မတ်လ ၂၁ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း မတ်လ ၂၁ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအဆင်မပြေ လွဲချော်မှုတွေ များနေတတ်တယ်။ ကိုယ်ထင်ထား၊ တတ်ထားတာ တွေနဲ့ ဖြစ်တာတွေက တစ်ခြားစီဖြစ်နေတတ် ပါတယ်။ ငွေလည်း မထွက်သင့်ဘဲ ထွက်နေမယ်။ ဝင်စရာရှိတာတွေ မဝင်ဘဲ ဖြစ်လိမ့်မယ်၊ ရစရာရှိတာရော၊ ပေးစရာရှိတာရော၊ မရှင်းမလင်းဖြစ်နေမယ်။ မထင်မှတ်တဲ့ခရီးတွေ သွားရတတ်တယ်။ မိတ်ဆွေ၊ ဆရာသမားတွေဆီက မထင်မှတ်တဲ့အကူအညီတွေ ရလာတတ်ပါတယ်။ စနေနံ လုပ်ငန်းတွေ နိုင်ငံခြား၊ လူမျိုးခြားနှင့်ပတ်သက်တဲ့ လုပ်ငန်းတွေ ဒီအချိန်မှာ ကောင်းပါတယ်။အလုပ်ပြောင်းချင်စိတ်တွေ ပေါ်လာတတ်တယ်။ ပျိုရွယ်သူများအဖို့ ချစ်သူသစ်ရနိုင်သည်။အိမ်ထောင်သည်များအဖို့အိမ်ထောင်ဖက်နှင့် ခရီးသွားရတတ်သည်။ ကျန်းမာရေးတွင် ရင်ဘတ်နှင့်ပတ်သက် သောရောဂါ ခံစားရတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - စာကလေးအိမ်လှူဒါန်းပေးပါ။
တနင်္လာ - အခက်အခဲမှန်သမျှ ကျော်လွှားနိုင်မှာဖြစ်ပြီးအတွေးအမြင်သစ်များကနေ ထူးခြားတဲ့ ကံကောင်းမှုတွေ ရရှိခံစားရပါလိမ့်မယ်။ ဒါပေမယ့် ငွေဝင်များနေသလို ငွေထွက်မယ့် ကိစ္စတွေလည်း ဆက်တိုက်ကြုံရနိုင်လို့ သတိပြုသင့်ပါတယ်။အဖျော်ယမကာနဲ့ ဆေးဝါး၊ ကျောက်မျက်ရတနာရောင်းဝယ် ဖောက်ကားသူများ ကောင်းမွန်နေမယ့်အချိန်ဖြစ်ပြီး နိုင်ငံရပ်ခြား ခရီးထွက်ရကိန်းလည်း ရှိပါတယ်။ စပ်တူရှယ်ယာလုပ်ကိုင်ခြင်းများ သတိထားသင့်ပြီး ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူများအရှုံးပေါ်တတ်ပါတယ်။ စနေ၊အင်္ဂါသားသမီးတွေရဲ့အကူအညီနဲ့ လုပ်ငန်းတစ်ချို့အောင်မြင်နိုင်ပါလိမ့်မယ်။ ပညာရေး၊ ကျန်းမာရေးနဲ့အထွေထွေကိစ္စရပ်တွေအတွက် ကံအသင့်အတင့် ရှိနေတဲ့ နေ့ရက်ပါ။ ငွေကြေးကံလည်းအသင့်အတင့်သာရှိနေပြီးအချစ်ရေးကံကတော့အနည်းငယ် ညံ့နေတယ်လို့ ဆိုရမှာပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ခိုစာကျွေးပေးပါ။
အင်္ဂါ -အင်္ဂါသားသမီးတွေအနေနဲ့ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့အဆင်မပြေမှုတစ်ချို့ကြုံရနိုင်ပြီးအနုပညာလုပ်ငန်းလုပ်ကိုင်သူတွေကတော့အထူးအောင်မြင်နိုင်ပါတယ်။ ငွေလိမ်ခံရကိန်းရှိလို့ ငွေပေးငွေယူကိစ္စတွေမှာ သတိထားသင့်ပါတယ်။ ငွေကြေးကံအနည်းငယ်ညံ့နေပြီး လုပ်ငန်းတိုးချဲ့ဖို့စီစဉ်ထားရင် ခေတ္တဆိုင်းငံ့ထားသင့်ပါတယ်။ လူယုံ ဒုက္ခပေးတတ်ပြီး ကိုယ်တိုင်လည်း ငွေအလွဲသုံးစားမှုမျိုး စွပ်စွဲခံရနိုင်ပါတယ်။ တစ်ခြားသူတွေရဲ့အရှုပ်တွေထဲမှာ ဝင်ပါနေမိတတ်ပါတယ်။ ဒီကာလမှာ တစ်ယောက်တည်း နေထိုင်လုပ်ကိုင်တာကအကောင်းဆုံးဖြစ်ပြီး ကိုယ့်ကို တိုင်ပင်လာတဲ့ ကိစ္စတွေမှာ ဝင်ပြီးအကြံပေးတာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ကျန်းမာရေးအနေနဲ့ ဝမ်းဗိုက်ပိုင်း ဒုက္ခပေးတတ်ပါတယ်။ဝင်ငွေပုံမှန်ရှိနေတဲ့ ကာလဖြစ်ပြီးအဆုတ်ပိုင်းဆိုင်ရာ ကျန်းမာရေးညံ့တတ်လို့ သတိပြုသင့်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ဗုဒ္ဓဟူး - ဒီနေ့မှာ သူငယ်ချင်းအရင်းတွေကတောင်အထင်အမြင်လွဲမှားနိုင်တဲ့ ကာလဖြစ်လို့ သင်ဘာပဲ ကောင်းတာ လုပ်လုပ် သူတို့အကောင်းမြင်မှာ မဟုတ်ပါဘူး။ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ လုပ်ကိုင်သူများအောင်မြင်မယ့်အချိန်ဖြစ်ပြီး ရေလုပ်ငန်း လုပ်ကိုင်သူတွေလည်းအကျိုးပေးမယ့် ကာလပါပဲ။ ငွေကြေးကိစ္စများတွင် ကြားခံအာမခံခြင်းမျိုးမှတဆင့် နာမည်ပျက်တတ်လို့ သတိပြုသင့်ပါတယ်။ လုပ်ငန်းပိုင်းမှာ မြှုပ်နှံထားတာ ကြာနေပြီး မရနိုင်တော့ဘူးလို့ ထင်ထားတဲ့ ငွေကြေးတွေ ပြန်ရလာပါလိမ့်မယ်။ ဝန်ထမ်းတွေအနေနဲ့လည်း မထင်မှတ်ထားတဲ့နေရာက ငွေဝင်တာမျိုး ကြုံရနိုင်ပါတယ်။ နိုင်ငံရပ်ခြားသွားရကိန်းလည်း ရှိပြီး ငွေတစ်လုံးတစ်ခဲတည်း ဝင်လာလျှင်အလှူအတန်းပြုလုပ်ပေးပါ။အချစ်ရေးပုံမှန်ရှိနေပြီးအိမ်ထောင်ရေးကတော့ တကျက်ကျက်ဖြစ်နေတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ဝမ်းပျက်ဝမ်းလျော သတိပြုပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် လက်ဖက်ရည်ကပ်လှူပြီး လိုရာဆုတောင်းပါ။
ရာဟု - ရာဟုသားသမီးတွေကတော့ သူတစ်ပါးကိုအားမကိုးဘဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချခြင်းအားဖြင့် မှန်ကန်သောအကျိုးရလဒ်ကောင်းများ ရရှိလာပါလိမ့်မယ်။ နေအိမ်တွင်း ဒါမှမဟုတ်အလုပ်မှာ နေရာထိုင်ခင်းအသစ်ရရှိခြင်း ၊အဆောက်အဦးပြင်ဆင်ခြင်းများ ကြုံရတတ်ပါတယ်။ ငွေကြေးကိစ္စ စကားပြောဆိုမှုများအောင်မြင်မယ့် နေ့ရက်တစ်ရက်ပါပဲ။အချစ်ရေးကတော့အဆင်မပြေမှုတွေ များနေမယ့် ကာလပါပဲ။ ကျန်းမာရေးကြောင့် ငွေကုန်ကြေးကျများနေမယ့်အချိန်ဖြစ်ပြီး ရှယ်ယာထည့်ဝင်ထားသူတွေအနေနဲ့တော့အကျိုးအမြတ်ရနိုင်မယ့်အချိန်ဖြစ်ပါတယ်။အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့အဆင်မပြေမှုတစ်ချို့ကြုံရနိုင်ပြီးအနုပညာလုပ်ငန်း လုပ်ကိုင်သူတွေကတော့အထူးအောင်မြင်နိုင်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင်
ယပ်အဝါရောင် ၈ချောင်း
ကပ်လှူ ဆုတောင်းပါ။
ကြာသပတေး - ငွေစုငွေချေးလုပ်ငန်းလုပ်ကိုင်ခြင်း၊ ငွေကြေးနဲ့ ပတ်သက်ပြီး ကြားကနေအာမခံပေးခြင်းမျိုး ရှောင်ကြဉ်သင့်ပါတယ်။ ငွေနံကောင်းနေပြီး စပ်တူရှယ်ယာလုပ်ငန်းတွေကလည်းအကျိုးအမြတ်ရပါလိမ့်မယ်။ မိမိအရည်အချင်းကြောင့် လက်ရှိအလုပ်အကိုင်အပြင် တစ်ခြားအလုပ်တွေပါ လုပ်ကိုင်ခွင့်ရပြီး ငွေရွှင်နေမယ့် ကာလပါပဲ။ ဆန်၊ ဆီ၊ ဆားလုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး တနင်္လာသားသမီးတွေရဲ့အကူအညီကိုလည်း ရရှိပါလိမ့်မယ်။ နေရာထိုင်ခင်းအပြောင်းအလဲ ရှိနေပြီးအိမ်မှာ နေရတာကို စိတ်ညစ်နေပါလိမ့်မယ်။ ဘယ်သူနဲ့မဆို စကားပြောအဆင်မပြေဖြစ်နေမယ့် ကာလဖြစ်လို့ စကားပြောဆင်ခြင် သင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါက ရာထူးနေရာအပြောင်းအလဲ ကြုံနိုင်တာဖြစ်ပါတယ်။အိမ်ထောင်ရှင်များ နှစ်ဖက် မိဘကြောင့် စကားများရတတ်ပြီး ချစ်သူမရှိသေးသူများ ချစ်သူရလာတတ်တဲ့အချိန်ပါပဲ။ ကျန်းမာရေးအနေနဲ့ လက်ထိခိုက်မိတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ညနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ပန်းသစ်တော်သီး ကပ်လှူဆုတောင်းပါ။
သောကြာ - သောကြာသားသမီးတွေအနေနဲ့ ကိုယ်အကူအညီပေးနေတဲ့သူတွေကပဲ မိမိ ဂုဏ်သိက္ခာကျဆင်းစေမယ့် ကိစ္စမျိုး ပြုမူလာတတ်ပါတယ်။ မိသားစုထဲကအကြီးအကဲတစ်ဦးဦး ကျန်းမာရေးညံ့နေတတ်ပြီး လုပ်ငန်းသစ်ကနေ ငွေဝင်မယ့် ကာလလို့လည်း ဆိုနိုင်ပါတယ်။ ဒီရက်မှာ ကြားကနေအာမခံပြီး ငွေချေးတာတို့ ငွေပေးငွေယူကိစ္စတွေမှာ ကြားခံဆောင်ရွက်ပေးတာမျိုး စာချုပ်လက်မှတ်ထိုးတာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လူမျိုးခြားကူညီမှု ရရှိပါလိမ့်မယ်။အချစ်ရေး၊အိမ်ထောင်ရေးကောင်းမွန်နေပြီး ပညာရေးကတော့ ပုံမှန်ပဲရှိနေပါတယ်။ ခေါင်းမူးခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။ ကျန်းမာရေးအနည်းငယ်ညံ့နေတာကြောင့် သတိပြုသင့်တဲ့ နေ့ရက်ဖြစ်ပြီးအိမ်မှာရှိတဲ့ စက်ပစ္စည်းအဟောင်းများ စွန့်ပစ်လိုက်ပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ -အိမ်ရှိဘုရားတွင် သင်္ဘောသီး ကပ်လှူ ဆုတောင်းပေးပါ။
စနေ - ဒီနေ့မှာ ငွေဝင်ပေါက်ရှိမယ့် လုပ်ငန်းတွေလုပ်ကိုင်နေရပေမယ့် မှန်းထားသလောက် ဝင်ငွေအကျိုးအမြတ်မရရှိမယ့်အချိန်လည်းဖြစ်ပါတယ်။ ငွေစုလို့မမြဲတဲ့ကာလဖြစ်ပြီး ဝင်လာသမျှငွေတွေလည်းအကြောင်းရှာပြီး ပြန်ထွက်နေပါလိမ့်မယ်။အိမ်အနီးအနားမှာ ကိုယ်ဝန်ဆောင်သည်ရှိရင် သွားရောက်ကူညီပေးလိုက်ပါ။ ငွေအမြောက်အများဝင်လာရင် ကျန်းမာရေးညံ့တတ်လို့ သတိပြုပေးပါ။ ဆေးရုံ၊ ဆေးခန်းသွားရကိန်း ရှိနေလို့အသိထဲက ဆေးရုံတက်နေသူ ရှိရင် သတင်းသွာမေးလိုက်ပါ။အိမ်ထောင်ရေးကတော့ ပုံမှန်ရှိနေပြီးအချစ်ရေးကံကတော့အနည်းငယ် ညံ့နေတယ်လို့ ဆိုရမှာပါ။အလုပ်ပိုင်းဆိုင်ရာ ကံကောင်းနေပြီး ပညာရေး၊ ကျန်းမာရေးနဲ့အထွေထွေကိစ္စရပ်တွေအတွက် ကံအသင့်အတင့် ရှိနေတဲ့ နေ့ရက်ပါ။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် နာနတ်သီးစိတ် ကပ်လှူပေးပါ။
LEO