စက်တင်ဘာလ ၁၃ ရက်နေ့ ပျိုရွယ်သူတို့အတွက် ချစ်ရေးချစ်ရာ ဘဝတွက်တာဗေဒင်
lotaya.mpt.com.mm
|
2018-09-13

နေ့စွဲ၊ ၁၃-၉-၂၀၁၈

လိုတရပရိတ်သတ်ကြီးရှင့်၊ ဆရာမဒေါက်တာ စောယုနွယ်ဟောပြောပေးထားတဲ့ ချစ်ရေးချစ်ရာ ဘဝတွက်တာ ဗေဒင်ကို စက်တင်ဘာလ ၁၃ ရက်နေ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ မည်သည့်လ၊ မည်သည့်ရက်မှာ မွေးဖွားသူများဖြစ်စေ မိမိမွေးရက်ဖြင့် တိုက်ဆိုင်ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။

မည်သည့်လတွင်မဆို (၁၊ ၁ဝ၊ ၁၉၊ ၂၈) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများ ပတ်ဝန်းကျင်၏ ဘေးစကားကြောင့် မိမိနှင့် ချစ်သူကြား ပဋိပက္ခများဖြစ်နေမည်။အလုပ်တစ်ခု ကျိန်းသေပေါက် လုပ်ဖြစ်ပါလိမ့်မယ်။ စပ်တူလုပ်ခြင်း၊ ပူးပေါင်း လုပ်တဲ့လုပ်ငန်းများ ဖြစ်နေပါလိမ့်မယ်။ ငွေကြေးနှင့်ပတ်သက်၍ ပြောဆိုခြင်းများအောင်မြင်မည်။ သူတစ်ပါး၏ ဝေဖန်ပြောဆိုမှုကို ပြင်းပြင်းထန်ထန် ခံစားရတတ်သည်။ မိမိကြောင့် မိသားစု စိတ်အနှောင့်အယှက်ဖြစ်ရတတ်သည်။ ဆောင်ရွက်သမျှ ထွန်းထွန်းပေါက်ပေါက်ဖြစ်မည့်အချိန်ဖြစ်၍အနှောင့်အယှက် ပေါများနေမည်။ ပြည်တွင်းပြည်ပအပျော်ခရီး ထွက်ရတတ်သည်။ ကျန်းမာရေးမှာ ခြေထောက်တွင် ထခိုက်ဒဏ်ရာများ ရရှိတတ်သည်။

ကံကောင်းသောနံပါတ် ။ ။ ၃, ၆, ၄ ကံကောင်းသောအရောင် ။ ။အညိုရောင်

ယတြာ ။ ။ မိမိမွေးနေ့နံနက်တွင် မုန့်လုံးရေပေါ် (၁ဝ)လုံးအိမ်ဘုရားတွင် ကပ်လှူပါ။

မည်သည့်လတွင်မဆို (၂၊ ၁၁၊ ၂ဝ၊ ၂၉) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများ စန်းပွင့်နေမည်။ စီးပွားရေးလုပ်ငန်းများ ထိန်းထိန်းသိမ်းသိမ်း လုပ်သင့်ပါတယ်။ ကံတရားကြောင့် ဘဝတိုးတက် ထည်ဝါစွာ ပြောင်းလဲသွားနိုင်ပါတယ်။ မိမိအတွက်အကျိုးပေးသော စက်ပစ္စည်းတစ်ခု ဝင်လာတတ်သည်။ ကတိပျက်သူများနှင့် ထိပ်တိုက်ရင်ဆိုင်၍ စကားအချေအတင် ပြောဆိုရတတ်သည်။ သူစိမ်းများအကျိုးပေးပြီး ဆွေမျိုးသားချင်းများက ဒုက္ခပေးတတ်သည်။ မပြောပလောက်သည့် ပြဿနာလေးနဲ့အချင်းချင်း စကားများရတတ်သည်။ ခရီးထွက်ရန် ကြံထားပါက ထွက်ဖြစ်အောင်ထွက်လိုက်ပါ။ ကောင်းသောခရီးဖြစ်ပါလိမ့်မည်။ ကျန်းမာရေးမှာ ချူချာနေတတ်သည်။

ကံကောင်းသောနံပါတ် ။ ။ ၈, ၇, ၁ ကံကောင်းသောအရောင် ။ ။အဖြူရောင်

ယတြာ ။ ။ မိမိထက်အသက်ကြီးသူအား ဆေးဝါးအလှူဒါန ပြုလိုက်ပါ။

မည်သည့်လတွင်မဆို (၃၊ ၁၂၊ ၂၁၊ ၃ဝ) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူတွေအဖို့ နှလုံးသားရေးရာများ စိတ်ချမ်းသာမှုတွေ ရှိတတ်ပါတယ်။ မိတ်ဆွေများ၏အကူအညီဖြင့်အရောင်းအဝယ်လုပ်ငန်းများအစစအရာရာအဆင်ပြေနေတတ်ပါတယ်။ စီးပွားရေးအကြံအစည်သစ်များလည်းအကောင်အထည်ဖော် ဆောင်ရွက်ရ တတ်ပါတယ်။ ပြည်ပရပ်ဝေး ခရီးကိစ္စတွေလည်းအောင်မြင်နေတတ်ပါတယ်။အိုးအိမ်သစ်တွေလည်း ပြောင်းရွှေ့ရတတ်ပါတယ်။ စနေနံဖြစ်တဲ့ ထီး၊ ဖိနပ်တော့အဝင်မခံပါနဲ့။အိမ်ရှိ စက်ပစ္စည်းတစ်ခု ချို့ယွင်းပျက်စီးတတ်တယ်။ ကျန်းမာရေးအနေဖြင့် ဒူးအကြော ဒဏ်ရာရတတ်သဖြင့် ဂရုစိုက်လိုက်ပါ။

ကံကောင်းသောနံပါတ် ။ ။ ၅, ၇, ၆ ကံကောင်းသောအရောင် ။ ။အနီရောင်

ယတြာ ။ ။ ငှက်စာ၊ ငါးစာ မွေးနေ့တိုင်း သွားကျွေးပါ။

မည်သည့်လတွင်မဆို (၄၊ ၁၃၊ ၂၂၊ ၃၁) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအချစ်ရေးကောင်းနေပါတယ်။ ဝင်ငွေတွေ တအားကောင်းနေတတ်ပါတယ်။အဖွဲ့အစည်းနှင့်ပြုလုပ်သော လုပ်ငန်းများလည်းအထူးအောင်မြင်မည်။အလှူအတန်းများများလုပ်ပါ။ သို့သော်အရာရာကို သတိနှင့် ယှဉ်၍လုပ်ပါ။ ပညာရေးနှင့် လူမှုရေးတို့၌လည်းအစစအရာရာအဆင်ပြေနေတတ်ပါတယ်။ မိခင်တော့ ကျန်းမာရေးအနည်းငယ် ညံ့တတ်ပါတယ်။ ရေနှင့်နီးသော နေရာတဝိုက်တွင် ချော်လဲတတ်ပါတယ်။အိမ်ထောင်ရှင်တွေအနေနဲ့ မိမိအိမ်ထောင်ဘက်နှင့် ကိစ္စအချို့ မတင်မကျဖြစ်နေတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့် စိုးရိမ်ဖွယ်ရာမရှိပါ။

ကံကောင်းသောနံပါတ် ။ ။ ၄, ၄, ၃ ကံကောင်းသောအရောင် ။ ။ မရမ်းရောင်

ယတြာ ။ ။ လွယ်အိတ်ဟောင်းတစ်ခု စွန့်ပါ။

မည်သည့်လတွင်မဆို (၅၊ ၁၄၊ ၂၃) ရက်မွေးဖွားသူများ

ဒီရက်မှာအချစ်ရေး ကံအနည်းငယ် ညံ့သောအချိန်ကာလဖြစ်သည်။အစုစပ်လုပ်ငန်းများမှ ဝင်ငွေအကျိုးအမြတ်များ များစွာရရှိတတ်ပါတယ်။ ဝင်ငွေများ များနေသော်လည်း ထွက်ငွေကလည်း ဆီလိုအပေါက်ရှာအကြောင်းအမျိုးမျိုးကြောင့် ကုန်ကျနေတတ်ပါတယ်။ ငယ်ရွယ်သူများအနေဖြင့်အချစ်ရေးအဆင်မပြေဖြစ်ခြင်းမျိုးနှင့် ကြုံတွေ့ရတတ်ပါတယ်။အိမ်ထောင်ရှင်များအနေဖြင့်အိမ်ထောင်ဖက်နှင့်ပတ်သက်၍ စိတ်ဝမ်းကွဲစရာများ ကြုံတွေ့ရတတ်ပါတယ်။အရာရာကို မိမိဘက်မှအလျှော့ပေးပါ။ ကျန်းမာရေးကတော့ စိုးရိမ်ဖွယ်မရှိပါ။

ကံကောင်းသောနံပါတ် ။ ။ ၄, ၃, ၂ ကံကောင်းသောအရောင် ။ ။ နက်ပြာရောင်

ယတြာ ။ ။ မွေးနံထောင့်ြ၈ိုဟ်တိုင်မှာ ဆီမီးနှင့် သောက်တော်ရေ သက်စေ့ကပ်လှူပါ။

မည်သည့်လတွင်မဆို (၆၊ ၁၅၊ ၂၄) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအနေဖြင့်အချစ်ရေးနှင့်ပတ်သက်၍အနှောင့်အယှက်များ ရှိနေတတ်ပါတယ်။ လုပ်ငန်းနှင့်ပတ်သက်သောအကြံအစည်သစ်များ လက်တွေ့အကောင်အထည် ဖော်သင့်သော ကာလမျိုးပါ။ မြေတစ်ကွက်လည်း ဝင်လာတတ်ပါတယ်။ မိမိအတွက်အကျိုးပေးမည့် မြေမျိုးလည်းဖြစ်တတ်ပါတယ်။အိမ်ထောင်ရှင်များအနေဖြင့်အိမ်ထောင်ဖက်ထံမှ ကောင်းသောသတင်းများ ကြားသိရတတ်ပါတယ်။ ကျန်းမာရေးမှာ မတော်တဆ ထိခိုက်ဒဏ်ရာ ဂရုစိုက်ပါ။

ကံကောင်းသောနံပါတ် ။ ။ ၉, ၇, ၄ ကံကောင်းသောအရောင် ။ ။ မီးခိုးရောင်

ယတြာ ။ ။ မိမိနေအိမ်ဘုရားမှာ ရွှေထမင်းကပ်လှူပါ။

မည်သည့်လတွင်မဆို (၇၊ ၁၆၊ ၂၅) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအနေဖြင့်အချစ်ရေးအဆင်မပြေဖြစ်နေမည့်အချိန်ဖြစ်ပါသည်။ ယှဉ်ပြိုင်၍ ဆောင်ရွက်ရသော ဖက်စပ်လုပ်ငန်းများ၌ မိမိ၏ဦးဆောင်မှုကသာ ပိုမိုအသာစီးရရှိမည်။အရောင်းအဝယ်လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သင့်၏။အိမ်၊ ခြံ၊ မြေ၊ ကားနှင့် လက်ဝတ်ရတနာ စသည်တို့မှ ပိုမိုကောင်းမွန်သည့်အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လိမ့်မည်။ ပညာရေးအနေဖြင့် ဆရာသမားကောင်းနှင့်တွေ့၍ နက်နဲသောပညာရပ်များကို လေ့လာခွင့်ရှိမည်။ ကျန်းမာရေးအနေဖြင့် မတော်တဆ ကားပွတ်မိတိုက်မိတတ်သည်။ သတိထားပါ။

ကံကောင်းသောနံပါတ် ။ ။ ၆, ၈, ၂ ကံကောင်းသောအရောင် ။ ။ ပန်းရောင်

ယတြာ ။ ။ မိမိနေအိမ်ဘုရားမှာ ကောက်ညှင်းပေါင်း ကပ်လှူပါ။

မည်သည့်လတွင်မဆို (၈၊ ၁၇၊ ၂၆) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူများအနေဖြင့်အချစ်ရေးကံကောင်းမည်။ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ကံကောင်းနေတတ်သည်။ ငွေကြေးအခြေအနေသည် ယခင်ထက်ပိုမိုအဆင်ပြေနေတတ်ပါတယ်။ ပညာရေးနှင့်ပတ်သက်၍လည်းအကြီးအကဲတို့ထံမှအကူအညီများ ရရှိတတ်ပါတယ်။အိမ်ထောင် ရှင်များအနေဖြင့်အိမ်ထောင်ရေးကံကောင်း၍ မိသားစု ဘုရားဖူးခရီးထွက်ရတတ်ပါသည်။ ကျန်းမာရေးအနေဖြင့်အာရုံကြောအားနည်းခြင်း၊ ခြေလက်နာကျဉ်ခြင်း ဝေဒနာမျိုးဖြစ်တတ်သည်။

ကံကောင်းသောနံပါတ် ။ ။ ၉, ၇, ၄ ကံကောင်းသောအရောင် ။ ။အစိမ်းရောင်

ယတြာ ။ ။ နေအိမ်ဘုရားမှာ မုန့်လုံးရေပေါ် (၁ဝ)လုံး ကပ်လှူပါ။

မည်သည့်လတွင်မဆို (၉၊ ၁၈၊ ၂၇) ရက်မွေးဖွားသူများ

ဒီရက်မှာ ပျိုရွယ်သူတွေအဖို့အချစ်ရေးမှာတော့ ဝေးကွာနေသော ငယ်ချစ်ဦးနှင့် ပြန်လည်ဆုံတွေ့ရတတ်ပါတယ်။ ငွေကုန်ကြေးကျများမည့် ကာလမျိုးတွေဖြစ်နေတတ်ပါတယ်။ ပြောဆိုဆောင် ရွက်သမျှ ကိစ္စအားလုံးကတော့အဆင်ပြေနေ တတ်ပါတယ်။ လူတိုင်းအပေါ်အားနာလွန်းသောစိတ်ထားကိုတော့ ဖယ်ရှားရပါမယ်။အရောင်းအဝယ်ကိစ္စများနှင့် ပတ်သက်ပြီး လူမျိုးခြား၊ ဘာသာခြားများနှင့် စပ်တူလုပ်ရတတ်ပါတယ်။ ပညာရေးနှင့်ပတ်သက်ပြီး မိမိကိုအကူအညီပေးမည့်သူများအဆင်သင့် ရှိနေတတ်ပါတယ်။ ကျန်းမာရေးအနေဖြင့်အပူလောင်တတ်သောကြောင့် မီး၊ လျှပ်စစ်တို့ကို သတိထားကိုင်တွယ်ပါ။

ကံကောင်းသောနံပါတ် ။ ။ ၉, ၇, ၄ ကံကောင်းသောအရောင် ။ ။ ဆင်ဆွယ်ရောင်

ယတြာ ။ ။ စနေနှင့် တနင်္လာနေ့များတွင်အိမ်ဘုရားမှာ နန်းကြီးသုပ်လှူပါ။




Some text some message..