၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း( ၂၁-၇-၂၀၁၉ ) မှ ( ၂၇-၇-၂၀၁၉)အထိ
lotaya.mpt.com.mm
|
2019-07-18

၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း


၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း

ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၂၁-၇-၂၀၁၉ ) မှ ( ၂၇-၇-၂၀၁၉)အထိဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေသားသမီး

တနင်္ဂနွေသားသမီးများ လုပ်ဖော်ကိုင်ဖက်တွေနဲ့အဆင်မပြေဖြစ်မယ်။ နောက်ကျောကို ဓားနဲ့ထိုးမဲ့သူတွေ ဝန်းရံနေတတ်တဲ့အတွက်သတိထားပါ။အမှုအခင်း ရုံးပြင်ကန္နား နှင့် ပတ်သက်ရတတ်တယ်။ စက်ပစ္စည်များအဟောင်းထွက်အသစ်ဝင်ပါလိမ်မယ်။ လက်လွန်ထားသောငွေများရပါမည်။ လုပ်ငန်းတိုးချဲ့ခြင်း၊အထူးရှယ်ယာဝင်လုပ်ငန်းများအောင်မြင်လိမ်မယ်။အချစ်ရေးမှာတော့ ချစ်သူနှစ်ဦး ကြားကနေပြောလာတဲ့ သွေးထိုးစကားတွေကို ချင့်ချိန်ပြီးမှ ယုံကြည်စေချင်ပါတယ်။ စိုးရိမ်စရာတော့ မရှိပါ။အိမ်ထောင်ရှိသူဆိုလျှင်အိမ်ထောင်ဘက်အတွက် စိတ်ညစ်ရတတ်၏။ ဆွေမျိုးသားချင်းများကျန်းမာရေးအသည်းအသန် ဖြစ်တတ်၏။အရှေမြောက်အရပ်လာဘ်အကျိုးပေး၊အနောက်တောင်အရပ် ရှောင်ပါ။အနောက်အရပ် စန်းပွင့်၏။

မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ စတော်ဘယ်ရီဖျော်ရည် (၁)ဘူး ဘုရားလှူ ပြီးသွားပါ။

အကျိုးပေးဂဏန်း ➖ {၅,၃,၉}

အကျိုးပေးအရောင် -အနီရောင်၊ မီးခိုးရောင်

ဆောင်ရန် - ဇီးညွန့်

ရှောင်ရန် -အနောက်တောင်အရပ်

ယတြာ - ဆင်းရဲနွမ်းပါးသူတစ်ဦးအား လမ်းကြုံခရီးစရိတ်ထောက်ပံ့ပေးပါ။

တနင်္လာသားသမီးများ

တနင်္လာသားသမီးများ သေချာကြံစည်လုပ်ကိုင်ထားသောအလုပ်တွေ ပျက်ရတတ်တယ်။ သစ်၊ သွပ်၊ သံ၊ စသော သောကြာနံပစ္စည်းများ ဝင်လာတတ်ပါတယ်။ ဝင်လျှင်မကောင်းပါ။ ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။ ဘုရားဖူးခရီးသွားရတတ်၏။အိမ်ထောင်ရေး တကျက်ကျက်ဖြစ်နေမည်။အချစ်ရေးများ ကံကောင်းပါလိမ့်မယ်။ ဘုရားဖူးသွားရတတ် ပျော်ရွှင်မူရတတ်ပါတယ်။အပေါင်းသင်းဆံ့ပြီး သူငယ်ချင်းများအတူ နိုင်ငံရပ်ခြားအလုပ်သွားရတတ်သည်။အရင်က ကိုယ်နှင့်မသင့်မြတ်သူတွေနဲ့ပြန်လည် သင့်မြတ်ရတတ်ပါတယ်။ ခြေထောက်မှာ ဗွေပါတာမျိုး မကြာခဏ ခရီးထွက်ရတတ်။ ကျန်းမာရေးကိုတော့ နည်းနည်းဂရုစိုက်ပါ။ ဦးခေါင်းနှင့်ဗိုက် ဒုက္ခပေးတတ်သည်။်

အနောက်အရပ်လာဘ်အကျိုးပေး၊အရှေ့အရပ် ရှောင်ပါ။ မြောက်အရပ် စန်းပွင့်၏။

မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌အိတ်ထည့် ဆန်တစ်ဆုပ်ထည့်ပြိး ဆောင်သွားပါ။

အကျိုးပေးဂဏန်း ➖ {၇,၁,၃}

အကျိုးပေးအရောင် -အဖြူ ရောင်၊အနီရောင်

ဆောင်ရန် - ဆန် (၁၅)စေ့

ရှောင်ရန် -အရှေ့အရပ်အရပ်

ယတြာ - တနင်္လာထောင့်မှာ ဘုရားဆင်းတုတော်ကို ရေသပ္ပါယ်ပေးပါ။ ကြာပန်း ၂ပွင့်၊ သစ္စာပန်း ၆ပွင့်ကို ဘုရားမှာ ကပ်လှူပေးပါ။

အဂါၤသားသမီးများ

အဂါၤသားသမီးများအလှူအတန်းကိစ္စ၊ မင်္ဂလာကိစ္စ ရက်ရွှေ့ရတတ်၏။အလုပ်တွင်အတိုက်အခံအပြိုင်အဆိုင်ကြီးစွာ ကြုံရတတ်၏။ ငွေကြွေးတွေလည်း ဆုံးပါးတတ်သည်။အိမ်ကပစ္စည်းတွေ ချရောင်းရတဲ့အထိ ငွေပြတ်သွားတတ်သည်။အလုပ်ကိုစိတ်မဝင်စားသလို ဖြစ်နေတတ်သည်။ ငယ်ရွယ်သူများအဖို့အချစ်ရေးတွင် လမ်းခွဲရလောက်အောင် ပြသနာဖြစ်ရတတ်သော ကာလဖြစ်ပါ၏။ ပညာရေးကောင်းပါတယ်။အိမ်ထောင်ရေးကတော့အိမ် ထောင်ဘက်က မိမိအခက်အခဲတွေကိုအားပေးကူညီပါလိမ့်မယ်။ ကျန်းမာရေး ချူချာတတ်ပါတယ်။

အရှေ့တောင်အရပ်လာဘ်အကျိုးပေး၊အနောက်မြောက်အရပ် ရှောင်ပါ။ မြောက်အရပ် စန်းပွင့်၏။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ လိမ္မော်သီး (၃)လုံး ဘုရားလှူ ပြိးသွားပါ။

အကျိုးပေးဂဏန်း ➖ {၃,၅,၁}

အကျိုးပေးအရောင် - ပန်းနုရောင်၊အဝါရောင်

ဆောင်ရန် - ဇွန်ပန်းညွန့်လက်တစ်ဆစ်

ရှောင်ရန် - မြောက်အရပ်

ယတြာ -အသက်ကြီးရွယ်အိုများကို ဆေးဝါးနှင့်လိမ္မော်သီး ဒါနပြုပါ။

ဗုဒ္ဓဟူးသားသမီးများ

ဗုဒ္ဓဟူးသားသမီးများအလုပ်စီးပွားကောင်းလာပါပြီ။အလုပ်မှာရာထူးတိုးခြင်း၊အထက်လူကြီး သဘောကျခြင်းမျိုး ကြုံရတတ်သလို

မိမိတို့ဖြစ်ချင်တာတွေကို ဖြစ်အောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေလဲအကျိုးဖြစ်ထွန်းမဲ့အချိန်ပါပဲ။ ဖြေရှင်းစရာ ပြသာနာတွေပေါ်လာတတ်ပါတယ်။မနာလိုသူတွေ့ လုပ်လို့ လုပ်ငန်းတွေ ထိခိုက်တတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်ချင်း စိတ်ဝမ်းကွဲတာ တွေကြုံရလိမ့်မယ်။ သင့်အိမ်မှာ ကိုယ်ဝန်ဆောင် ရောက်လာပြီး ညအိပ်ညနေတည်းခိုရင် ဒါမှမဟုတ် နဂိုကတည်းက ကိုယ်ဝန်ဆောင်ရှိခဲ့နေခဲ့လျှင် ထီဆုကြီးပေါက်တတ်သည်။ ပညာရေး မိမိရည်ရွယ်ချက်များအောင်မြင်နိုင်သလိုအချစ်ရေးမှာ ချစ်သူဆီက မမျော်လင့်တဲ့ သတင်းတွေ ကြားရတတ်ပါတယ်။အဖိုးတန်ပစ္စည်းများလည်းရတတ်ပြီး ကျန်းမာရေးအညံ့မရှိပါ။

တောင်အရပ်လာဘ်အကျိုးပေး၊ မြောက်အရပ် ရှောင်ပါ။အရှေ့နှင့်မြောက်အရပ် စန်းပွင့်၏။

မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ ကြံ(၁)ချောင်း ဘုရားပူဇော်ပြီးသွားပါ။

အကျိုးပေးဂဏန်း ➖ {၄,၂,၈}

အကျိုးပေးအရောင် - ကြက်သွေးရောင်၊အပြာနုရောင်

ဆောင်ရန် - ကြံတစ်ဆစ်

ရှောင်ရန် - မြောက်အရပ်

ယတြာ -အိမ်ဘုရားစင်မှာ ကော်ဖီ(၁)ခွက်ကိတ်မုန့်(၉)ချပ်ကပ်လှူပါ။

ကြာသပတေးသားသမီးများ

ကြာသပတေးသားသမီးများ မိတ်ဆွေအပေါင်းအသင်းအထက်လူကြီးတွေရဲ့ ကူညီမစခြင်းကိုတော့ ရမဲ့ကာလပါ။ ဘေးတစိမ်းမိန်းမတစ်ယောက်အကူအညီပေးလိမ့်မယ်။

မိသားစုအကြီးအကဲ၊ လုပ်ငန်းအကြီးအကဲတို့ကြောင့် စိတ်ညစ်ရတက်၏။ မမျှော်လင့်ဘဲ ရုတ်တရက် ငွေတွေဝင်လာတတ်သည်။ ငွေလည်း စုဆောင်းမိနိုင်မယ်။အိမ်ထောင်ရှိတဲ့လူများကတော့ သတိထားရမည်။ ဘာဖြစ်လိုဆိုတော့ မျက်နာစံပွင့်တယ်။ ဆရာသမားလို ပုဂ္ဂိုလ်မျိုးအိမ်ကို ရောက်လာပြီး ဒုက္ခပေးတတ်သည်။ မိမိအိမ် ခြေရင်းဘက်မှာအသုဘပေါ်တတ်သည်။ ပေါ်ရင်တော့ (၅၅)ဂဏန်းအပူးထီထိုးပေးပါ။ တောင်ဘက်အရပ်ကလာသောအစားသောက်မစားပါနှင့်အထူးသဖြင့်အသုဘအစားအသောက်ရှောင်ကြဉ်ပါ။ ကျန်းမာရေးအညံ့ကြုံမည်။ မြောက်အရပ် လာဘ်အကျိုးပေး၊ တောင်အရပ် ရှောင်ပါ။အရှေ့အရပ် စန်းပွင့်၏။

မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ ထောပတ်သီး(၁)လုံး ဘုရားလှူပြီးသွားပါ။

အကျိုးပေးဂဏန်း ➖ {၁,၃,၅}

အကျိုးပေးအရောင် - ငွေရောင်၊အနီရောင်

ဆောင်ရန် - ပိတောက်သားလက်တစ်ဆစ်

ရှောင်ရန် - တောင်အရပ်

ယတြာ - ဘုန်းကြီးတစ်ပါးကို ဒံပေါက်တစ်ထုပ်ဝယ်ပြီးလှူပေးပါ။

သောကြာသားသမီးများ

သောကြာသားသမီးများအလုပ်ခွင့်မှ နာရတယ်မရှိနိုင်ပါဘူး။အလုပ်တစ်ခုပြီးတစ်ခု လုပ်နေရလို့အလွန်ကို ပင်ပန်းတတ်ပါတယ်။ စဉ်းစားချင့်ချိန်ပြီးမှအရာရာကိုလုပ်သင့်တဲ့အချိန်ပါပဲ။ ဘာကိစ္စကိုမဆို ခေါင်းအေးအေးထားပြီး ဆုံးဖြတ်ချက်ချပါ။ ငွေကြေးအထစ်အငေါ့ကြီးစွာ ဖြစ်ခြင်း ကြွေးဆုံးခြင်းတို့ ကြုံရတတ်၏။အလုပ်ထဲမှာအလွန်စိတ်ညစ်ရမဲ့ ကိစ္စတွေကြုံလာရတတ်ပါတယ်။အိမ်ထောင်ရှင်များ ဘေးလူအနှောက်အယှက်ကြောင့် တစ်ဦးနှင့်တစ်ဦး နားလည်မှုလွဲပြီး ဒေါသကိုရှေ့ထားကာ စကားများ၊ ရန်ဖြစ်ရတတ်ပါသည်။

အရှေ့အရပ်လာဘ်အရပ်အကျိုးပေး၊အနောက်အရပ် ရှောင်ပါ။အရှေ့အရပ် စန်းပွင့်၏။

မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌အုန်း၊ ဇီး၊ မြေပဲယို များကို ဘုရားလှူပြီး သွားပါ။

အကျိုးပေးဂဏန်း ➖ {၂,၈,ဝ}

အကျိုးပေးအရောင် -အဝါရောင်၊ ဆင်စွယ်ရောင်

ဆောင်ရန် - မြေပဲ (၆)စေ့

ရှောင်ရန် -အနောက်အရပ်

ယတြာ - မိမိနေ့နံထောင့်တွင်အနောက်အရပ်မျက်နှာမူကာအုန်း၊ ဇီး၊ မြေပဲယိုများ ကပ်လှူပါ။

စနေသားသမီးများ

စနေသားသမီးများအလှူလုပ်ရတတ်သည်။ လုပ်ရမယ့်အလှူကလည်း ရည်ရွယ်တုန်းကသေးသေး တကယ်အကြီးပေးရတတ်ပါတယ်။ စက်တွေ ရွှေငွေစိန် ကျောက်ရတနာ ဝင်လာမည်။ ကိုယ်ကို မလေးစားတဲ့လူတွေတောင် ကြည်ညိုလေးစားလာတတ်ပါတယ်။အမှုကိစ္စကြုံရသူတွေအမှုအခင်းနိုင်ပါမယ်။ မိမိအားပြဿနာ လုပ်နေသူများရှိလျှင်အဆင်ပြေသွားလိမ့်မည်။ ကျောက်မျက်ရတနာလုပ်ငန်းများအထူးငွေအမြောက်များဝင်လာတတ်သည်။ သို့ပေမဲ့ မိမိကိုယ်ပိုင်ကျောက်မျက်ရတနာ ရွှေငွေအယုံကြည်ပေး မလွဲပါနှင့် မိမိရှေ့မှာလုပ်ငန်းပြုလုပ်ပါ မိမိကွယ်ရာ မပြုလုပ်ပါနှင့်။ ငယ်ရွယ်သူများအချစ်ရေးတွင်တစ်ဦးနှင့်တစ်ဦးအပြန်အလှန် နားလည်မှုရှိမည်။ ရံဖန်ရံခါ ချစ်သူကြောင့် စိတ်ရှုပ်ထွေးရတတ်ပါသည်။ ကျန်းမာရေးအထူးဂရုစိုက်ပါ။အနောက်တောင်အရပ်လာဘ်အကျိုးပေး၊အရှေ့မြောက်အရပ် ရှောင်ပါ။ တောင်အရပ် စန်းပွင့်၏။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ ကြံတစ်ဆစ်ဆောင်သွားပါ။

အကျိုးပေးဂဏန်း ➖ {၇,၂,၃}

အကျိုးပေးအရောင် - နက်ပြာရောင်၊အဝါရောင်

ဆောင်ရန် - ကံ့ကော်သားလက်တဆစ်

ရှောင်ရန် -အရှေ့မြောက်အရပ်

ယတြာ - မိမိနေနံဂြိုလ်ထောင့်တွင်အနီရောင်ဖယောင်တိုင် (၇)တိုင်၊အမွေးတိုင်(၇)တိုင်၊ ထောပတ်သီး(၁) ကပ်လှူပေးပါ။

ရာဟုသားသမီးများ

ရာဟုသားသမီးများ ကိုယ်ပိုင်အလုပ်လုပ်သူတွေအလုပ်ပါးတတ်သလို ဝန်ထမ်းတွေအဖို့အထက်လူကြီးငြိုငြင်တာ ခံရလိမ့်မည်။ ဆုံးမလို ဖြစ်နေသော ပစ္စည်းတွေ့လည်း ပြန်ရတတ်ပါသည်။ ပစ္စည်းသစ်တွေအဝတ်အစားသစ်တွေလည်း ဝင်လာလိမ့်မယ်။

မသင့်မြတ်သူများနှင့် ပြန်လည်သင့်မြတ်သွားမည်။ ပြည်ပ၊ နယ်ခြားအနေဝေးနေတဲ့ချစ်သူကအဆက်ဖြတ်ဖို့ကြိုးစားတာမျိုး ကြုံရတတ်သည်။အချစ်ရေးကြောင့် ခေါင်းရှုပ်ရတတ်သည်။ တစ်ခုအကြံပေးချင်တာက ဒိကာလမှာကိုယ်အလုပ်ကို ကြိုးစားပြီးလုပ်ပါ။ ဘယ်အသင်းအဖွဲမှာမဝင်ပါနဲ့။အလောင်းကစားမပြုလုပ်ပါနဲ့အကျိုးမပေးပါ။အဖမ်းအဆီး ခံရတတ်ပါတယ်။ မိမိအိမ်မှာ သားသ္မီးပျိုများရှိလျှင် သတင်ကောင်းများကြားရတတ်ပြီး ရှေ့ရေးအနာဂတ်ရှေ့ရေးကောင်းများ ဖြစ်လာတတ်ပြီး ချမ်းသာသောအသိုင်းဝိုင်းများ လာတောင်းတတ်သည်။ ကျန်းမာရေး လက်ခြေထောက် ထိခိုက်ဒဏ်ရတတ်သည်။ တောင်အရပ်လာဘ်အကျိုးပေး၊ မြောက်အရပ် ရှောင်ပါ။အရှေ့နှင့်မြောက်အရပ် စန်းပွင့်၏။

မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ ရဲ့ယို့ညွန့် (၉)ညွန့် ဘုရားပူဇော်ပြီး သွားပါ။

အကျိုးပေးဂဏန်း ➖ {၂,၈,၄}

အကျိုးပေးအရောင် - ဆင်စွယ်ရောင်၊အပြာနုရောင်

ဆောင်ရန် - ရဲယိုညွန့် လက်တဆစ်

ရှောင်ရန် - မြောက်အရပ်

ယတြာ -အိမ်ဘုရားစင်မှာ လိမ္မော်ရည်(၁)ခွက် ပေါင်မုန့်(၉)ချပ်ကပ်လှူပါ။

ဗေဒင် ဟောစာတမ်းအမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..