အမျိုးသမီးတိုင်းသိထားသင့်တဲ့ လိင်ဟော်မုန်းအကြောင်း
ondoctor.com.mm
|
2019-09-28



အမျိုးသမီးတိုင်း သိထားသင့်တဲ့ လိင်ဟော်မုန်းအကြောင်း

အမျိုးသမီးများအတွက် လိင်ဟော်မုန်းများသည် အထူးအရေးကြီးပါတယ်။ အပျိုဝင်ချိန်မှစ၍ သွေးဆုံးချိန်ထိ တောက်လျောက် ပုံမှန်ကျန်းမာရေးတစ်ခုလုံးအတွက် အရေးကြီးပါတယ်။ လိင်ဟော်မုန်းမျာသည် အချိန်နှင့်အမျှ ပြောင်းလဲတတ်ပါတယ်။

အရွယ်ရောက်ချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ သွေးဆုံးချိန်စသည်ဖြင့် ကွာခြားနိုင်ပါတယ်။ ဟော်မုန်းဆိုသည်မှာ အစာစားချိန်စိတ်၊ အိပ်ခြင်းနှင့် ကိုယ်ကြီးထွားရန်စသည်ဖြင့် ကူညီမှုပေးပါတယ်။ လိင် ဟော်မုန်းများသည် လိင်အင်္ဂါဖွံ့ဖြိုးတိုးတက်ရန်နှင့် မျိုးပွားမှုဆိုင်ရာများတွင် အရးကြီးပါတယ်။ လိင်ဟော်မုန်းသည် အသက်အရွယ်၊ ရာသီချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ သွေးဆုံးချိန်၊ စိတ်ဖိဆီးမှု၊ ဆေးဝါးသုံးခြင်းနှင့် ပတ်ဝန်းကျင် အခြေအနေစသည်တို့ကြောင့် ပြောင်းလဲတတ်ပါတယ်။

လိင်ဟော်မုန်း မညီမျှမှုသည် လိင်စိတ်ပြောင်းလဲမှုနှင့် အခြားသော ကျန်းမာရေးအခြေအနေများ ဥပမာ ဆံပင်ကျွတ်ခြင်း၊ အရိုးကျိုးခြင်းနှင့် ကလေးမရခြင်းစသည်တို့ ဖြစ်စေပါတယ်။ လိင်ဟော်မုန်းများမှာ ……..

– estrogen သည် မမျိုးပွားခြင်းနှင့် လိင်အင်္ဂါဖွံ့ဖြိုးတိုးတက်မှုတွင် အရေးကြီးပါတယ်။

– progesterone သည် ရာသီစက်ဝန်းနှင့် ကိုယ်ဝန်ဆောင်ချိန်တွင် သက်ဆိုင်ပါတယ်။

– testerone သည် အမျိုးသား လိင်ဟော်မုန်းဖြစ်သော်လည်း အမျိုးသမီးများတွင်လည်း အနည်းငယ် ရှိပါတယ်။

အပျိုဖော်ဝင်စအချိန်

အမျိုးသမီးများသည် အသက် ၈ နှစ်မှ ၁၃ နှစ်အတွင်း အပျိုဖော်စဝင်သော အချိန်ဖြစ်ပါတယ်။ အပျိုဖော်ဝင်စအချိန်တွင် estrogen နှင့် progesterone ထွက်ပါတယ်။

အဆိုပါ ဟော်မုန်းများမြင့်တက်လာသောကြောင့် အခြာသော အပျိုဖြစ်မှု လက္ခဏာများ ဖြစ်လာပါတယ်။


– ရင်သားကြီးထွားမှု
– လိင်အင်္ဂါတဝိုက် အမွှေးပေါက်ခြင်း
– အရပ်ထွက်ခြင်း
– ကိုယ်ခန္ဓာပြောင်းလဲခြင်း စသည်တို့ ဖြစ်လာပါတယ်။

ရာသီလာချိန်

ရာသီစက်ဝန်းသည် ၂၄ ရက်မှ ၃၈ ရက်အတွင်း ပြောင်းလဲတတ်ပါတယ်။ ရာသီလာချိန်တွင် လိင် ဟော်မုန်းများ ပြောင်းလဲမှုရှိပါတယ်။ လိင်ဟော်မုန်းအခြေအနေပေါ် မူတည်၍ ရာသီစက်ဝန်းလည်း ပြောင်းလဲနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်

ကိုယ်ဝန်ဆောင်ချိန်တွင် ပထမရက်သတ္တပတ်တွင် Progesterone သည် မြင့်တက်ပြီး သားအိမ်ခေါင်းထူကာ အချွဲများနှင့် ပိတ်စေပါတယ်။ Estrogen နဲ့ Progestetone သည် မိခင်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ထိန်းပြီး ကလေးအတွက် ထိန်းညှိပေးပါတယ်။ မွေးခါနီးတွင် ဟော်မုန်းပမာဏ တဖြေးဖြေးကျကာ ပုံမှန်ဖြစ်လာပါတယ်။ နို့တိုက်သောအခါ estrogen သည် ကျလာကာ မမျိုးဥကြွေခြင်းကို တားဆီးပေးပါတယ်။

သွေးဆုံးချိန်

သွေးမဆုံးခင် အချိန်သည် ဟော်မုန်းအပြောင်အလဲများစွာဖြစ်သောကြောင့် လက္ခဏာမျိုးစုံခံစားရနိုင်ပါတယ်။


– ရာသီမမှန်ခြင်း
– ပူရှိန်းမှုခံစားရခြင်း
– အိပ်မပျော်ခြင်း
– စိတ်ခံစားမှုပြောင်းလဲခြင်း
– မိန်းမကိုယ်ခြောက်သွေ့ခြင်း စသည်တို့ ခံစားရပါတယ်။

လုံးဝရာသီမလာသော အချိန်တွင် ဟော်မုန်းပမဏနည်းသောကြောင့် လိင်စိတ်လျော့နည်းခြင်း၊ အရိုးပွခြင်း စသည်တို့ဖြစ်ပြီး ဟော်မုန်းပြောင်းလဲသောကြောင့် နှလုံးနှင့် လေဖြတ်ခြင်းစသည်တို့ ဖြစ်စေပါတယ်။

ဟော်မုန်းမညီမျှခြင်း

ဟော်မုန်းမညီမျှခြင်းကြောင့်


– ရာသီမမှန်ခြင်း
– အမွှေးအမျှင်ပိုထွက်ခြင်း
– ဝက်ခြံထွက်ခြင်း
– မိန်းမကိုယ်ခြောက်ခြင်း
– လိင်စိတ်နည်းခြင်း
– ရင်သားနာခြင်း
– ပူရှိန်းမှုခံစားရခြင်း
– ညဘက်ချွေးထွက်ခြင်း
– ကိုယ်အလေးချိန်တိုးခြင်း
– အားအင်ကုန်ခမ်းခြင်း
– စိတ်ပြောင်းလဲခြင်း
– အိပ်မပျော်ခြင်း
– ကလေးရရန်ခက်ခဲခြင်း စသည်တို့ကို ဖြစ်စေနိုင်ပါတယ်။

Dr.Pyae Shin





ဆီးမထိန်းနိုင်ခြင်း

ဆီးမထိန်းနိုင်ခြင်းသည် အလွန်ကသိကအောက်နိုင်သော လက္ခဏာတစ်ခုဖြစ်ပါတယ်။ ဆီးမထိန်းနိုင်ခြင်းဖြစ်သော်လည်း ဆီးသွားသောအခါတွင်လည်း မများပါ။ အနည်းငယ်ဆီးသွားသည်ဆိုသော်လည်း ဆီးမထိန်းနိုင်ခြင်းသည် ပိုးဝင်ခြင်းနှင့် အခြားသောကျန်းမာရေးအခြေအနေများကြောင့်ဖြစ်နိုင်ပါတယ်။

ဆီးမထိန်းနိုင်သောအကြောင်းရင်းများမှာ

(1) ဆီးပိုးဝင်ခြင်း


အများအားဖြင့် ဆီးပိုးဝင်ခြင်းကြောင့် ဆီးမကြာခဏသွားချင်စိတ် ဖြစ်စေပါတယ်။ CDC လေ့လာချက်အရ ဆီးပိုးဝင်ခြင်းသည် ဆီးလမ်းကြောင်းမည်သည့်နေရာတွင်မဆို ဖြစ်နိုင်သော်လည်း အများအားဖြင့်ဆီးအိမ်ကို ကူးစက်စေပြီး ဆီးအိမ်ရောင်စေပါတယ်။ အမျိုးသမီးများတွင် အဖြစ်များပါတယ်။ ဆီးပိုးဝင်သူသည် မကြာခဏဆီးသွားချင်ပြီမထိန်းနိုင်ဘဲ အနညငယ်သာသွားတတ်ပါတယ်။ အခြား
ဆီးပိုးဝင်သောလက္ခဏာများမှာ


– ဆီးပူခြင်း
– ကိုယ်အပူချိန်ရှိခြင်း
– သွေးပါခြင်း သို့မဟုတ် ဆီးနောက်ခြင်း
– ဗိုက်အောက်ပိုင်းနာခြင်းစသည်တို့ဖြစ်ပါတယ်။

ကာကွယ်ရန်


၁) အဆီအဆိမ့်ရှောင်။
၂) ကျောက်ကပ်ထိစေမယ့် အစားအစာများ (မှို မျှစ်ကညွတ် ကလီစာပါသောအစာများ) ရှောင်ပါ။
၃) အရက်ဘီယာ အရက်ရှောင်ပါ။
၄) မလိုအပ်ဘဲဆေးများ မသောက်ပါနဲ့။
၅) ဝိတ်ချပါ။
၆) အသီးအရွက်များများစားပါ။
၇) ရေများများသောက်ပါ။
၈) ဆီးသွားပြီးတိုင်း သန့်ရှင်းရေးလုပ်ပါ။
၉) အောက်ခံ တွေသန့်ရှင်းနေပါစေ။

(2) ကိုယ်ဝန်ဆောင်ချိန်

အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်သည် ဆီးမထိန်းနိုင်ဘဲ မကြာခဏသွားနိုင်ပါတယ်။ ကိုယ်ဝန်ရှိစအချိန်သည် ဟော်မုန်းအပြောင်းအလဲကြောင့် ပိုဆိုးတတ်ပါတယ်။ လရင့်လာသောအချိန်တွင် ကလးအနေအထားကြောင့် ဆီးအိမ်ဖိထားသောကြောင့် ဆီးမထိန်းနိုင်ပါ။

(3) ဆီးအိမ် အလုပ်လုပ်မှုမြန်နေခြင်း

အာရုံကြောပြဿနာများကြောင့် ဆီးအိမ်သည် ဆီးအနည်းငယ်ရှိရုံဖြင့် ညှစ်ချသောကြောင့် ဆီးမထိန်းနိုင်ဘဲ မကြာခဏသွားချင်စိတ်ဖြစ်စေပါတယ်။

(4) ဆီးကျိတ်ကြီးခြင်း


အမျိုးသားများတွင် ဆီးကျိတ်ကြီးသောကြောင့် ဆီးမထိန်းနိုင်ဘဲ မကြာခဏသွားချင်စိတ် ပေါ်လာပါတယ်။ အခြားသော ဆီးကျိတ်ကြီးသောလက္ခဏာများမှာ
– ဆီးစသွားရန်ခက်ခဲခြင်း
– ဆီးအားနည်းခြင်း
– ဆီးတစက်စက်ကျခြင်း
– ဆီးသွားပြီးနောက်နာကျင်ခြင်းစသည်တို့ဖြစ်ပါတယ်။

(5) ဆီးအိမ်၊ ဆီးကျိတ်၊ သားဥအိမ်ကင်ဆာ စသည်တို့ကြောင့်လည်း ဆီးမထိန်းနိုင်ဖြစ်နိုင်ပါတယ်။

ကုသမှု


ကုသမှုနည်းလမ်းများအနေဖြင့် ဖြစ်နိုင်သော အကြောင်းရင်းများပေါ်မူတည်၍ ကုသမှုခံယူရပါမယ်။
ပိုးသတ်ဆေးသောက်ခြင်း၊ ဆီးကျိတ်ခွဲခြင်းနှင့် ကင်ဆာကုသခြင်းစသည်တို့ကို ပြုလုပ်သင့်ပါတယ်။

ထို့ကြောင့် ဆီးအိမ်ထဲဆီးမရှိသော်လည်း ဆီးပေါက်ချင်သောစိတ် ဖြစ်စေသော အကြောင်းရင်းအများကြီးရှိပါတယ်။ အချို့လူနာများသည် လူနေထိုင်မှုစနစ်ပြောင်းလဲရုံနှင့် ပျောက်ကင်းနိုင်သော်လည်း အချို့လူနာများသည် အကြောင်းရင်း သေချာရှာဖွေကုသသင့်ပါတယ်။ ဆီးမထိန်းနိုင်ခြင်းသည် ပေါ့ဆ၍မဖြစ်ဘဲ အရေးကြီးသော ကျန်းမာရေးလက္ခဏာတစ်ခုဖြစ်ပါတယ်။

Dr. Pyae Shin




Some text some message..