![]()
နေ့စွဲ၊ ၁၆-၉-၂၀၁၈
လိုတရပရိတ်သတ်ကြီးရှင့်၊ ဆရာမဒေါက်တာ စောယုနွယ်ဟောပြောပေးထားတဲ့ ချစ်ရေးချစ်ရာ ဘဝတွက်တာ ဗေဒင်ကို စက်တင်ဘာလ ၁၆ ရက်နေ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ မည်သည့်လ၊ မည်သည့်ရက်မှာ မွေးဖွားသူများဖြစ်စေ မိမိမွေးရက်ဖြင့် တိုက်ဆိုင်ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။
မည်သည့်လတွင်မဆို (၁၊ ၁ဝ၊ ၁၉၊ ၂၈) ရက်မွေးဖွားသူများ
ဒီနေ့မှာ ပျိုရွယ်သူများအဖို့ မိမိစိတ်ဝင်စားနေသူထံမှ မိမိလိုချင်သော ချစ်အဖြေကို တောင်းသင့်သည်။အလုပ်နှင့်ပတ်သက်ပြီး စိတ်လေစိတ်မောစရာတွေ ဆုံးဖြတ်ရခက်တာတွေနှင့် ရင်ဆိုင်ရတတ်ပါတယ်။အမှားမှားအယွင်းယွင်းတွေကို ဆုံးဖြတ်ပြီးလုပ်မိနေ တတ်တဲ့ကာလတစ်ခုဖြစ်တယ်။ စိုးရိမ်စရာတော့ သိပ်မရှိပါဘူး၊ စိတ်မပူပါနဲ့လေ။ ငွေကြေးကိစ္စနှင့် ပတ်သက်၍လည်း ဝင်ငွေများ ကျေနပ်လောက်အောင်ရမည်။ သို့သော် ငွေကြေးကုန်ကျစရာများသောကြောင့် ဝင်သမျှငွေများအဖတ်မတင်နိုင်တတ်ချေ။ နိုင်ငံခြားခရီး ကံကောင်းတတ်သည်။ ပညာသစ်တွေ သင်ကြားရတတ်ပါတယ်။ ပညာနှင့်ပတ်သက်၍ ကောင်းသောခရီးသွားရတတ်သည်။အိမ်ထောင်ရှိသူများအဖို့အိမ်အနီးအနားတွင် မင်္ဂလာကိစ္စပေါ်ပေါက်ပါက ထီးပြေးထိုးလိုက်ပါလေ။ ကျန်းမာရေးအနေနှင့် ဆီးနှင့် ပတ်သက်သော ရောဂါဝေဒနာ ခံစားရတတ်ပါတယ်။
ကံကောင်းသောနံပါတ် ။ ။ ၉, ၇, ၆ ကံကောင်းသောအရောင် ။ ။ နီကယ်ရောင်
ယတြာ ။ ။ မိတ်ဆွေတစ်ဦးကို နို့စိမ်းတစ်ဗူး လက်ဆောင်ပေးပါ။
မည်သည့်လတွင်မဆို (၂၊ ၁၁၊ ၂ဝ၊ ၂၉) ရက်မွေးဖွားသူများ
ဒီနေ့မှာ ပျိုရွယ်သူများနှင့်အိမ်ထောင်ရှင်များ စိတ်ချမ်းသာရမည့်ကာလမျိုး ဖြစ်တတ်ပါတယ်။ စီးပွားရေးလုပ်ငန်းများပြုလုပ်ရာ၌အောင်မြင်မှုများရရှိတတ်ပါတယ်။အစုစပ်လုပ်ငန်းများတွင် ငွေကြေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပါကအကျိုးအမြတ်ဖြစ်ထွန်းအောင်မြင်မှုများ ရှိတတ်ပါတယ်။အရပ်လေး၊အရပ်ရှစ်မျက်နှာမှ ငွေကြေးများလည်း ဝင်လာတတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် ရာထူးတက်ကိန်းရှိနေ တတ်ပါတယ်။ ဌာနဆိုင်ရာအတွင်း လုပ်ဖော်ကိုင်ဖက်များနှင့်လည်းအဆင်ပြေမှုမျိုးနှင့် ကြုံရတတ်ပါတယ်။ ပညာသင်ကျောင်းသားများအနေဖြင့် ပညာရေးကံအနည်းငယ် ညံ့နေတတ်ပါတယ်။ လုံ့လဝီရိယ စိုက်ထုတ်ကြိုးစားမှု များများပြုလုပ်ပါ။ ကျန်းမာရေးတော့အထူးဂရုစိုက်ပါ။
ကံကောင်းသောနံပါတ် ။ ။ ၇, ၁, ၆ ကံကောင်းသောအရောင် ။ ။ မိုးပြာရောင်
ယတြာ ။ ။ မွေးနံထောင့်ြ၈ိုလ်တိုင်မှာ ထီးနီ (၁ဝ)လက်၊ တံခွန်ဖြူ (၁)၊ သောက်တော်ရေ သက်စေ့ကပ်လှူပါ။
မည်သည့်လတွင်မဆို (၃၊ ၁၂၊ ၂၁၊ ၃ဝ) ရက်မွေးဖွားသူများ
ဒီရက်မှာ ပျိုရွယ်သူတွေအဖို့ စန်းပွင့်တတ်သည်။ လက်ရှိလုပ်ငန်းတွေလည်းအဆင်ပြေအောင်မြင်ပြီး၊ ရှေ့မှာဆက်ပြီး လုပ်ရမည့်အလုပ်တွေကလည်းအခြေအနေကောင်းတွေ ကြုံနေလိမ့်မည်။ သင်ကြိုးစားအားထုတ်ခဲ့သမျှအသီးအပွင့်တွေကို ခံစားရမည့်အချိန်ဖြစ်ပါတယ်။ ငွေကြေးကိစ္စ၊ ပစ္စည်းဥစ္စာကိစ္စအဆင်ပြေနေလိမ့်မယ်။ မိတ်ဆွေတွေက ကူညီတာ ကြီးကဲသူတွက မစတာ မိမိလုပ်ငန်းနဲ့ပတ်သက်ပြီးအကြံကောင်း၊ Óဏ်ကောင်း၊ ပညာကောင်းရတာမျိုး ကြုံရတတ်ပါတယ်။အောင်မြင်တိုးတက်မှုတွေကြားမှာအတိုက်ခံတွေ မနာလိုလို့ ပြဿနာလုပ်တာတွေအတို့အထောင်ချောက်တွန်း ခံရတတ်တာတွေတော့ ကြုံလာနိုင်ပါတယ်။ ဒါပေမယ့် မပြောပလောက်ပါဘူး။ ကိုယ်လုပ်စရာရှိတာတွေသာအင်နဲ့အားနဲ့ ဆက်လုပ်သွားပါ။ ကျန်းမာရေးအနေနဲ့ကတော့ လက်ထိခိုက်ဒဏ်ရာ ရရှိတတ်သည်။
ကံကောင်းသောနံပါတ် ။ ။ ၉, ၂, ၄ ကံကောင်းသောအရောင် ။ ။ ငှက်ပျောနုရောင်
ယတြာ ။ ။ မြတ်စွာဘုရားကို ဆွမ်းပူပူပေါ်တွင် သင်္ဘောသီးတင်လှူပါ။
မည်သည့်လတွင်မဆို (၄၊ ၁၃၊ ၂၂၊ ၃၁) ရက်မွေးဖွားသူများ
ဒီနေ့မှာအချစ်ရေးမှာ ချစ်သူထံမှ လက်ဆောင်ရတတ်သည်။ ဘာပဲလုပ်လုပ်အဆင်ပြေနေပါလိမ့်မယ်။အောင်မြင်မှု ကြီးကြီးမားမား တွေခံစားရရှိတတ်တယ်။ ရည်ရွယ်ထားသမျှအဆင်ပြေအထမြောက်အောင်မြင်လိမ့်မယ်။ ငွေအတွက်လည်း စိတ်ချမ်းသာရပါလိမ့်မယ်။ ဟိုကဝင် ဒီကဝင်နဲ့ လာဘ်လာဘတွေ ရွှင်လန်းနေပြီး ထစ်ငေါ့နေတာတွေလည်း ရလာလိမ့်မည်။ စာရွက်စာတမ်းကိစ္စတွေ ဆောင်ရွက်ရာမှာတော့အနည်းငယ် သတိထားဆောင်ရွက်သင့်တယ်။ စကားများရတတ်တယ်။ ခရီးကိစ္စတွေလည်း ထစ်ငေါ့စွာဖြင့် ကြန့်ကြာ နေတတ်တယ်။ စိတ်ညစ်စရာ သတင်းတွေလည်း ကြားရတတ်တယ်။ ကျန်းမာရေးကတော့ ဆီး၊ ဝမ်းနှင့် ပတ်သက်သောရောဂါဝေဒနာ ခံစားရတတ်တယ်။ သတိထား ဂရုပြုပါလေ။
ကံကောင်းသောနံပါတ် ။ ။ ၉, ၇, ဝ ကံကောင်းသောအရောင် ။ ။ ပန်းရောင်
ယတြာ ။ ။ သူငယ်ချင်းကို မုန့်ဝယ်ကျွေးလိုက်ပါ။
မည်သည့်လတွင်မဆို (၅၊ ၁၄၊ ၂၃) ရက်မွေးဖွားသူများ
ဒီရက်မှာ ပျိုရွယ်သူများအချစ်ရေးတွင်အသစ်မရှာသင့်ပါ။အလုပ်ကံကောင်းသလို ငွေကံလည်းကောင်းမည်။ နိုင်ငံခြားခရီးစဉ် ချောမွေ့မည်။ လက်အောက်ငယ်သားအချေအတင် ပြောရတတ်သည်။ မြေ၊အဆောက်အအုံရောင်းသောကိစ္စများအဆင်ပြေမည်။ ငွေစုပြုံဝင်ပြီး ကံစမ်းမဲပေါက်တတ်သည်။ သယံဇာတ တူးဖော်သူများအကျိုးရှိမည်။ မျှော်မှန်းမထားသည့် ပညာရေးအောင်မြင်မည်။အိမ်ထောင်ရှင်များအနေနှင့် ငွေကြေးကိစ္စကြောင့် စကားများရတတ်သည်။ ကျန်းမာရေးအနေဖြင့်အာရုံကြောအားနည်းခြင်းများ ကြုံရတတ်သည်။
ကံကောင်းသောနံပါတ် ။ ။ ၈, ၆, ၄ ကံကောင်းသောအရောင် ။ ။ လိမ္မော်ရောင်
ယတြာ ။ ။ ဘုန်းတော်ကြီးကျောင်းသို့ ဘဲသားဟင်းချက်ပြီး ဆွမ်းချိုင့်ပို့ပါ။
မည်သည့်လတွင်မဆို (၆၊ ၁၅၊ ၂၄) ရက်မွေးဖွားသူများ
ဒီရက်မှာ ငယ်ရွယ်သူတွေအနေနဲ့အချစ်ရေးမှာ ကံခေနေတတ်ပါတယ်။အလုပ်အကိုင်အခွင့်အလမ်းများ ကောင်းနေပေမယ့်အင်မတန်ရန်များရမည့် ကာလတွေပါ။ စိတ်တွေလည်း တအားလေနေတတ်ပါသေးတယ်။ ဝေးကွာနေသောသူများနှင့် ပြန်လည်ဆုံတွေ့ရ တတ်ပါတယ်။အိမ်တွင်းသုံး ပရိဘောဂတွေ ဝင်လာတတ်ပါတယ်။ လက်အောက်ငယ်သားတွေအတွက်လည်း စိတ်ချမ်းသာရတတ်ပါတယ်။ ပညာရေးအနေဖြင့် သင်တန်းတက်ဖို့ကြံရွယ်ပြီးမှ ပျက်သွားတတ်ပါတယ်။အိမ်ထောင်ရှင်တွေအဖို့ စိတ်ချမ်းသာရမည့်ကာလလေးပါ။ ကျန်းမာရေးမှာ ခါးအောက်ပိုင်း ဂရုစိုက်ပါ။
ကံကောင်းသောနံပါတ် ။ ။ ၆, ၅, ၄ ကံကောင်းသောအရောင် ။ ။ နက်ပြာရောင်
ယတြာ ။ ။ စာအုပ်စာတမ်းများ လှူပါ။
မည်သည့်လတွင်မဆို (၇၊ ၁၆၊ ၂၅) ရက်မွေးဖွားသူများ
ဒီရက်မှာ ပျိုရွယ်သူတွေအဖို့အချစ်ရေးမှာ လမ်းခွဲရမလို ဖြစ်တတ်ပါသေးတယ်။အလုပ်သစ်တွေ တိုးချဲ့ရတတ်ပါတယ်။ ခရီးတွေလည်း ထွက်ရတတ်ပါတယ်။ နှစ်ဆင့်သွားရသောခရီး၊ နှစ်ခါသွားရသော ခရီးမျိုးတွေ ဖြစ်နေတတ်ပါတယ်။ စာချုပ်၊ စာတမ်းကိစ္စများနှင့်ပတ်သက်၍ စိတ်အနှောင့်အယှက်တွေ ဖြစ်ရတတ်ပါတယ်။အိုးအိမ်ခြံမြေကိစ္စများနှင့် ပတ်သက်၍လည်း မသေမချာ မရေမရာလေးတွေ ရှိနေတတ်ပါတယ်။ မတော်တဆ ထိခိုက်ဒဏ်ရာလေးတွေလည်း ရတတ်ပါသေး၍ ဂရုစိုက်ပါ။ ပညာရေး၊ သင်တန်းကိစ္စလေးတွေမှာလည်းအထစ်အငေါ့တွေ ပြေလည်ပြီး ကောင်းသော ပြောင်းလဲခြင်းတွေနဲ့လည်း ကြုံရတတ်ပါတယ်။
ကံကောင်းသောနံပါတ် ။ ။ ၅, ၇, ၂ ကံကောင်းသောအရောင် ။ ။ ရွှေဝါရောင်
ယတြာ ။ ။ ဘုန်းကြီးကျောင်းသို့အုန်းထမင်းနှင့် ဆွမ်းချိုင့်ပို့ပေးလိုက်ပါ။
မည်သည့်လတွင်မဆို (၈၊ ၁၇၊ ၂၆) ရက်မွေးဖွားသူများ
ဒီရက်မှာ ပျိုရွယ်သူတွေအနေနဲ့ ချစ်သူထံမှ လက်ဆောင်ပစ္စည်းတွေ ရရှိတတ်ပါတယ်။ ထီပေါက်သလို ငွေတွေဒလဟော ဝင်လာ တတ်ပါတယ်။အလုပ်နေရာ ပြောင်းခြင်း၊အိမ်နေရာပြောင်းခြင်းမျိုး မလုပ်ပါနှင့်ဦး။ စာပေလုပ်ငန်း၊အနုပညာလုပ်ငန်း လုပ်ကိုင်သူဖြစ်ပါကအောင်မြင်သောအချိန်ကာလ ဖြစ်တတ်ပါတယ်။ ခရီးထွက်ဖို့ ကိစ္စရှိခဲ့ရင်တော့ ယခုကာလတွင် မသွားပါနှင့်ဦး။အိမ်ထောင်ရှင်များအဖို့အိမ်ထောင်ရေး သာယာပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ လည်ချောင်းနာရော၈ါတွေ ရရှိတတ်ပါတယ်။
ကံကောင်းသောနံပါတ် ။ ။ ၃, ၄, ၇ ကံကောင်းသောအရောင် ။ ။အစိမ်းရောင်
ယတြာ ။ ။အိမ်ဘုရားမှာ မွေးနေ့တိုင်း ရှောက်သီးသုပ် ကပ်လှူပါ။
မည်သည့်လတွင်မဆို (၉၊ ၁၈၊ ၂၇) ရက်မွေးဖွားသူများ
ဒီရက်မှာအချစ်ရေးတွင် ချစ်သူထံမှ ပျော်စရာသတင်းစကားကြားရမည်။အရောင်းအဝယ်လုပ်ငန်းများနှင့်ပတ်သက်၍အမြတ်အစွန်း ကြီးစွာရရှိတတ်ပါတယ်။ ဝန်ထမ်းများဖြစ်ပါကအထက်လူကြီး ကူညီမစတတ်ပါတယ်။ ဝင်ငွေနှင့်စုဆောင်းငွေများလည်း တိုးပွားလာတတ်ပါတယ်။အလုပ်အကိုင် မရရှိသေးသူများလည်းအလုပ်နေရာကောင်းရရှိမည်။ စပ်တူရှယ်ယာလုပ်ငန်းမှလည်း ကောင်းသောအကျိုးအမြတ်များ ဖြစ်ထွန်းနေမည်။အိမ်ထောင်ရှင်များအနေဖြင့်အိမ်ထောင်ဖက် နှင့်ပတ်သက်၍ စိတ်သောကရောက်ရတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့်အစာအိမ်နှင့်ပတ်သက်သောဝေဒနာ ဂရုစိုက်ပါ။
ကံကောင်းသောနံပါတ် ။ ။ ၄, ၃, ၂ ကံကောင်းသောအရောင် ။ ။အပြာရောင်
ယတြာ ။ ။ မွေးနေ့နံနက်မှာ ဘုန်းကြီးကျောင်းသို့ ဆွမ်းချိုင့်ပိ့ုပါ။