၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း( ၅-၅-၂၀၁၉ ) မှ ( ၁၁-၅-၂၀၁၉)အထိ
lotaya.mpt.com.mm
|
2019-05-05

၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း

ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၅-၅-၂၀၁၉ ) မှ ( ၁၁-၅-၂၀၁၉)အထိဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေသားသမီး

တနင်္ဂနွေသားသမီးလုပ်ငန်းရှင်များအနေဖြင့် တင်ဒါအောင်မြင်ပြီး စီးပွားတိုးတက်နိုင်သကဲ့သို့ လက်ရှိလုပ်နေတဲ့ လုပ်ငန်းများနဲ့ မသက်ဆိုင်တဲ့ လုပ်ငန်းသစ်ကိုလည်း လုပ်ကိုင်ရတတ်ပါတယ်။ စနေ၊ဗုဒ္ဓဟူးသားသမီးများအကျိုးပေး၍ စပ်တူ လုပ်ငန်းကိစ္စများအောင်မြင်မယ်။ထီး၊ ဓါး၊ ဖိနပ်နှင့်အထည်လုပ်ငန်း၊ ရွှေရတနာလုပ်ငန်း၊ ရေလုပ်ငန်းအကျိုးဖြစ်မယ်။အချစ်ရေးလည်း သာယာနေပြီး ပညာရေးလည်း ကောင်းမွန်နေပါတယ်။အိမ်ထောင်ရေးမှာတော့ တစ်အိမ်ထဲ့ တစ်စုထဲနေသူအိမ်ထောင်ရှင်များ မိမိမွေးချင်းမောင်နှမများကြောင် မိမိအိမ်ထောင်ရေအထစ်အငေါ့ ကတောက်ကစာဖြစ်နေတတ်သည်။ ကျန်းမာရေးညံ့၍ ဆေးအမြဲဆောင်ရတတ်သည်။ နာတာရှည် ရောဂါဝေဒနာ ဖြစ်ပွားတတ်သည်။အရှေ့မြောက်အရပ်အကျိုးပေး၊အနောက်တောင်အရပ် ရှောင်ပါ။အနောက်တောင်အရပ် စန်းပွင့်၏။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ ဘုရားမှာ သလဲသီး၊ ပေါက်ပေါက်၊ သံပုရာသီး ၁လုံး လှူပြီးသွားပါ။

အကျိုးပေးဂဏန်း {၈-၃-၅}

အကျိုးပေးအရောင်အနီ၊ ဆင်စွယ်ရောင်၊

ဆောင်ရန် သလဲသီး

ရှောင်ရန်အနောက်တောင်အရပ်

ယတြာအရှေ့မြောက်အရပ် ဘုရားမှာ သလဲသီး၊ ပေါက်ပေါက်၊ သံပုရာသီး ၁လုံး လှူပြိး ပထဝီဇယမန္တာန်ရွတ်ပွားပြိး လိုရာဆုတောင်းပါ။

တနင်္လာသားသမီးများ

တနင်္လာသားသမီးများ မထင်မှတ်ထားတဲ့ နေရာကနေ ငွေကြေးအမြတ်အစွန်း ရရှိလာပါလိမ့်မယ်။ လုပ်ငန်းသစ်ကနေလည်း ဝင်ငွေကောင်းမှာဖြစ်လို့ တိုးချဲ့လုပ်ကိုင်သင့်ပါတယ်။ ဆိုင်ဘုတ်လုပ်ငန်း၊ မီးသွေးလုပ်ငန်း၊ မြေအရောင်းအဝယ်လုပ်ငန်းအကျိုးဖြစ်၍ သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်သူများ၊ စာပေနှင့် စာနယ်ဇင်း၊ စာရေးဆရာ ပညာရှင်များလည်း နာမည်ကျော်ကြားမယ့်အချိန်ဖြစ်ပါတယ်။အိမ်ထောင်ရေးနှင့်အချစ်ရေးအသင့်အတင့် ကောင်းမွန်ပြိး ပညာရေးဆိုင်ရာ လုပ်ငန်းမှာအတိုက်အခိုက်များနေပါလိမ့်မည်။အထက် နှင့်အောက်လက်အောက်ငယ်သားများ ဖို့/မ ယုံကြည်ပေးဆပ်မှုမျာ ပြဿနာကြုံတွေ့ရတတ်သည်။ ကျန်းမာရေးအနေနဲ့ လက်နဲ့ ခြေထောက်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိတတ်ပြိး လျှပ်စစ်ပိုင်း နှင့် စက်ယာဉ်ကိုယ်တွယ်မှု သတိထားသင့်ပါတယ်။အနောက်အရပ်အကျိုးပေး၊အရှေ့အရပ် ရှောင်ပါ။ တောင်အရပ် စန်းပွင့်၏။ ၂၀၁၉ခုနှစ် May (၆)ရက် ဤနေ့သည် ဘုရားတည်၊အနေကဇာတင်ခြင်း၊ ထီးတင်း၊ ပန္နက်ရိုက်၊ ကျင်းတူး၊ တိုင်ထူ၊အုတ်မြစ်ချ၊ ဆိုင်းဘုတ်တင်ခြင်း၊ လက်မှတ်ရေးထိုးခြင်း၊ ညစက်(၆း၂၄)နာရီလွန် ဝိဝါဟမင်္ဂလာစေ့စပ်နှင့်အလုပ်သစ်လျှောက်ခြင်း၊ ကုမ္ပဏီထူထောင်ခြင်း၊အသင်းဖွဲ့ခြင်း၊အင်တာဗျူးလုပ်ခြင်း၊ ရေကြောင်း၊လေကြောင်းခရီးသွားခြင်းကောင်း၏။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ ခရေညွန့်၊ ငွေပန်း၊ ကံကော်ပန်း ဘုရားလှူပြိးသွားပါ။

အကျိုးပေးဂဏန်း {၂-၈-ဝ}

အကျိုးပေးအရောင် ပန်းရောင်၊အဝါရောင်

ဆာင်ရန် ခရေညွန့်၊

ရှောင်ရန်အရှေ့အရပ်

ယတြာ ခရေညွန့်(၁၂)ညွန့် ၊ ကံကော်ပန်း(၁၂)ညွန့်အိမ်ဘုရားပူဇော်ပြီး ဖုဋ္ဌဿမန္တာန်ရွတ်ပြီး လိုရာဆုတောင်းပါ။

အဂါၤသားသမီးများ

အဂါၤသားသမီးများအရေးကြီးလုပ်ငန်း ကိစ္စတွေကိုလည်းအခုလအပတ်ထည့်မှာ စတင်နိုင်ပြီးအတွင်းလူ ၊ လူယုံ ဒုက္ခပေးတတ်တာကိုတော့ သတိပြုရမှာဖြစ်ပါတယ်။ စနေနံလုပ်ငန်းများအကျိုးမြတ်နည်း၍ စနေသားသမီးများ၏ ဒုက္ခပေးခြင်းခံရတတ်သည်။အရှေ့တောင်အရပ်အကျိုးပေး၊အနောက်မြောက်အရပ် ရှောင်ပါ။ တောင်အရပ် စန်းပွင့်၏။အချစ်ရေးစကားပြောခြင်းကောင်း၏။အချစ်ရေးနှင့်အိမ်ထောင်ရေး မိမိထံအဖိုးတန်ပစ္စည်း လက်ဆောင်ပေးသူပေါ်ပေါက်လာနိုင်ပါတယ်။အိမ်ကိုအထူး ဧည့်သည်ရောက်လာတတ်ပြီး ကောင်းတဲ့သတင်းစကား ပါလာပါလိမ့်မယ်။ တနင်္လာနေ့နံ ငွေဝန်ဆောင်မှုလုပ်ငန်း၊ ခြံလုပ်ငန်း၊ ကျောက်လုပ်ငန်းအစစလုပ်ငန်းများအလုပ်ဖြစ်လိမ့်မည်။ ကျန်းမာရေးအနေဖြင့် ဒူးနာ၊ တတောင်ဆစ်အကြောလွဲဝေဒနာခံစားရတတ်သည်။ ၂၀၁၉ခုနှစ် May (7)ရက် ဤနေ့သည် ရေတွင်းတူး၊ ဘုရားပင့်ဆောင်ခြင်း၊ ပန္နက်ရိုက်၊ ကျင်းတူ၊ တိုင်ထူ၊အုတ်မြစ်ချ၊အိမ်ပြောင်း၊အိမ်တတ်၊ တိုက်ခန်းဝယ်ခြင်း၊ ကလေးထမင်းခွံ့၊ နာမည့်မှည့်၊ ထီထိုး၊အလုပ်သစ်လျှောက်ခြင်း၊ ခွဲစိတ်ကုသခံယူခြင်းကောင်း၏။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ သီညွန့်၊သစ္စာပန်း၊သကယ်ညွန့် ဆောင်သွားပါ။

အကျိုးပေးဂဏန်း {ဝ-၇-၉}

အကျိုးပေးအရောင် ကြက်သွေးရောင်

ဆောင်ရန် သက်ကယ်ညွန့်

ရှောင်ရန်အနောက်မြောက်အရပ်

ယတြာအိမ်ဘုရားမှာ သီးညွန့်၊သစ္စာပန်း၊သကယ်ညွန့် တစ်မျိုးထဲက (၂၁)ညွန့် ဘုရားပူဇော်ပြီး စိန္တာမဏိ ဂါထာရွတ်ပွား လိုရာဆုတောင်းပါ။

ဗုဒ္ဓဟူးသားသမီးများ

ဗုဒ္ဓဟူးသားသမီးများ ငွေကြေးပိုင်းအင်မတန် စိတ်ချမ်းသာရမှာ ဖြစ်ပြီး စက်ယာဉ်လုပ်ငန်း၊ ဆေးလုပ်ငန်း၊အလှပြင်ဆိုင်၊အလှူမင်္ဂလာရတနာဝတ်ဆင်ဌားရမ်းမှုလုပ်ငန်းများအကျိုးဖြစ်ပါလိမ့်မယ်။ ခက်ခဲကြန့်ကြာနေတဲ့ ကိစ္စတွေအကုန်လုံးအဆင်ပြေလာတာ တွေ့ရပါလိမ့်မယ်။ ဝန်ထမ်းဖြစ်ပါက နေရာဌာနအပြောင်းအလဲ ရှိနေတတ်ပြီး နိုင်ငံရပ်ခြားအလုပ်သွားရောက်လုပ်ကိုင်နေသူများအလုပ်အပြောင်းအရွှေ့နှင့် ကောင်ရာဌာနေတွင်အလုပ်ကောင်းရလိမ့်မယ်။ တနင်္ဂနွေ သောကြာထိုနေနံသားများအကူညီရမည်။ ထိုနေနံသားများ လုပ်ငန်းပူပေါင်းဆောင်ရွက်ခြင်းအောင်မြင်၍ ထိုနေနံသားများနှင့် ချစ်မက်စုံမက် ချစ်သူဖြစ်ရတတ်သည်။အချစ်ရေး၊အိမ်ထောင်ရေး ကောင်းမွန်ပြိး ကျန်းမာရေးအနေနဲ့အာရုံကြောရောဂါ သတိပြုရပါမယ်။

တောင်အရပ်အကျိုးပေး၊ မြောက်အရပ် ရှောင်ပါ။အနောက်အရပ် စန်းပွင့်၏။

မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ လက်ဖက်ညွန့် ဆောင်သွားပါ။

အကျိုးပေးဂဏန်း {၇-ဝ-၃}

အကျိုးပေးအရောင် လိမ္မော်ရောင်၊ စိမ်းပြာရောင်

ဆောင်ရန် ဝါးညွန့်

ရှောင်ရန် မြောက်အရပ်

ယတြာအိမ်ဘုရားမှာ ရှမ်းထမင်းဆွမ်းနှင့်မြေပဲယိုဆွမ်းကပ်ပြီး မေတ္တာသုတ်ရွတ်ပွားပြီး လိုရာဆုတောင်းပါ။

ကြာသပတေးသားသမီးများ

ကြာသပတေးသားသမီးများ မိမိလုပ်ငန်းခွင်၌အပြောအဆိုအနေအထိုင် ဆင်ခြင်ရမည်။ မိမိဘယ်လောက်ကောင်းအောင်လုပ်လုပ် ဒီအချိန်မှာ မိမိအမှားဘဲဖြစ်နေတတ်သည်။ မိသားစုုအတွင်း ကြီးကဲသူရဲ့ ကျန်းမာရေးသတိပြုသင့်ပါတယ်။ လုပ်ငန်းတိုးချဲ့မှုတွေကိုလည်း ပြုလုပ်ဖို့ မသင့်သေးပါဘူး။အထူး လုပ်ငန်းရှင်များ မိမိလက်အောက်ငယ်သား ယုံကြည်ရသူများ မိမိပယောဂကြောင့် လက်လွတ်ဆုံးရှုံးရခြင်းနှင့် မိမိလုပ်ငန်းများ ကျဆင်းလာတတ်သည်။အထူး ငွေပေးငွေယူလုပ်ငန်းများ၊ စပ်တူရှယ်ယာလုပ်ငန်းများ ဆုံးရှုံးမှုကြုံရတတ်ပါတယ်။ ဗုဒ္ဓဟူးနံ နာမည်"ယ,ရ,လ,ဝ"ပါသူ လုပ်ငန်းတူအချင်းချင်းအထူးသတိထားပါ။အချစ်ရေးကံ ခေတတ်ပြိး ပညာရေးကောင်း၏။အိမ်ထောင်ရှင်များ မိမိအိမ်ထောင်ဘက် မမျှော်လင့်ပဲရုတ်တရက် ရာထူးတိုးခြင်း၊အကြီးအကဲဖြစ်ခြင်းမျိုး ကြုံရနိုင်ပါတယ်။ ကျန်းမားရေး လည်းချောင်း၊ လည်းဆစ်၊ ဝမ်းဗိုက် ဂရုစိုက်ပါ။

၂၀၁၉ခုနှစ် May (9)ရက် "ရက်ရာဇာ" ဤနေ့သည် ဘုရားတည်၊ ရှင်ပြု၊ နားသ၊ စေ့စပ်၊ လက်ထက်၊ ဝိဝါဟမင်္ဂလာ၊ ပန္နက်ရိုက်၊ ကျင်းတူ၊ တိုင်ထူ၊အုတ်မြစ်ချ၊အိမ်ပြောင်း၊အိမ်တတ်၊ တိုက်ခန်းဝယ်ခြင်း၊ ကလေးထမင်းခွံ၊ နာမည့်မှည့်၊ ထီးထိုး၊အလုပ်သစ်လျှောက်ခြင်း၊ ခွဲစိတ်ကုသခံယူခြင်းကောင်း၏။

မြောက်အရပ်အကျိုးပေး၊ တောင်အရပ် ရှောင်ပါ။အနောက်အရပ် စန်းပွင့်၏။

မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ ကန်ဇွန်းညွန့်၊ စံပယ်ညွန့် ဆောင်သွားပါ။

အကျိုးပေးဂဏန်း {၅-၆-၃}

အကျိုးပေးအရောင် စိမ်းပြာရောင်၊

ဆောင်ရန် ကန်ဇွန်းညွန့်၊ စံပယ်ညွန့်

ရှောင်ရန် တောင်အရပ်

ယတြာ တောင်အရပ် ဘုရားမှာ ကန်ဇွန်းညွန့်၊ စံပယ်ညွန့်(၁၉)ညွန့်စီ လှူပြီးအဂုၤလိမာလသုတ် ရွတ်ပွားပြီး လိုရာဆုတောင်းပါ။

သောကြာသားသမီးများ

သောကြာသားသမီးများ မိမိနဲ့ ပြဿနာဖြစ်ထားသူတွေနဲ့ ပြန်လည်အဆင်ပြေနိုင်သလို ကာလအတန်ကြာကြန့်ကြာနေသော လုပ်ငန်းများလည်း ပြန်လည်အကောင်အထည် ပေါ်လာနိုင်ပါတယ်။ လုပ်ငန်းသဘာ၀အပြောင်းအလဲ ကြုံရကိန်းရှိပြီး ကောင်းသောခရီးတွေလည်း သွားရတတ်ပါတယ်။ နာမည့်မှည်နှင့် လုပ်ငန်းကိစ္စများ တွေ့ဆုံဆွေနွေးခြင်းအောင်မြင်မယ်။ သို့သော်အာမခံ၊ သက်သေ၊ စာချူပ်စာတမ်းလက်မှတ်ထိုးခြင်းအထူးသတိထားပါ။အိုးအိမ်သစ် ဝင်မယ့် ကာလဖြစ်ပြီးအရှေ့အရပ် ၉ စ-၄အလယ် -၁အပိတ် ထီကံစမ်းပေးပါ။အချစ်ရေးနှင့်အိမ်ထောင်ရေး ကံဇာတာကတော့ စန်းပွင့်နေလိမ့်မယ်။ ပရိုပိုစ့်အချစ်ဆို ခံရခြင်းနှင့်အဖိုးတန်ပစ္စည်းများ လက်ဆောင်ပေးသူပေါ်ပေါက်လာနိုင်ပါတယ်။အိမ်ထောင်သည်များကတော့ တစ်ပါးသူဝင်ရောက်စွက်ဖက် ချစ်ရေးဆိုခံရခြင်းနှင့်အိမ်ထောင်ဘက်၏ သဝန်တို၊ ငြိုငြင်မှုခံရတတ်၍အထူးသတိထားရမည်။ ကျန်းမာရေး ထွေထွေထူးထူး မရှိပါ။အထူး မိမိအိမ်မိသားစုတွင်း လသာအရွယ်ကလေးများ ကျန်းမာရေးချူချာနေလိမ့်မည်။

အရှေ့အရပ်အကျိုးပေး၊အနောက်အရပ် ရှောင်ပါ။ မြောက်အရပ် စန်းပွင့်၏။

၂၀၁၉ခုနှစ် May (10)ရက် "နတ်ပြည်ပြဿဒါး" ဤနေ့သည် ရေကန်တူးဖော်ခြင်း၊အဝီစိတွင်းတူးခြင်း၊ ပန္နက်ရိုက်၊ ကျင်းတူ၊ တိုင်ထူ၊ ညစက်(ရး၄၅)နာရီလွန် စေ့စပ်ပွဲ၊ ဝိဝါဟမင်္ဂလာ၊ စာချူပ်စာတမ်းလက်မှတ်ထိုးခြင်း၊ နာမည့်မှည့်နှင့် တွေ့ဆုံဆွေနွေးခြင်း၊ ရေကြောင်း ခရီးသွားခြင်းကောင်း၏။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ သရက်ညွန့် ဆောင်သွားပါ။

အကျိုးပေးဂဏန်း {၉-၄-၁}

အကျိုးပေးအရောင် ကြည်ပြာရောင်

ဆောင်ရန် သရက်ညွန့်

ရှောင်ရန်အနောက်အရပ်

ယတြာအိမ်ဘုရားမှာ သက်ရက်ညွန့်(၂၁)ညွန့်၊ တယ်သီးဆွမ်းကပ်လှူ မင်္ဂလသုတ်ရွတ်ပွားပြိး လိုရာဆုတောင်းပါ။

စနေသားသမီးများ

စနေသားသမီးများအနေဖြင့်အခုလအပတ်အကောင်းနှင့်အဆိုး ဒွန်တွဲထား၍ လုပ်ငန်းကိစ္စနဲ့ ပတ်သက်လို့အလုပ်တာဝန် မနိုင်မနင်းဖြစ်နေတတ်ပြီး ငွေကြေးအပေးအယူပိုင်း သတိထားလုပ်ဆောင်သင့်ပါတယ်ခင်ဗျာ။ ငွေကြေးပိုင်းအနေနဲ့လည်း ပုံမှန်ဝင်ငွေရှိနေပါမယ်။ လုပ်ငန်းပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လူမျိုးခြားဒုက္ခပေးလိမ့်မယ်။ ကြားကနေအာမခံပြီး ငွေချေးတာတို့ ငွေပေးငွေယူကိစ္စတွေမှာ ကြားခံဆောင်ရွက်ပေးတာမျိုး စာချုပ်လက်မှတ်ထိုးတာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ လက်မှုအထည်အလိပ်ယှက်လုပ်လုပ်ငန်းနှင့်စက်ယှက်လုပ်ငန်း၊အပန်းဖြေ ခရီးသွားလုပ်ငန်း၊ ကားလုပ်ငန်းလုပ်ကိုင်သူများအကျိုးအမြတ်ရှိမယ့်။အချစ်ရေး၊အိမ်ထောင်ရေးကောင်းမွန်နေပြီး ပညာရေးကတော့ ပုံမှန်ပဲရှိနေပါတယ်။ ကျန်းမာရေးအနည်းငယ်ညံ့နေတာကြောင့် သတိပြုသင့်တဲ့ ကာလဖြစ်ပြီးအိမ်မှာရှိတဲ့ စက်ပစ္စည်းအစုတ်အပျက်များ ရှိလျှင် စွန့်ပစ်လိုက်ပါ။ ခေါင်းမူးခေါင်းကိုက်ဝေဒနာနှင့်အကြောတွေတင်းနေတာမျိုး ခံစားရတတ်ပါတယ်။အနောက်တောင်အရပ်အကျိုးပေး၊အရှေ့မြောက်အရပ် ရှောင်ပါ။ မြောက်အရပ် စန်းပွင့်၏။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ ဂန္ဓမာပန်း၊အုန်းညွန့်ဆောင်သွားပါ။

အကျိုးပေးဂဏန်း {၆-၈-၉}

အကျိုးပေးအရောင်အနီရောင်

ဆောင်ရန်အုန်းညွန့်

ရှောင်ရန်အရှေ့မြောက်အရပ်

ယတြာ ဂန္ဓမာပန်း(၈)ညွန့် ၊အုန်းညွန့်(၆)ညွန့် ဘုရားပူဇော်ပြိး ရတနသုတ်ရွတ်ပွားပြိး လိုရာဆုတောင်းပါ။

ရာဟုသားသမီးများ

ရာဟုသားသမီးများ ငွေကြေးပိုင်းအင်မတန် စိတ်ချမ်းသာရမှာ ဖြစ်ပြီး နိုင်ငံရပ်ခြားအလုပ်သွားရောက်လုပ်ကိုင်နေသူများကတော့အလုပ်အပြောင်းအရွှေ့နှင့်ပတ်သတ်ပြိး ဘဝင်းမကျ စိတ်ပင်းပန်းလူပင်းပန်း ဖြစ်နေတတ်သည်။

ကုန်ပစ္စည်းသိုလှောင်ခြင်း ၊ ဆံပင်အလှပြင်လုပ်ငန်း၊ ဆေးအရောင်းဆိုင်လုပ်ငန်းများအထူးအောင်မြင်မည်။အိမ်ထောင်ရေး ကောင်းမွန်ပြိးအချစ်ရေးမှာတော့ နှစ်ရှည်တွဲလာသူများ တစ်ဦးမိမိချစ်သူအပေါ် ယုံကြည်မှုများဖြစ် ဖယ်လှဲခြင်းကိစ္စများ ပြဿနာရင်ဆိုင်ရတတ်ပြိး တစ်ပါးသူဝင်ရောက်ပျက်စီးခြင်း လုယူခြင်း၊ ဥပေက္ခာပြုခြင်း ခံရတတ်သည်။ တနင်္ဂနွေသားသမီများထံအကူညီရမည်။ ထိုနေ့နံသားများ လုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်းအောင်မြင်မည်။ ကျန်းမာရေးအနေနဲ့ ဦးခေါင်းရောဂါ ၊ မီးယပ်ရောဂါသတိပြုရပါမယ်။

တောင်အရပ်အကျိုးပေး၊ မြောက်အရပ် ရှောင်ပါ။အနောက်အရပ် စန်းပွင့်၏။

မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ ကံကော်ညွန့် ဆောင်သွားပါ။

အကျိုးပေးဂဏန်း {၃-၇-ဝ}

အကျိုးပေးအရောင် စိမ်းနုရောင်၊အဝါရောင်

ဆောင်ရန် ကံကော်ညွန့်

ရှောင်ရန် မြောက်အရပ်

ယတြာအိမ်ဘုရားမှာ ကံကော်ညွန့် (၁၂)ညွန့် ခေါက်ဆွဲကြော်ဆွမ်းကပ်၍ မေတ္တာသုတ်ရွတ်ပွားပြီး လိုရာဆုတောင်းပါ။




Some text some message..