လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။အခုလည်း သြဂုတ်လ ၁၆ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ပညာရေး၊ ကျန်းမာရေးနဲ့အထွေထွေကိစ္စရပ်တွေအတွက် ကံအသင့်အတင့် ရှိနေတဲ့ နေ့ရက်ပါ။ ငွေကြေးကံလည်းအသင့်အတင့်သာရှိနေပြီးအချစ်ရေးကံကတော့အနည်းငယ် ညံ့နေတယ်လို့ ဆိုရမှာပါ။အရှေ့ပိုင်းမှာ ကြိုးစားခဲ့တဲ့အရာတွေက ဒီနေ့မှာအကောင်အထည်ပေါ်လာမှာပါ။ ဒီနေ့မှာပြုလုပ်မယ့် ဘယ်လိုအရာမျိုးအတွက်မဆို သင်ဂုဏ်ယူမဆုံးဖြစ်ရမှာပါ။ ငွေနံကောင်းနေပြီး စပ်တူရှယ်ယာလုပ်ငန်းတွေကလည်းအကျိုးအမြတ်ရပါလိမ့်မယ်။ မိမိအရည်အချင်းကြောင့် လက်ရှိအလုပ်အကိုင်အပြင် တစ်ခြားအလုပ်တွေပါ လုပ်ကိုင်ခွင့်ရပြီး ငွေရွှင်နေမယ့် ကာလပါပဲ။ ဆန်၊ ဆီ၊ ဆားလုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး သောကြာ၊အင်္ဂါနေ့နံ သားသမီးတွေရဲ့အကူအညီကိုလည်း ရရှိပါလိမ့်မယ်။အိမ်နေရာထိုင်ခင်းပြောင်းရွှေ့ရကိန်းရှိပြီး ဝန်ထမ်းဖြစ်ပါက ရာထူးနေရာအပြောင်းအလဲ ကြုံနိုင်တာဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့ လက်ထိခိုက်မိတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ -တနင်္ဂနွေသားသမီးတစ်ဦးအားအအေးဘူးလှူဒါန်းပေးပါ။
တနင်္လာ - တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ ခရီးသွားရကိန်းရှိပြီး လူမျိုးခြားနဲ့ ပတ်သက်ပြီး ကောင်းကျိုး ရရှိနိုင်ပါတယ်။ သင်တန်းတက်ဖို့ စီစဉ်ထားတာရှိရင်အဆင်ပြေတိုးတက်မယ့် ကာလပါပဲ။ နိုင်ငံခြားခရီးလည်း သွားရကိန်းရှိပြီ ဒီခရီးကနေ ပိုမိုတိုးတက်တဲ့လုပ်ငန်းခွင်နဲ့ ဘဝကို ရရှိလာဖို့ တက်လမ်းပါပဲ။ လုပ်ငန်း စပ်တူလုပ်ကိုင်မှုတွေကနေအကျိုးအမြတ်ရရှိလာပါလိမ့်မယ်။အိမ်နေရာထိုင်ခင်းအသစ်ဝင်ကိန်းရှိပြီးအိမ်ကို သောကြာသားသမီးတစ်ဦးရောက်လာရင် ထီထိုးပေးပါ။ ငွေအစုလိုက်အပုံလိုက်ရကိန်းရှိလို့ ထီထိုးပေးသင့်ပါတယ်။အချစ်ရေးအိမ်ထောင်ရေး ပုံမှန်ရှိနေပြီး ပညာရေးပိုင်းကို စိတ်မဝင်စားပဲ ဖြစ်နေတတ်ပါတယ်။ ရေသန့်လုပ်ငန်း၊ ရွှေလုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး ကျန်းမာရေးပိုင်းမှာတော့ ခေါင်းမူးခေါင်းကိုက်ဖြစ်နိုင်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ -ဘုရားတွင် ကြာပန်းကပ်လှူပေးပါ။
အင်္ဂါ -အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့ ဝင်ငွေထက် ထွက်ငွေများပြားနေတဲ့ ကာလပါပဲ။ လုပ်ငန်းကိုင်ငန်း ကိစ္စအ၀၀အဆင်ပြေနေတဲ့ ကာလဖြစ်ပြီး ပညာရေးနဲ့ ပတ်သက်ပြီး သင်တန်း တစ်ခုခု တက်ရောက်ဖြစ်ပါလိမ့်မယ်။ဒီနေ့မှာအစားအစာနဲ့အဖျော်ယမကာလုပ်ငန်းလုပ်ကိုင်သူတွေအထူးအောင်မြင်မှာဖြစ်ပြီး ကြာသပတေးနံညံ့နေလို့ သတိထားသင့်ပါတယ်။ စီးပွားရေးလုပ်ငန်းတိုးချဲ့တဲ့အခါမှာ သတိထားသင့်ပါတယ်။ မူလလုပ်ငန်းကိုအခွဲတွေထပ်ချဲ့တာမျိုးထက် လက်ရှိလုပ်ငန်းနဲ့ လုပ်ငန်းသဘာ၀ ကွဲပြားတဲ့လုပ်ငန်းသစ်မျိုး တိုးချဲ့ပြုလုပ်သင့်ပါတယ်။အိမ်၊ ခြံ နေရာထိုင်ခင်းအသစ်ဝင်ကိန်းလည်း ရှိပြီး လုပ်ငန်းရှင်တွေအနေနဲ့လည်း လုပ်ငန်းတွေတိုးတက်အောင်မြင်မယ့်အချိန်ဖြစ်ပါတယ်။အချစ်ရေး၊အိမ်ထောင်ရေးကတော့ ကောင်းမွန်နေပါတယ်။ ကျန်းမာရေးအနေနဲ့အစာအိမ်ဒုက္ခပေးတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ -အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း နဲ့ ညနေ ၄နာရီခွဲကနေ ၆နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် စတော်ဘယ်ရီယို ကပ်လှူပေးပါ။
ဗုဒ္ဓဟူး - ဗုဒ္ဓဟူး သားသမီးတွေအတွက်လက်လွန်ထားတဲ့ ငွေကြေးတွေ ပြန်ရလာပါလိမ့်မယ်။ လူမျိုးကွဲ၊ ဘာသာကွဲနဲ့ ပူးပေါင်းလုပ်ဆောင်မှုအောင်မြင်မှာဖြစ်ပြီး နေရာထိုင်ခင်းအပြောင်းအရွှေ့ရှိနိုင်ပါတယ်။ ရပ်ဝေးခရီးသွားရကိန်းရှိပြီး ဒီခရီးကနေအကျိုးအမြတ်တွေရရှိလာမှာ ဖြစ်ပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာမှာ မိမိရဲ့အကြံအစည်ကို လက်ခံသူမရှိဖြစ်နေတတ်ပြီး လုပ်ငန်းခွင် ပဋိပက္ခလေးတွေအနည်းငယ် ကြုံရနိုင်ပါတယ်။ သူတစ်ပါးသွေးထိုးမှု ခံရကိန်းရှိပြီး လုပ်ငန်းအောင်မြင်မှုအပေါ် နှောင့်ယှက်သူပေါတတ်တဲ့အချိန်လည်း ဖြစ်ပါတယ်။ ဟိုတယ်လုပ်ငန်း၊အိမ်ရာလုပ်ငန်းရှင်များ ကောင်းမွန်နေပြီး ဆေးဆိုင်၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအနည်းငယ်ညံ့နေပါတယ်။ ပညာရေးကိုစိတ်မဝင်စားပဲအချစ်ရေးအတွက် စိတ်လေနေတတ်ပါတယ်။အိမ်ထောင်ရှင်များ ငွေကြေးအများအပြား ရရှိနေမယ့်အချိန်ဖြစ်ပြီး ကျန်းမာရေးအနည်းငယ်ညံ့နေပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် ရွှေသင်္ကန်း ကပ်လှူပေးပါ။
ရာဟု - ရာဟုသားသမီးတွေအနေနဲ့ ဒီနေ့မှာ ခေါင်းမူးခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။ ကျန်းမာရေးအနည်းငယ်ညံ့နေတာကြောင့် သတိပြုသင့်တဲ့ နေ့ရက်ဖြစ်ပြီးအိမ်မှာရှိတဲ့ လျှပ်စစ်ပစ္စည်းအဟောင်းအပျက်တွေကို စွန့်ပစ်လိုက်ပါ။ လုပ်ငန်းကိစ္စနဲ့ ပတ်သက်လို့အလုပ်တာဝန် မနိုင်မနင်းဖြစ်နေတတ်ပြီး ငွေကြေးအပေးအယူပိုင်း သတိထားလုပ်ဆောင်သင့်ပါတယ်။အိုးအိမ်သစ် ဝင်နိုင်မယ့် ကာလဖြစ်ပြီး ထီကံစမ်းပေးနိုင်ပါတယ်။ ငွေကြေးလူလိမ်ခံရတတ်ပြီး စာချုပ်စာတမ်း ကိစ္စများ ကြားဝင်အာမခံပေးတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။အချစ်ရေးအိမ်ထောင်ရေး ပုံမှန်ရှိနေပြီး ကျန်းမာရေးအနေနဲ့အစားမှားတတ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - မွေးနံထောင့်ဘုရားတွင် ရေသပ္ပာယ်ပေးပါ။
ကြာသပတေး - ကြာသပတေးသားသမီးတွေအနေနဲ့အရေးကြီးလုပ်ဆောင်စရာတွေကို ခဏ ရပ်နားထားသင့်ပါတယ်။ ငွေကြေးပုံအောလုပ်ဆောင်ရတာမျိုးကိုလည်း ပိုပြီး သတိထားသင့်တဲ့ နေ့ရက်ပါပဲ။ ဝန်ထမ်းဖြစ်ပါကအလုပ်သစ်ကနေ ဆက်သွယ်လာခြင်းမျိုး ကြုံတွေ့ရနိုင်ပြီး ဝင်တဲ့ငွေထက် ထွက်တဲ့ငွေက ပိုများနေမယ့် ကာလပါပဲ။ ရေလုပ်ငန်း၊ ပင်လယ်ထွက်ကုန်လုပ်ငန်းရှင်များ ကောင်းမွန်နေပြီးအဖိုးတန်ပစ္စည်းလက်ဆောင်ရကိန်း ရှိနေပါတယ်။အိမ်ထောင်ရေးအဆင်ပြေနေပေမယ့် နှစ်ဖက်မိဘရဲ့ ကြားဝင်မှုကြောင့်အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ယာယီသာဖြစ်လို့ စိုးရိမ်စရာမရှိပါဘူး။အချစ်ရေးမှာ စန်းပွင့်နေပြီး ရွေးရခက်နေပါလိမ့်မယ်။ ချစ်သူမရှိသေးသူများ ချစ်သူရလာတတ်ပြီး ချစ်သူကြောင့် မျက်နှာပွင့်ရကိန်းရှိပါတယ်။ ပညာရေး၊ ကျန်းမာရေးပိုင်းလည်း တိုးတက်မှု ရရှိနေတဲ့ ရက်ဖြစ်ပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ယတြာ - ဘုရားတွင် ပန်းငါးမျိုး ကပ်လှူပေးပါ။
သောကြာ - နေရာထိုင်ခင်းအပြောင်းအလဲကြုံနိုင်တဲ့ နေ့ရက်တစ်ရက်လည်းဖြစ်ပါတယ်။ ရွှေပန်းထိမ်လုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး ဆန်စက်လုပ်ငန်းရှင်များအနည်းငယ်ညံ့နေပါတယ်။အိမ်တွင်းရေးမှာအနည်းငယ်ဆူပူနေမှာဖြစ်ပြီး မိဘတွေကြောင့်အိမ်ထောင်ရေး ပြဿနာတက်တတ်ပါတယ်။ ခရီးသွားလာခြင်းများ သတိပြုသင့်ပြီး လမ်းခရီးမှာ ကားပျက်တာသော်လည်းကောင်း ကားအက်ဆီးဒန့်သော်လည်းကောင်းဖြစ်တတ်လို့ ဒီရက်မှာ ခရီးသွားဖို့ ပြင်ဆင်ထားရင် ရက်ပြောင်းလိုက်ပါ။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်မတည်ငြိမ်မှုများ တွေ့ကြုံရတတ်ပါတယ်။အချစ်ရေးအနေနဲ့ ချစ်သူမရှိသေးသူများ ချစ်သူရလာမယ့်အချိန်ဖြစ်ပြီး ပညာရေးနဲ့ ပတ်သက်ပြီး မာစတာသင်တန်းတစ်ခုခု ဝင်ခွင့်အောင်မြင်ပြီး တက်ရောက်ခွင့်ရရှိပါလိမ့်မယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်သင့်ပါတယ်။
ယတြာ - ဘုရားတွင် သရက်သီး ၃လုံး ကပ်လှူပေးပါ။
စနေ - ဝန်ထမ်းဖြစ်ပါက လက်အောက်ငယ်သားထောက်ပံ့မှုကြောင့်အစစအရာရာအဆင်ပြေနိုင်ပါတယ်၊အိမ်အနီးအနားမှာ နာရေးရှိရင် ၄အစ ၈အဆုံး ထီထိုးပေးပါ။ လုပ်ငန်းစီးပွားကံကောင်းနေတယ်လို့ဆိုနိုင်ပြီး ဆုံးရှုံးပြီလို့ထင်တဲ့ ငွေကြေးတွေလည်း လက်ဝယ်ပြန်လည်ရရှိလာပါလိမ့်မယ်။ နေရာထိုင်ခင်းအပြောင်းအလဲကြုံနိုင်တဲ့ နေ့ရက်တစ်ရက်လည်း ဖြစ်ပါတယ်။ မိသားစု ၊ မောင်နှမတွေရဲ့အကူအညီနဲ့ လုပ်ငန်းခွင်အခက်အခဲ တွေ ပြေလည်နိုင်မှာဖြစ်ပါတယ်။ စားသောက်ဆိုင်၊ ကာရာအိုကေ ဆိုင် လုပ်ငန်းရှင်များ ကောင်းမွန်နေပါတယ်။အချစ်ရေး၊အိမ်ထောင်ရေးကံကောင်းနေတဲ့ နေ့ရက်တစ်ရက်ပါပဲ။ ပညာရေး၊ ကျန်းမာရေးကတော့ ပုံမှန်ပဲ ရှိနေပါတယ်။
နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင်အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။
ယတြာ - ဘုရားတွင် နှင်းသီး ကပ်လှူပေးပါ။
LEO
ဗေဒင် ဟောစာတမ်းအမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရအယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။