![]()
ချစ်သူစုံတွဲရယ်လို့ဖြစ်လာပြီဆိုရင် ရန်ဖြစ်တာ၊ကြည်နူးတာတွေက တစ်လှည့်စီကြုံနေရမှာအသေအချာပါပဲ။ဒါက သင့်အချစ်ရေးနဲ့ပတ်သက်ပြီးစိတ်ပူစရာမလိုသေးပါဘူး။တကယ်လို့ သင့်ချစ်သူက ဒီစကားလုံးတွေကိုသာ ခဏခဏပြောနေမယ်ဆိုရင်တော့ သင်တို့ရဲ့အချစ်ရေးက ငြိမ်နေတဲ့ မီးတောက်တစ်ခုလို ဘယ်အချိန်မှာဝုန်းခနဲထပေါက်ကွဲပျက်စီးသွားမလဲဆိုတာမသိနိုင်ပါဘူး။ဒီစကားလုံးတွေဟာ relationship တစ်ခုမှာပြဿနာအဖုအထစ်ရှိနေပြီဆိုတာ ပြနေတာပါပဲ။
*ပျင်းလာပြီဟာ
တကယ်လို့သင်တို့စုံတွဲက ဆုံတွေ့လိုက်တဲ့အချိန်တိုင်း ရုပ်ရှင်ကြည့်တယ်။စကားထိုင်ပြောကြတယ်၊ဒါမှမဟုတ် ပန်းခြံသွားနေဝင်တာကြည့်စသဖြင့်အဲ့ဒီလိုမျိုးတွေနဲ့ပဲအချိန်ကုန်ဆုံးဖြစ်မယ်ဆိုရင်ကြာလာတဲ့အခါ ပျင်းလာတတ်ပါတယ်။တော်ရုံဆို ဘယ်သူမှ ဒီလိုပဲသွားနေရတာ ပျင်းလာပြီလို့နှုတ်ကပြောမှာမဟုတ်ပါဘူး။ဒါကြောင့် နှစ်ယောက်သားတိုင်ပင်ပြီး ခရီးတိုလေးတွေထွက်တာ၊စက်ဘီးအတူစီးပြီးလျှောက်သွားကြတာ၊အရင်ကမလုပ်ဖူးသေးတဲ့အားကစားနည်းတစ်ချို့လုပ်တာ၊နှစ်ယောက်သားကြည်နူးစရာကုသိုလ်လေးတွေအတူတူလုပ်တာတွေနဲ့အချစ်ရေးကိုပြန်ပြီးနွေးထွေးလန်းဆန်းလာအောင်လုပ်ပါ။
*မင်းက ငါ့ကိုဘယ်တော့မှနားလည်မပေးဘူး
ကိုယ်ကြိုက်တဲ့အရာတစ်ခုကို သူ မကြိုက်တာဟာ ဒါက သူ့ရဲ့အခွင့်အရေးပါပဲ။ဒါကို မကြိုက်ရကောင်းလား၊ဘာလို့မကြိုက်ရတာလဲဆိုပြီးပြောလို့မရပါဘူး။သင့်ချစ်သူက ဒီလိုမျိုးထုတ်ပြောလာပြီဆိုရင် သင့်အနေနဲ့သူ့ရဲ့စိတ်ကို ပြန်ပြီးလေးစားဖို့၊သူ့စိတ်ကို နားလည်ပေးဖို့လိုနေပါပြီ။ရှုထောင့်အမျိုးမျိုးကနေကြည့်ပြီး ခိုင်မာတဲ့အချစ်ရေးတစ်ခုတည်ဆောက်ပါ
*မင်းက ဘယ်တော့မှပြောင်းလဲလာမှာမဟုတ်ဘူး
သင့်ချစ်သူက ဒီစကားကိုပြောနေပြီလား?ဒါက သင့်ကိုအနည်းငယ်စိတ်ပျက်နေပြီဆိုတဲ့စကားသံမျိုးပေါက်နေပါတယ်။တကယ်လို့သင်က သူမကြိုက်တာတစ်ခုခုကိုပြောင်းလဲနေရဲ့သားနဲ့ သူက မမြင်တာဆိုရင် သင့်အနေနဲ့ဒီထက်ပိုပြီးသူ့ကိုနားလည်အောင်ပြောပြပါ။ပြောင်းလဲတယ်ဆိုတာအချိန်ခဏလေးနဲ့မရပါဘူး။သူကလည်း ပြဿနာရှာ၊ကိုယ်ကလည်းသည်းမခံနိုင်ဆိုရင်တော့ ပြတ်မှာပါပဲ။
*ဘာလို့တစ်ခြားသူတွေလိုမဟုတ်တာလဲ?
ဟင် လူတစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူးနော်။ကိုယ့်ချစ်သူကို တစ်ခြားသူတွေနဲ့နှိုင်းယှဉ်ပြောတာမျိုးက ရှော့ခ်အကြီးကြီးပါ။ကိုယ်လည်းမပြောသင့်သလို သူလည်းကိုယ့်ကိုမပြောသင့်ပါဘူး။သင့်ချစ်သူက သင့်ရဲ့အကျင့်တစ်ခုခုကိုမကြိုက်လို့၊ဒါမှမဟုတ် သင်က လှလှပပမနေတတ်လို့
ဘာလို့သူများတွေလိုပြင်ပြင်ဆင်ဆင်မနေတတ်တာလဲ၊ဘာလို့သူများတွေလိုမဟုတ်တာလဲ…စသဖြင့်ပြောနေပြီလား?ဒါက သင့်တန်ဖိုးကို သတိမထားမိပဲ တစ်ခြားသူနဲ့နှိုင်းယှဉ်တွက်ချက်ဖို့သာ သူတို့အာရုံစိုက်နေလို့ပါ။ဒီလိုဆိုရင် သင့်ဘက်ကလည်းစဉ်းစားသင့်နေပါပြီ။ရှေ့ဆက်လက်တွဲသင့်မသင့်ပေါ့။
*အရင်က ငါချစ်ခဲ့တဲ့မင်းနဲ့အခုမင်းက မတူတော့ဘူး
ငါစချစ်တုန်းက မင်းကဒီလိုပုံစံမျိုးမဟုတ်ပါဘူး။အရင်တုန်းကမင်းကဘယ်လိုဘာညာစသဖြင့် ခဏခဏပြောနေပြီလား?လူတိုင်းကအချိန်နဲ့အမျှပြောင်းလဲနေတတ်သလို ရင့်ကျက်လာတတ်ပါတယ်။ဒါကို တွေ့စတုန်းက ကလေးဆန်တာလေးကိုချစ်တာအခုကျ မင်းကရင့်ကျက်နေပြီလား ဆိုတာမျိုးနဲ့တော့ Relationship တစ်ခုမှာအပြစ်အနာအဆာမဖြစ်သင့်ပါဘူးနော်။ဒီတော့ ကိုယ့်ချစ်သူကိုလည်း ဒါက ရင့်ကျက်လာတာဖြစ်တဲ့အကြောင်း၊အရင်ကနဲ့အခုနဲ့မတူပေမဲ့ ချစ်တာကတော့အတူတူပဲဆိုတဲ့အကြောင်းသေချာနားလည်အောင်ပြောပြပါ။ဒီလောက်ပြောနေတာတောင် တွေ့စကတုန်းပဲပြန်လိုချင်တယ်ဆိုရင်တော့ သေချာညှိနှိုင်းဖို့လိုနေပါပြီ။
*မင်းလုပ်ချင်တာလုပ်၊မင်းကြိုက်သလိုဆုံးဖြတ်
ဒီစကားလုံးကို သင့်ချစ်သူက ခဏခဏပြောနေပြီလား၊သုံးနေပြီလား?ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် နှစ်ယောက်သားဆွေးနွေးတိုင်ပင်ရမယ့်အချိန်မှာသူက သင့်စိတ်ကြိုက်လုပ်လို့ပြောတာက တစ်ခါတစ်လေ သင်လိုချင်တာက သူလိုချင်တာနဲ့ကွက်တိဖြစ်နေလို့ပြောတာဖြစ်နိုင်သလို သင်လုပ်ချင်တဲ့ကိစ္စတစ်ခုကို စိတ်မဝင်စားဘူးလို့ပြောနေတာနဲ့အတူတူပါပဲ။ဒါကတော့ ကိုယ့်ချစ်သူအကြောင်းကိုယ်အသိဆုံးဖြစ်မှာပါနော်။ဘယ်စကားဆို သူစိတ်ဆိုးလို့ပြောတာ၊သူမကြိုက်လို့ပြောတာစသဖြင့်ပေါ့။
ဒီစကားလုံးတွေကို သင့်ချစ်သူက ခဏခဏပြောနေမယ်ဆိုရင်တော့ ဒါက ရေရှည်ဆိုအဖုအထစ်ကြီးတစ်ခုဖြစ်နေမှာပါ။ဒီတော့အချစ်ရေးကိုအရင်လိုပြန်ပြီးနွေးထွေးစေဖို့ နှစ်ယောက်သားပွင့်ပွင့်လင်းလင်းမျက်နှာချင်းဆိုင်ပြီး ရင်ထဲကအစိုင်အခဲတွေကိုဖြေရှင်းလိုက်ကြပါလို့အကြံပေးလိုက်ပါတယ်
Unicode
ချစ်သူစုံတွဲရယ်လို့ဖြစ်လာပြီဆိုရင် ရန်ဖြစ်တာ၊ကြည်နူးတာတွေက တစ်လှည့်စီကြုံနေရမှာအသေအချာပါပဲ။ဒါက သင့်အချစ်ရေးနဲ့ပတ်သက်ပြီးစိတ်ပူစရာမလိုသေးပါဘူး။တကယ်လို့ သင့်ချစ်သူက ဒီစကားလုံးတွေကိုသာ ခဏခဏပြောနေမယ်ဆိုရင်တော့ သင်တို့ရဲ့အချစ်ရေးက ငြိမ်နေတဲ့ မီးတောက်တစ်ခုလို ဘယ်အချိန်မှာဝုန်းခနဲထပေါက်ကွဲပျက်စီးသွားမလဲဆိုတာမသိနိုင်ပါဘူး။ဒီစကားလုံးတွေဟာ relationship တစ်ခုမှာပြဿနာအဖုအထစ်ရှိနေပြီဆိုတာ ပြနေတာပါပဲ။
*ပျင်းလာပြီဟာ
တကယ်လို့သင်တို့စုံတွဲက ဆုံတွေ့လိုက်တဲ့အချိန်တိုင်း ရုပ်ရှင်ကြည့်တယ်။စကားထိုင်ပြောကြတယ်၊ဒါမှမဟုတ် ပန်းခြံသွားနေဝင်တာကြည့်စသဖြင့်အဲ့ဒီလိုမျိုးတွေနဲ့ပဲ အချိန်ကုန်ဆုံးဖြစ်မယ်ဆိုရင်ကြာလာတဲ့အခါ ပျင်းလာတတ်ပါတယ်။တော်ရုံဆို ဘယ်သူမှ ဒီလိုပဲသွားနေရတာ ပျင်းလာပြီလို့နှုတ်ကပြောမှာမဟုတ်ပါဘူး။ဒါကြောင့် နှစ်ယောက်သားတိုင်ပင်ပြီး ခရီးတိုလေးတွေထွက်တာ၊စက်ဘီးအတူစီးပြီးလျှောက်သွားကြတာ၊အရင်ကမလုပ်ဖူးသေးတဲ့အားကစားနည်းတစ်ချို့လုပ်တာ၊နှစ်ယောက်သားကြည်နူးစရာကုသိုလ်လေးတွေအတူတူလုပ်တာတွေနဲ့ အချစ်ရေးကိုပြန်ပြီးနွေးထွေးလန်းဆန်းလာအောင်လုပ်ပါ။
*မင်းက ငါ့ကိုဘယ်တော့မှနားလည်မပေးဘူး
ကိုယ်ကြိုက်တဲ့အရာတစ်ခုကို သူ မကြိုက်တာဟာ ဒါက သူ့ရဲ ့အခွင့်အရေးပါပဲ။ဒါကို မကြိုက်ရကောင်းလား၊ဘာလို့မကြိုက်ရတာလဲဆိုပြီးပြောလို့မရပါဘူး။သင့်ချစ်သူက ဒီလိုမျိုးထုတ်ပြောလာပြီဆိုရင် သင့်အနေနဲ့သူ့ရဲ့စိတ်ကို ပြန်ပြီးလေးစားဖို့၊သူ့စိတ်ကို နားလည်ပေးဖို့လိုနေပါပြီ။ရှုထောင့်အမျိုးမျိုးကနေကြည့်ပြီး ခိုင်မာတဲ့အချစ်ရေးတစ်ခုတည်ဆောက်ပါ
*မင်းက ဘယ်တော့မှပြောင်းလဲလာမှာမဟုတ်ဘူး
သင့်ချစ်သူက ဒီစကားကိုပြောနေပြီလား?ဒါက သင့်ကို အနည်းငယ်စိတ်ပျက်နေပြီဆိုတဲ့စကားသံမျိုးပေါက်နေပါတယ်။တကယ်လို့သင်က သူမကြိုက်တာတစ်ခုခုကိုပြောင်းလဲနေရဲ့သားနဲ့ သူက မမြင်တာဆိုရင် သင့်အနေနဲ့ဒီထက်ပိုပြီးသူ့ကိုနားလည်အောင်ပြောပြပါ။ပြောင်းလဲတယ်ဆိုတာ အချိန်ခဏလေးနဲ့မရပါဘူး။သူကလည်း ပြဿနာရှာ၊ကိုယ်ကလည်းသည်းမခံနိုင်ဆိုရင်တော့ ပြတ်မှာပါပဲ။
*ဘာလို့တစ်ခြားသူတွေလိုမဟုတ်တာလဲ?
ဟင် လူတစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူးနော်။ကိုယ့်ချစ်သူကို တစ်ခြားသူတွေနဲ့နှိုင်းယှဉ်ပြောတာမျိုးက ရှော့ခ်အကြီးကြီးပါ။ကိုယ်လည်းမပြောသင့်သလို သူလည်းကိုယ့်ကိုမပြောသင့်ပါဘူး။သင့်ချစ်သူက သင့်ရဲ့အကျင့်တစ်ခုခုကိုမကြိုက်လို့၊ဒါမှမဟုတ် သင်က လှလှပပမနေတတ်လို့
ဘာလို့သူများတွေလိုပြင်ပြင်ဆင်ဆင်မနေတတ်တာလဲ၊ဘာလို့သူများတွေလိုမဟုတ်တာလဲ…စသဖြင့်ပြောနေပြီလား?ဒါက သင့်တန်ဖိုးကို သတိမထားမိပဲ တစ်ခြားသူနဲ့နှိုင်းယှဉ်တွက်ချက်ဖို့သာ သူတို့အာရုံစိုက်နေလို့ပါ။ဒီလိုဆိုရင် သင့်ဘက်ကလည်းစဉ်းစားသင့်နေပါပြီ။ရှေ့ဆက်လက်တွဲသင့်မသင့်ပေါ့။
*အရင်က ငါချစ်ခဲ့တဲ့မင်းနဲ့ အခုမင်းက မတူတော့ဘူး
ငါစချစ်တုန်းက မင်းကဒီလိုပုံစံမျိုးမဟုတ်ပါဘူး။အရင်တုန်းကမင်းကဘယ်လိုဘာညာစသဖြင့် ခဏခဏပြောနေပြီလား?လူတိုင်းက အချိန်နဲ့အမျှပြောင်းလဲနေတတ်သလို ရင့်ကျက်လာတတ်ပါတယ်။ဒါကို တွေ့စတုန်းက ကလေးဆန်တာလေးကိုချစ်တာ အခုကျ မင်းကရင့်ကျက်နေပြီလားဆိုတာမျိုးနဲ့တော့ Relationship တစ်ခုမှာ အပြစ်အနာအဆာမဖြစ်သင့်ပါဘူးနော်။ဒီတော့ ကိုယ့်ချစ်သူကိုလည်း ဒါက ရင့်ကျက်လာတာဖြစ်တဲ့အကြောင်း၊အရင်ကနဲ့အခုနဲ့မတူပေမဲ့ ချစ်တာကတော့အတူတူပဲဆိုတဲ့အကြောင်းသေချာနားလည်အောင်ပြောပြပါ။ဒီလောက်ပြောနေတာတောင် တွေ့စကတုန်းပဲပြန်လိုချင်တယ်ဆိုရင်တော့ သေချာညှိနှိုင်းဖို့လိုနေပါပြီ။
*မင်းလုပ်ချင်တာလုပ်၊မင်းကြိုက်သလိုဆုံးဖြတ်
ဒီစကားလုံးကို သင့်ချစ်သူက ခဏခဏပြောနေပြီလား၊သုံးနေပြီလား?ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် နှစ်ယောက်သားဆွေးနွေးတိုင်ပင်ရမယ့်အချိန်မှာသူက သင့်စိတ်ကြိုက်လုပ်လို့ပြောတာက တစ်ခါတစ်လေ သင်လိုချင်တာက သူလိုချင်တာနဲ့ကွက်တိဖြစ်နေလို့ပြောတာဖြစ်နိုင်သလို သင်လုပ်ချင်တဲ့ကိစ္စတစ်ခုကို စိတ်မဝင်စားဘူးလို့ပြောနေတာနဲ့အတူတူပါပဲ။ဒါကတော့ ကိုယ့်ချစ်သူအကြောင်းကိုယ်အသိဆုံးဖြစ်မှာပါနော်။ဘယ်စကားဆို သူစိတ်ဆိုးလို့ပြောတာ၊သူမကြိုက်လို့ပြောတာစသဖြင့်ပေါ့။
ဒီစကားလုံးတွေကို သင့်ချစ်သူက ခဏခဏပြောနေမယ်ဆိုရင်တော့ ဒါက ရေရှည်ဆိုအဖုအထစ်ကြီးတစ်ခုဖြစ်နေမှာပါ။ဒီတော့အချစ်ရေးကိုအရင်လိုပြန်ပြီးနွေးထွေးစေဖို့ နှစ်ယောက်သားပွင့်ပွင့်လင်းလင်းမျက်နှာချင်းဆိုင်ပြီး ရင်ထဲကအစိုင်အခဲတွေကိုဖြေရှင်းလိုက်ကြပါလို့ အကြံပေးလိုက်ပါတယ်