပြင် နောက်ပိုင်း ကိုယ်ဝန်ဆောင်တိုင်း သန္ဓေသားမခိုင်တော့ဘဲ ကိုယ်ဝန်ပျက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ( ၄ ) သားအိမ်ခြစ်ပြီး သေချာ ဂရုမစိုက်၊ သန့်ရှင်းမှုတွေ မရှိတဲ့အခါ သားအိမ်တွင်း ပိုးဝင်ပြီး သွေးဆိပ်တက်တာမျိုးတွေလည်း ဖြစ်နိုင်ပါသေးတယ်။

ကိုယ်ဝန်ပျက်ကျထားပေမယ့် ဆိုးကျိုးတွေကို ကြောက်လို့ သားအိမ်မခြစ်ဘဲနေလို့ မရဘူးလား။
ကိုယ်ဝန်ပျက်ကျပြီးနောက်ပိုင်း သွေးဆင်းနေတာ ရက်အတော်ကြာတဲ့အထိ မရပ်သေးဘူးဆိုရင် ဒါ သန္ဓေသားအပိုင်းအစတွေ ကျန်ခဲ့တဲ့ လက္ခဏာဖြစ်တဲ့အတွက် ဒီ ကျန်ခဲ့တဲ့ သန္ဓေသားအပိုင်းအစလေးတွေ ဖယ်ရှားဖို့ သားအိမ်ခြစ်ကိုခြစ်ရမှာပါ။ မဟုတ်ရင် သွေးလွန်ပြီးအသက်ဆုံးရှုံသွားတတ်ပါတယ်။ သားအိမ်ခြစ်တယ်ဆိုတာ တကယ်တော့ ဗိုက်ခွဲစရာမလိုဘဲ ထုံဆေးလေးနဲ့တင်ပြီးသွားတဲ့အသေးစားခွဲစိတ်မှုမျိုးပါ။ သူ့ကြောင့် နောက်ဆက်တွဲဖြစ်နိုင်တဲ့ ဆိုးကျိုးတွေက ရှားပေမယ့်အခန့်မသ့င့်ရင် ဒီလို တွေရှိတယ်ဆိုတာ  လူနာတွေ ဘက်ကကြိုသိထားဖို့လိုပါတယ်။ ဒါတွေကို ကြိုသိထားတဲ့ ဆရာဝန်တွေဘက်ကလည်း ဒီလိုမျိုးပြဿနာတွေ မဖြစ်အောင် သေချာ ဂရုစိုက်ပေးရမှာဖြစ်ပါတယ်။

Hello Health Group   သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။




Some text some message..