![]()
လက်မထပ်ခင်ဘဝတည်းက ကိုယ့်ရဲ့တစ်ဘဝလုံးစာလက်တွဲဖော်ကို ရိုသေလေးစားတတ်တဲ့မိန်းကလေးမျိုးရှိကြပါတယ်။ ဦးချတယ်ကန်တော့တယ်ဆိုတာ ဗမာလူမျိုးတွေအတွက်တော့ရှက်စရာရယ်အောက်ကျစရာရယ်လို့ ထင်စရာမလိုပါဘူး။ ယူတောင်မယူရသေးဘူး ဒီလူကို ဒီလိုပက်စားပေးစရာလိုလို့လားဆိုတဲ့အတွေးမျိုးကို ဝင်တဲ့မိန်းကလေးဟာ ဦးချဖို့မထိုက်တန်တဲ့အမျိုးသားလက်တွဲဖော်ကိုရထားလို့ပဲဖြစ်နိုင်ပါတယ်( ဦးမချတဲ့သူတိုင်းကိုလည်းဘဲကိုမရိုသေဘူးလို့မဆိုလိုဘူးနော်)
ဒါဆို ဘာလို့ ကိုယ့်ရဲ့တစ်ဘဝလုံးအတွက်ရည်မှန်းထားတဲ့အမျိုးသားကို ချစ်သူဘဝတည်းက မှန်းပြီးဦးချကန်တော့ကြတာလဲ…ဒီချစ်သူယောက်ျားဟာ ကိုယ့်မိဘပြီးရင် ကိုယ့်အတွက်အားကိုးရာပါ။ ကိုယ့်ကိုယ်ကိုယ်အားကိုယ်နိုင်တယ်ဆိုပင်မဲ့ တစ်နေရာရာမှာတော့ သူ့အကူညီတွေ ကို ကိုယ်ယူခဲ့ဖူးတာပါပဲ။ မုန့်ဝယ်ကျွေးဖူးတာပဲဖြစ်ဖြစ် ကိုယ်လိုချင်တဲ့အရာလေးတွေကို ဝယ်ပေးတာပဲဖြစ်ဖြစ် သူက ကိုယ့်အပေါ်မှာတော့ ကျေးဇူးရှိဖူးတဲ့သူပါပဲ။ ပြီးတော့ယောက်ျားလေး ယောကျာ်းလေးဆိုတာ ကိုယ့်ထက်ငယ်ငယ်ကြီးကြီး ကိုယ့်ထက်တော့ဘုန်းကံမြင့်တယ်လို့ဗုဒ္ဓဘာသာအားဖြင့်ယူဆကြလို့ ဘုရားတွေပေါ်ရွှေသင်္ကန်းကပ်ရင်တောင်ယောက်ျားမှတက်ရမယ်ဆိုတာမျိုးတွေရှိသွားကြတာမဟုတ်လား…ဒါကြောင့်ကိုယ့်ထက်ဘုန်းကံကြီးတဲ့အမျိုးသားကိုကန်တော့ရလို့မိန်းကလေးတွေဘာမှမထိခိုက်သွားပါဘူး၊ ကိုယ့်အပေါ်လိုချင်တာတွေဖြည့်ဆည်းကူညီပေးခဲ့သူ၊ ကိုယ့်အတွက်တန်ဖိုးထားထိုက်သူပဲလေ။
မယုံမရှိနဲ့ဗျ…ကိုယ့်ချစ်သူကို တရိုတသေနဲ့ ညစဉ်ဘုရားရှီခိုးပြီးတိုင်း မိဘတွေပြီးတာနဲ့မှန်းပြီးကန်တော့တတ်ကြတဲ့ကောင်မလေးတွေတကယ်ရှိတယ်။ ထုတ်သာမပြောပြရင်နေမယ် သူတို့စိတ်ထဲသင့်ကို ရိုသေလေးစားပြီးသားပါ။
ဒီလိုမိန်းကလေးမျိုးပိုင်ဆိုင်ထားပြီဆိုရင်တော့တန်ဖိုးထားဖို့လိုပါလိမ့်မယ်..ဘာလို့လဲဆိုတော့အခုခေတ်ကြီးထဲမှာ ငါတကောကောနေတဲ့ သူတွေ၊ ကိုယ့်ကိုယ်ကိုယ်မာန်တက်နေတဲ့သူတွေအများကြီးပါ။ ဒီလိုလူတွေကြားထဲမှာ ကိုယ့်အပေါ်ရိုသေလေးစားတဲ့မိန်းကလေးရထားတာကိုသိပ်ဂုဏ်ယူသင့့်ပါတယ်။ ကဲ Trend ပရိတ်သတ်ကြီးထဲမှာကော ကိုယ့်ဘဝလက်တွဲဖော်လို့သတ်မှတ်ထားတဲ့ကိုကိုတွေကို ညတိုင်းဦးချတတ်တဲ့သူတွေရှိလား…
Unicode
လက်မထပ်ခင်ဘဝတည်းက ကိုယ့်ရဲ့တစ်ဘဝလုံးစာလက်တွဲဖော်ကို ရိုသေလေးစားတတ်တဲ့မိန်းကလေးမျိုးရှိကြပါတယ်။ ဦးချတယ်ကန်တော့တယ်ဆိုတာ ဗမာလူမျိုးတွေအတွက်တော့ရှက်စရာရယ် အောက်ကျစရာရယ်လို့ ထင်စရာမလိုပါဘူး။ ယူတောင်မယူရသေးဘူး ဒီလူကို ဒီလိုပက်စားပေးစရာလိုလို့လားဆိုတဲ့အတွေးမျိုးကို ဝင်တဲ့မိန်းကလေးဟာ ဦးချဖို့မထိုက်တန်တဲ့အမျိုးသားလက်တွဲဖော်ကိုရထားလို့ပဲဖြစ်နိုင်ပါတယ်( ဦးမချတဲ့သူတိုင်းကိုလည်းဘဲကိုမရိုသေဘူးလို့မဆိုလိုဘူးနော်)
ဒါဆို ဘာလို့ ကိုယ့်ရဲ့တစ်ဘဝလုံးအတွက်ရည်မှန်းထားတဲ့ အမျိုးသားကို ချစ်သူဘဝတည်းက မှန်းပြီးဦးချကန်တော့ကြတာလဲ…ဒီချစ်သူယောက်ျားဟာ ကိုယ့်မိဘပြီးရင် ကိုယ့်အတွက်အားကိုးရာပါ။ ကိုယ့်ကိုယ်ကိုယ်အားကိုယ်နိုင်တယ်ဆိုပင်မဲ့ တစ်နေရာရာမှာတော့ သူ့အကူညီတွေ ကို ကိုယ်ယူခဲ့ဖူးတာပါပဲ။ မုန့်ဝယ်ကျွေးဖူးတာပဲဖြစ်ဖြစ် ကိုယ်လိုချင်တဲ့အရာလေးတွေကို ဝယ်ပေးတာပဲဖြစ်ဖြစ် သူက ကိုယ့်အပေါ်မှာတော့ ကျေးဇူးရှိဖူးတဲ့သူပါပဲ။ ပြီးတော့ယောက်ျားလေး ယောကျား်လေးဆိုတာ ကိုယ့်ထက်ငယ်ငယ်ကြီးကြီး ကိုယ့်ထက်တော့ဘုန်းကံမြင့်တယ်လို့ဗုဒ္ဓဘာသာအားဖြင့်ယူဆကြလို့ ဘုရားတွေပေါ်ရွှေသင်္ကန်းကပ်ရင်တောင်ယောက်ျားမှတက်ရမယ်ဆိုတာမျိုးတွေရှိသွားကြတာမဟုတ်လား…ဒါကြောင့်ကိုယ့်ထက်ဘုန်းကံကြီးတဲ့အမျိုးသားကိုကန်တော့ရလို့မိန်းကလေးတွေဘာမှမထိခိုက်သွားပါဘူး၊ ကိုယ့်အပေါ်လိုချင်တာတွေဖြည့်ဆည်းကူညီပေးခဲ့သူ၊ ကိုယ့်အတွက်တန်ဖိုးထားထိုက်သူပဲလေ။
မယုံမရှိနဲ့ဗျ…ကိုယ့်ချစ်သူကို တရိုတသေနဲ့ ညစဉ်ဘုရားရှီခိုးပြီးတိုင်း မိဘတွေပြီးတာနဲ့မှန်းပြီးကန်တော့တတ်ကြတဲ့ကောင်မလေးတွေတကယ်ရှိတယ်။ ထုတ်သာမပြောပြရင်နေမယ် သူတို့စိတ်ထဲသင့်ကို ရိုသေလေးစားပြီးသားပါ။
ဒီလိုမိန်းကလေးမျိုးပိုင်ဆိုင်ထားပြီဆိုရင်တော့တန်ဖိုးထားဖို့လိုပါလိမ့်မယ်..ဘာလို့လဲဆိုတော့ အခုခေတ်ကြီးထဲမှာ ငါတကောကောနေတဲ့ သူတွေ၊ ကိုယ့်ကိုယ်ကိုယ်မာန်တက်နေတဲ့သူတွေအများကြီးပါ။ ဒီလိုလူတွေကြားထဲမှာ ကိုယ့်အပေါ်ရိုသေလေးစားတဲ့မိန်းကလေးရထားတာကိုသိပ်ဂုဏ်ယူသင့့်ပါတယ်။ ကဲ Trend ပရိတ်သတ်ကြီးထဲမှာကော ကိုယ့်ဘဝလက်တွဲဖော်လို့သတ်မှတ်ထားတဲ့ကိုကိုတွေကို ညတိုင်းဦးချတတ်တဲ့သူတွေရှိလား…