မတ်လ ၈ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘဝတွက်တာဗေဒင်
lotaya.mpt.com.mm
|
2019-03-08




မတ်လ ၈ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘဝတွက်တာဗေဒင်

လိုတရပရိတ်သတ်ကြီးရှင့်၊ ဆရာမဒေါက်တာ စောယုနွယ်ဟောပြောပေးထားတဲ့ ချစ်ရေးချစ်ရာ ဘဝတွက်တာ ဗေဒင်ကို မတ်လ ၈ ရက်နေ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ မည်သည့်လ၊ မည်သည့်ရက်မှာ မွေးဖွားသူများဖြစ်စေ မိမိမွေးရက်ဖြင့် တိုက်ဆိုင်ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။

မည်သည့်လတွင်မဆို (၁၊ ၁ဝ၊ ၁၉၊ ၂၈) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ် သူများအနေဖြင့် လိမ်လည်လှည့်ဖျားသောအချစ်ရေးနှင့် ကြုံတွေ့ရတတ်၍ သတိထားသင့်၏။ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍အစစအရာရာ စိတ်ချမ်းသာရမည့် ကာလမျိုးတွေ ဖြစ်တတ်ပါတယ်။ ထိုလုပ်ငန်းများ ကြောင့်လည်း ဘဝအတွက်အပြောင်းအလဲများနှင့် တိုးတက်မှုများ ဖန်တီးနိုင်လိမ့်မည်။ ဝန်ထမ်းများအနေဖြင့်လည်း ရုံးပိုင်းဆိုင်ရာများတွင် ငွေကြေးကိစ္စများနှင့်ပတ်သက်၍အာမခံခြင်းမပြုလုပ်ပါနှင့်။ ငွေကြေးအလိမ်ခံရခြင်းမျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။ ပညာရေးအနေဖြင့် ဆရာသမားကောင်းနှင့်တွေ့၍ ကံကောင်းမှုများနှင့် ကြုံတွေ့ရတတ်ပါတယ်။အိမ်ထောင်ရှင်များအနေဖြင့်အိမ်ထောင်ရေး သာယာနေလိမ့်မည်။ ကျန်းမာရေးတော့အနည်းငယ် ဂရုစိုက်ပါ။

ကံကောင်းသောနံပါတ် ။ ။ ၆, ၇, ၉ ကံကောင်းသောအရောင် ။ ။အစိမ်းနုရောင်

ယတြာ ။ ။ မွေးနံထောင့်ဘုရားမှာ သောက်တော်ရေ သက်စေ့ကပ်လှူပါ။

မည်သည့်လတွင်မဆို (၂၊ ၁၁၊ ၂ဝ၊ ၂၉) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအနေဖြင့်အချစ်ရေး ကံကောင်းပြီးအချစ်သစ်လည်း ရရှိတတ်ပါတယ်။ မိမိ၏လုပ်ငန်းပိုင်းအတွင်းမှ ဝင်ငွေအမြောက်အများ ရရှိတတ်ပါတယ်။ လူမျိုးခြားနှင့်သက်ဆိုင်သော လုပ်ငန်းကိစ္စများအကျိုးပေးသော ကာလမျိုးလည်း ဖြစ်တတ်ပါတယ်။ မကြာ ခဏဆိုသလို ခရီးများလည်း ထွက်ခွာရတတ်ပါတယ်။ ထိုခရီးများသည်လည်းအကျိုးပေးသော၊ ကံ ကောင်းသော ခရီးမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ပြည်ပရပ်ဝေးသွားရန် ကြံရွယ်ထားသူများ ဇွဲ၊ လုံ့လ၊ ဝီရိယထား၍ ပိုမိုကြိုးစားသင့်၏။အောင်မြင်မှုများ ရရှိလာမည်။အိမ်ထောင်ရှင်များအနေဖြင့်အိမ်ထောင်ဘက်နှင့်အစစအရာရာအဆင်ပြေပါလိမ့်မည်။ ကျန်းမာရေးတော့ စိုးရိမ်ဖွယ်မရှိပါ။

ကံကောင်းသောနံပါတ် ။ ။ ၂, ၅, ၃ ကံကောင်းသောအရောင် ။ ။ မီးခိုးရောင်

ယတြာ ။ ။ မိမိနေအိမ်ဘုရားမှာ ဆီထမင်းကပ်လှူပါ။

မည်သည့်လတွင်မဆို (၃၊ ၁၂၊ ၂၁၊ ၃ဝ) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူတွေအဖို့အချစ်ရေးတွင်အထင်လွဲခံရတတ်သည်။အိမ်၊အလုပ်နေရာ၊အပြောင်းအရွှေ့ပေါ်မည်။ လုပ်ငန်းထဲမှာအနှောင့်အယှက်ပေါ်မည်။ နေအိမ်သို့ ဘုရားဆင်းတုတော်၊ ဘုရားပုံြ<ွကလာပါက ရပ်ဝေးကငွေရောက်လာတတ်သည်။ ခရီးသွားရတတ်သည်။ ပြည်ပသို့ခရီးသွားဖို့ ကြံရွယ်ထားသူများအောင်မြင်နိုင်သည်။ စက်ပစ္စည်းတစ်ခုထွက်တတ်သည်။ ပျက်တတ်သည်။အတတ်ပညာတစ်ခု စတင်သင်ကြားရတတ်သည်။အိမ်ထောင်သည်တွေအဖို့ ခရီးဝေးသွားတာ ကြုံရတတ်သည်။ ဆီးနှင့်ပတ်သက်သော ဝေဒနာ ခံစားရတတ်သည်။

ကံကောင်းသောနံပါတ် ။ ။ ၃, ၇, ၂ ကံကောင်းသောအရောင် ။ ။အပြာရောင်

ယတြာ ။ ။အိမ်ကဘုရားမှာ ထန်းလျက်နှင့် ဆွမ်းတော်ကပ်ပါ။

မည်သည့်လတွင်မဆို (၄၊ ၁၃၊ ၂၂၊ ၃၁) ရက်မွေးဖွားသူများ

ဒီရက်မှာအချစ်ရေးတွင် ချစ်သူ၏ လမ်းခွဲစကားပြောခြင်းကို ခံရတတ်ပါတယ်။ ကြိမ်ဖန်များစွာ ကြိုးစားထားသောကိစ္စများအောင်မြင်အဆင်ပြေနေတတ်ပါတယ်။ သတင်းကောင်း၊ ဧည့်ကောင်းတွေလည်း ရောက်ရှိလာတတ်ပါတယ်။ ရပ်ဝေး ကိစ္စများနှင့်ပတ်သက်ပြီး ဆင်ခြင်တွေးခေါ်ပြီးမှ ဆုံးဖြတ်သင့်၏။ ဘေးစကားများကိုလည်း စဉ်းစားတွေး ခေါ်ပြီးမှယုံပါ။အိမ်ထောင်ရှင်တွေအဖို့ မိမိ၏အိမ်ထောင်ဘက်ကြောင့် စိတ်ပျော်ရွှင်ကြည်နူးစရာလေးတွေ တွေ့ကြုံရမှာပါ။ ကျန်းမာရေးကတော့ ခြေထောက်ထိခိုက်တတ်တယ်။

ကံကောင်းသောနံပါတ် ။ ။ ၈, ၇, ၆ ကံကောင်းသောအရောင် ။ ။ လိမ္မော်ရောင်

ယတြာ ။ ။အိမ်ဘုရားမှာ ရွှေပန်းလှူပါ။

မည်သည့်လတွင်မဆို (၅၊ ၁၄၊ ၂၃) ရက်မွေးဖွားသူများ

ဒီနေ့မှာ ပျိုရွယ်သူများအနေဖြင့် မိမိစိတ်တိုင်းကျချစ်သူမျိုး ရရှိတတ်ပါတယ်။ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကံအထူးကောင်းမွန်သော ကာလမျိုး ဖြစ်တတ်ပါတယ်။အိုးသစ်၊အိမ်သစ် ဝင်လာကိန်းလည်း ရှိတတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့်လည်းအစိုးရအိမ်ယာရရှိခြင်းမျိုး ရှိတတ်ပါတယ်။ ဆုံးပြီထင်ထားသောေြ<ွကးမြီများလည်း ပြန်လည်တောင်းခံ ရရှိတတ်ပါတယ်။ ပညာသင်ကျောင်းသားများအဖို့ မမျှော်လင့်ဘဲ နာမည်ရ၍ ကြိုးစားသလောက်အောင်မြင်မှုရမည်။ ပြည်ပရပ်ဝေးခရီးအနေဖြင့်လည်း သူငယ်ချင်းများ၏ ကူညီမှုများကြောင့်အောင်မြင်စွာ ထွက်ခွာရခြင်းမျိုးရှိမည်။ ကျန်းမာရေးတော့ ဂရုစိုက်ပါ။

ကံကောင်းသောနံပါတ် ။ ။ ၃, ၄, ၆ ကံကောင်းသောအရောင် ။ ။ ဖက်ဖူးရောင်

ယတြာ ။ ။ မိမိမွေးနေ့ နံနက် (၉း၄၅)မှာ စာလေး (၆)ကောင် ဘေးမဲ့လွှတ်ပါ။

မည်သည့်လတွင်မဆို (၆၊ ၁၅၊ ၂၄) ရက်မွေးဖွားသူများ

ဒီရက်မှာအချစ်ရေးတွင် ချစ်သူသစ်ရရှိနိုင်သည့် ကာလမျိုးဖြစ်သည်။ နိုင်ငံခြားသွားမည့်သူများ ခရီးအတွက် စတင်ပြင်ဆင်ရန်အကောင်းဆုံးအချိန်ကာလ ဖြစ်ပါတယ်။ ပြည်ပမှအဆက်အသွယ်ကောင်းများ သတင်းကောင်းများ ကြားသိရတတ်ပါတယ်။ ကြီးကဲသူတစ်ဦး၏ ကူညီမစမှု ခံရတတ်ပါတယ်။ လုပ်ငန်းရှင်များ လုပ်ငန်းတိုးချဲ့ခြင်း၊အသစ်စတင်ခြင်း ပြုလုပ်ရန် ကောင်းပါတယ်။အိမ်ထောင်ရှင်များအိမ်ထောက်ပျက်ကိန်းရှိသဖြင့် သတိထားပါ။ သွေးတိုး သွေးကျ ဝေဒနာရှင်အထူးဂရုစိုက်ရမယ့်ကာလ ဖြစ်ပါတယ်။

ကံကောင်းသောနံပါတ် ။ ။ ၁, ၄, ၆ ကံကောင်းသောအရောင် ။ ။အစိမ်းရင့်ရောင်

ယတြာ ။ ။အကောင်းတွေ ပိုကောင်းလာစေရန်အိမ်ကဘုရားမှာ သရက်သီးကပ်လှူပြီး ဆုတောင်းလိုက်ပါ။

မည်သည့်လတွင်မဆို (၇၊ ၁၆၊ ၂၅) ရက်မွေးဖွားသူများ

ဒီရက်မှာအချစ်ရေးတွင် မိမိချစ်သူထံမှ လက်ထပ်ခွင့်တောင်းခံရမည်။ ပညာအမွေ၊ ဥစ္စာအမွေများ ရရှိတတ်ပါတယ်။အမျိုးသမီးတစ်ဦးအကူအညီနဲ့ သင်တန်းကိစ္စ ဘာသာရေးကိစ္စများအောင်မြင်တတ်ပါတယ်။ လူလွတ်များအိမ်ထောင်ကျတတ်ပြီး မိတ်ဆွေသစ်များအကူအညီများ ရတတ်ပါတယ်။အစုစပ်လုပ်ငန်း ပျက်တတ်ပါတယ်။ စာချုပ်စာတမ်းတွေလည်း လက်မှတ်မထိုးသင့်ပါဘူး။ မျက်မှန်ကိုယ်တိုင် တပ်ရတတ်ခြင်း၊ မျက်မှန်အလှူဒါနပြုရခြင်း ကြုံမည်။အလိုလိုနေရင်း မူးမော်လာတတ်၍ ဂရုစိုက်ပေးပါ။

ကံကောင်းသောနံပါတ် ။ ။ ၂, ၅, ၇ ကံကောင်းသောအရောင် ။ ။ မရမ်းရောင်

ယတြာ ။ ။အကောင်းတွေ ပိုကောင်းလာစေရန်အိမ်ကဘုရားမှာ ပဲမုန့်ကပ်လှူပြီး ဆုတောင်းလိုက်ပါ။

မည်သည့်လတွင်မဆို (၈၊ ၁၇၊ ၂၆) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအချစ်အတွက် စွမ်းအားတွေ ပေါ်လာတတ်ပါတယ်။ မမျှော်မှန်းထားသော လူကြီးလူကောင်းတစ်ဦး၏ ကူညီမစမှု ရရှိမည်။ေြ<ွကးဟောင်းများ ပြန်လာဆပ်မည်။ ဆွေမျိုးများကိုအကြောင်းပြုပြီး ပူပန်သောက ဖြစ်ရတတ်တယ်။ သို့သော် ဆွေမျိုးတွေအကြားအပြောအဆို စကားလွှမ်းနိုင်မည်။ သူတစ်ပါး စွပ်စွဲခံရတတ်ပါတယ်။ ယုံကြည်မှုနဲ့အတူ ခွန်အားတွေအမြင်မှန်တွေ ရတတ်ပါတယ်။ လေထိုးလေအောင့် ဝေဒနာ ခံစားရတတ်ပါတယ်။

ကံကောင်းသောနံပါတ် ။ ။ ၂, ၆, ၈ ကံကောင်းသောအရောင် ။ ။ ကြေးနီရောင်

ယတြာ ။ ။ တန်ခိုးကြီးဘုရား မွေးနံထောင့်မှာ ရောင်စုံယပ်လေးတွေလှူပြီး လိုရာဆုတောင်းပါ။

မည်သည့်လတွင်မဆို (၉၊ ၁၈၊ ၂၇) ရက်မွေးဖွားသူများ

ဒီရက်မှာအချစ်ရေးတွင် လက်ထပ်ရန် ရည်ရွယ်ထားသူများအောင်မြင်မည်။ မင်္ဂလာသတင်း ကြားရမည်။ မင်္ဂလာကိစ္စ ဆောင်ရွက်ပေးရ တတ်တယ်။အလှပြင်ဆိုင်သမားများအောင်မြင်မည်။အိမ်ထောင်ရှင်အမျိုးသမီးများ ခင်ပွန်းသည်နှင့် လက်အောက်ငယ်သားများ၏အကူအညီကိုရရှိ၍ လုပ်ငန်းများ တိုးတက်အောင်မြင်မည်။ ဆန်စက်လုပ်ငန်းရှင်များအောင်မြင်မည်။ မိတ်ဆွေ ဟောင်းများနှင့် တွေ့ဆုံရ၍ မိတ်ဆုံစားပွဲများလည်း ပြုလုပ်ရတဲ့ကာလ ဖြစ်ပါတယ်။

ကံကောင်းသောနံပါတ် ။ ။ ၃, ၆, ၉ ကံကောင်းသောအရောင် ။ ။အနီရောင်

ယတြာ ။ ။အကောင်းလေးတွေ ပိုကောင်းလာစေရန်အိမ်ကဘုရားမှာ ဇီး (ဆီး) ပန်းသီး ကပ်လှူပြီး လိုရာဆုတောင်းပါ။




Some text some message..