![]()
ပင်လယ်စာကြိုက်သူတွေ ဒီအချက်လေးတွေသိထားရင် ပိုတောင်ပျော်သွားဦးမယ်ထင်တယ်။
အစားစာတိုင်းမှာ ကောင်းကျိုးလည်းရှိသလို ဓာတ်မတည့်ရင်တော့ ဆိုးကျိုးဆိုတာလည်းဖြစ်နိုင်
ပါတယ်။ ပင်လယ်စာနဲ့ဓာတ်မတည့်ဘူးဆိုရင်တော့ ရှောင်တာအကောင်းဆုံးပါပဲ။
တကယ်လို့ သင်ဟာစားလို့လည်းရတယ်။ အရမ်းလည်း ကြိုက်တယ်ဆိုရင် ဒီအချက်လေးတွေက အထောက်ကူဖြစ်စေမှာ အမှန်ပါပဲ။
Nutrients ပြည့်ဝစွာပါဝင်
![]()
သင်ရွေးချယ် စားသောက်တဲ့ ပင်လယ်စာပေါ်မူတည်ပါတယ်။ ဒါပေမယ့် ပင်လယ်စာအတော်များများမှာ ဗီတာမင်နဲ့ သတ္တုဓာတ်ပါဝင်သလို ဗီတာမင် ဒီ ၊ ဘီ တို့လည်း ပါဝင်ပါသေးတယ်။
အင်အားပြည့်ဝစေပြီး ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို ကောင်းမွန်စွာလည်ပတ်စေသလို ကျန်းမာလှပစေသတဲ့။ ဆယ်လမွန်ငါးဆို ဗီတာမင်အေပါတာကြောင့် ကိုယ်ခံအားကောင်းစေပြီး ဆဲလ်တွေကို ကျန်းမာစေပါတယ်။
နှလုံးကျန်းမာရေး
![]()
ပင်လယ်စာဟာ နှလုံးကျန်းမာရေးအတွက်လည်း အထောက်ကူပြုပေးနိုင်ပါသေးတယ်။ သူ့မှာပါတဲ့ ပရိုတိန်းဓာတ် ၊ Omega – 3 Fatty Acid တို့ဟာ ကျန်းမာရေးအတွက် မရှိမဖြစ်တွေပါပဲ။ လေ့လာချက်တွေအရ Omega – 3 Fatty Acid ဟာ နှလုံးကျန်းမာရေးကို များစွာအကျိုးပြုနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။
အရိုးကျန်းမာရေး
ပုံမှန် ပင်လယ်စာစားပေးမယ်ဆိုရင် Omega – 3 Fatty Acid ဟာ အရိုးတွေ ခိုင်မာသန်စွမ်းအောင်စွမ်းဆောင်ပေးပြီး မနက်မိုးလင်းတိုင်း အရိုးအချင်တွေ ကိုက်ခဲညောင်းညာနေတာကို သက်သာစေမှာဖြစ်ပါတယ်တဲ့။
အမြင်အာရုံ
![]()
မျက်လုံးအတွက်လည်း ပင်လယ်စာက အားဖြည့်ပေနိုင်ပါသေးတယ်။ ၂ဝ၁၄ ခုနှစ် Investigative Ophthalmology & Visual Science Journal ရဲ့လေ့လာချက်အရ Omega – 3 Fatty Acid ကိုအပြည့်ဝစားသုံးထားသူဟာ အမြင်အာရုံထိခိုက်စေမယ့်အရာတစ်ခုခုဖြစ်လာရင်တော်ရုံနဲ့ မျက်လုံးမမှုန်တော့ပါဘူး။ ညဘက်မှာတောင် အမြင်အာရုံပိုကောင်းစေတာ တွေ့ခဲ့ရပါတယ်။ အဆီဓာတ်ကြွယ်ဝတဲ့ ပင်လယ်ငါး ပုံမှန်စားပေးမယ်ဆိုရင် သင့်ရဲ့အမြင်တွေတောက်ပလာပြီး ကျန်းမာလာမှာပါ။
အသားရည်ကောင်း
![]()
အရသာရှိလှတဲ့ ပင်လယ်စာလေးစားရင် အသားရည်ကလည်း လှဦးမယ်ဆိုတော့ ပျော်ပြီလေ။
အမြဲစားသုံးသူရဲ့မျက်နှာလေးဟာ အရင်ထက်ပိုပြီး ကြည်လင်တောက်ပနေမယ်။ Omega – 3 Fatty Acid ဟာ အရေပြားကို UV rays မှ ကာကွယ်ပေးတယ်လို့ သိရပါတယ်။ ကျန်းမာရေး
ပညာရှင်တွေကတော့ fish oil စားပေးခြင်းက ဝက်ခြံဖြစ်နှုန်းကို လျော့ချပေးနိုင်တယ်လို့
ဆိုထားပါတယ်။