![]()
ဗြဟ္မဏပုဏ္ဍား နက္ခတ္တဗေဒပညာရှင် ၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာ ဗေဒင်ဟောစာတမ်းကို (၁၆-၉-၂၀၁၈) မှ (၂၂-၉-၂၀၁၈)အထိ ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေသားသမီးများ
တနင်္ဂနွေ၊ တနင်္လာ၊ ရာဟု ထိုနေ့နံ သားသမီးများနှင့်အကြံအစည် ၊ လုပ်ငန်းစတင်ပြုလုပ်အထူးကောင်းမွန်ပြီးအသက် ၁၉၊ ၂၁၊ ၂၈၊ ၂၉၊ ၃၉၊ ၄၁၊ ၄၅ နှစ် ရှိနေသူများအကျိုးခံစားရကိန်း ရှိသည်။အုပ်ချူပ်ရေး၊ ဥက္ကဋ္ဌ၊ ဗိုလ်လောင်း၊အကြီးအကဲများ ရှေ့လမ်းကြောင်းများဖြောင့်ဖြူးပြီး ရာထူးတိုး၊ နေရာသစ်၊အပြောင်းရွှေကောင်းများ ကြုံတွေ့ရလိမ့်မယ်။ တီထွင်ခြင်းပညာရှင်၊ သိပ္ပံပညာရှင် သီချင်းရေး၊ ကဗျာဆရာ ၊အင်ဂျင်နီယာလုပ်ငန်းများ နာမည်ဂုဏ်သတင်းကျော်ဇော်မည်။အချစ်ရေးအသစ်တွေ့အဟောင်းစွန့်ပစ်တာမျိူးအထူးသတိထားပါ။အိမ်ထောင်ရေး၌ ရပ်ဝေးအလုပ်လုပ်နေများထံအမျိုးသား၊အမျိုးသမီး မင်္ဂလာသတင်းစကားများ ကြားရသလို ငွေအစုအခဲ ပို့လိမ့်မည်။အိမ်ပြင်အိမ်ဆောက်အလှူတန်းများပေးရလိမ့်မယ်။ မီးပူ၊ လျှပ်စစ်၊အပူလောင်ခြင်းအထူးဂရုစိုက်ပေးပါ။ ကျန်းမာရေးအထူးကောင်းမွန်၍ ပညာရေးသင်တန်းကိစ္စများနှင့် ပြည်ပခရီးသွားရကိန်းရှိသည်။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင်အနီရောင်၊အစိမ်းရောင် ဝတ်ဆင်ပါ။
အကျိုးပေးအရောင် -အနီရောင်၊အစိမ်းရောင်
အကျိုးပေးဂဏန်း - (၄.၁.၅)
ရှောင်ရန် -အနောက်တောင်
ယတြာ - နံနက်စောစော နေထွက်ရာ နေမင်းကြီးကို ကြည်ပြီးအဝါရောင်၊ ရွှေရောင် ဖယောင်းတိုင် ၆တိုင် ကိုင် ဆုတောင်း၍အိမ်ဘုရား၌ ထွန်းပါ။
တနင်္လာသားသမီးများ
အခုအပတ်မှာအသက် ၂၀၊ ၂၉၊ ၃၈၊ ၄၇ နှစ်ရှိနေသူများ လုပ်ငန်းအသစ် လုပ်ခြင်း ၊ ပြည်ပခရီးစဉ်၊ လက်ရှိလုပ်ငန်းနှင့် ဆက်စပ်ပြီးအရာရာအောင်မြင်ချောမွေ့မည်။ လုပ်ငန်းတစ်ခုတွင်အောင်မြင်မှုရရှိစေရန် ပြီးဆုံးအောင် စွဲစွဲမြဲမြဲ လုပ်ပါ။အလှအပ ဖန်တီးရှင်၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်သောအရောင်းအဝယ်၊ ရုပ်ရှင်အနုပညာလုပ်ငန်း၊ သမိုင်းပညာသုတေသီလုပ်ငန်းများအောင်မြင်ကျော်ကြားသော နာမည်ဂုဏ်သတင်းကျော်ဇော်မည်။အိမ်ပြင်၊အိမ်ဆောက်၊အဆောက်အဦး ကိစ္စများနှင့်အမှုရေးရာ စကားပြောဆို ရလိမ့်မည်။ လတ်တလောအချစ်ရေး၊အိမ်ထောင်ရေးအတွက် တာစူထားသူများ မိမိနှစ်ဦးအဆင်ပြေပေမယ်အလိုလိုနေရင်းအုပ်ထိန်းသူများ သဘောမတူတာမျိူး ဖြစ်လာတတ်သည်။အစစအရာရာ စိတ်ရှည်သည်းခံပြီး ပြေလည်စွာ ပြောဆိုပါ။ ဒေါသ၊ မာန်၊ ကလဲ့စားချေခြင်း၊ မခံချင်စိတ်များခြင်းနှင့် ပြောဆိုခြင်းအထူးရှောင်ရန်။ ၁၃၈၀ပြည့် တော်သလင်းလဆန်း(၈)ရက် တနင်္လာနေ့ တနင်္ဂနွေဂြိဟ် ညစက် ၁၀နာရီ ၄၆မိလွန် ကန်ရာသီ ပြောင်းပြီးဖြစ်၍ ရှင်ပြု စေ့စပ်၊ လက်ထက်မင်္ဂလာ၊အိမ်ဆောက်၊အိမ်တက်မင်္ဂလာ၊အခါရှောင်ပါ။ ပညာရေး ကောင်းမွန်၍ ကျန်းမာရေးပုံမှန်ရှိနေပါတယ်။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် နို့နှစ်ရောင်၊အဝါရောင် ဝတ်ဆင်ပါ။
အကျိုးပေးအရောင် - နို့နှစ်ရောင်၊အဝါရောင်
အကျိုးပေးဂဏန်း - (၉.၃.၄)
ရှောင်ရန် -အရှေ့အရပ်
ယတြာ - ဝါဆိုဖယောင်းတိုင် ၁၅တိုင်ကို နေထွက်ချိန် မိမိလိုရာ ဆုတောင်း၍အိမ်ဘုရား၌ ထွန်းပါ။
အင်္ဂါသားသမီးများ
အခုပတ်မှာ မိမိတို့ လုပ်ကိုင်နေသည့်အလုပ်အကိုင်အရ လုပ်ငန်းရှင် သို့မဟုတ် ရာထူးအစိုးရဝန်ထမ်းဖြင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်နေသူများ စိတ်ချမ်းသာ၍ စီးပွားရေးအရောင်းအဝယ် ပွင့်ပါလိမ့်မယ်။အစိုးရလုပ်ငန်း ဝန်ထမ်းသမားများ ဥပဒေစာရင်းဇယားများအလေးအနက်ထားလုပ်ဆောင်ပါ သတိမလွတ်ပါစေနဲ့ ဘေးကြုံမယ်။ *၃.၁၂.၃၀*ရက်မွေးဖွားသူများအထူးညံ့မည်။ ပြဿနာပေါင်းစုံဖြေရှင်းရခြင်းနှင့် ကြားဝင်၍ ငွေအလျော်အစားလုပ်ပေးရခြင်း၊ လုပ်ငန်းရှင်နှင့်အစိုးရအကြီးအကဲများ ငြိုငြင်မှု ခံရလိမ့်မည်။ မလိုအပ်ဘဲ ရေကြောင်းခရီး သွားခြင်းရှောင်ရန်။ မိမိလုပ်ငန်းသော်လည်ကောင်း၊ ပြည်ပပြည်တွင်း မိတ်ဆွေ၊ သူငယ်ချင်း ကြာသပတေး၊သောကြာ သားသမီးများထံအကူညီများရလိမ့်မယ်။ နည်းပြ(အားကစား)လုပ်ငန်း၊ ကုမ္မဏီ လက်ထောက်ဝန်ထမ်းများနှင့် ဆေးလုပ်ငန်းရှင်များအထူးအကျိုးဆက်များခံစားရ၍ လက်အောက်ငယ်သား သားသမီးများ၏အကူညီနှင့် မင်္ဂလာကောင်းသတင်းများကြားရလိမ့်မယ်။အချစ်ရေး၊အိမ်ထောင်ရေးများ မိုးလေဝသ သာယာ၍ ဘုရားဖူးခရီး၊အပန်းခရီး ပြည်ပခရီးစဉ်များ သွားရကိန်းရှိသည်။ ကျန်းမာရေးများအထူးကောင်းသည်။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် မိုးပြာရောင်၊အစိမ်းရောင် ဝတ်ဆင်ပါ။
အကျိုးပေးအရောင် - မိုးပြာရောင်၊အစိမ်းရောင်
အကျိုးပေးဂဏန်း - (၆.၅.၈)
ရှောင်ရန် -အနောက်မြောက်
ယတြာ -အိမ်ဘုရား၌အဝါရောင်နှင်းဆီးပန်းများ ကပ်လှူ၍ ဘုန်းကြီးတစ်ပါးကို ထီး တစ်လက်လှူ ပါ။
ဗုဒ္ဓွဟူးသားသမီးများ
အခုလပတ်တွင် လယ်မြေ၊ ယာမြေ ဝယ်ထားခြင်းများအစိုးရမှ သိမ်းခြင်းများနှင့် ပွဲစားအလိမ်များကြောင်း ငွေဆုံးခြင်းအထူးသတိထားပါ၊ တော်လှန်ခြင်း၊ ဆန္ဒပြခြင်းနှင့် ပတ်သက်မိလျှင် မကောင်းသောကြောင့် ရှောင်ရန်ကြဉ်သင့်သည်။အခုအပတ်မှာအသက် ၁၅၊ ၁၈၊ ၂၄၊ ၂၇၊ ၃၆၊ ၄၂နှစ်များ ထူးခြားမှုအဘက်ဘက်က ကံကောင်းမှုများကြုံတွေ့ရလိမ့်မယ်။ ကိုယ်ပိုင်တီထွင်မှုပြုလုပ်သော လုပ်ငန်း၊ စာပေကျမ်းဂန် ပြုစုခြင်း၊ သုတေသနာလုပ်ငန်းအထူးအကျိုးအမြတ်များစွာရ၍ နာမည်ကျော်ကြားလိမ့်မယ်။ မိမိအိမ့်ဘုရားစင်၌ မြွေ၊အိမ်မြောင်အမြီးနှစ်ခွ တွေ့လျှင် *၈*စ.*ဝ*အလယ်.*၆*အပိတ် ထီထိုးပါ။အိမ်၊ ခြံ၊ မြေ၊ ကား၊ တိုက်ခန်း လုပ်ငန်းများအခက်ခဲရှိလိမ့်မည်၊၊အထူးသဖြင့်အစ ၃၊ ၉၊ ၆ တစ်ခုခုဖြစ်လျှင် မဝယ်ကောင်း စရံမပေးသင့်ပါ။ ဝါတွင်းဆိုသော်လည်း ဘာသာခြားများအထူးဂရုစိုက်ပေးပါ။ ဝယ်လိုပါက ၁၊၇၊၄ ဂဏန်းအစများအကျိူးပေးလိမ့်မည်။အချစ်ရေး နည်းနည်တော့အထစ်ငေါ့ ဖြစ်လိမ့်မည်။အိမ်ထောင်ရေးအထူးညံ့မည်။ နှစ်ဘက်မိဘအသိုင်းဝိုင်း ပြဿနာအကြီးကျယ်ရှိတတ်သည်။ ကြားညပ်တတ်သည်။ ကျန်းမာရေးအနေနဲ့အဖျားကြီးရောဂါ နှင့်အစားအသောက်အစားအဆိပ်သင့်တတ်သည်။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် မီးခိုးရောင်၊ ဖက်ဖူးရောင် ဝတ်ဆင်ပါ။
အကျိုးပေးအရောင် - မီးခိုးရောင်၊ ဖက်ဖူးရောင်
အကျိုးပေးဂဏန်း - (၈.ဝ.၆)
ရှောင်ရန် - မြောက်အရပ်
ယတြာ -အသက်ကြီးရွယ်အိုများကို သစ်သီးဒါနပြုပါ။
ကြာသပတေးသားသမီးများ
အခုအပတ်မှာအောင်မြင်လို့ပါကအတိုက်အခိုက်မထားပါနဲ့အတိုက်အခိုက်မလုပ်ပါနဲ့ စကားပြောဆင်ခြင်သင့်သည်။ မိမိအောင်မြင်မှု မိမိလက်ထဲမှာသာရှိ၍ ကြိုးအားထုတ်ပါ။ မိဘအကြီးကဲများကို ဂါရဝထားပါ။ဘာသာရေးလုပ်သလောက်အောင်မြင်မှုရလိမ့်မည်။ စာပေပညာရှင်၊ ဂီတအနုပညာရှင်များ လက်သစ်စ လုပ်ငန်းရှင်များအထူးအောင်မြင်၍ နာမည်သတင်းကြီး ကျော်ဇောလိမ့်မယ်။ ပြည်အလုပ်အကိုင်များ ပွင့်လန်းမည်။အွန်းလိုင်းလုပ်ငန်းရှင်များ ရွှေ၊ ဖန်စီ၊အထည်အလိပ် နှင့်အလှကုန်ပစ္စည်းများဖြန့်ချီခြင်းအရောင်းအဝယ်ကောင်းလိမ့်မယ်။ ယာခရီးထွက်ရကိန်းကြုံမည်။အချစ်ရေးအဆင်မပြေသူများ ပြန်လည့်သင်မြတ်လိမ့်မယ်။ ချစ်သူဆီမှ သတင်းစကားကောင်းသတင်းနှင့်အဖိုးတန်ပစ္စည်း လက်ဆောင်ရခြင်း၊ ဖုန်း၊အဝတ်အထည်၊ စက်ယာဉ် ရလိမ့်မည်။အိမ်ထောင်ရေး သာယာလိမ့်မည်။အိမ်ထောင်ရှင်ဝန်ထမ်းများ ရာထူးတိုးခြင်း နေရာသစ်၊ မြို့အသစ်ပြောင်းရွှေရကိန်းကြုံလိမ့်မည်။
ကျန်းမာရေးမှာ သားအိမ်ရောဂါ၊ ဆီး၊ ကျောက်ကပ်ရောဂါ ခံစားရလိမ့်မည်။
မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင်အဖြူရောင်၊အပြာနုရောင် ဝတ်ဆင်ပါ။
အကျိုးပေးအရောင် -အဖြူ ရောင်၊အပြာနုရောင်
အကျိုးပေးဂဏန်း - (၈.၅.၉)
ရှောင်ရန် - တောင်အရပ်
ယတြာ -အိမ်ဘုရား၌ သစ်ခွပန်း၊ ဗေဒါပန်း၊ ကြာပန်း တစ်မျိုး ကပ်လှူ၍အုန်းနို့ခေါက်ဆွဲ ဆွမ်းကပ်ပြီး ဆုတောင်းပါ။
သောကြာသားသမီးများ
အခုလတ်တလောအိမ်မက်မက်ရင်း၊ လမ်းသွားလာနေရင်းအကြားအမြင် နိမိတ်များကြုံတွေ့ရတတ်သည်။ ကြုံတွေ့ရပါက ရှောင်ကြဉ်ပါ။ စီပွားရေးကတော့အဆင်ပြေမယ် ငွေစုမိမည်။အလို့အလျောက် ငွေခဏခဏရလိမ့်မယ်။
စတိုးဆိုင်၊ ကုန်ခြောက်လုပ်ငန်း၊ ဖုန်းလုပ်ငန်းများ ဆိုင်ခွဲဖွင့်ခြင်း တိုးချဲ့ခြင်းများ ဖြစ်လာလိမ့်မည်။အကောင်အထည်ပေါ်မည်။အထူး ငွေချေးတာအာမခံ စာချုပ်စာတန်းများ သတိထားဆောင်ရွက်ပါ။ မိမိအိမ်တွင် သားသမီးများ ပညာရေး သတင်းကောင်းနှင့် ပြည်ပရောက်နေသူများထံ ငွေဝင်လာမည်။
ယောင်္ကျားလေး ဆေးစွဲခြင်း ၊ ကာမလိုက်စားခြင်းအပျော်အပါးလိုက်စားခြင်း ရှောင်ကြည်ပါ။ သူတပါးကျွေးသည့်အစားအသောက်ကို သတိထားစားသင့်သည်။အချစ်ရေးကံ ခေ၍ သီလရှင် ဘုန်းကြီး သာသနာမြေ ခိုလှုံလိုသည့် စိတ်များဖြစ်လာတတ်သည်။အထူးသဖြင့် တနင်္လာ၊ ရာဟု၊ ကြာသပတေး သားသမီး ချစ်သူရည်စားများအပူသောကများလိမ့်မည်။
အိမ်ရေးအနည်းငယ်သာအပူကြုံအံ့ ပြန်သင့်မြတ်၍အဆက်ပြေသွားမည်။အထူးသဖြင့် ဘေးသွေးထိုးစကား နားမယောင်စေနှင့်။ မိမိချစ်သူ၊အိမ်ထောင်ဘက်အပေါ် မာန်မာနထား ဆက်ဆံခြင်း၊ ရွဲ့ခြင်း ရှောင်ပါ။ ကျန်းမာရေးမှာ နှလုံး၊အရေပြားရောဂါ ဖြစ်တတ်ဖြစ်တတ်ပြိး ခါးအောက်ပိုင်း ဒုက္ခပေးတတ်သည်။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင်အမဲရောင်၊ ခရမ်းရောင် ဝတ်ဆင်ပါ။
အကျိုးပေးအရောင် -အမဲရောင်၊ ခရမ်းရောင်
အကျိုးပေးဂဏန်း - (၂.၅.၁)
ရှောင်ရန် -အနောက်အရပ်
ယတြာ - မိမိဂြိဟ်နေနံထောင့်တွင် ဒန်း၊ သရက် သို့ သနပ်ခါးညွန့်များကို ကပ်လှူ ဆုတောင်းပါ။
စနေသားသမီးများ
အခုအပတ်မှာအမွေရခြင်း၊ ထီပေါက်ခြင်း၊ စက်ကြီးယာဉ်ကြီးများ ဝင်လိမ့်မည်။ သက္ကရစ် ဆယ်ပြည့်များအထူးကံကောင်၍ လုပ်ငန်းကိုင်တာများတွင်အောင်မြင်ခြင်းနှင့် တိုးချဲ့ရကိန်းရှိသည်။ ထီထိုးခြင်း ကောင်း၏ ။ ထိုးပါ။ ၃ စ ၂အလယ် ၈အပိတ်
ဆံရိတ်ဆံသ၊အလှပြင် ဆေးဖော်စပ်၊ဆေးလုပ်ငန်းများအဆင်ပြေမယ်။ ရွှေ၊ ကျောက်မျက်ရတနာအဖိုးတန်ပစ္စည်း လက်ဆောင်ရခြင်း နှင့် မြေကြီးထွက် ရတနာရှာဖွေ့ခြင်း၊အရောင်းအဝယ်အကျိုးအမြတ်ရလိမ့်မည်။ ပြည်တွင်းပြည်ပ ပညာရေးအဆင့်အတန်းမြင့်သော ပညာရပ်များ သင့်ယူရခြင်း၊ သင်တန်းဖွင့်ခြင်း ဆရာကောင်းသမားများအကြီးအကဲများ မစ၍အကူညီအပြည့်ဝရလိမ့်မည်။အချစ်ရေးမှာအေးအေးချမ်းချမ်း ကြင်ကြင်နာနာ ဖြတ်သန်းရလိမ့်မည်။ မိဘများနှင့် တွေ့ဆုံပေးခြင်းအဆင်ပြေမည်။သဘောတူညီမှုရလိမ့်မည်။အိမ်ထောင်ရေးမှာတော့ မိမိအိမ့်ထောင်ရှင်မိန်းမ ကိုယ်ဝန်ဆောင်ခြင်း၊ ညီအစ်အမ မင်္ဂလာဆောင်သတင်းကောင်းနှင့်အလှူတန်းပေးရမယ့်။အထူးအိမ်ထောင်သည်ယောင်္ကျားလေးများ မိန်းကလေး၊ *ခယ်မ*နှင့်ပြဿ နာဖြစ်ခြင်းအထင်လွဲသဖြင့်အိမ်ထောင်ရေး ပြိုလဲတတ်သည်ကိုအထူးသတိထားသင့်သည်။ သိသိချင်း ရှေ့ဆက်တိုးတာ နားမထောင်တာ ၊ မယားငယ်ထားတာတို့ကြောင့်အပူသောကများဖြစ်ပွားတတ်သည်။ ရေကြောင်းခရီးသွားလာခြင်းကောင်း၏။အရှေ့မြောက်ဘက်အရပ်ရှောင်ရန်။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင်အညိုရောင်၊ ခရမ်းရောင် ဝတ်ဆင်ပါ။
အကျိုးပေးအရောင် -အညိုရောင်၊ ခရမ်းရောင်
အကျိုးပေးဂဏန်း - (၃.၂.၈)
ရှောင်ရန် -အရှေ့မြောက်အရပ်
ယတြာ - မိမိနေနံ ဂြိုဟ်ဘုရားမှာ ပေါက်ပေါက်ထုပ်၊ သလဲသီး ၊ သံပုသီး ကပ်လှူ ဆုတောင်းပါ။
ရာဟုသားသမီးများ
အခုအပတ်တွင် မိမိအိမ်သို့ ကိုယ်ဝန်သည်ရောက်ရှိလာပါကအထူးပျော်ရွင်၍ ကံကောင်းမူများရတတ်ပါလိမ့်မည်။အလုပ်အကိုင်ကိစ္စများအဆင်ပြေနေမည်အထက်လူကြီးများနဲ့ ပူးတွဲလုပ်ကိုင်ရမည် စပ်တူရှယ်ယာလုပ်ငန်းများအဆင်ပြေနေမည့်အချိန် ဖြစ်ပါသည်။ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ထင်ထင်ရှားရှားအောင်မြင်မည့်ကာလဖြစ်သည်အကြံအစည်များအောင်မြင်ဖြစ်ထွန်း လွယ်မည် ရဲရဲသာလုပ်ပါ။အခုအပတ်မှာအသက် ၁၈၊ ၂၂၊ ၂၈၊ ၃၅၊ ၄၄၊ နှစ်များ ထူးခြားမှုအဘက်ဘက်ကကံကောင်းမှုများ၊ ကြုံတွေ့ရလိမ့်မယ်။ ခြံ၊ မြေ၊ တိုက်ခန်း လုပ်ငန်းများ ပြဿ နာတတ်လိမ့်မည်၊၊အထည်လုပ်ငန်း ၊ ဖက်ရှင်၊အလှကုန်၊အလှပြင်ဆိုင် စတဲ့အလုပ်တွေအကျိုးဖြစ်ထွန်းနေပါလိမ့်မယ်။အထူးသဖြင့်သောကြာ၊အင်္ဂါ၊ ကြာသပတေးသားသမီးများကို သတိထားပေါင်းသင်းဖို့ လိုအပ်ပါသည်။ လူငယ်လူရွယ်များအနေဖြင့်အထူးမျက်နှာပွင့်သောကာလဖြစ်သည် မိမိသွားလေရာ၌အားပေးကူညီသူများ ပေါများလိမ့်မည်။
အချစ်ရေးမှာ တဦးနင့်တဦးအတ္တကြီးမူများကြောင့်အချစ်ရေးပျက်ပြားတတ်ပါသည်။အိမ်ထောင်ရေးအညံ့မရှိပါ။ ကျန်းမာရေးအနေနဲ့အဖျားကြီးရောဂါ၊ နှင့်အစားအသောက်အစားအဆိပ်သင့်တတ်သည်။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် ဖက်ဖူးရောင်၊ မီးခိုးရောင်၊ ဝတ်ဆင်ပါ။
အကျိုးပေးအရောင် - ဖက်ဖူးရောင်၊ မီးခိုးရောင်
အကျိုးပေးဂဏန်း - (၆.ဝ.၈)
ရှောင်ရန် - မြောက်အရပ်
ယတြာ - ပိန်းပန်း၊ ပိတောက်ညွန့် ၊ မေမြို့ ပန်း တစ်မျိုးမျိုး ဂြိုလ်သက်စေ့ကပ်လှူ ပါ။