တံတောင်ဆစ်နဲ့ ဒူးမဲခြင်းကို ပျောက်ကင်းစေမယ့် နည်းလမ်းကောင်းများ
healthcare.com.mm
|
2019-10-05


တံတောင်ဆစ်မဲတာတွေ၊ ဒူးမဲတာတွေဟာနေလောင်တာတွေ၊ ပွတ်တိုက်မှုတွေနဲ့ အဖိများတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒူးနဲ့ တံတောင်ဆစ်မှာရှိတဲ့ အသားအရေဟာ တစ်ခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေထက် ပိုပြီးမဲပါတယ်။ ဥပမာ – အလုပ်စားပွဲနဲ့ လုပ်ရတဲ့ သူတွေ ဆိုရင် တံတောင်ဆစ်ကိုဖိထားတတ်တာကြောင့် ပိုပြီးမဲတတ်ပါတယ်။ အမျိုးသမီးတွေ ကတော့ ဒီပြဿနာကြောင့်ပိုပြီးစိတ်ရှုပ်တတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ စကပ်အတိုတွေ၊ အကျီႌလက်တိုတွေ ဝတ်တဲ့အခါ အလှပျက်စေလို့ပါ။ ဒါပေမယ့် စိတ်မပူပါနဲ့။ အောက်ဖက်မှာတော့ ဒူးနဲ့ တံတောင် မဲတဲ့ ပြဿနာကိုဖြေရှင်းနိုင်မယ့် နည်းလမ်း ၆ခုကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ၁။ ရှားစောင်းလက်ပတ် ရှားစောင်းလက်ပတ်ဟာ နေလောင်ဒဏ်ကြောင့် ဖြစ်ပေါ်တတ်တဲ့ အမဲစက်တွေ ကို လျော့ပါးစေပါတယ်။ ရှားစောင်းလက်ပတ်ရဲ့ အတွင်းသား အနှစ်နဲ့ တံတောင်ဆစ်၊ ဒူးနဲ့ အမဲစက်ရှိနေတဲ့ နေရာတွေကို ပွတ်ပေးပြီး နာရီဝက်လောက် ထားလိုက်ပါ။ ဒီလို လုပ်ပေးခြင်းဖြင့် ပြန်လည်ဖြူစင် ဝင်းပလာစေမှာပါ။ ၂။ နနွင်း၊ ပျားရည် နဲ့ နွားနို့နနွင်းဟာရောဂါပိုးသတ်နိုင်တဲ့ အစွမ်းရှိပါတယ်။ ပျားရည်ကတော့ ခြောက်သွေ့တဲ့ အသားအရေကို စိုပြေလာစေပြီး နွားနို့ကတော့ အရောင်ချွတ်ပြီး ဖြူလာစေတဲ့ အစွမ်းရှိပါတယ်။ ဒီတော့ နနွင်းမှုန့်၊ နွားနို့နဲ့ ပျားရည်တို့ကို ရောပြီး မွှေပေးပါ။ ပြီးရင် လိုအပ်တဲ့ နေရာမှာလိမ်းပေးပါ။ ခဏထားပြီး ရေဆေးချ လိုက် ပါ။ ဒါဆိုရင် တံတောင်ဆစ်နဲ့ ဒူးမဲတာတွေ၊ အသားအရေပေါ်က အမဲစက်တွေကို ပျောက်ကင်းစေမှာပါ။ ၃။ သံလွင်ဆီနဲ့ သကြား သံလွင်ဆီနဲ့ သကြားကို ဆတူရောပြီး မွှေပေးပါ။ ပြီးရင်လိုအပ်တဲ့နေရာမှာ လိမ်းပေးပါ။ ခဏထားပြီး ရေဆေးချလိုက်ရုံပါပဲ။ ၄။ သံပုရာ သံပုရာအရည်ကလည်း အသားအရေကို ဖြူစင်ဝင်းပစေပါတယ်။ လိုအပ်တဲ့ နေရာမှာ သံပုရာအရည်ကို ပွတ်လိမ်းပြီး အချိန်အနည်းငယ် ကြာအောင်ထားလိုက်ပါ။ ပြီးရင် ရေဆေးချလိုက်ရုံပါပဲ။ ၅။ နေလောင်ခံခရင်မ် (sunscreen) နေလောက်ခံခရင်မ်တွေကလည်း တံတောင်ဆစ်နဲ့ ဒူးမဲတာအတွက် အသုံးဝင် ပါတယ်။ အပြင်ထွက်တိုင်း သုံးပေးရုံပါပဲ။ ဒီတော့ နေလောင်ဒဏ်ကြောင့် အသား အရေမဲခြောက်တာကို ကာကွယ်ပြီးသားလည်း ဖြစ်ပါတယ်။ ၆။ မက်မွန်သီး မက်မွန်သီးမှာ အရေပြားပေါ်က အညိုအမဲတွေကို ဖယ်ရှားဖို့ အထောက် အကူ ဖြစ်စေနိုင်တဲ့ ဗီတာမင် အီး(vitamin E) များစွာ ပါဝင်ပါတယ်။ မက်မွန်သီးနဲ့ တံတောင်ဆစ်တွေနဲ့ ဒူးတွေကို ပွတ်ပေးလိုက်ရုံပါပဲ။ အခြားနည်းလမ်းများ… • တံတောင်ဆစ်တွေ၊ ဒူးတွေကို ဂျီးတွန်းခဲနဲ့ ပွတ်ပေးလို့လည်း ရပါတယ်။ • အိပ်ယာမဝင်ခင် အုန်းဆီ လိမ်းပေးလို့လည်း ရပါတယ်။ • အမြဲ စိုပြေနေအောင် ထားနိုင်ရင်လည်း အဆင်ပြေပါတယ်။(ရေဓာတ် ဖြည့်တင်း ပေးနိုင်ရင်လည်း တံတောင်ဆစ်တွေ၊ ဒူးတွေကို မမဲစေပါဘူး) • ကျန်းမာရေးနဲ့ အညီ စားသောက်တတ်ဖို့ကလည်း အလွန်အရေးကြီးပါတယ်။ ဗီတာမင် အေ နဲ့ အီး (vitamins А and Е) ကြွယ်ဝစွာ ပါဝင်တဲ့ မက်မွန်သီး၊ အာလူး၊ မုန်လာဥနီ၊ စသည်ဖြင့် စားပေးသင့်ပါတယ်။ သဘောကျနှစ်သက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။ Credit : ဂန္တဝင်မဂ္ဂဇင်းမှ သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။  





Some text some message..