![]()
ကိုယ့်ချစ်သူ ကောင်လေးကို တကယ်ချစ်တဲ့မိန်းကလေးတိုင်း ဖွင့်ပြောဖို့ ခက်ခဲ တွန့်ဆုတ်တဲ့အရာလေးတွေရှိတယ်ဆိုတာ ကို ကောင်လေးတွေသတိထားမိကြမှာ မဟုတ်ပါဘူး။ ဒါပင်မဲ့ဒီလိုအရာလေးတွေက တကယ်ရှိပါတယ်…အများစုသော မိန်းကလေးတွေက ဒီလို ကိစ္စမျိုးတွေနဲ့တွေ့ကြုံရတဲ့အခါ ကိုယ့်ချစ်သူကိုအမှန်တိုင်း မပြောချင်တတ်ကြပါဘူး …သေချာတာကတော့ သင့်အပေါ်ချစ်တတ်လွန်းတဲ့စိတ်ကြောင့် မပြောပြချင်တတ်ကြတာမျိုးပါ ဒါကလည်းသိပ်ချစ်တတ်တဲ့မိန်းကလေးတွေမှာသာ ဖြစ်တတ်တဲ့ ကိစ္စမျိုးပါလို့ ဆိုရင်လည်းမမှားပါဘူး…
(၁) EXအကြောင်းမေးခဲ့တဲ့အခါ ကောင်းကွက်တွေကို မပြောတတ်ကြဘူး
မိန်းကလေးတစ်ယောက်က တကယ်ချစ်မိရင် သူ့ကောင်လေးကိုအပြည့်အဝစိတ်ခ ျမ်းသာစေချင်ကြပါတယ်။ သူ့ကောင်လေး စိတ်ထိခိုက်မဲ့အကြောင်း သိမ်ငယ်နေရမဲ့အကြောင်းတွေကို ရှောင်လေ့ရှိပါတယ်။ ယောက်ျားလေးဆိုတာ က သူတို့ကို သူတို့ တစ်ခြားသူတွေထက် ပိုသာချင်တတ်ကြတာပါ။ ကိုယ့်ချစ်သူကောင်မလေးအတွက်ကိုယ်ကပဲသာချင်တတ်ကြတာပါ။ ဒါကြောင့်အရင် ကောင်လေးက ဘယ်လိုကောင်းတယ်ဘာညာ ဆိုတာမျိုးကို ပြောလေ့မရှိပဲ ကောင်းကွက်တွေရှိနေရင်တောင် မပြောပဲနေတတ်ကြပါတယ်။
(၂) ကိုယ့်ကောင်လေးအဆင်မပြေတဲ့အခြေနေမျိုးမှာ သူလိုချင်တဲ့အရာတွေကို ဖုံးကွယ်ထားလေ့ရှိတယ်
ကိုယ့်ကောင်လေးအဆင်မပြေတဲ့အခြေနေမျိုးမှာ တစ်စုံတစ်ခုကို လိုချင်ရင်တောင် သူ့ဘာသာသူ လိုချင်စိတ်ကို ပြန်ရုတ်သိမ်းတတ်ကြပါတယ်။ ကိုယ့်ရဲ့ကောင်လေးက ဝယ်ပေးမယ် လုပ်ပေးမယ်ဆိုရင်တောင် သူမအတွက် မလိုအပ်သယောင်ဆောင်တတ်ကြပါတယ်။
(၃) တော်ရုံအပူတွေကို ကိုယ့်ချစ်သူကောင်လေးစိတ်ဆင်းရဲမှာဆိုးလို့ တစ်ကိုယ်တည်းဖြေရှင်းတတ်ကြတယ်
သူတို့ကောင်လေးတွေမှာ တာဝန်တွေအလုပ်တွေ ဝန်တွေများတာကြောင့် သူမတို့ရဲ့တော်ရုံအပူပင်လောက်ကို မပြောပြတော့ပါဘူး။ တစ်ချို့ကိစ္စတွေက ကိုယ်ပိုင်အင်အားလေးနဲ့ဖြေရှင်းလို့ရရင် ဖြေရှင်းနိုင်အောင် ကြိုးစားတတ်ကြပါတယ်….ပြောချင်တာကတော့အပူမပေးချင်တဲ့သဘောပါ။
ဒီလိုမိန်းကလေးမျိုးတွေဟာ သင့်ချစ်သူကောင်လေးကို သိပ်ချစ်တတ်တဲ့ ကောင်မလေးတွေမှာသာ ဖြစ်တတ်တဲ့နာလည်မှုမျိုးပါ။ ဒါကိုအမှန်တိုင်းမပြောရမလားလို့ မထင်ပါနဲ့…ခင်ဗျားတို့ကိုသိပ်ချစ်တဲ့ မိန်းကလေးတွေဟာ ဒါမျိုးလေးတွေကို သင်တို့မသိအောင် ဖုံးဖိထားချင်တတ်ကြတယ်ဆိုတာ သင်တို့အပေါ်သိပ်ကို မေတ္တာကြီးမားလို့ပါ….
Unicode
ကိုယ့်ချစ်သူ ကောင်လေးကို တကယ်ချစ်တဲ့မိန်းကလေးတိုင်း ဖွင့်ပြောဖို့ ခက်ခဲ တွန့်ဆုတ်တဲ့အရာလေးတွေရှိတယ်ဆိုတာ ကို ကောင်လေးတွေသတိထားမိကြမှာ မဟုတ်ပါဘူး။ ဒါပင်မဲ့ဒီလိုအရာလေးတွေက တကယ်ရှိပါတယ်…အများစုသော မိန်းကလေးတွေက ဒီလို ကိစ္စမျိုးတွေနဲ့တွေ့ကြုံရတဲ့ အခါ ကိုယ့်ချစ်သူကို အမှန်တိုင်း မပြောချင်တတ်ကြပါဘူး …သေချာတာကတော့ သင့်အပေါ်ချစ်တတ်လွန်းတဲ့စိတ်ကြောင့် မပြောပြချင်တတ်ကြတာမျိုးပါ ဒါကလည်းသိပ်ချစ်တတ်တဲ့မိန်းကလေးတွေမှာသာ ဖြစ်တတ်တဲ့ ကိစ္စမျိုးပါလို့ ဆိုရင်လည်းမမှားပါဘူး…
(၁) EX အကြောင်းမေးခဲ့တဲ့အခါ ကောင်းကွက်တွေကို မပြောတတ်ကြဘူး
မိန်းကလေးတစ်ယောက်က တကယ်ချစ်မိရင် သူ့ကောင်လေးကို အပြည့်အဝစိတ်ခ ျမ်းသာစေချင်ကြပါတယ်။ သူ့ကောင်လေး စိတ်ထိခိုက်မဲ့အကြောင်း သိမ်ငယ်နေရမဲ့ အကြောင်းတွေကို ရှောင်လေ့ရှိပါတယ်။ ယောက်ျားလေးဆိုတာ က သူတို့ကို သူတို့ တစ်ခြားသူတွေထက် ပိုသာချင်တတ်ကြတာပါ။ ကိုယ့်ချစ်သူကောင်မလေး အတွက်ကိုယ်ကပဲသာချင်တတ်ကြတာပါ။ ဒါကြောင့် အရင် ကောင်လေးက ဘယ်လိုကောင်းတယ်ဘာညာ ဆိုတာမျိုးကို ပြောလေ့မရှိပဲ ကောင်းကွက်တွေရှိနေရင်တောင် မပြောပဲနေတတ်ကြပါတယ်။
(၂) ကိုယ့်ကောင်လေးအဆင်မပြေတဲ့အခြေနေမျိုးမှာ သူလိုချင်တဲ့အရာတွေကို ဖုံးကွယ်ထားလေ့ရှိတယ်
ကိုယ့်ကောင်လေး အဆင်မပြေတဲ့အခြေနေမျိုးမှာ တစ်စုံတစ်ခုကို လိုချင်ရင်တောင် သူ့ဘာသာသူ လိုချင်စိတ်ကို ပြန်ရုတ်သိမ်းတတ်ကြပါတယ်။ ကိုယ့်ရဲ့ကောင်လေးက ဝယ်ပေးမယ် လုပ်ပေးမယ်ဆိုရင်တောင် သူမအတွက် မလိုအပ်သယောင်ဆောင်တတ်ကြပါတယ်။
(၃) တော်ရုံအပူတွေကို ကိုယ့်ချစ်သူကောင်လေးစိတ်ဆင်းရဲမှာဆိုးလို့ တစ်ကိုယ်တည်းဖြေရှင်းတတ်ကြတယ်
သူတို့ကောင်လေးတွေမှာ တာဝန်တွေ အလုပ်တွေ ဝန်တွေများတာကြောင့် သူမတို့ရဲ့တော်ရုံအပူပင်လောက်ကို မပြောပြတော့ပါဘူး။ တစ်ချို့ကိစ္စတွေက ကိုယ်ပိုင်အင်အားလေးနဲ့ဖြေရှင်းလို့ရရင် ဖြေရှင်းနိုင်အောင် ကြိုးစားတတ်ကြပါတယ်….ပြောချင်တာကတော့အပူမပေးချင်တဲ့သဘောပါ။
ဒီလိုမိန်းကလေးမျိုးတွေဟာ သင့်ချစ်သူကောင်လေးကို သိပ်ချစ်တတ်တဲ့ ကောင်မလေးတွေမှာသာ ဖြစ်တတ်တဲ့နာလည်မှုမျိုးပါ။ ဒါကို အမှန်တိုင်းမပြောရမလားလို့ မထင်ပါနဲ့…ခင်ဗျားတို့ကိုသိပ်ချစ်တဲ့ မိန်းကလေးတွေဟာ ဒါမျိုးလေးတွေကို သင်တို့မသိအောင် ဖုံးဖိထားချင်တတ်ကြတယ်ဆိုတာ သင်တို့အပေါ်သိပ်ကို မေတ္တာကြီးမားလို့ပါ….