လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း မေလ ၁၃ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေ - တနင်္ဂနွေသားသမီး တွေအနေနဲ့ သူတစ်ပါးချောက်တွန်းမှုကြောင့် လုပ်ငန်းပိုင်းဆိုင်ရာမှာအခက်အခဲ ကြုံရတတ်ပါတယ်။ ဆွေမျိုးထဲမှ တစ်ဦးဦးက မိမိလုပ်ငန်းများအတွက်အနှောက်အယှက်ပေးလာတာမျိုး ကြုံရတတ်သလို ငွေကြေး ချေးငှားထားသူတွေကလည်း ပြန်မဆပ်လို့ ငွေကြေးလည်ပတ်မှုအခက်ကြုံရတာမျိုး ရှိလာတတ်ပါတယ်။ ပိုင်ဆိုင်ထားတဲ့ ငွေကြေးတွေကို စနစ်တကျ သုံးတတ်ဖို့အရေးကြီးသလိုအလျင်စလိုဆုံးဖြတ်မှုတွေကြောင့် ဆုံးရှုံးမှုတွေ ကြုံနိုင်လို့ သတိပြုသင့်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး နာမည်ကျော်ကြားနိုင်ပြီး လူမျိုးခြားနှင့် ဆက်ဆံရေးအောင်မြင်နိုင်ပါတယ်။ စားသောက်ကုန်လုပ်ငန်း၊ ဆေးဝါးလုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီးအိမ်ခြံမြေလုပ်ငန်းရှင်များအနည်းငယ်ညံ့နေပါတယ်။ ဒီနေ့မှာကြားခံအာမခံခြင်းမျိုး ရှောင်ကြဉ်သင့်ပြီး စာချုပ်စာတမ်း လက်မှတ်ရေးထိုးခြင်းမျိုးလည်း သတိပြုသင့်ပါတယ်။အချစ်ရေးအိမ်ထောင်ရေး သာယာနေပြီး ကျန်းမာရေးအနေနဲ့အသည်းရောဂါသတိထားရပါမယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင်အုန်းထမင်း ကပ်လှူပေးပါ။
တနင်္လာ - တနင်္လာသားသမီးတွေအနေနဲ့ သူတစ်ပါးကိုအားမကိုးပဲ ကိုယ်တိုင်လုပ်ကိုင်တဲ့ ကြိုးစားမှုတွေကပဲအောင်မြင်မှု ရရှိမယ့်အချိန်ဖြစ်ပါတယ်။ လက်ရှိလုပ်ကိုင်နေတဲ့အလုပ်အကိုင်မှာ ရုတ်တရက် မကြုံစဖူး ခက်ခဲမှု ကြုံလာရတတ်ပြီးအလုပ်ရှင် ဒါမှမဟုတ် လက်အောက်ငယ်သားတွေနဲ့လည်းအဆင်မပြေဖြစ်လာတတ်ပါတယ်။ တွေ့ကြုံလာရတဲ့အခက်အခဲတွေကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ချဖြေရှင်းခြင်းအားဖြင့် မှန်ကန်သောအကျိုးရလဒ်ကောင်းများ ရရှိလာပါလိမ့်မယ်။ နေအိမ်တွင်း ဒါမှမဟုတ်အလုပ်မှာ နေရာထိုင်ခင်းအသစ်ရရှိခြင်း ၊အဆောက်အဦးပြင်ဆင်ခြင်းများ ကြုံရတတ်ပါတယ်။ ဒီနေ့မှာအရေးကြီး ငွေကြေးကိစ္စ စကားပြောဆိုမှုများအောင်မြင်မယ့် နေ့ရက်တစ်ရက်ပါပဲ။ ရွှေဆိုင်လုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး တန်ဖိုးကြီး ပစ္စည်းတစ်ခု ဝင်ကိန်းလည်း ရှိနေပါတယ်။ ကိုယ်ပိုင်လုပ်ငန်းရှင်များ လုပ်ငန်းတိုးချဲ့ရကိန်းရှိနေပြီးအိမ်ထောင်သည်တွေမှာလည်း ငွေကြေးပိုင်းစိတ်ချမ်းသာရလို့အဆင်ပြေနေပါလိမ့်မယ်။ ကျန်းမာရေးပိုင်းအနေနဲ့ လက်ပိုင်းဆိုင်ရာ ထိခိုက်တတ်လို့ သတိပြုသင့်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ကံ့ကော်ပန်း ကပ်လှူပေးပါ။
အင်္ဂါ -အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ မရနိုင်တော့ဘူးလို့ ထင်ထားတဲ့ ငွေကြေးတွေ ပြန်ရလာပါလိမ့်မယ်။ မိမိအပေါ်အနှောက်အယှက်ပေးသူအားလုံးကိုအနိုင်ယူနိုင်မှာဖြစ်ပြီး နေရာဌာနအပြောင်းအလဲ ကြုံ၇ကိန်းလည်း ရှိနေပါတယ်။ လက်ရှိအရပ်ကနေ ပြောင်းရွှေ့ပြီး ပိုမိုအောင်မြင်နိုင်မယ့် ကာလပါပဲ။အိမ်အပြောင်းအရွှေ့လည်း ရှိနေသလိုအိမ်ခြံမြေနေရာ သစ်ဝင်ကိန်းရှိပြီး မိသားစုတွင်းမှာတော့အမွေကိစ္စ စကားများရတတ်ပါတယ်။ မိသားစုထဲမှာ နာမကျန်းဖြစ်နေသူ ရှိတတ်ပြီး ငွေဝင်လာရင်အလှူအတန်းပြုလုပ်ပေးပါ။ စပ်တူရှယ်ယာ လုပ်ငန်းများ တိုးတက်နေမှာဖြစ်ပြီး လုပ်ငန်းတိုးချဲ့ရကိန်းလည်း ရှိပါတယ်။အိမ်အနီးအနားမှာအလှူရှိပါက ၇အစ ၀အဆုံး ထီထိုးပေးပါ။ ပညာရေးနဲ့ ပတ်သက်ပြီး နိုင်ငံခြား ပညာတော်သင်သွားရကိန်း ရှိနေပါတယ်။အချစ်ရေး၊အိမ်ထောင်ရေး ပုံမှန်ရှိနေပြီး ကျန်းမာရေးကတော့ ကောင်းမွန်နေပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်းလုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ -အိမ်ရှိဘုရားတွင် ဆီထမင်း ကပ်လှူပေးပါ။
ဗုဒ္ဓဟူး - ဗုဒ္ဒဟူးသားသမီးတွေအနေနဲ့ စနေ၊ ကြာသပတေး သားသမီးတွေရဲ့ ကူညီမှုနဲ့အခက်အခဲတွေ ပြေလည်နိုင်ပါလိမ့်မယ်။ ပညာရေးပိုင်း ကောင်းမွန်နေပြီးအချစ်ရေးပိုင်းကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ လက်ရှိအလုပ်ထက် ပိုကောင်းတဲ့ လုပ်ငန်းခွင်မျိုးကနေ ကမ်းလှမ်းလာတာမျိုး ကြုံရတတ်လို့ ကိုယ့်ဘက်က ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့အသင့်ပြင်ထားသင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါကအထက်လူကြီးရဲ့ မျက်နှာသာပေးခြင်းကို ခံရတတ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့အလှပြင်ဆိုင်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းရှင်များ ကောင်းမွန်နေပါတယ်။ သူတပါးကိစ္စ ကြားဝင်ဆောင်ရွက်ပေးရကိန်းရှိနေပြီးအိမ်တွင်းရေးသာယာနေပါတယ်။ ချစ်သူမရှိသေးသူများအားကိုးရလောက်တဲ့ ချစ်သူ ရလာတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့အကြောညပ်တတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ရွှေကြည်မုန့် ကပ်လှူပေးပါ။
ရာဟု - ရာဟုသားသမီးတွေအနေနဲ့ ဒီနေ့ကနေစပြီးအရှေ့ပိုင်းရက်တွေမှာအနည်းငယ် ထစ်ငေါ့နေခဲ့တဲ့ ကိစ္စအားလုံးအကောင်းဘက်ကို ရောက်ရှိပြီလို့ ပြောနိုင်ပါတယ်။ ငွေကြေးကံကောင်းနေပြီး လုပ်ငန်းရှင်တွေအနေနဲ့ဆိုရင်လည်း လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်ပါတယ်။ ပညာရေးဝန်ဆောင်မှုလုပ်ငန်း၊ ရွှေဆိုင်လုပ်ငန်း၊အထည်အလိပ်လုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး ဝန်ထမ်းဖြစ်ပါကအထက်လူကြီးရဲ့ ချစ်ခင်နေရာပေးမှု ရရှိပါလိမ့်မယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများအထူးကောင်းမွန်နေပြီး လုပ်ငန်းသစ်များလည်း တိုးချဲ့ရကိန်း ရှိနေပါတယ်။အိမ်အနီးအနားမှာ မင်္ဂလာကိစ္စရှိရင် ၄အစ ၅အဆုံးထီထိုးပေးပါ။ ဒီရက်ပိုင်းမှာ ပညာရေး၊အချစ်ရေးအစစအဆင်ပြေနေမှာဖြစ်ပြီး ကျန်းမာရေးအနေနဲ့ ခေါင်းမူးခေါင်းကိုက် မကြာခဏဖြစ်လေ့ရှိနေပါလိမ့်မယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - လမ်းတွင်ကြုံတွေ့ရသော သက်ကြီးရွယ်အိုများအား ရေသန့်ဒါနပြု လှူဒါန်းပေးပါ။
ကြာသပတေး - ကြာသပတေးသားသမီးတွေကတော့ ကိုယ့်ရဲ့ လုပ်ဆောင်ချက်၊ ကြိုးစားမှုတွေအပေါ် မကောင်းကြံမယ့်သူတွေ ပေါ်ပေါက်ကြုံတွေ့ရတတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေကပါ မကောင်းကြံစိတ်မွေးနိုင်တဲ့ ကာလဖြစ်လို့ ဘယ်သူ့ကိုမဆို ယုံကြည်မှုလွန်ကဲပြီး ကိုယ်ရေးကိုယ်တာ ကိစ္စတိုင်ပင်တာမျိုးတွေကို သတိထားသင့်ပါတယ်။ လူယုံသတ်တတ်ပြီး ကိုယ့်ရဲ့အားနည်းချက်အပေါ်အခွင့်ကောင်းယူ မကောင်းကြံတာမျိုးလည်း ကြုံရတတ်ပါတယ်။ ဝန်ထမ်းများအထက်လူကြီးငြိုငြင်ပြီး နေရာပြောင်းရွှေ့ခံရကိန်း ရှိနေပါတယ်။ မိသားစုထဲက စနေသားသမီး ဒုက္ခပေးတတ်လို့ သတိပြုရပါမယ်။အိမ်ထောင်ရေးမှာ သားသမီးကြောင့် ဂုဏ်တက်တတ်ပြီးအိမ်ထောင်ဖက် ဝင်ငွေကောင်းနေပါလိမ့်မယ်။အချစ်ရေးလည်း သာယာနေပြီး ကျန်းမာရေးအနေနဲ့ နှလုံးရောဂါသတိပြုသင့်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင် မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ကျောက်ကျော ကပ်လှူပြီး လိုရာဆုတောင်းပါ။
သောကြာ - ဒီနေ့မှာ သောကြာသားသမီးတွေအနေနဲ့အခက်အခဲမှန်သမျှ ကျော်လွှားနိုင်မှာဖြစ်ပြီးအတွေးအမြင်သစ်များကနေ ထူးခြားတဲ့ ကံကောင်းမှုတွေ ရရှိခံစားရပါလိမ့်မယ်။အချစ်ရေး၊ ပညာရေးကောင်းမွန်နေပြီး ပုံမှန်ထက်ငွေဝင်ခြင်းအဆင်ပြေခြင်းများ ကြုံတွေ့ရမယ့် နေ့ရက်တစ်ရက်ပါပဲ။ ကလေးအသုံးအဆောင် ပစ္စည်းရောင်းဝယ်တာမျိုး၊အထည်အလိပ် ဆေးဝါးအရောင်းအဝယ် ပြုလုပ်တာမျိုးတွေအတွက် ကောင်းမွန်နေပြီး စားသောက်ကုန် လုပ်ငန်းရှင်များအမြတ်နည်းနေတတ်ပါတယ်။ နိုင်ငံရပ်ခြား ခရီးသွားရောက်ရကိန်း ရှိပြီး ပညာရေးအတွက် တဆင့်မြင့်သင်တန်းတွေလည်း တက်ရောက်ရကိန်း ရှိပါတယ်။ ချစ်သူ ရှိပြီးသူများ တစ်ဦးနဲ့တစ်ဦးအထင်အမြင်လွဲပြီး လမ်းခွဲရတတ်လို့ သတိပြုပါ။ မိသားစုထဲက ကြီးကဲသူကျန်းမာရေး ဂရုစိုက်ပေးသင့်ပြီး ကျန်းမာရေးအနေနဲ့အစာအိမ် ဒုက္ခပေးတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် သီးသီး ကပ်လှူပေးပါ။
စနေ - ဒီနေ့မှာ စနေသားသမီးတွေအနေနဲ့ ထင်မှတ်မထားတဲ့ နေရာကနေ ငွေကြေးအမြတ်အစွန်း ရရှိလာပါလိမ့်မယ်။အရေးကြီးလုပ်ငန်း ကိစ္စတွေကိုလည်း ဒီနေ့မှာ စတင်နိုင်ပြီးအဖိုးတန်ပစ္စည်းတွေကို လက်ဆောင်ပေးသူပေါ်ပေါက်လာနိုင်ပါတယ်။အိမ်ကို ဧည့်သည်ရောက်လာတတ်ပြီး ကောင်းတဲ့သတင်းစကား ပါလာပါလိမ့်မယ်။ ဝန်ထမ်းတွေအနေနဲ့ ရာထူးတိုးကိန်းရှိပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့လည်း လုပ်ငန်းတိုးချဲ့ရကိန်းရှိနေပါတယ်။ ရေသန့်လုပ်ငန်း၊ ရွှေဆိုင်လုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး သွပ်သံလုပ်ငန်းရှင်များအနည်းငယ်ညံ့နေပါတယ်။အိမ်တွင်းရေးမှာ ငွေကြေးကြောင့် စကားများရကိန်းရှိပြီး ပျိုရွယ်သူတွေကတော့ ချစ်သူူနဲ့အထင်အမြင်လွဲမှားရတတ်ပါတယ်။ ပညာရေးကောင်းမွန်နေပြီး ကျန်းမာရေးအနေနဲ့ လက်နဲ့ ခြေထောက်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိတတ်လို့ သတိထားသင့်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် နာနတ်သီးကပ်လှူ ဆုတောင်းပါ။
LEO