![]()
နေ့စွဲ၊ ၁၂-၉-၂၀၁၈
လိုတရပရိတ်သတ်ကြီးရှင့်၊ ဆရာမဒေါက်တာ စောယုနွယ်ဟောပြောပေးထားတဲ့ ချစ်ရေးချစ်ရာ ဘဝတွက်တာ ဗေဒင်ကို စက်တင်ဘာလ ၁၂ ရက်နေ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ မည်သည့်လ၊ မည်သည့်ရက်မှာ မွေးဖွားသူများဖြစ်စေ မိမိမွေးရက်ဖြင့် တိုက်ဆိုင်ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။
မည်သည့်လတွင်မဆို (၁၊ ၁ဝ၊ ၁၉၊ ၂၈) ရက်မွေးဖွားသူများ
ဒီရက်မှာ ပျိုရွယ်သူများအဖို့ ချစ်သူဟောင်းထံမှ လက်ဆောင်ပစ္စည်း ရတတ်သည်။ ဘယ်သူနဲ့ဖြစ်ဖြစ် ကိုယ်ကစိတ်အခန့်မသင့် ဖြစ်နေတတ်တယ်။ မတော်တဆထိခိုက်မိတာ ကျန်းမာရေးညံ့ပြီး ဆေးရုံဆေးခန်း ရောက်ရတာမျိုး ကြုံရတတ်ပါတယ်။ ဒါကြောင့် ဘာမဆို သတိထားသင့်တဲ့အချိန်ဖြစ်ပါတယ်။အလုပ်မှာလည်းအနှောင့်အယှက်တစ်ခုမဟုတ် တစ်ခုနဲ့ ကြုံနေတတ်ပါတယ်။ ပစ္စည်းပျောက်တာတွေ သူခိုးခိုးခံရတာတွေလည်း ကြုံရတတ်ပါတယ်။ မထင်မှတ်တဲ့ နေရာကနေ ငွေကြေးရတတ်ပါတယ်။ ထီမကြာခဏ ထိုးသင့်တဲ့ကာလဖြစ်ပါတယ်။ ရွှေ၊ လက်ဝတ် ရတနာတွေလည်း ဝင်လာတတ်ပါတယ်။ မထင်မှတ်တဲ့ ဆွေမျိုးသားချင်းတွေဆီက သတင်းတွေ၊အဆက်အသွယ်တွေ ရောက်လာတတ်ပါတယ်။ ခရီးဝေးလည်း သွားရတတ်ပါတယ်။ လက်အောက်ငယ်သား ကိုယ့်ကို ဒုက္ခပေးတတ်ပါတယ်။အိမ်ထောင်သည်များအဖို့ မိသားစုကြောင့် စိတ်သောကရောက်ရတတ်သည်။
ကံကောင်းသောနံပါတ် ။ ။ ၆, ၃, ၈ ကံကောင်းသောအရောင် ။ ။ မီးခိုးရောင်
ယတြာ ။ ။ မိတ်ဆွေတစ်ဦးကို ကော်ရည်ခေါက်ဆွဲ ဝယ်ကျွေးပါ။
မည်သည့်လတွင်မဆို (၂၊ ၁၁၊ ၂ဝ၊ ၂၉) ရက်မွေးဖွားသူများ
ဒီရက်မှာ ငယ်ရွယ်သူတွေအဖို့မူအချစ်ရေးတွင်အဆင်ပြေမလိုလိုနှင့် ခွဲခွာရတတ်သည်။ လုပ်ငန်းအကြံအစည်များ ထွန်းပေါက်အောင်မြင် တတ်သည်။ လုပ်ငန်းတွင် မိမိတစ်ဦးတည်း လုပ်ကိုင်သည်ထက် စုပေါင်းလုပ်ငန်းဖြစ်စေ၊အစုရှယ်ယာလုပ်ငန်းဖြစ်စေ ပူးပေါင်း လုပ်ဆောင်သင့်သော ကာလဖြစ်သည်။ နိုင်ငံခြားကုမ္ပဏီလုပ်ငန်းများကလည်းအကျိူးတူပူးပေါင်းရန် လာရောက်ဆက်သွယ်တတ်သည်။ ဆေးဝါးလုပ်ငန်း၊ စက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း၊အကျိုးဆောင် လုပ်ငန်းများကိုပြုလုပ်ပါကအောင်မြင်ကျော်ကြားတတ်သည်။ လူကြီးမိဘနှင့် ပတ်သက်၍ ငွေကြေးကိစ္စ ပေါ်တတ်သည်။ ပညာရေးနှင့်အောင်မြင်မှုရသော ကာလဖြစ်သည်။ ကျန်းမာရေးမှာ မျက်စိဝေဒနာ ခံစားရတတ်သည်။
ကံကောင်းသောနံပါတ် ။ ။ ၆, ၅, ၂ ကံကောင်းသောအရောင် ။ ။ လိမ္မော်ရောင်
ယတြာ ။ ။ မိတ်ဆွေတစ်ဦးကို ဆီချက်ခေါက်ဆွဲဝယ်ကျွေးပါ။
မည်သည့်လတွင်မဆို (၃၊ ၁၂၊ ၂၁၊ ၃ဝ) ရက်မွေးဖွားသူများ
ဒီရက်မှာ ပျိုရွယ်သူများအဖို့ မိမိချစ်သူ၏ သစ္စာဖောက်ခြင်း ခံရတတ်သည်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတတ်သည်။ ရှေ့တိုးရအခက်၊ နောက်ဆုတ်ရအခက်အဖြစ်မျိုးတွေ မကြာခဏကြုံရတတ်တယ်။ စိတ်တွေလည်း လေနေတတ်ပါတယ်။ ဘာရယ် မဟုတ်ဘဲ စိတ်ထဲမှာ တင်းကြပ်နေတတ်တယ်။အလုပ်နဲ့ပတ်သက်လို့အပြောင်းအလဲကြီးကြီးမားမား တွေမလုပ်ပါနဲ့ဦး။အလုပ်တွေလည်း မတိုးချဲ့သင့်ပါဘူး။ ငွေကြေးကိစ္စတွေမှာလည်းအကျပ်အတည်း ကြုံနေရတတ်ပါတယ်။ ငွေကြေးကြီးကြီးမားမားဝင်ရင်လည်း မကောင်းပါဘူး။ ကိုယ်မသုံးရပဲ ဆေးဖိုးဝါးခ ဖြစ်သွားတတ်ပါတယ်။ ကျန်းမာရေးအတွက်နဲ့ ငွေကုန်ကြေးကျ များနေတတ်ပါတယ်။အိမ်ထောင်သည်များအဖို့ မိသားစုနဲ့အပျော်ခရီး သွားရတတ်သည်။
ကံကောင်းသောနံပါတ် ။ ။ ၆, ၈, ၇ ကံကောင်းသောအရောင် ။ ။ နက်ပြာရောင်
ယတြာ ။ ။ မိတ်ဆွေတစ်ဦးကို ထမင်းဆီဆမ်းနှင့် ကြက်ကြော်ဝယ်ကျွေးပါ။
မည်သည့်လတွင်မဆို (၄၊ ၁၃၊ ၂၂၊ ၃၁) ရက်မွေးဖွားသူများ
ဒီရက်မှာ ပျိုရွယ်သူများ ချစ်သူခရီးသွားတာမျိုး၊အိမ်ထောင်သည်များအိမ်ထောင်ဖက် ခရီးထွက်သွားတာမျိုး ကြုံရတတ်ပါတယ်။အလုပ်တွေ ပင်ပန်းတတ်တယ်။ ပင်ပန်းရကျိုးမနပ်လဲ ဖြစ်တတ်တယ်။ ကြားဝင်ဖြေရှင်းရတာမျိုးလဲ လုပ်ရတတ်သည်။ ဆွေမျိုးအပေါင်းအသင်း ကိစ္စတွေမှာလဲ မနားရအောင် ပြုလုပ်ပေးနေရလိမ့်မယ်။ ငွေကြေးနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်ကြုံရတတ်တယ်။ သို့သော် နိုင်ငံရပ်ခြား လူမျိုးခြားကိစ္စတွေမှာတော့အောင်မြင်မှုရတတ်ပါသည်။ ပညာရေးကိစ္စတွေမှာလည်းအောင်မြင်မှုအလီလီ ရနိုင်ပါတယ်။ ကျန်းမာရေးအနေနဲ့ကတော့ ခြေထောက်ကို ဂရုစိုက်သင့်ပါတယ်။
ကံကောင်းသောနံပါတ် ။ ။ ၉, ၇, ၄ ကံကောင်းသောအရောင် ။ ။အစိမ်းရောင်
ယတြာ ။ ။အိမ်ကဘုရားမှာအုန်းဆွမ်းကပ်ပါ။
မည်သည့်လတွင်မဆို (၅၊ ၁၄၊ ၂၃) ရက်မွေးဖွားသူများ
ဒီရက်မှာ ပျိုရွယ်သူများအဖု့ိ ချစ်သူနှင့်လမ်းခွဲရတတ်တယ်။ ကိုယ်မထင်ထားတဲ့အလုပ်ကိစ္စတွေ ကြန့်ကြာနေတတ်ပါတယ်။ စိတ်ပန်း လူပန်းဖြစ်ရတဲ့ ကာလဖြစ်ပါတယ်။အကြီးအကဲ လူကြီးမိဘ၊ ဆရာသမားတို့ထံမှအကူအညီကောင်းတွေ ရတတ်ပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေဆီကတော့အကူအညီမရတဲ့အပြင် ကိုယ်ကတောင် ပြန်ကူညီလိုက်ရ တာမျိုး ကြုံရတတ်ပါတယ်။ ပညာရေးနှင့်ပတ်သက်သောခရီး သွားရတတ်တယ်။ ငွေကြေး စီးပွားကိစ္စတွေ ထစ်ငေါ့ကြန့်ကြာနေတတ်ပါတယ်။အိမ်ထောင်သည်များအဖို့အိမ်ထောင်ဖက်ခရီးသွားခြင်းမျိုး ကြုံရတတ်တယ်။ ကျန်းမာရေး နှင့်ပတ်သက်၍ ဝမ်းဗိုက်ဒုက္ခပေးတတ်သည်။
ကံကောင်းသောနံပါတ် ။ ။ ၉, ၈, ၇ ကံကောင်းသောအရောင် ။ ။အဝါရင့်ရောင်
ယတြာ ။ ။ မိတ်ဆွေတစ်ဦးကို ဆီထမင်းနှင့် လက်ဖက်ရည် ဝယ်တိုက်ပါ။
မည်သည့်လတွင်မဆို (၆၊ ၁၅၊ ၂၄) ရက်မွေးဖွားသူများ
ဒီရက်မှာ ပျိုရွယ်သူတွေအနေနဲ့ မိဘဆွေမျိုးများကြောင့် လမ်းခွဲရတတ်ပါတယ်။အလုပ်သစ်၊အိမ်နေရာသစ်ပြောင်းခြင်းမျိုး ကြုံရတတ်သည်။ တဇွတ်ထိုးလုပ် မိတာ၊ ဆုံးဖြတ်ချက်မှားတာတွေ ဖြစ်တတ်ပါတယ်။အလွန်ရင်းနှီးသော မိတ်ဆွေများနှင့်လည်း စကားအခြေအတင် ပြောဆိုရတတ်ပါတယ်။ လူမျိုးကွဲ၊ ဘာသာခြားများအကျိုးပေးမည်။ ဆွေမျိုးကိစ္စ၊အပေါင်းအသင်းကိစ္စများ၌လည်း မနားရအောင် လိုက်လံ ဆောင်ရွက်ပေးနေရတတ်ပါတယ်။ မထင်မှတ်တဲ့ဧည့်သည်တွေ ရောက်ရှိလာတတ်ပါတယ်။ ဖခင် (သို့)အစ်ကို ကျန်းမာရေးအနည်းငယ်ညံ့ တတ်ပါတယ်။ ဂရုစိုက်ပါ။
ကံကောင်းသောနံပါတ် ။ ။ ၈, ၁, ၂ ကံကောင်းသောအရောင် ။ ။ နီကယ်ရောင်
ယတြာ ။ ။ မိမိမွေးနေ့ ညနေတွင် ခွေးအားအုန်းသီးခွံထဲ ဘဲဥ (၆)စိပ်ထည့်ပြီးကျွေးပါ။
မည်သည့်လတွင်မဆို (၇၊ ၁၆၊ ၂၅) ရက်မွေးဖွားသူများ
ဒီရက်မှာ ပျိုရွယ်သူများအနေဖြင့်အချစ်ရေးကံကောင်းနေသော်လည်း ဆွေမျိုးများကြောင့် စိတ်အနှောင့်အယှက် ဖြစ်စရာများနှင့် ကြုံတွေ့ရတတ်ပါတယ်။ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေမျိုးသားချင်းများထံမှအကူအညီ ကောင်းများ ရရှိတတ်ပါတယ်။ ယခင်ရင်းနှီးမြှပ်နံှ ထားသော စီးပွားရေးလုပ်ငန်းများမှ ဝင်ငွေအကျိုးအမြတ် များရရှိတတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် တစ်နေရာထဲတွင်အတည်တကျ လုပ်ကိုင်ရခြင်းမျိုး မဟုတ်ဘဲ တခြားနေရာဒေသများသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရခြင်းမျိုး ကြုံရတတ်ပါတယ်။ ပြည်ပရပ်ဝေး ခရီးအနေဖြင့် မိတ်ဆွေများ၏အကူအညီဖြင့် ပျော်ရွှင်စွာထွက်ခွာရခြင်းမျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။ ကျန်းမာရေးတော့ ကောင်းနေပါလိမ့်မည်။
ကံကောင်းသောနံပါတ် ။ ။ ၁, ၃, ၇ ကံကောင်းသောအရောင် ။ ။အနီရဲရဲရောင်
ယတြာ ။ ။ သံဃာတော်များကိုအုန်းဆွမ်းလှူပါ။
မည်သည့်လတွင်မဆို (၈၊ ၁၇၊ ၂၆) ရက်မွေးဖွားသူများ
ဒီရက်မှာ ပျိုရွယ်သူများအနေဖြင့်အချစ်ရေး မိမိချစ်သူထံမှအိမ်ထောင်ရေး ကမ်းလှမ်းမှုများနှင့် ကြုံတွေ့ရတတ်ပါတယ်။မိမိ၏စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ မိတ်ဆွေကောင်းများထံမှအကူအညီကောင်းများရရှိတတ်ပါတယ်။ ဆေးနှင့်ဆေးဝါးထုတ်လုပ်ခြင်း လုပ်ငန်းများ၊ လျှပ်စစ်ပစ္စည်းများ ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းများ လုပ်ကိုင်အောင်မြင်တတ်ပါတယ်။ ဝန်ထမ်းများအနေဖြင့် ဌာနဆိုင်ရာအတွင်း မှာ ချစ်ခင်သူများပေါများနေပါလိမ့်မည်။ ပညာသင်ကျောင်းသားများအနေဖြင့် စိတ်လေနေတတ်ပါတယ်။အိမ်ထောင်ရှင်များအနေဖြင့်အိမ်ထောင်ရေးကံကောင်းနေသော်လည်း ဆွေမျိုးများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတတ်သည်။ ကျန်းမာရေးအနေဖြင့်အဆစ်၊အမြစ် နာကျဉ်ခြင်းများနှင့် ကြုံရတတ်သည်။
ကံကောင်းသောနံပါတ် ။ ။ ၆, ၃, ၂ ကံကောင်းသောအရောင် ။ ။အဝါရောင်
ယတြာ ။ ။ မွေးနေ့နေဝင်ချိန်မှာ ဘုရားမှာ ဆီမီးသက်စေ့လှူပါ။
မည်သည့်လတွင်မဆို (၉၊ ၁၈၊ ၂၇) ရက်မွေးဖွားသူများ
ဒီရက်မှာ ပျိုရွယ်သူတွေအနေနဲ့ သဘောထားကွဲလွဲ၍ စိတ်ထိခိုက်စရာတွေ ကြုံတွေ့ရတတ်ပါတယ်။အစုစပ်လုပ်ငန်းများ၊အကျိုးတူ စီးပွားရေးလုပ်ငန်းများ လုပ်ရတတ်ပါတယ်။ လခစားဝန်ထမ်းများ ကိုယ်ပိုင်စီးပွားရေးတစ်ခု ထပ်မံလုပ်ရတတ်ပါတယ်။ စက်ပစ္စည်းတစ်ခုထွက်ခြင်း (သို့) ပျက်ခြင်းမျိုးကြုံတွေ့ရတတ်ပါတယ်။ ခရီးသွားရန် ကြံရွယ်ထားသူများ ယခုကာလအတွင်း ကောင်းပါတယ်။ သားသမီးလက်အောက်ငယ် သားနှင့် ပတ်သက်၍ ပူပင်သောကရောက်ရတတ်ပါတယ်။ ပညာရေးတွင် ထင်သလောက်မကောင်းသေးပါ။ ကျန်းမာရေးအနေဖြင့်အထူးစိုးရိမ်ဖွယ်မရှိပါ။
ကံကောင်းသောနံပါတ် ။ ။ ၂, ဝ, ၅ ကံကောင်းသောအရောင် ။ ။အဝါရောင်
ယတြာ ။ ။ နေအိမ်ဘုရားမှာအုန်းသီး (၁)စိပ် နို့ (၁)ခွက် ကပ်လှူပါ။