ခွေးချစ်သူများထက် ဉာဏ်ရည်ပိုမြင့်တယ်လို့ ယူဆရတဲ့ ကြောင်ချစ်သူများ
shwemom.com
|
2018-12-10

လူတစ်ဦးနဲ့တစ်ဦး ခင်မင်ရင်းနှီးလာတဲ့နဲ့ တမင်ဖြစ်စေ၊ ကြုံကြိုက်လို့ဖြစ်စေ ခွေးချစ်လား၊ ကြောင်ချစ်လားဆိုတဲ့ မေးခွန်းလေးကို မေးတတ်ကြပါတယ်။


pixabay

တကယ်တော့ လူတွေဟာ မိမိရဲ့စိတ်နေစိတ်ထားအပြုအမူများနဲ့ လိုက်ပြီး ခွေးနဲ့ကြောင်ချစ်ခြင်းဟာ ကွဲပြားသွားကြတာပဲဖြစ်ပါတယ်။ ခွေးချစ်သူများကို ကြည့်မယ်ဆိုလျှင်အပေါင်းအသင်းဝင်ဆန့်ခြင်း ( မိမိမွေးထားတဲ့ ခွေးလေးကို ချစ်လို့ လာကိုင်ကြည့်ရင်း မိမိနဲ့ပါ ရင်းနှီးလာမယ် )၊အခြေအနေအမျိုးမျိုးကို လက်ခံပေးနိုင်ခြင်းတို့ကို ဖြစ်စေပါတယ်။

ကြောင်တွေဟာ ခွေးတွေထက် ပိုပြီးအမှီအခိုကင်းတာကိုတော့ လူမကပ်တာနဲ့တင် သိနိုင်ကြမှာပါ။ ဒါကြောင့် ကြောင်မွေးထားခဲ့မယ်ဆိုရင်တော့ သူတို့အတွက်အချိန်သီးသန့်ပေးစရာမလိုဘဲ မိမိရဲ့နေ့စဉ်ဆောင်တာတွေကို ပြီးမြောက်အောင် ပြုလုပ်နိုင်မှာပါ။


pixabay

ဒီအချက်တွေနဲ့တင် ဉာဏ်ရည်ပိုမြင့်တယ်ဆိုတာ ဆုံးဖြတ်ချက်ချလို့ မရတာ မှန်ပါတယ်။

ဒီကိစ္စကို လေ့လာနေတဲ့ သုတေသီတွေဟာ ကောလိပ်ကျောင်း (၆၀၀) မှ ကျောင်းသားများကို ကြောင်ချစ်သူလား၊ ခွေးချစ်သူလားဆိုတာ မေးမြန်းပြီး စစ်တမ်းကောက်ခဲ့ပါတယ်။ ထို့နောက် ရလာတဲ့အဖြေများနဲ့ ကျောင်းသားတွေရဲ့ စိတ်နေစိတ်ထား၊ သင်ယူနိုင်မှုစွမ်းရည်၊အခြားစွမ်းရည်တို့နဲ့အတူတူ နှိုင်းယှဉ်ကြည့်လိုက်တဲ့အချျိန်မှာတော့ ရလဒ်ဟာ ကြောင်ချစ်သူတွေဟာ ဉာဏ်ရည်ပိုမြင့်တယ်ဆိုပြီး ထွက်လာခဲ့ပါတယ်။

Waukesha, Wisconsin မှ Carroll တက္ကသိုလ်ရဲ့ စိတ်ပညာပါမောက္ခ Denise Guastello ကတော့အထက်မှာဖော်ပြထားတဲ့အတိုင်း လူတွေဟာအိမ်မွေးတိရိစ္ဆာန်တွေကို မွေးရာမှာ သူတို့ရဲ့ စိတ်နေစိတ်ထားနဲ့ လိုက်ပြီး ရွေးချယ်တတ်ကြကြောင်း ပြောကြားခဲ့ပါတယ်။

MindFixers ရဲ့ တည်ထောင်သူနဲ့ The McKeown Clinic ရဲ့ ပိုင်ရှင် စိတ်ပညာရှင် Steve McKeown ရဲ့ လေ့လာချက်မှာတော့ ကြောင်ချစ်သူတွေဟာ ခွေးချစ်သူတွေထက်စာရင် ဘွဲ့ရနိုင်ချေ ပိုများနေပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်သို့ ရောက်လာတဲ့အခါမှာလည်းအိမ်မွေးတိရိစ္ဆာန်မွေးထားသည့်တိုင်အောင် ကြောင်မွေးသူတွေဟာ ခွေးလောက်သူတို့ကို ဂရုတစိုက်အချိန်ပေးစရာ မလိုအပ်တဲ့အတွက် ဘဝအတွက်အကျိုးရှိမယ့်ကိစ္စရပ်တွေကို လုပ်ဆောင်ဖို့အချိန်ပိုရသွားတဲ့အတွက် ဉာဏ်ရည်ပိုမြင့်တယ်ဆိုတဲ့ ရလဒ်ထွက်လာခဲ့တာဖြစ်တယ်လို့ ပြောထားခဲ့ပါတယ်။


pixabay

ခွေးချစ်သူတွေရဲ့ စိတ်နေစိတ်ထားဟာအပျော်အပါးအပေါင်းအသင်း ပိုမက်မောတယ်၊အေးအေးဆေးဆေး နေချင်ကြပြီး ကြောင်ချစ်သူများကတော့ ကြောင်မှာ တွေ့ရတဲ့စရိုက်အတိုင်း တသီးတန့်နေထိုင်တတ်ကြပြီး ပွင့်ပွင့်လင်းလင်း ပိုရှိတာကြောင့်အခုလိုမျိုးရလဒ်ထွက်လာခဲ့တာဖြစ်ပါတယ်။အဓိကကတော့ ခွေးနဲ့ကြောင်ကို ပစ်မှတ်ထားကာ တစ်ခုရွေးခိုင်းစေတဲ့အကြောင်းအရင်းဟာ လူတွေဟာ သူတို့ရဲ့ စိတ်နေစိတ်ထားနဲ့ လိုက်ပြီး တိရိစ္ဆာန်လေးတွေကို ရွေးချယ်တတ်ကြတဲ့အတွက် ဖြစ်ပါတယ်။

စိတ်ပညာပါမောက္ခ Denise Guastello ရဲ့ စစ်တမ်းအရ ခွေးချစ်သူတွေဟာ ၆၀%၊ ကြောင်ချစ်သူတွေဟာ ၁၁% နဲ့ ကျန်တဲ့ရာခိုင်နှုန်းကတော့ ဘာမှမချစ်တဲ့လူတန်းစားတွေပါတဲ့။ သင်ရော ဘယ်အထဲမှာ ပါဝင်နေပါလဲ။


Source: vt.


Penny




Some text some message..